စားသောက်ကုန်မျိုးစုံအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ရှမ်းပိုင်းရပ်ကွက်နှင့် မင်းစုရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းမျိုးစုံရောင်းချသည့် အရောင်းဆိုင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ မိတ်ဖက်ဌာနများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်အများစုတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်အများစုသာ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး လွိုင်ကော်မြို့အတွင်းရှိ စားသောက်ကုန်မျိုးစုံရောင်းချသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ချက်၊ စည်းကမ်းချက်များနှင့်မကိုက်ညီသည့် အရောင်းဆိုင်များ စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူမှုများ၊ ပြစ်မှုပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)