မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာရှိ အထက(ခွဲ) ကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောခြင်း
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများအဖွဲ့သည် ၂၀၂၂-ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့ နံနက်(၀၉:၃၀)မှ (၁၁:၃၀)နာရီထိ မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာရှိ အထက(ခွဲ) ကျောင်း၌ အခြေခံကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။
မကွေးခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ) မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့် တာဝန် (၄)ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ပြည့်စုံစွာ ပါဝင်ရမည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သူများ တိုင်ကြားပုံ နည်းလမ်းနှင့် Internet၊ Mobile Application တွင် ဝင်ရောက်တိုင်ကြားပုံ၊ Consumer Call No. 1535 သို့ ခေါ်ယူတိုင်ကြားနိုင်မှုများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ (၂၅)ဦး ကျောင်းသား၊ ကျောင်းသူ (၁၃၂)ဦး စုစုပေါင်း (၁၅၇)ဦး တက်ရောက်ခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)