ပေါင်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်
စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၂.၇.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ (မုတ္တမ)၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြား ခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးနေဇင်သက် က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များဖြင့် ဆောင်ရွက်နေမှုများ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာ၌ ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများကို အသုံးပြုရာ၌ စားသုံးသူ ထိခိုက် နစ်နာမှုရှိခဲ့လျှင် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ ဖုန်းနံပါတ်များ စသည်တို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)