Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာပေါင်းမြို့နယ် သီဟိုဠ်စိုက်ပျိုးထုတ်လုပ်သော တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် သီဟိုဠ်စိုက်ပျိုးသူတောင်သူများအား ဈေးကွက်ဈေးနှုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆက်လက်တိုးချဲ့ စိုက်ပျိုးမည့် အခြေအနေများကို သီဟိုဠ်လုပ်ငန်းရှင်များ အသင်းရုံးတွင်(၇.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်က မိမိတို့ဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေး၊ အသင်းရေရှည်ရပ်တည်နိုင်ရေး၊ နည်းပညာရရှိရေး၊ သီဟိုဠ်ဈေးနှုန်း၊ အထွက်နှုန်းများအခြေအနေ၊ သီဟိုဠ်အဝယ်ဒိုင်များအခြေအနေများကို ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူရေးရာဥပဒေပါ ပြဌာန်းချက်များအား ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ သီဟိုဠ်အသင်းဥက္ကဌဦးတင်ဦးမှ ပြောကြားရာတွင် အသင်းသားများ၏ မြေယာပိုင်ဆိုင်မှုအတွက် အစွမ်းကုန်ဆောင်ရွက်နေကြောင်း၊ တစ်ဦးတစ်ယောက်အင်အားဖြင့် ရပ်တည်၍မရနိုင်ကြောင်း၊ နိုင်ငံတော်သို့ သတ်မှတ်ထားသည့်အခွန်အခများလည်း ပေးသွင်းရန် လိုအပ်ကြောင်း သီဟိုဠ်ဈေးနှုန်း၊ဈေးကွက်အဝယ်ဒိုင်များအခြေအနေနှင့် အသင်းမှဦးဆောင်၍ တောင်သူများနှင့်ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့နယ်ဦးစီးမှူးသည် (၁၀.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန Community  Centre  ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ပုဒ်မ-၂၂၊ ပုဒ်မ-၂၃၊ ပုဒ်မခွဲ(၇)ချက်တို့အားလည်းကောင်း၊ အခန်း(၁၂) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးပုဒ်မ (၂၄)ပုဒ်မခွဲ(၄)ချက်နှင့် ပုဒ်မ-၃၅၊ ပုဒ်မခွဲ(၃)ချက်တို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

            ထို့နောက် မိမိတို့ဌာနအနေဖြင့် လစဉ်လုပ်ငန်းစီမံချက်များဖြစ်သော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် SMEs လုပ်ငန်းများအား ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ ဈေးများနှင့်ကုန်မျိုးစုံ၊ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကုန်စည်ဈေးနှုန်း သတင်းအချက်အလက်များ ရယူဆောင်ရွက်ခြင်း၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံ ကာ အသင်း၏လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေး ခြင်း၊ ၎င်းပြင်မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံရေးစင်တာ (CICC) ဖွင့်လှစ်ကာ စားသုံးသူနှင့်လုပ်ငန်းရှင်တို့အကြား  အငြင်းပွားမှုများဖြစ်ပေါ်လာပါ်က စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

         

မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့်တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် ၈.၃.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

         ထိုသို့ဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ   စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏ၊ အလေးချိန်မှန်ကန်မှုရှိစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ မိမိကုန်စည်ကြောင့် စားသုံးသူထိခိုက်နစ်နာမှုရှိလျှင် စီးပွားရေးလုပ်ငန်းရှင်တွင်တာဝန်ရှိကြောင်း စသည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည်ပေါ်တွင် ဖော်ပြရမည့် အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြပါရှိကြောင်း၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ကိုက်ညီမှု ရှိ/မရှိ မိမိတို့ စားသုံးသူရေးရာဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဗန်းမော်ဆိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

               ၁၀.၃.၂၀၂၂ရက်နေ့တွင် ဗန်းမော်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်(၃)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့်ပုဒ်မခွဲ(ဆ)တို့တွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်း အမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကုန်စည်၏ အမှတ်တံဆိပ်၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာတို့အား ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုပါက လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

သာစည်မြို့ရှိ ပေါင်မုန့်၊ကိတ်မုန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

               စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးသန်းစိုး(ဦးစီးအရာရှိ) ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် (၁၀း၃၀)နာရီအချိန်တွင်  သာစည် မြို့၊အမှတ်(၇)ရပ်ကွက်၌ ထုတ်လုပ်တင်သွင်းရောင်းချနေသော Rainbow ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              တွေ့ဆုံဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာသိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကိုဖော်ပြရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ပေးရေးဥပဒေပြဌာန်းချက်များကို လိုက်နာပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကို  ထုတ်လုပ်ရောင်းချစေရေး ၊ စားသုံးသူပြည်သူများ ကုန်စည်/ ဝန်ဆောင်မှုများကိုသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးနှင့် စားသုံးသူအခွင့်အရေးများနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဖြစ်သည်။

          ဆွေးနွေးရာတွင် မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန ၊ ဦးစီးအရာရှိ(ဦးသန်းစိုး)မှ ကုန်စည်များ ထုတ်လုပ်ရောင်းချရာ၌  ကုန်အညွှန်းအမှတ်အသားများကို  ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခုခုတွဲ၍ဖြစ်စေ ဖော်ပြရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

ပျော်ဘွယ်မြို့နယ်ရှိ စက်သုံးဆီဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း’’

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာနှင့်ရမည်းသင်း)ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် (၂၈.၂.၂၀၂၂) ရက်နေ့ (၁၀:၀၀) အချိန်တွင် ပျော်ဘွယ်မြို့နယ်ရှိ ရွှေလီနှင့် Petro-K စက်သုံးဆီအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် ဦးစီးအရာရှိ ဦးသန်းစိုးမှ နိုင်ငံတော်က စက်သုံးဆီစျေးနှုန်းမြင့်တက်မှုမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်မှုရှိစေ‌ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ‌ရောင်းချရာတွင် သုံးစွဲသူများအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် အထူးစျေးနှုန်းထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်နှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေး အရည်အသွေးကောင်းမွန်သော စက်သုံးဆီ‌များသာ ရောင်းချရန်အတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဖွဲ့ဖွဲ့စည်း၍ တာဝန်ပေးထားသည့်အတွက် လာရောက် စစ်ဆေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အထူးစျေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီများ ဖြစ်သည့် Diesel, Premium Diesel များအား(၂၀)လီတာစံခွက် ဖြင့် ချိန်တွယ်စစ်ဆေးခြင်း၊ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

“ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့မြို့မစျေးအတွင်း စားသုံးဆီများနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးခြင်း’’

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာနှင့်ရမည်းသင်း)ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ ဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁.၃.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် ပျော််ဘွယ်မြို့ မြို့မစျေးကြီးအတွင်းရှိ စားသုံးဆီထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးဆီများ၌ ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil နှင့် Cooking Oil) ဟူ၍ ဖော်ပြခြင်းမပြုပဲ ပါဝင်ပစ္စည်းများကို အခြေခံ၍ မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရန် ကုန်စည်၏ အသားတင်ပမာဏ၊ အရွယ်အစားကိုလည်း မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

           စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာဦးစီးမှူးရုံးတွင် လျှောက်ထားရမည်ဖြစ်ကြောင်း၊ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍  ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ဖြင့် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်သည့်နေ့မှစ၍  (၆)လပြည့်မြောက်သည့်နေ့(၂၀.၆.၂၀၂၂) ရက်နေ့တွင် စတင်အာဏာတည်မည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်‌ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)          

“ရမည်းသင်းမြို့နယ်ရှိ စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း’’

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့်  ရမည်းသင်းမြို့နယ် (ရန်ကုန်-မန္တလေး) ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ( ၂၅ .၂.၂၀၂၂) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ၊ ဦးသန်းစိုးနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် စည်ပင်သာယာရေးဝန်ထမ်းနှင့်အတူ MK Energy စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါစက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ (ဒီဇယ်ဆီ)များ အပေါ်သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ မိမိတို့ရောင်းချသောကုန်စည်တို့နှင့် ပတ်သက်၍ သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာ သိရှိနိုင်ရန်အတွက် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်ဖြန့်ဝေပေးကြရန် သတ်မှတ်အရည်အသွေးပြည့်မှီ သော စက်သုံးဆီများကိုသာ ရောင်းချကြရန်နှင့် (၂၀) လီတာဝင်စံခွက်ဖြင့်ချိန်တွယ်စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

ဖျာပုံမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

           ဖျာပုံမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ မီးသတ်တပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးလိုက်ပါ၍ မြို့ပေါ်ရှိ ဆေးဆိုင်များအား မတ်လ(၈)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

              အဆိုပါဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများ၊ Mask Face Shield ၊ Hand Gel များ၊ ကျန်းမာရေးဆိုင်ရာ တစ်ကိုယ်ရည်သုံး ပစ္စည်းများ၊ဆေးဆိုင်လိုင်စင်များ၊ စံမမီဆေးဝါးများနှင့် တရားမဝင်ဆေးများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ပြီး ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းတို့၏ ညွှန်ကြားချက်မပါဘဲ အသုံးပြုနိုင်သည့် အိမ်သုံးသွေးပေါင်ချိန်စက် ၊ အိမ်သုံးသွေးချိုတိုင်းစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ကိုယ်ဝန်ရှိ/မရှိ ဆီးစစ်တံ၊ ကွန်ဒုံး၊ ကိုယ်ပူချိန်တိုင်းကိရိယာစသည့် မိသားစုသုံးပစ္စည်းများတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးကော်မတီ၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အား ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ လမ်းမတော်မြောက်ရပ်ကွက် မုန့်မျိုးစုံဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ လမ်းမတော်မြောက်ရပ်ကွက်ရှိ မုန်မျိုးစုံဆိုင်များတွင် (၈.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ဆိုင်အတွင်းရှိ ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           စစ်ဆေးရမည့် ကုန်စည်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များနှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း မပြည့်စုံသော ကုန်စည်များကို ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၇၃)အရ အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၂)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ