Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုခရိုင် (၁၁/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၄ခုနှစ် နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်အားတွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၆.၁၁.၂၀၂၄)ရက်နေ့တွင် စက်ရက်ကန်းလုပ်ငန်းရှင်နှင့်ဆေးဆိုင်၊ (၇.၁၁.၂၀၂၄)ရက်နေ့တွင် ဆေးဆိုင်(၂)ဆိုင်တို့အားတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊  အမိန့်၊  ညွှန်ကြားချက်များကို  ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်များတွင် စားသုံးသူပြည်သူများအတွက် သက်သာသောဈေးဖြင့် ကြက်ဥ၊ ဘဲဥ ရောင်းချပေး

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များတွင် မြို့နယ်ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာတို့မှ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား အခွန်လွတ်ဈေးအနီးတွင် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် (၀၇း၀၀) နာရီအချိန်တွင် စတင်ရောင်းချပေးခဲ့ကြောင်းသိရသည်။

            အခွန်လွတ်ဈေးတွင် မြို့နယ်ကုန်စျေးနှုန်း ထိန်းညှိလျော့ချရေးကော်မတီအဖွဲ့ဝင်များ၊ တိ‌မွေးကုဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာ၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းတို့က ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ညောင်တုန်းမြို့နယ်တွင် ကြက်ဥတစ်လုံးဈေး(၃၅၀)ကျပ်ဖြင့် အလုံးရေ(၆၀၀)၊ ဘဲဥတစ်လုံး(၄၈၀)ကျပ်ဖြင့် အလုံးရေ (၃၀၀)ကိုလည်းကောင်း၊ (၂၆.၁၁.၂၀၂၄)ရက်နေ့က ကြက်ဥအလုံး(၄၀၀)၊ ဘဲဥအလုံး(၅၀၀)ကိုရောင်းချပေးကြောင်းသိရသည်။

              ဓနုဖြူမြို့နယ်တွင်လည်း၂၅ရက်နေ့တွင် ပြည်သူများအား ကြက်ဥတစ်လုံး(၄၀၀)ကျပ်ဖြင့် ကြက်ဥအလုံးရေ (၆၀၀)၊ ဘဲဥ တစ်လုံး(၅၀၀)ကျပ်ဖြင့်အလုံးရေ (၃၀၀)ကိုလည်းကောင်း၊ ၂၆ရက်နေ့ကလည်း ထပ်မံရောင်းချပေးလျှက်ရှိပြီး ယခုလို ပြည်သူများသက်သာစွာဝယ်ယူနိုင်ရန်အတွက် အပတ်စဉ်အလိုက် အခွန်လွတ်ဈေးတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

               စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

           ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲမျာကို ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာရှိ (အ.လ.က)ကျောင်းတွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်အနေဖြင့်ကျွန်းလှမြို့နယ်၊ကျီကုန်းကျေးရွာရှိ(အ.လ.က) ကျောင်းတွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကိုရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့်သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုသေချာ စိစစ်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application၊ ဌာန၏ Website၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့်(CICC)များကို လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

              ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ ဆီစက်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံ  သည်ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး ကုန်အညွှန်းအမှတ်အ သားလျှောက်ထားခဲ့ရာ အတည်ပြုပေးနိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့်မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေးအန္တရာယ်ရှိ/ မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များပါဝင်မှုရှိ/ မရှိစစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံ၊ ဆေးနှင့်ဆေးပစ္စည်းဆိုင်များနှင့် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိစတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းစသည်ဖြင့် စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၃)ကြိမ်၊ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ  ကုန်စုံဆိုင်များအားလည်းကောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်နှင့် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့်ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့်ကုန်စည်များ၊ စံမညီဆေးဝါးများစသည်တို့ကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး (မုံရွာ)ပညာရေးဒီဂရီကောလိပ်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှူး၏  လမ်းညွှန်မှုဖြင့် တိုင်ဒေသကြီး စားသုံးသူဌာနခွဲတာဝန်ခံ  ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့နှင့်ဝန်ထမ်းများသည်    (၂၇-၁၁-၂၀၂၄) ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး (မုံရွာ)ပညာရေးဒီဂရီကောလိပ်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆရာ/ဆ၇ာမ (၅၀)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၀၀)ဦး၊ စုစုပေါင်း(၄၅၀)ဦးတက်‌ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

            ထိုသို့ပညာပေးဟောပြောပွဲဆောင်ရွက်ရာတွင် တိုင်းဒေသကြီး စားသုံသူဌာနခွဲတာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်း၊ ဖြေရှင်းညှိံ့နှိုင်ဆောင်ရွက်မှုများအကြောင်း၊ (၁၅၃၅) နံပါတ်ကိုခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းနှင့် ရုံးချုပ်မှ ညွှန်ကြားမှုဖြင့် ပညာပေးဟောပြောရာတွင် ထည့်သွင်းဟောပြောရမည့် အချက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမများ၏ သိလိုသည်များမေးမြန်ခြင်းကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဌာန၏ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ၍ စားသုံးသူအသိပညာပေးဟောပြောပွဲ အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

       ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ နေ့လယ်(၁၄း၃၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ‌‌‌ရွှေမြင့်မိုရ်ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ (၁) ပေပါလျှင် (၁၁၀) ပိဿာပါ စားအုန်းဆီ (၉၂) ပေပါကို ယာဉ်မောင်း ဦးစိုင်းသက်‌ကျော်၊ ယာဉ်အမှတ် 1M-3466/ ISUZUမော်တော်ယာဥ်ဖြင့် တင်‌ ဆောင်၍အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ (၉၂) ပေပါကို ကုမ္ပဏီ၏လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိူင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

       ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ (၁) ပေပါလျှင် (၁၁၀) ပိဿာပါ စားအုန်းဆီ (၉၄) ပေပါကို ယာဉ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044/ Nissan နှင့် နံနက်(၁၁း၀၀)နာရီအချိန်တွင် ရတနာဦးယာဉ်ရပ်နားစခန်းသို့ ယာဥ်မောင်းဦးအောင်မျိုးဟိန်း၊ ယာဉ်အမှတ် 7J-2781/  Isuzu မော်တော်ယာဥ်ဖြင့် စားအုန်းဆီ(၉၀)ပေပါတို့ကို တင်‌ဆောင်၍ အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီ စုစုပေါင်း (၁၈၄) ပေပါကို ကုမ္ပဏီ၏လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူ များအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ကြက်သွန်ဖြူ (ကြူကုတ်)၊ ပဲနီလေး၊ ဝက်သား၊ အမဲသား ဈေးနှုန်းများအနည်းငယ်မြင့်တက်လာပြီး အာလူး၊ ပဲတောင့်ရှည်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်သာရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

 

လက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးတင်ဌေး(ရုံးအုပ်)နှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ လက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များ ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းရာတွင် တောင်ကြီးမြို့နယ်အတွင်း ဈေးကွက်တွင်ဆေး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ ပြည်သူများ လိုအပ်သည့်ဆေးဝါးများ အလွယ်တကူဝယ်ယူရရှိစေရန် ဆေးဆိုင်များနေ့စဉ် ဖွင့်လှစ်ရောင်းချပေးရေး၊ သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့်ဆေးများနှင့် အရည်အသွေးပြည့်ဝသည့် ဆေးဝါးများကိုသာရောင်းချရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချရေးတို့ကို ဆွေးနွေးခဲ့ပြီး စားသုံသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ