Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် (၂၈-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၄ ဦးသန်းထိုက်ဇော်၊ အင်းစိန်မြို့နယ်၊ လေဟာပြင်ဈေးတာဝန်ခံ ဒေါ်သီတာဝင်းပါ(၂)ဦးတို့နှင့်အတူ ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ အင်းစိန်မြို့နယ်၊ လေဟာပြင်ဈေးအတွင်းရှိ ဆေးဆိုင်များဖြစ်သော ဇီဝသုခ၊ နဂါးနီ၊ ရွှေဝါဝင်းဆေးဆိုင်များမှ ဆိုင်ပိုင်ရှင်များနှင့်သွားရောက်တွေ့ဆုံကာ ဈေးအတွင်း ဆေးအမျိုးအမည်အများဆုံးရောင်းချနေသော နဂါးနီဆေးနှင့်ဆေးပစ္စည်းဆိုင်တွင် အမျိုးအစားပေါင်း(၂၀၀)ခန့်ရှိရာ လတ်တလောရောင်းရနေသော ဆေးဝါး (၅)မျိုးမှာ Decolgen(အဝိုင်း/အတောင့်)၊ Biogesic၊ Alexan၊ Kremits (Pink/ White)၊ Air-X တို့ဖြစ်ပြီး ၎င်းဆေးဝါးများကို United Phama, Medi Myanmar ကုမ္ပဏီတို့မှ မှာယူပြီး ကုမ္ပဏီမှပေးပို့သော ဈေးနှုန်းများအပေါ်  (၅%)မှ (၁၀%)အမြတ်တင်၍ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးမှုများအရသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့် ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒေါ်ခိုင်သီတာဝင်း(လက်ထောက်ညွှန်ကြားရေးမှူး)ပါ (၇)ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဝင်းကလျာထွန်း(ဦးစီးအရာရှိ)၊ ဒေါ်အေးမွန်(အမျိုးသမီးကျန်းမာရေးဆရာမ/မိခင်နှင့်ကလေး)နှင့် ဦးဝေလင်းအောင်(ဈေးတာဝန်ခံ)တို့ပူးပေါင်းပါဝင်လျက် ၂၇-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ မြို့မဈေးသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာ မြို့မဈေးအတွင်းရောင်းချနေသော အလှကုန်ဆိုင်များတွင် အလှကုန်ပစ္စည်းအမျိုးအစားများမှ Pop-Popular Facial Cream မှာ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ တားမြစ်ထားသော အလှကုန်ပစ္စည်းဖြစ်သောကြောင့် မရောင်းချရန်ပြောကြားခဲ့ပြီးနောက် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာတို့တွင် သုံးစွဲရန်မသင့်သော အလှကုန်များအား အခါအားလျော်စွာ ထည့်သွင်းဖော်ပြလေ့ရှိသောကြောင့် အစဉ်တစိုက်ဂရုပြုဖတ်ရှုပြီးရောင်းချရန် အလှကုန်ဆိုင်များကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

         

မြို့မဈေးအတွင်းရှိ စားသောက်ကုန်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့် ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒေါ်ခိုင်သီတာဝင်း(လက်ထောက်ညွှန်ကြားရေးမှူး)ပါ (၇)ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဝင်းကလျာထွန်း(ဦးစီးအရာရှိ)၊ ဒေါ်အေးမွန်(အမျိုးသမီးကျန်းမာရေးဆရာမ/မိခင်နှင့်ကလေး) နှင့် ဦးဝေလင်းအောင်(ဈေးတာဝန်ခံ)တို့ပူးပေါင်းပါဝင်လျက် ၂၇-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ မြို့မဈေးသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာ မြို့မဈေးအတွင်းရှိ စားသောက်ကုန်များဖြစ်သော မုန့်ဖတ်၊ ပဲပြား၊ ပဲသွေး၊ ငါးပိများကို ရွေ့လျားဓာတ်ခွဲခန်းကား(၂)စီးဖြင့် စမ်းသပ်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ပဲသွေးမှာ ဖော်မလင်ပါဝင်မှုရှိနေပါသဖြင့် ရောင်းချသူအား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့ရှေ့မှောက်တွင် ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ပါသည်။ နောင်တွင်လည်း ယခုကဲ့သို့ စားသုံးသူကိုအန္တရာယ်ဖြစ်သော အစားအသောက်များကိုမရောင်းချရန် မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြကမ္ဘာကျော်ဆန်သိုလှောင်ရုံအား အသိပညာပေးဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၂)ဦး၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက် (အလုပ်အမှုဆောင်)၊ ဘုရင့်နောင်ဈေး စည်ပင်ဌာနမှ ဦးဇော်လင်းထက်(နေ့စား)တို့ပူးပေါင်းပါဝင်လျက် ၂၈-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၁၅)နာရီအချိန်တွင် ဘုရင့်နောင်ဈေးအတွင်းရှိ မြကမ္ဘာကျော်ဆန်သိုလှောင်ရုံပိုင်ရှင် ဒေါ်ရတနာရွှေဇင်မြတ်အား အသိပညာပေးဟောပြောပွဲဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဆွေးနွေးပြောကြားရာတွင် မြကမ္ဘာကျော်ဆန်သိုလှောင်ရုံပိုင်ရှင်အား ဥပဒေပါ အခန်း (၁၀)တွင်ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် အချက်(၁၁)ချက်ပါဝင်သော မိမိတို့ကုန်စည်နှင့်ပတ်သက်ပြီး ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်ပေးခြင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်သွားစေမည့် ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း (သို့) သွယ်ဝိုက်ရောင်းခြင်းများကိုရှောင်ကြဉ်ခြင်း၊ ကတိပြုထားသောအာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် စားသုံးအပေါ် ထိခိုက်နစ်နာစေရန်ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်းများမပြုလုပ်ရန်နှင့် ကုန်စည်တွင် အန္တရာယ်ရှိကြောင်းသိရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာဌာနနှင့် စားသုံးသူများထံ အကြောင်းကြားရန်တို့ကို ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

ကမ္ဘောဇဆန်ဆိုင်အား အသိပညာပေးဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၂)ဦး၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက် (အလုပ်အမှုဆောင်)၊ ဘုရင့်နောင်ဈေး စည်ပင်ဌာနမှ ဦးဇော်လင်းထက်(နေ့စား)တို့ပူးပေါင်းပါဝင်လျက် ၂၇-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)နာရီအချိန်တွင် ဘုရင့်နောင်ဈေးအတွင်းရှိ ကမ္ဘောဇဆန်ဆိုင်ပိုင်ရှင်ဦးမြင့်ဆွေအား အသိပညာပေးဟောပြောပွဲဆွေးနွေးခဲ့ပါသည်။

         ထိုသို့ဆွေးနွေးပြောကြားရာတွင် ကမ္ဘောဇဆန်ဆိုင် ပိုင်ရှင်ဦးမြင့်ဆွေအား ဥပဒေပါ အခန်း (၁၀)တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် အချက်(၁၁)ချက်ပါဝင်သော မိမိတို့ကုန်စည်နှင့်ပတ်သက်ပြီး ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်ပေးခြင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်သွားစေမည့် ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း (သို့) သွယ်ဝိုက်ရောင်းခြင်းများကိုရှောင်ကြဉ်ခြင်း၊ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် စားသုံးအပေါ် ထိခိုက်နစ်နာစေရန်ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်းများမပြုလုပ်ရန်နှင့် ကုန်စည်တွင် အန္တရာယ်ရှိကြောင်းသိရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာဌာနနှင့် စားသုံးသူများထံ အကြောင်းကြားရန်တို့ကို ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောဆွေးနွေးခြင်း

      ၂၀၂၄ ခုနှစ် ၊ မေလ ၂၉ ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဥ်များနှင့်အညီရောင်းချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီး တာဝန်ခံ ဒေါ်သဲဦးဗိုလ်မှ ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဥ်များနှင့် အမျိုးသားဆေးဝါး ဥပဒေပါအကြောင်းအရာများ ဟောပြောဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌   ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း ‌ဟောပြောဆွေးနွေးခဲ့ပါ သည်။

   အခမ်းအနားသို့ ဆေးဝါးဖြန့်ဖြူးရောင်းချသူများနှင့် ဆေးဆိုင်ပိုင်ရှင်(၁၄)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၂း၀၀) နာရီအချိန်တွင်  ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

လသာဆန်ဆိုင်အား အသိပညာပေးဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၂)ဦး၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက် (အလုပ်အမှုဆောင်)၊ ဘုရင့်နောင်ဈေး စည်ပင်ဌာနမှ ဦးဇော်လင်းထက်(နေ့စား)တို့ပူးပေါင်းပါဝင်လျက် ၂၈-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဘုရင့်နောင်ဈေးအတွင်းရှိ လသာဆန်ဆိုင်ပိုင်ရှင် ဒေါ်ခင်ခင်သိန်းအား အသိပညာပေးဟောပြောပွဲဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဆွေးနွေးပြောကြားရာတွင် လသာဆန်ဆိုင်ပိုင်ရှင် ဒေါ်ခင်ခင်သိန်းအား ဥပဒေပါ အခန်း(၁၀)တွင်ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် အချက် (၁၁)ချက်ပါဝင်သော မိမိတို့ကုန်စည်နှင့်ပတ်သက်ပြီး ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်ပေးခြင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်း၊ စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်သွားစေမည့် ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း (သို့) သွယ်ဝိုက်ရောင်းခြင်းများကိုရှောင်ကြဉ်ခြင်း၊ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် စားသုံးအပေါ် ထိခိုက်နစ်နာစေရန်ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်းများမပြုလုပ်ရန်နှင့် ကုန်စည်တွင် အန္တရာယ်ရှိကြောင်းသိရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာဌာနနှင့် စားသုံးသူများထံ အကြောင်းကြားရန်တို့ကို ဆွေးနွေးအသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)        

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဇွန်လမူဝါဒသစ်အရ ဆီဖြန့်ဖြူးမည့်ကုမ္ပဏီများ၊ ခရိုင်ဆီ အသင်းများနှ‌င့် ဖြန့်ဖြူးမည့်အစီအစဉ်များအား Virtual ဖြင့်ညှိနှိုင်းအစည်းအဝေး ထပ်မံ ကျင်းပပြုလုပ်

     ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဇွန်လ မူဝါဒသစ်အရ ဆီဖြန့်ဖြူးမည့်ကုမ္ပဏီများဖြစ်ကြသော Kaung Hlyan New Asia Co.,Ltd နှင့် Globle Good Pure Group Co.,Ltd တို့မှ တာဝန်ရှိသူများနှင့် ထားဝယ်၊မြိတ်၊ ကော့သောင်းခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌများအား Virtual ဖြင့် တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီဖြန့်ဖြူးမည့် အစီအမံများအား ထပ်မံပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

    ဆွေးနွေးမှုအရ ကုမ္ပဏီများမှ ကိုယ်စားလှယ်ရွေးချယ်မှုနှင့် ဆီဖြန့်ဖြူးမည့်အစီအစဉ်များအား ကုမ္ပဏီဥက္ကဌများထံမှ ဆက်လက်တင်ပြပြီး အတည်ပြုချက်ရယူကာ နေ့လယ် (၁၂း၀၀)အချိန်တွင်  အစည်းအဝေးပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကိုဗစ်-၁၉ ချေးငွေနှင့် ပက်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ Virtual စနစ်ဖြင့်တက်ရောက်

      ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) ၁/၂၀၂၄ အစည်းအဝေးကို Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့စီးပွားရေးဘဏ်၊ ညွှန်ကြား ရေးမှူးချုပ်၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ‌ဒု-ဥက္ကဌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ အသီးသီးဆွေးနွေးတင်ပြကြပါသည်။

     ဆက်လက်၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ်  စိစစ်ကြပ်မတ်‌‌‌ရေးအဖွဲ့ဥက္ကဌ၊ (ပြည်နယ်/တိုင်း)ဦးစီးမှူးများက တင်ပြဆွေးနွေးခဲ့ကာ ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ်(၁၂း၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျောက်ပန်းတောင်းမြို့၊ မြို့နယ်အားကစားခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်အားကစား ခန်းမတွင် (၂၄-၅-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အားကစားလူငယ်များအား အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

  အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းမှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်မျာနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင်တိုင်ကြားနိုင်သလို၊ Online မှလည်းတိုင်ကြားနိုင်ခြင်း၊ Consumer Call Center နံပါတ်(1535)သို့လည်း ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Websiteမှလည်း တိုင်ကြားနိုင်ပါကြောင်းနှင့်ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုလတ်မှ လူငယ်ရေးရာအားကစားနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မေသက်နွယ်မှ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအားလည်းကောင်း အသီးသီး အသိပညာပေးဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ပညာပေးခင်းကျင်းပြသမှုအား အားကစားလူငယ်များမှလေ့လာကြည့်ရှု့ခဲ့ကြပါသည်။

       ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာဝန်ထမ်း(၁၀)ဦးနှင့် အားကစားလူငယ်၊ မောင်မယ်(၅၅)ဦး၊ စုစုပေါင်း(၆၅)ဦး တက်ရောက်ခဲ့‌ကြောင်းသိရှိရပါသည်။

 DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ