Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ဆန်စပါးဒေသဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ဖွဲ့စည်းခြင်း

       ၃.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ငွေ၊ (ဒု-ခရိုင်ဦးစီးမှူး) ဒေါ်နှင်းနှင်းခိုင်၊ ဝက်လက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံ ဦးမျိုးအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဖြူဖြူလွင်တို့နှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဥက္ကဌဦးကျော်သူသောင်းစိန်နှင့်ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများပါဝင်သည့် ဆန်စပါးဒေသဆိုင်ရာကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

     ဝက်လက်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဝင်းမှ အဖွဲ့ဖွဲ့စည်း ဆောင်ရွက်ရခြင်း အကြောင်းအရင်းများအား ရှင်းလင်းခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးကျော်ငွေမှ အလုပ်အမှုဆောင် ဖွဲ့စည်းရမည့် စည်းမျဉ်းစည်းကမ်းနှင့်နည်းလမ်းများကို ရှင်းလင်းခဲ့ပါသည်။ ထို့နောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဌ ဦးကျော်သူသောင်းစိန်က အသင်းအဖွဲ့အစည်းများသည် ကဏ္ဍတစ်ရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး မြို့နယ်ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးကြီးပါကြောင်း ဆွေးနွေးခဲ့ပါသည်။

       တက်ရောက်လာသူများထဲမှ ကဏ္ဍအလိုက်အစုအဖွဲ့ဖွဲ့ စည်းရေးညှိနှိုင်း ဆောင်ရွက်ရာ ဆန်စက်လုပ်ငန်းရှင်များအစုအဖွဲ့၊ ဆန်စပါးကုန်သည်များ အစုအဖွဲ့၊ တောင်သူများ အစုအဖွဲ့နှင့် အခြားအသင်းဝင်နှင့် ပညာရှင်များ ပါဝင်သော အစုအဖွဲ့၊ စုစုပေါင်း အစုအဖွဲ့(၄)ဖွဲ့၊ လူဦးရေ (၄၀)ဦးဖြင့် ဖွဲ့စည်းကြပြီး အဆိုပါအစုအဖွဲ့တစ်ခုချင်းဆီမှ ဆန်စက်လုပ်ငန်းရှင်များ (၃)ဦး၊ ဆန်စပါးကုန်သည်များအစုအဖွဲ့ (၃)ဦး၊ တောင်သူများအစုအဖွဲ့ (၃)ဦး၊ ဆန်စပါးပညာရှင် အစုအဖွဲ့ မှ (၁)ဦး ၊ စုစုပေါင်း (၁၀)ဦးဖြင့် ဝက်လက်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာ ကုန်စုံဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

          ၂.၁၂.၂၀၂၀ ရက်နေ့တွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခိုင်မို့မို့၊ ဆားလင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်မိုးမိုးမြင့်နှင့် ယင်းမာပင်မြို့နယ်တာဝန်ခံ ဒေါ်သီတာခိုင်တို့သည် ယင်းမာပင်မြို့နယ်၊ ပြန်လှည့် ကျေးရွာအတွင်းရှိ ကုန်မျိုးစုံဆိုင်(၅)ဆိုင်တို့အား သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် သက်တမ်းလွန်ကုန်ပစ္စည်းများ ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် ကြော်ငြာထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိကွင်း ဆင်းစစ်ဆေးခဲ့ရာ ရောင်းချလျှက်ရှိသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

      ထို့နောက် လုပ်ငန်းရှင်များအား ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များကို ကုန်ပစ္စည်းအမျိုးအစားအလိုက် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း မရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် COVID-19 ကာလအတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သော  Hand gel ၊ Mask ၊ ဆေးဝါးများ ၊ စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်၊ မရောင်းချရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      အလားတူ ပ/သီးကုန်းကျေးရွာအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ကုန်စုံဆိုင်များတွက်လည်း မိတ်ဖက်ဌာနများနှင့်အတူ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းနှင့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ကွက်ရှိ ဂစ်တာလုပ်ငန်းရှင်နှင့် တွေ့ဆုံပညာပေးဆွေးနွေး

       ၈.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ကွက်ရှိ New Wave Guitar ဂစ်တာလုပ်ငန်းရှင် ဦးမြင့်ထွန်းနှင့် တွေ့ဆုံ၍ စာသုံးသူအသိပညာပေးဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။ ဆွေးနွေးပြောကြားရာတွင် ဌာနမှ တာဝန်ရှိသူတစ်ဦး စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားတွင်  ဖော်ပြပါရှိရမည့် အချက်အလက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ် များအကြောင်း၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုရှိပါက  CICC  ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊ ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

         ဆက်လက်၍ New Wave Guitar ဂစ်တာလုပ်ငန်းရှင် ဦးမြင့်ထွန်းက ဂစ်တာလုပ်ငန်းကို (၁၉၈၅)ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပါကြောင်း၊ ရင်းနှီးမတည်ငွေ သိန်း (၁၀ဝ၀)ရှိပြီး ထုတ်လုပ်မှုမှာ တစ်လလျှင် ဂီတာ (၁၅၀)လုံး ထွက်ရှိပါကြောင်း၊ ဂစ်တာဈေးနှုန်းများမှာ သုံးသောင်းမှ လေးသိန်းထိ ရောင်းချရပါကြောင်း၊ အသုံးပြုသည့် ကုန်ကြမ်းများမှာ သစ်သား၊ အထပ်သား၊ ကီး၊ ကြိုး၊ ဘားနှင့် ဆေးပစ္စည်းတို့ဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအားဖြင့် သုံးစွဲပြီး မော်တော်အင်အားမှာ  3 HP  ပါဝါမီတာ ဖြစ်ပြီး  လုပ်သားအင်အား (၁၅)ဦး သုံးစွဲရပါကြောင်း၊ လုပ်အားခအနေဖြင့် (ကျား) တစ်ဦးလျှင် ၁၀ဝ၀ဝိ/-နှုန်းဖြင့် (၅)ဦးပေးချေရပါကြောင်းနှင့် အခြားအလုပ်သမားများကို (၈၀ဝ၀ /- - ၉၀ဝ၀ /-) နှုန်းပေးချေရပါကြောင်း၊ ဂစ်တာလုပ်ငန်းကို ဖြန့်ဖြူးရောင်းချရာတွင် ကချင်၊ ရှမ်း၊ ကရင်၊ ရန်ကုန်၊ မန္တလေးဒေသများသို့ တင်ပို့ရောင်းချရပါကြောင်း၊ ပြည်တွင်းသာမက ပြည်ပနိုင်ငံများနှင့်လည်း ချိတ်ဆက်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းခရိုင် ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များအသင်းအား ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း ဆွေးနွေး

       ၅.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များအသင်းခန်းမ၌ ကျင်းပပြုလုပ်သော ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အကြောင်းများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများ၊ ကျောက်စိမ်း အချောထည် လုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်များ၊ စုစုပေါင်း (၇) ဦး တက်ရောက်ဆွေးနွေး ခဲ့ပါသည်။

     အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိမိတို့ဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ၊ ပြည်ပပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်ရကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေး အတွက် စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ထိန်းချုပ် ဆောင်ရွက်ရကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောက်စိမ်းအချော ထည်လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ အခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးသည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

Regional Project Implementation Unit (RPIU), Township Project Implementation Unit (TPIU) အဖွဲ့ဝင်များအားလုံးနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

      စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း (CFAVC) စီမံကိန်းတွင် ပါဝင်သည့် ဦးစီးဌာနများမှ (RPIU, TPIU) အဖွဲ့ဝင်များအားလုံးနှင့် (၇.၁၂.၂၀၂၀)ရက်နေ့မှ(၁၄.၁၂.၂၀၂၀)ရက်နေ့ထိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ (၇.၁၂.၂၀၂၀)ရက်နေ့နှင့် (၈.၁၂.၂၀၂၀)ရက်နေ့တို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၁)ဦးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့မှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ပေါ်တွင် ရောင်းချနေသော ကုန်စုံဆိုင်များ နှင့် အလှကုန်ဆိုင်များတွင် တားမြစ်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ အရေးကြီးကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဈေးဆိုင် (၇)ဆိုင်အား စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးသန်းပိုနှင့် တာဝန်ရှိသူများသည် သက်တမ်းလွန် အစားအသောက်များ၊ တားမြစ်ကုန်ပစ္စည်းများ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား(မြန်မာစာဖြင့်) ပြည့်စုံစွာ ဖော်ပြမှုရှိ/မရှိ၊ ကိုဗစ်-၁၉ရောဂါကာလ ကျန်းမာရေး အထောက်အကူပြုဆေးဝါးများနှင့် ကုန်စည်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ တို့ကို လိုက်လံစစ်ဆေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကသာခရိုင်

အရေးကြီးကုန်စည်များဖြစ်သော Mask, Hand Gel & Face Shield များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ၇.၁၂.၂၀၂၀ ရက်နေ့နှင့် ၈.၁၂.၂၀၂၀ ရက်နေ့တို့တွင် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်နှင့် ခေမာသီရိရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်နှင့် ကုန်စုံဆိုင်များတွင် အရေးကြီးကုန်စည်များဖြစ်သည့် Covid-19 ရောဂါကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask, Hand Gel & Face Shield များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ အမျိုးအစား၊ အရည်သွေး၊ အာမခံချက်အပေါ်မူတည်၍ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်သာ ရောင်းချနေကြောင်း စိစစ်တွေ့ရှိရပြီး ရောင်းချသောဆိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားရှိခြင်းမရှိစေရေးနှင့် ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည်များဆိုင်ရာ ဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန    

ကချင်ပြည်နယ်        

ဝန်းသိုမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစိုးစိုးသည် ဝန်းသိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဖြင့် ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၇)ရက်နေ့တွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စား သုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သည့် စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူ၏တာဝန်(၄) ရပ်နှင့် လုပ်ငန်းရှင်များ၏ တာဝန်(၁၁)ရပ်များအကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ယခင်က ရပ်ကွက်/ကျေးရွာ/အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်သော်လည်း ကိုဗစ်-၁၉ ကာလအတွင်း ဟောပြောပွဲများ ရပ်နားထားရကြောင်း၊ ဟောပြောပွဲများ ရပ်နားထားရသော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၂၀)အရ အရေးကြီးကုန်စည် ဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိ/မရှိကို ကုန်စုံဆိုင်များ၊ ဈေးများနှင့် ဆေးဆိုင်များသို့ လစဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ ထုတ်လုပ် ရောင်းချလျက်ရှိသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားနှင့် ပတ်သက်သည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိကိုလည်း စစ်ဆေး လျက်ရှိပြီး လိုက်နာခြင်း မရှိသည့် လုပ်ငန်းရှင်များအား စာဖြင့်၊ နှုတ်ဖြင့် သတိပေးခြင်း၊ ခံဝန် ကတိများ ပြုလုပ်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ အရေးယူနိုင်သည့် ဥပဒေပုဒ်မများကိုလည်း ရှင်းလင်းပေးလျက်ရှိကြောင်း၊ အကယ်၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိလာပါက ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားရေးစင်တာ (CICC) (၀၇၅-၂၀၂၅၀၆၂)သို့  လက်ခံပြေစာ၊ အသံဖိုင်၊ video ဖိုင်များဖြင့် ဆက်သွယ် တိုင်ကြားနိုင် ကြောင်း၊ DOCA Myanmar application မှလည်း တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကသာခရိုင်

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ဆန်စပါး အလုပ်အမှုဆောင် ရွေးချယ်ဖွဲ့စည်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှ မြို့နယ်အထိ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ၊ တောင်သူများ စုပေါင်းပြီး ဆန်စပါးမြို့နယ်အမှုဆောင်ရွေးချယ်ပွဲ ကို ဒီဇင်ဘာလ (၈)ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့မ knowledge center တွင် Covid-19 ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ပါသည်။

    ရှေဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းမှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အောက်ခြေအဆင့် တွင် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်ရေး ဆန်စပါးထုတ်လုပ်ရောင်းဝယ်မှုတွင် အဓိကပါဝင် သည့် တောင်သူ၊ စက်ပိုင် ၊ ကုန်သည်များ ညီညွတ်စွာပူးပေါင်းဆောင်ရွက်၍ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

          ဆက်လက်ပြီး တက်ရောက်လာသူ စက်ပိုင်၊ ကုန်သည်၊ တောင်သူများမှ ကျွန်းလှမြို့နယ် ဆန်စပါးအလုပ်အမှုဆောင် (၁၀)ဦးအား ရွေးချယ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၀)ကျင်းပခြင်း

      ရှမ်းပြည်နယ် ၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၂/၂၀၂၀) အား ၂၇.၁၁.၂၀၂၀ ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဘဏ္ဍာရေးဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဒု-ဥက္ကဌ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာနမှအတွင်းရေးမှူး ဦးတင့်လွင်ဦးက စားသုံးသူကာကွယ်ရေးဉပဒေအရ စားသုံးသူ ရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအားရှင်းလင်းတင်ပြခြင်း ၊ ဦးစီးအရာရှိ ဒေါ်နှင်းအိအောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း အစီအစဉ်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အမိန့်ချပုံစံနှင့် နှစ်ဦးသဘောတူပုံစံများ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ CICC ဖြေရှင်းဆောင်ရွက်မှုများ၊ အိမ်ယာဆောက်လုပ်/ ပြုပြင်ခြင်းဆိုင်ရာအငြင်းပွားမှု ဖြေရှင်းနိုင်မှုအခြေအနေ၊ တယ်လီနော Simcard နှင့် ပတ်သက်သည့်တိုင်ကြားမှု၊ Wave Pay တိုင်ကြားမှု၊ Wave Money တိုင်ကြားမှုတို့နှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မှုများနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ခရိုင်ဆင့် စားသုံးသူရေးရာကော်မတီဖွဲ့စည်းနိုင်ရေး စသည်တို့ကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြချက်များအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းတို့ ဆောင်ရွက်ခဲ့ပြီးအစည်းအဝေးအား (၁၅:၁၅)နာရီ အချိန်တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ကြီး)

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ