Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကသာမြို့ပေါ်ရှိ အချိုရည်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)သည် ၂၀၂၄-ခုနှစ် ဧပြီလ (၃)ရက်နေ့တွင် ကသာမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အချိုရည်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဦးကြည်နိုင်ဦးမှ ဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ သုံးစွဲနိုင်ရန်အတွက် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ရာတွင် အဓိကအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ၊ တားမြစ်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၀)ပါ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်စည်အလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြန့်ဖြူးရောင်းချသည့် အချိုရည်ဘူးများတွင် ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ ရက်လွန်ကုန်စည်များ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၄ခုနှစ်၊ ဧပြီလ(၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊  မြို့နယ်အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၇)ဆိုင်အား တရားမဝင်တင်သွင်းထားသောဆေးဝါးများနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်တင်သွင်းထားသောဆေးနှင့်ဆေးပစ္စည်းများ ရောင်းချခြင်းမရှိသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများ သည် ဆေးဆိုင်ပိုင်ရှင်များအား တရာမဝင်တင်သွင်းထားသောဆေးနှင့်ဆေးပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ ဆေးဝါးများအားစနစ်တကျထားသိုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”၊ အခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

မင်းဘူးမြို့မဈေးအတွင်းရှိ စားသောက်ကုန်များအား နမူနာကောက်ယူစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ရုံးအုပ်)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မင်းဘူးမြို့မ‌ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်များမှာ စားသုံးရန်သင့်/မသင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ဈေးအတွင်းရှိ စားသောက်ကုန်များဖြစ်သည့် မုန့်ဖတ်၊ နနွင်းမှုန့်၊ အရောင်တင်၊ အမဲသွေး၊ ဆိတ်သွေး၊ ပုစွန်ခြောက်၊ ပဲပြား၊ ပိတ်ဆွယ်၊ ခံတက်ချဉ်၊ လက်ဖက်၊ ငရုတ်သီးမှုန့်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ငါးပိထောင်း၊ အသားတု၊ ခေါက်ဆွဲခြောက်၊ ဘူးချဉ်၊ ပိန္နဲသီး၊ ချင်းပေါက်တို့ကို နမူနာဝယ်၍စစ်ဆေးခြင်း၊ မုန့်ဖတ် (၄)ဆိုင်၊ အရောင်တင် (၂)ဆိုင်၊ ကြက်အူချောင်း(၂)ဆိုင်နှင့် ဝတ်အူချောင်း(၂)ဆိုင်တို့မှ အမျိုးအမည်ပေါင်း (၂၆)မျိုးအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ ချင်းပေါက်တစ်မျိုးကိုသာ ချွတ်ဆေးနှင့် တာရှည်ခံဆေးများသုံးစွဲထားသဖြင့် စားသုံးရန်မသင့်ကြောင်းသိရှိရပါသည်။ ထို့နောက် မူရင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသော ဦးစိုး၊ စက်ဝိုင်းရပ်၊ အမှတ်(၃)ရပ်ကွက်နေအိမ်သို့ ပေါက်ပြီးသောချင်း၊ ပထမရေစိမ်သောချင်း၊ ဒုတိယရေစိမ်သောချင်းနှင့် ဈေးကွက်အတွင်းသို့ တင်ပို့ရန်ချင်းတို့အား နမူနာကောက်ယူ၍စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းသို့ ပို့မည့်နမူနာတွင် ချွတ်ဆေးနှင့်တာရှည်ခံဆေးများ သုံးစွဲထားသည်ကိုတွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ပြီး နောက်နောင် ဤကဲ့သို့ မသုံးစွဲပါဟု ခံဝန်ကတိရေးထိုးစေခြင်းနှင့် ဈေးကွက်အတွင်း ထပ်မံတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းများအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဆေးနှင့်ဆေးပစ္စည်း များကို သက်သာချောင်ချိမှုရှိစွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ခရိုင်စီမံအုပ် ချူပ်ရေးအဖွဲ့၏ လမ်း ညွှန်ချက်အရ ဆေးနှင့် ဆေးပစ္စည်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်း များဖြင့် ရောင်းဝယ်ဖောက်ကားမှုရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား  စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန ပါဝင်သော မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍(၃.၄.၂၀၂၄)ရက်နေ့ နေ့လယ်(၁၅:၀၀) အချိန် တွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း လက်ကားအရောင်းဆိုင်များသို့သွားရောက်ကာ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင်  ကော့သောင်းမြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများအနေဖြင့် ဒေသတွင်းသင့်တင့်မျှတမှုရှိသော စျေးနှုန်းများ ဖြင့်သာရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

     တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန် ပေး အပ်ပွဲ အခမ်းအနားကို ၄.၄.၂၀၂၄ ရက်နေ့၊ နံနက် (၁၀း၃၀)နာရီတွင် တနင်္သာရီတိုင်း‌ဒေသကြီးအစိုး ရအဖွဲ့ရုံး၊ (၃)ထပ်ဆောင်ခန်းမ၌ ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ တိုင်း‌‌ဒေသကြီး စားသုံးသူ‌ရေးရာဦးစီးဌာန    တက်‌ရောက်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် တနင်္သာရီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်း‌ဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဌမှ  ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ ရေးနှစ်၊   ဒေသန္တရစီမံကိန်း ဆောင်ရွက်မည့် လုပ်ငန်းတစ်ခုချင်းအား ရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ စီမံကိန်းအလိုက် သက်ဆိုင်ရာဌာနများက မိမိနှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် အောင်မြင်အောင်    အကောင်အထည်ဖော်ဆောင်ရွက်သွားရန်   ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စီးပွားရေးရာဝန်ကြီးတို့မှ သက်ဆိုင်ရာဌာနများနှင့်   ခရိုင်(၄)ခရိုင်တို့အား   ၂၀၂၄-၂၀၂၅   ဘဏ္ဍာရေးနှစ်   ဒေသန္တရစီမံကိန်းတာဝန်များ    ပေးအပ်ခဲ့ကာ  အခမ်းအနားအား    နံနက်(၁၁း၃၀) နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

ကော့သောင်းမြို့ပေါ်ရှိ ဆန်နှင့် စျေးနှုန်းများကို ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့်ကွင်းဆင်း စစ်ဆေးခြင်း

        ကော့သောင်းခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၄.၃.၂၀၂၄ ရက်နေ့ နေ့လယ်(၁၅:၀၀) အချိန်တွင် ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ  ကော့သောင်မြို့ပေါ်ရှိ ဆန်နှင်ဆီ အရောင်းဆိုင် (၅)ဆိုင် အား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ကွင်းဆင်းစစ််ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် အတူပူးပေါင်း၍ ပြည်သူများ၏ နေ့စဉ် စားဝတ်နေရေး သက်သာချောင်ချိမှုရှိစေရေး ပြည်သူများ အတွက် ရောင်းချလျက်ရှိသည့် အခြေခံစားကုန်များဖြစ်သည့် ဆန်နှင့်စားသုံးဆီစျေးနှုန်းများသည် ဒေသအတွင်းဖြစ်သင့် ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၄.၄.၂၀၂၄ ရက်နေ့တွင်မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း ၊ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း ၊ပြန်လည် ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာ လုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက် ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက် ပေးခြင်းစသည့်အချက်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားအုန်းဆီနှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်(၈)ဦးအား အသိပညာပေးဟောပြော

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၄.၄.၂၀၂၄ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့တွင်း စားသုံးဆီရောင်းချလျက်ရှိသော ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၈) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးဆီအမျိုးမျိုးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စံချိန်၊စံညွှန်းနှင့် ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာ ဈေးကွက်အတွင်းရောင်းချ ကြရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍လည်း ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို ပြည့်စုံစွာဖော် ပြထားရှိကြရန်စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများ အကြံပြုဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

သထုံမြို့၊ ရွှေစာရံဘုရားအနီးရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မွန်ပြည်နယ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်  သထုံမြို့နယ်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၃-၄-၂၀၂၄) ရက်နေ့တွင် သထုံမြို့နယ်၊ ရွှေစာရံဘုရားအနီးဝန်းကျင်ရှိ အစားအသောက်ရောင်းချနေသည့်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်၊ ရွှေစာရံဘုရားအနီးဝန်းကျင်၌ ရောင်းချနေသောစားသောက်ကုန်များမှာ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိကိုစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။ ထို့နောက် မွန်ပြည်နယ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ရွေ့လျားဓာတ်ခွဲခန်းဖြင့် အစားအသောက်များအား နမူနာယူစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်) 

“မြ” တံဆိပ် အိုင်အိုဒင်းဆားစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်မှ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုသည် ၂၀၂၄ခုနှစ်၊ ဧပြီလ (၂) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရွှေမြိုင်သီရိ စက်ကွင်းရပ်ကွက်ရှိ “ မြ” တံဆိပ် အိုင်အိုဒင်းဆားစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆားကုန်ကြမ်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်ကြမ်းဝယ်ယူသည့်နေရာ၊ အလုပ်သမားအရေအတွက်နှင့် အလုပ်သမားခက်ခဲမှုရှိ/မရှိ၊ ဆားလုပ်ငန်း၏ တစ်ရက် ထုတ်လုပ်မှုပမာဏ၊ အော်ဒါရရှိမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပ‌ဒေ ၂၀၁၉၊  အခန်း(၁၈) တွင်ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသောကုန်စည်များအား ရောင်းချခွင့်မရှိကြောင်းနှင့် ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ