Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆီစက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးတွင် (၁၄.၃.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်၌ ဆီစက်လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         ဟောပြောပွဲတွင် ကြံခင်းမြို့နယ်တာဝန်ခံဦးကျော်နိုင်ဝင်းမှ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အကြောင်းသိကောင်စရာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပုဒ်မ(၄၁)(၄၃)အရ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည်အချက်များ၊ အခန်း(၂၃)ပါ ပုဒ်မ(၆၃)(၆၅)အရ တားမြစ်ချက်များအကြောင်း၊  အခန်း(၂၄) ပါပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

            စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီး အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေး မှူးရုံးတွင် မတ်လ ၁၈ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်၌ အင်္ဂပူ မြို့နယ်တာ ဝန်ခံက ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် အင်္ဂပူမြို့နယ်တာဝန်ခံဦးဘိုဘိုမှ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ၏ ညွှန်ကြားချက်(၂/၂၀၁၉)အကြောင်းသိကောင်စရာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည်အချက်များ၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များနှင့် အခန်း(၂၄)ပါပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း တို့ကိုဆွေးနွေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူ ကာကွယ်ရေးဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ပြင်ဦးလွင်မြို့၌ ထိုင်းစာသားပါ အသင့်စားအသားချောင်းများရောင်းချမှုနှင့်ပတ်သက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေး”

      (၁၀-၃-၂၀၂၂) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီမှ ပြင်ဦးလွင်မြို့နယ်အတွင်း ပင်လယ်စာရောင်းချလျက်ရှိသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်အချို့၌ ခွင့်ပြုချက်မရှိဘဲ တရားမဝင်တင်သွင်းလာသော “ Cowboy ပုံ (ကြက်ဖပုံ)ထိုင်းစာသားပါအသင့်စား အသားလုံး၊ အသားချောင်းများကို စားသုံးမိ၍ ကျန်းမာရေးဘေးဥပါဒ်များဖြစ်ပွားနေကြောင်းတွေ့ရှိရသဖြင့် မိမိတို့အဖွဲ့အား ၄င်းပစ္စည်းများ ရောင်းချခြင်းမရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးရန် တာဝန်ပေးအပ်ခဲ့သည့်အတွက် လာရောက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေအား ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် အသစ်ပြန်လည်ပြဌာန်းခဲ့ကြောင်း၊ ၄င်းဥပဒေတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အခန်း(၁၈)ပုဒ်မ(၄၁)၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်များအား ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း ၊ ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ(၃)ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် “ကုန်စည်များတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခုသို့မဟုတ်တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြ ရာ၌ “ စီးပွားရေးလုပ်ငန်းရှင်များ” လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်” ကို ကုန်စည် အုပ်စုအလိုက်မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်များအား ကုန်စည်အုပ်စု(၈)ခုခွဲ၍ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကုန်စည်အုပ်စုတွင် အစားအသောက်ကုန်စည်အုပ်စုတွင်ပါဝင်သည့် အေးခဲအစားအစာအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေ ဖော်ပြရန်အတွက်သတ်မှတ်ထုတ်ပြန်ခဲ့ပြီးကြောင်း၊ ကုန်အညွှန်းအမှတ်အသား၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက် ၊ ကြိုတင်သတိပေးချက်တို့ပါဝင်သော ကုန်ပစ္စည်းများသာရောင်းချရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့်အကြောင်းအရာများအားအသေးစိတ်ရှင်း လင်းပြောကြားခဲ့ ပြီးမြို့နယ်အတွင်း ပင်လယ်စာရောင်းချသည့် အရောင်းဆိုင်(၅)ဆိုင်အား စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကျောက်မဲ၌ စက်ဆီ၊ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်မှ ဝန်ထမ်းများသည် (၂၁.၃.၂၀၂၂)ရက်နေ့တွင် စက်ဆီ/ချောဆီများရောင်းချလျက်ရှိသည့်ဆိုင်များသို့ ကျောက်မဲမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများကသွားရောက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာ၌(၂)ရပ်ကွက်၊ စိတ္တသုခလမ်းရှိ သစ်ဆန်းပိုင်နှင့် အောင်ချမ်းသာ(၁)၊ (၂)ရပ်ကွက်၊ အောင်ဆန်းလမ်းမပေါ်ရှိဝင်းစတိုးနှင့် အောင်ချမ်းသာ(၂)၊ (၆)ရပ်ကွက်၊ပဥ္စသီလမ်းရှိ မိတ်သစ်နှင့် (၈)ရပ်ကွက်၊ အောင်ဆန်းလမ်းရှိ ပင်လယ်ပြာစသည့်ထော်လာဂျီ/ ဆိုင်ကယ်နှင့် ကားပစ္စည်းအပိုအရောင်းဆိုင်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့်  Falcom အမှတ်တံဆိပ်၊ Traneအမှတ်တံဆိပ် နှင့် Crocoidle အမှတ်တံဆိပ်တို့နှင့်စပ်လျဉ်းပြီး ဈေးကွက်အတွင်း အတုအပများ/ဆင်တူယိုးမှားများ  ထုတ်လုပ်ရောင်းချလျက်ရှိသည့်အပေါ် စီးပွားရေးလုပ်ငန်းရှင်များနှင့် သုံးစွဲသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ခြင်းအားရှေးရှု၍ အတု/အစစ်များ ခွဲခြားဝယ်ယူ/ရောင်းချ/သုံးစွဲနိုင်ရေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

          စစ်ဆေးခဲ့သည့်ဆိုင်များတွင် အဆိုပါတံဆိပ်များနှင့် ပတ်သက်၍ အတုအပများ/ဆင်တူယိုးမှားများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ဝယ်ယူ၍ ပြန်လည်ဖြန့်ဖြူးရောင်းချရာ၌ ကုန်စည်၏ အရည်အသွေးအာမခံချက်အပြည့်အဝရရှိနိုင်မည့် ကုမ္ပဏီများမှသာ သေချာစွာစိစစ်ဝယ်ယူရောင်းချကြရန်(အသိပေး/သတိပေး) ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

“ကျောက်ဆည်ခရိုင်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေး”

         ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း စေရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား  စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ (၁၀-၃-၂၀၂၂)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ တံတားဦးမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ/အဆင့်မြင့် စားအုန်းဆီ)ထုတ်လုပ်သောလုပ်ငန်းရှင်နှင့် သဘာ၀ဒိန်ချဉ်နှင့်နို့အေး လုပ်ငန်းရှင်များအား ကုန် အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ညွှန် ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ရှင်းလင်းဆွေးနွေးရာတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့တွင် အသစ်ပြန်လည်ပြဌာန်းခဲ့ကြောင်း ၊ ၄င်းဥပဒေတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍အခန်း(၁၈)ပုဒ်မ(၄၁)၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်များ အားပြဌာန်းခဲ့ပြီးဖြစ်ကြောင်း ၊ ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ(၃)ရက် ရက်စွဲပါညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် “ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရာ၌ “စီးပွားရေးလုပ်ငန်းရှင်များ” လိုက်နာဆောင် ရွက်ရန်ညွှန်ကြားချက်”ကို ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အသေးစိတ်အချက်အလက်များအား ကုန်စည်အုပ်စု(၈)ခုခွဲ၍ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကုန်စည်အုပ်စုတွင် အစားအသောက်ကုန်စည်အုပ်စုတွင်ပါဝင်သည့် နို့နှင့်နို့ထွက်ပစ္စည်းအမျိုး မျိုး၊စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြရန်အတွက် သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ဟင်းသီးဟင်းရွက်ဆီရောင်းချမှုနှင့်ပတ်သက်ပြီး ၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ(၂၂)ရက်နေ့တွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ဖြင့် စျေးကွက် အတွင်းရောင်းချလျှက်ရှိသည့် စားသုံးဆီများအနက်မှ အချို့သောစားသုံးဆီများတွင် ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil,Cooking Oil)ဟူ၍ ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း ၊ အဆိုပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏အမျိုး အမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘူယျဆန်သည့်အမျိုးအမည်တစ်ခုဖြစ်သောကြောင့် ပင်ရင်း ပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည် ဖြစ်ကြောင်း ၊ ဥပမာ - ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ/အဆင့်မြင့်စားအုန်းဆီ)နှင့် ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဟု ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း ၊ ၄င်းညွှန်ကြားချက်ပါ အကြောင်းအရာများသည် စတင်ထုတ်ပြန်ပြီး(၆)လပြည့်မြောက်ပြီးသည့် နေ့ရက်မှစတင် အာဏာ သက်ရောက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ် ရေးဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များဖြစ်သော  ထုတ်ကုန်လုံခြုံမှုဆိုင်ရာကိစ္စရပ်များနှင့် စားသုံးသူများရရှိသင့်သည့် အခွင့်အရေးများကို အသိပညာပေးဆွေးနွေးမှုများကို အဓိကထား ဆောင်ရွက်လျက်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊  ဒုတိပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍(၂၃.၃.၂၀၂၂)ရက်နေ့  နံနက်(၉)နာရီအချိန်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနရှိ သင်တန်းခန်းမ၌ သင်တန်းသား(၂၁)ဦးအား စားသုံးသုံးသူအခွင့်အရေးနှင့် ၂၀၁၉ခုနှစ်မတ်လ (၁၅)ရက်နေ့ပြည်ထောင်စုလွတ်တော် အမှတ်(၉)ဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေကို အတည်ပြုပြဌာန်းပြီးဖြစ်ပါကြောင်း အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်ပြီး အခန်း(၉) တွင်ပါဝင်သည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ရှင်းလင်းပြောကြားပြီး၊ ကုန်စည်နှင့် ဝန်ဆောင်မှုစပ်လျဉ်း၍ ဝယ်ယူသုံးစွဲရာ တွင်နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏  www .doca .gov .mm website နှင့် Facebook Page တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်

DOCA(ရှမ်း)

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သတ်၍ အသိပညာပေး Talk Show ပြုလုပ်ခြင်း

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊သီပေါမြို့နယ်တာဝန်ခံသည် ယခုကာလတွင် အများဆုံး အသုံးပြုလျက် ရှိသော Digital onlineစနစ်ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ စားသုံးသူပြည်သူများနှင့် Digital onlineစနစ်ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင် များသိရှိစေရန် အသိပညာပေး Talk Showအား(၂၁.၃.၂၀၂၂) ရက်၊နံနက်(၉း၀၀)နာရီမှ (၉း၃၀)နာရီ အထိသီပေါမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၎င်းဌာနရှိလူထုအခြေ ပြုဗဟိုခန်းမတွင် Olineမှတဆင့် အသိပညာပေးပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုအသိပညာပေးTalk Showမှတဆင့် Digital onlineစနစ်ဖြင့်စီးပွားရေးလုပ်ငန်းရှင်များအား ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သော-မှတ်ပုံတင်ထားရှိသည့် ဖုန်းဆင်းကဒ်ဖြင့်သာ Digital online pay   account ဖွင့်လှစ်ခွင့်ပြုရန်၊ Accountဖွင့်လှစ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်(သို့) အခြားသက်သေခံ အထောက်အထားများအား မဖြစ်မနေတောင်းခံရန်နှင့် လိုင်စင်ဓာတ်ပုံတောင်းခံရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပါအမည်အရင်းဖြင့်သာ  Accountဖွင့်လှစ်ခွင့်ပြုရန်၊ ငွေလွဲသူနှင့် ငွေလက်ခံမည့်သူတို့ထံမှ မှတ်ပုံတင်ရယူ၍ အချက်အလက်များတိုက်ဆိုင်စစ်ဆေးရန်နှင့် ငွေလက်ခံရရှိမည့်သူသည် ငွေထုတ်ပေးမည့် Agentထံ နိုင်သားစိစစ် ရေးကတ်မူရင်း၊ လျှို့ဝှက်ကုဒ်နံပါတ်နှင့် Transaction IDနံပါတ်တို့ကိုပြသစေရန်၊ ငွေလွဲသူကိုယ်တိုင် လျှို့ဝှက်ဂဏန်း(၆)လုံးအား ရိုက်နှိပ်စေရန်၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ အသုံးပြုရမည့် နည်းလမ်းများအား Facebook page တွင်သာမက အများပြည်သူအလွယ်တကူသိရှိနိုင်မည့် Channelများဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြားများတွင် ထည့်သွင်းကြေညာခြင်း Agentဆိုင်များတွင် ဗီနိုင်းများ ချိတ်ဆွဲခြင်းနှင့် Agentကိုယ်တိုင်မှ အများပြည်သူသို့မကြာခဏ အသိပေးခြင်းများ ဆောင်ရွက်ရန်၊ ကိုယ်စားလှယ်၏ အားနည်းချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များနှင့်ပတ် သက်၍ အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ငွေလွှဲခြင်း၊ လက်ခံခြင်းနှင့် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်ကိုယ်စားလှယ်အားလုံး တရားဝင်သိရှိရေးဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ကိုယ်စားလှယ် လုပ်ငန်းရှင်မျာကို အမှန်တကယ်အရေးယူဆောင်ရွက်ရန်၊ စားသုံးသူတိုင်ကြားမှုများအား ထိရောက်စွာဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး လုံလောက်သောဝန်ထမ်းများခန့်ထားရန်နှင့် သင့်လျော်သည့်သင်တန်းများပေးရန်၊ System Auto Generated Password/ One Time Password (OPT) တစ်ခါသုံး လျှို့ဝှက်နံပါတ်စနစ် အသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ စားသုံးသူတိုင်ကြားမှုများကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ရန် အစရှိသော Digital Online ငွေကြေးဝန်ဆောင်မှုလုပ်ငန်းရှင်များသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ရန်အတွက် ပြန်ကြားရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Talk Showအစီအစဉ်ဖြင့် Onlineမှတဆင့် အသိပညာ ပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ရခိုင်ပြည်နယ်၌ Consumer Call Center ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း ပြည်သူများသို့အသိပေး

  ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၃-၃-၂၀၂၂) ရက်နေ့ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCCP)တွင် ပါဝင်သည့် ပြန်ကြားဆက်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Communication Plan) အရ စားသုံးသူပြည်သူများ၊ လုပ်ငန်းရှင်များနှင့် ထိရောက်လျှင်မြန် ချောမွေ့စွာဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Consumer Call Center ကို တည်ဆောက်ခဲ့ပြီး  ၂၀၂၁ ခုနှစ် ဇွန်လမှ စ၍ စမ်းသပ်ကာလအဖြစ် ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိခဲ့၍ ဆက်သွယ်စုံစမ်းတိုင်ကြား လိုပါက Call Center ဖုန်းနံပါတ်ကို ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ Consumer Information and Complaint Center (CICC) စင်တာများတွင်လည်း တိုင်ကြားနိုင်ပါကြောင်း ကုန်စည်နှင့်ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြသည့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ၏ ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များကို သိရှိလိုပါက စုံစမ်းမေးမြန်းနိုင်ပါကြောင်း ရှင်းလင်းချပြကာ စားသုံးသူ ရေးရာကိစ္စများမေးမြန်းဖို့ Consumer Call Center သို့ ချိတ်ဆက်စို့ Consumer Call Center မီဒီယာကမ်ပိန်းအတွက် ပေးပို့ထားသောလက်ကမ်းစာစောင်များအား  စားသုံးသူများသိရှိစေရေးအတွက် လူစည်ကားသော မြို့မဈေး၊ မြို့နယ်များသို့ပြေးဆွဲနေသော အမြန်ရေယာဉ် (ရွှေပြည်တန်) ဆိပ်ကမ်း၊ အဝေးပြေးကားဂိတ်များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ကြော်ငြာသင်ပုန်းများတွင် ကြော်ငြာကပ်ခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် အသင်းအဖွဲ့လုပ်ငန်းရှင်များသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

 

 

လွိုင်ကော်မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့ တွင် လွိုင်ကော်မြို့ ထေးသမရပ်ကွက်ရှိ ထေးသမ ဆီစက်နှင့် မိုင်းလုံးရပ်ကွက်ရှိရွှေမင်းဆီစက်လုပ်ငန်းများထံသို့ သွားရောက်၍ ပြည်တွင်းကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ဆီထွက်သီးနှံထွက်ရှိမှု၊ ဆီလိုအပ်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များသိရှိလိုက်နာနိုင်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ 

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ပြည်နယ်အတွင်း ဆီထွက်သီးနှံထွက်ရှိမှု နှင့် ဆီလိုအပ်မှုအခြေအနေများအားလည်းကောင်း၊ မြန်မာနိုင်ငံအစားအသောက် နှင့် ဆေးဝါး အာဏာပိုင် အဖွဲ့၏ အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၃၈(ခ)အရ အပ်နှင်းထားသော လုပ်ပိုင် ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ၆(င)အရ အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့် အမှတ် တံဆိပ်ပါ စားသုံးဆီတို့အား ထိန်းချုပ်အစားအသောက်အဖြစ်သတ်မှတ်ထားပါကြောင်း ၊ ဆီစက် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ  ( ၂၀ )ရက်နေ့တွင် ထုတ်ပြန်ထားသော စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁ )အား သိရှိ လိုက်နာဆောင်ရွက်ရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုး အမည်၊ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို တိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပါကြောင်း အသိပေးရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် သတင်းနှင့် ဆောင်းပါး ရေးသားခြင်းဆိုင်ရာ အရည်အသွေးမြှင့်တင်မှု သင်တန်းကျင်းပ

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဝန်ထမ်းများ သတင်းအချက် အလက်နည်းပညာဖြင့် စားသုံးသူအခွင့်အရေးများသိရှိစေရန်၊ ဘေးအန္တရာယ်ရှိသော ထုတ်ကုန်ပစ္စည်းများအား သိရှိရှောင်ကြဉ်နိုင်ရန်နှင့် သတင်းပေးပို့နိုင်ရန် ရည်ရွယ်၍ ၂၂-၃-၂၀၂၂ ရက်နေ့၊ နေ့လည် ၀၂:၀၀ နာရီအချိန်တွင် သတင်းနှင့် ဆောင်းပါးရေးသားခြင်းဆိုင်ရာ အရည်အသွေးမြှင့်တင်မှုသင်တန်း ကျင်းပခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က သတင်း/ ဆောင်းပါးများရေးသားရာတွင် လိုက်နာရမည့်အခြေခံအချက်များကိုလည်းကောင်း ကြိုတင် ပြင်ဆင်ခြင်း၊ သတင်းခေါင်းစဉ်များကို လိုရင်းတိုရှင်းနှင့် ပြည့်စုံစွာ ရေးသားခြင်း၊ သတင်း/ ဆောင်းပါး ရေးသားရာတွင် ဆောင်ရန် ‌ရှောင်ရန်များ လိုက်နာကျင့်သုံးပြီး နည်းစနစ်မှန်မှန် ရေးသားခြင်း၊ သတင်း/ ဆောင်းပါးရေးသားရာတွင် အဓိကအခြေခံအချက်ဖြစ်သော “ဘ” ခြောက်လုံးဖြင့် အခြေခံရေးသားရမည့်အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

          ဆက်လက်၍ ပြည်နယ်ဦးစီးမှူး ဦးသန်းဉီးက  သတင်းမီဒီယာ၏အခန်းကဏ္ဍသည် ပြည်သူများနှင့် ပတ်သက်ပြီး သိသင့်သိထိုက်များ၊ ပြောသင့်ပြောထိုက်သည်များကို အကောင်းဆုံးနှင့် အထိရောက်ဆုံး ပြောနိုင် ပြနိုင် ဖော်ထုတ်နိုင်သည့် အရေးပါဆုံးသော အရာဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းဦးရေ ( ၁၂ ) ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ