Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်ဆိုင်နှင့်ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၂)ဦး၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက် (အလုပ်အမှုဆောင်)၊ ဘုရင့်နောင်ဈေးရှိ စည်ပင်ဌာနမှ ဦးဇော်လင်းထက်(နေ့စား)တို့ပူးပေါင်းပါဝင်လျက် ၂၃-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် အခြေခံစားကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်ရေး ကြပ်မတ်ဆောင်ရွက်စေရန်အတွက် ဆန်ဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိကို ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်ဆိုင်နှင့်ဆန်သိုလှောင်ရုံများဖြစ်သော လမင်းဆန်ဆိုင်၊ စန်းဝေနိုင်ဆန်ဆိုင်နှင့် မြပွင့်ဖြူဆန်ဆိုင်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်း၌လည်း  ၎င်းဆန်ဆိုင်များမှာ ပုံမှန်အတိုင်းရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။    

DOCA(ရန်ကုန်)

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Thursday Talk ကျင်းပပြုလုပ်ခဲ့

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ၆-၅-၂၀၂၄ ရက်နေ့တွင် ကြာသပတေးနေ့စကားဝိုင်းအစီအစဉ် Thursday Talk ကျင်းပပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်နှင့်တကွ အရာထမ်းများ၊ အမှုထမ်းများ၊ စုစုပေါင်း ၃၄ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်စန္ဒာဝင်း (ဦးစီးအရာရှိ) က “သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲအကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဌာနခွဲ၏လုပ်ဆောင်ချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ဌာနခွဲ၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်၊ ဌာနခွဲ၏တာဝန်များ၊ ICT လုပ်ငန်းဆောင်ရွက်ချက်များ၊ အရည်အသွေးစီမံခန့်ခွဲမှုလုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏လုပ်ဆောင်ချက်များ၊ Video Clip ပြုလုပ်ခြင်းများကို ရှင်းလင်း‌ပြော ကြားခဲ့ပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲသည် ဌာန၏ Website ဖြစ်သော www. doca. gov. mm ကိုထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် သတင်းဆောင်းပါးများလွှင့်တင်ခြင်း၊ ကွန်ပျူတာအပါအဝင် ICT ဆက်စပ်ပစ္စည်းများ၊ Network ပစ္စည်းများ၊ Server ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာပစ္စည်းများဝယ်ယူဖြည့်တင်းခြင်း၊ စားသုံးသူအသိပညာပေးမီဒီယာကမ်ပိန်းများကျင်းပခြင်း၊ Consumer Call Center တည်ထောင်ထားရှိခြင်း၊ ဝန်ထမ်းများ၏ လစာစရိတ်တွက်ချက်သည့် Government Employees Payroll System (GEPS) Software နှင့် ဌာနရှိပုံသေပိုင် ၉မျိုးနှင့်ပတ်သက်သည့် Fixed Assets Reporting Software တို့ကိုရေးဆွဲအသုံးပြုခြင်း၊ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းလာသော ကုန်ပစ္စည်းများ၏အရည်အသွေးများကို ဓာတ်ခွဲစစ်ဆေး၍ Test Report ထုတ်ပေးခြင်းဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ကူညီပေးခြင်း၊ ဓာတ်ခွဲနည်းပညာများ အစဉ်တိုးတက်မှုရှိစေရေးအတွက် ပြည်တွင်း/ ပြည်ပဓာတ်ခွဲခန်းများနှင့်ချိတ်ဆက်၍ ရင်ဘောင်တန်းလိုက်နာဆောင်ရွက်ခြင်း၊ ပို့ကုန်အရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးအခြေခံထုတ်ကုန်စံချိန်စံညွန်းများ‌ရေးဆွဲခြင်းနှင့် နည်းပညာဆိုင်ရာစည်းမျဉ်းများ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

    ထို့နောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပြောကြားခဲ့သည့် ဒေါ်စန္ဒာဝင်း (ဦးစီးအရာရှိ) အား ဆုချီးမြှင့်ပေးအပ်ခဲ့ကာ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

“သိဒ္ဓိဆီစက်” လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့ နယ်တာဝန်ခံတို့သည် မေလ၂၀ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “သိဒ္ဓိဆီစက်”လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခုသို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် (၁/၂၀၂၁) တွင်ပါရှိသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း

      ၂၀၂၄ ခုနှစ်၊ မေလ  ၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှဦးဆောင်၍ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်မှ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ဈေးကွက်အတွင်းဆေးနှင့်  ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချ/ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး၊ ဈေးနှုန်းမြှင့်တင် ရောင်းချ/ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်းတရားမဝင်တင်သွင်းလာသော  ဆေးဝါးများရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးါးများနှင့် လိုင်စင်မဲ့ဆေးဝါးများရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများအား  လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရုံးချုပ်မှ ကျင်းပပြုလုပ်သော စားသုံးဆီဖြန့်ဖြူးမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

     ၂၀၂၄  ခုနှစ်၊  မေလ၊  ၂၅  ရက်နေ့၊  နံနက် (၁၀း၀၀) အချိန်တွင် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှဦးဆောင်၍ ကျင်းပပြုလုပ်သော စားသုံးဆီဖြန့်ဖြူးမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် ထားဝယ်၊မြိတ်၊ကော့သောင်းခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများမှ online virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံး ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခွဲဝေပေးမည့် ကိစ္စနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ လိုအပ်သည်များအား ဖြည့် စွက်ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းများမှတာဝန်ရှိသူများမှသိရှိလိုသည်များနှင့်လိုအပ်သည်များအား  အပြန်အလှန်ဆွေးနွေးခဲ့ပြီး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲတာဝန်ခံ ဦးဆန်းမြင့်က လိုအပ်သည်များ ဖြည့်စွက် ဆွေး‌နွေးကာ  အစည်းအဝေးကို နေ့လယ် (၁၂း၁၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးအတွင်းရှိ အသင့်သောက်အချိုရည်များနှင့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးအတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်အမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် အစား အစာဘေးကင်းလုံခြုံမှုရှိစေရန်၊ စနစ်တကျဝယ်ယူစားသုံးနိုင်ရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ရည်ရွယ်၍ 2024ခုနှစ်၊ မေလ(၂၀)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးရှိ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးရှိ အသင့်သောက်အချိုရည်အမျိုးမျိုးတို့နှင့် စားသုံးဆီအမျိုးမျိုးတို့ကိုရောင်းချရာ၌ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက် ရေးသားဖော်ပြရမည့်အချက်များ၊ စံချိန်စံညွှန်းကိုက်ညီမှုမရှိသော အစားအသောက်များ၊ (FDA) ၏ ခွင့်ပြုချက်မရှိသော စားသောက်ကုန်များ၊ သက်တမ်းကုန်ဆုံးသော အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကိုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် စစ်ဆေးရေးမှူးသည် ၂၃.၅.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ ကန်တော်ကုန်းရပ်ကွက်ရှိ ဒေါ်အိစံ (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Play အမှတ်တံဆိပ်ပါ အသင့်သောက်အချိုရည်တို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အား အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

မျိုးစပါးစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦးရုံးအုပ်သည် ၂၃.၅.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်အတွင်းရှိ မျိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည် ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာ လုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့် အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်းစသည့်အချက်များ၊ ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်/ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ သိကောင်းစရာများနှင့် ဆီစားသုံးမှု များပြားပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ROYAL CARE PLUS Co., ltd အား ပူးပေါင်းအဖွဲ့ဝင်များဖြင့် သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီသီလတ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ယုနန္ဒာမွန် စသည့်ဌာနများပူးပေါင်း၍ 23-5-2024 ရက်နေ့၊ နံနက် (10:30) နာရီအချိန်တွင်  အမှတ်(23/5) စီ၊ သီရိမင်္ဂလာလမ်းသွယ်၊ ရန်ကင်းမြို့နယ်ရှိ  ROYAL CARE PLUS  Co., ltd  မှ ‌ဒေါက်တာကံမြင့်မိုရ်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ဆေးကုမ္ပဏီအတွင်းရှိ ဆေးများအားစစ်ဆေးရာတွင် ဆေး(၆)မျိုးရှိပြီး အဆိုပါဆေးများဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကိုစိစစ်ခဲ့ပြီး ဝယ်ဈေး/ ရောင်းဈေးပေါ်မူတည်၍ 5%မှ 10%ခန့် အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။  

DOCA(ရန်ကုန်)

ဆန်သိုလှောင်မှုနှင့် ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ ဆက်စပ်ဌာနများနှင့်ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသောကြောင့် ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်တို့အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/ မရှိသိရှိစေရန် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ၂၁-၅-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်၊ နံနက် (11း30) နာရီအချိန်နှင့် နေ့လယ် (12း00) နာရီအချိန်တို့တွင် ဆက်စပ်ဌာနများပါဝင်သောအဖွဲ့စုံဖြင့် ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်ကြီးများ အများအပြားရှိသော မရမ်းကုန်းမြို့နယ်၊ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ ည(၇၈) အာသောကလမ်း၊ သံလွင်ဦးပွဲရုံ၊ စိတ်တိုင်းကျပွဲရုံနှင့် ဦးထွန်းလင်းအေးပွဲရုံတို့သို့သွား‌ရောက်စစ်ဆေးခဲ့ရာ သံလွင်ဦးပွဲရုံတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ မော်ကျွန်းပေါ်ဆန်းနှင့် ဇီယာဆန်များနှင့်  စိတ်တိုင်းကျပွဲရုံတွင် ဧရာဝတီပေါ်ဆန်းနှင့် ဧည့်မထဆန်းများနှင့် ဦးထွန်းလင်းအေးပွဲရုံတွင် ဧရာဝတီပေါ်ဆန်း၊ ပေါ်ကျွဲ၊ ဇီယာရှယ်နှင့် ရက် (90)ဆန်များမှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ