Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

(ရွှေသရဖူ)ဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်(လ/ထကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆန်ကုန်သည် များအသင်း၊ စသည့်အဖွဲ့များနှင့်  ပူးပေါင်း၍ (၉-၄-၂၀၂၅) ရက်နေ့ ၊  (၁၁:၀၀)နာရီအချိန်တွင် အမှတ်(၉၉)မြေညီ ၊ မြန်မာ့ဂုဏ်ရည်လမ်း) ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဆိုင်ရှင် ဦးညီညီလွင် (ရွှေသရဖူ) ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမြသန်းနိုင်က ဆိုင်အတွင်း ရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချ သည့်ဈေးနှုန်းများကိုစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တာရာယ်များကိုအကြောင်းပြု၍ ဆန်ဈေးနှုန်း များကို ဈေးမြှင့်တင်ရောင်းချခြင်းမပြုရန် စားသုံးသူပြည်သူများ အခက်အခဲမရှိ ဝယ်ယူ စားသုံးနိုင် ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ် ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

(ရွှေအိမ်စံ)ဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းစသည့်အဖွဲ့များနှင့် ပူးပေါင်း၍ (၈-၄-၂၀၂၅) ရက်နေ့ ၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၃၆)(၉၄)လမ်း၊ ကန်တောင်ရပ်ကွက်၊မင်္ဂလာတောင်ညွှန့်မြို့နယ် ဦးကျော်ထွန်း (ရွှေအိမ်စံ) ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေများ စစ်ဆေး ဆောင်ရွက် ခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသိန်းထွန်းက ဆိုင်အတွင်း ရောင်းချနေသော ဆန်ဈေးနှုန်းများစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တာရာယ်များကိုအကြောင်းပြု၍ ဆန်ဈေးနှုန်းများကို ဈေးမြှင့်တင်ရောင်းချခြင်းမပြုရန် စားသုံးသူပြည်သူများအခက်အခဲမရှိ လက်ဝယ်ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံ စိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက်အတွင်းတင်သွင်းရောင်းချခြင်းမရှိစေရန် ရန်ရည်ရွယ်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာမှ ဦးဆောင်၍၊ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှဝန်ထမ်း(၁)ဦး၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း  သတင်းရရှိပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းများတွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များအား သိုလှောင်ထားခြင်းရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော ဆေးနှင့်ဆေးပစ္စည်းများအား တင်သွင်းရောင်းချရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

City Mart များရှိ ဆန်ဈေးနှုန်းများ ကြီးကြပ်ဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ‌ရောင်းချခြင်း ရှိ/မရှိကို ဈေးကွက်အတွင်း ၉.၄.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီတွင်ကွင်းဆင်း စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် Makro အတွင်း ရောင်းချ နေသော Myat အမှတ်တံဆိပ်(ရွှေဘိုပေါ်ဆန်း)၊ Win အမှတ်တံဆိပ် (ပေါ်ဆန်းမွှေး /တောင်ပြန် ပေါ်ဆန်း)၊ တို့၏ (KG) ဆန်ဈေးနှုန်းများကို စိစစ်ခဲ့ကြပြီး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ကြရန် အသိ ပညာပေးပြောကြားခဲ့ကြောင်း  သိရှိရပါသည်။  

DOCA(ရန်ကုန်)

စက်သုံးဆီ အ‌ရောင်းဆိုင်များ ဆီပြတ်လပ်မှု အခြေအနေအား သွားရောက် ကွင်းဆင်း စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်းများသည် 10.4.2025 ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီတွင် ခရိုင်အတွင်း မြို့နယ်များရှိ စက်သုံးဆီအရောင်း ဆိုင်များကို စက်သုံးဆီပြတ်လပ်မှုအခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချ ပေးခြင်းရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်ချိန်နှင့် ဆီ  Boxer ရောက်ရှိချိန်၊ အရည်အသွေး ပြည့်ဝသော စက်သုံး ဆီများ၊ အလေးချိန် တွယ်မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ တို့ကို မြောက်ဥက္ကလာပမြို့နယ်ရှိ Moon Sun စက်သုံးဆီဆိုင် ၊ Denko စက်သုံးဆီဆိုင်၊ YP စက်သုံးဆီဆိုင် စသည့် ဆီဆိုင် (၃) ဆိုင်တို့မှ တာဝန်ခံ များနှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး အသိပညာပေး/ကွင်းဆင်းဆောင်ရွက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည်   နန္ဒဝန်ဈေးစည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိရာ (8.4. ၂၀၂5) ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဈေးအတွင်းရှိ ဆန်လက်လီရောင်းချနေသော ဆန်ဆိုင်(၇)ဆိုင်တို့အား  သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်းရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန် အတိုင်းရှိပြီး ဆန်သိုလှောင်မှု အိတ်အရေအတွက် များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထား ခြင်းမပြုရန်  လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြား ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)

မုံရွာမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂၅ ခုနှစ်၊  ဧပြီလ (၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့ နှင့်ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေး အတိုင်းရောင်းချနေမှု ရှိ/မရှိ၊ စက်သုံး ဆီပြတ်လပ်မှု ရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့စစ်ဆေးရာတွင် မုံရွာမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများလုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး အတွင်းသာ ရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးအလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာရောင်းချရန် အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)

တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအားစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့် ဝန်ထမ်း(၃)ဦးတို့သည်  (၉.၄.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် တောင်ဥက္ကလာ ပမြို့နယ်၊ နန္ဒဝန်ဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား ဈေးစည်ပင် အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချ လျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေး၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများ နှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့် ဆိုင် များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြော ကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၇.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ ငပုတောမြို့မဈေး အတွင်းရှိ လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချ နေခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့် သာရောင်းချ ကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူး ရောင်းချကြ ရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/လက္ကားရောင်းချမှု အခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“အဖွားလက်ရာ” အမှတ်တံဆိပ်ပါ စည်သွပ်ဗူးများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေး ရေးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း (၂)ဦး သည် ဗိုလ်တထောင်ခရိုင် ဘိုကလေးဈေး စည်ပင်သာယာ ရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၇.၄.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့ရှိ “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ ဖော်ပြထား‌သည့် အညွှန်းဖော်ပြချက်များနှင့် တူညီမှု ရှိ/မရှိ၊ ကွဲလွဲမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုပြုသည့်အပေါ် ဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် HI-Q, READY အမှတ်တံဆိပ် စည်သွပ်‌ဗူးများ အများဆုံး ရောင်းချ လျှက်ရှိပြီး အဖွားလက်ရာ” အမှတ်တံဆိပ်ပါ(အသားဟင်း/ ငါးဟင်း စည်သွပ် ဗူးများ) ရောင်းချခြင်း မရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက “အဖွားလက်ရာ” ကုန်စည်များကဲ့သို့ ကုန်အညွှန်းအမှတ်အသား ကွဲလွဲမှုရှိသော ကုန်စည်များကို ဝယ်ယူရောင်းချမှု မဖြစ်စေရေး အထူးဂရုပြုအလေးထားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

      ဆက်လက်၍ ဗိုလ်တထောင်ဈေးပြင်ပရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်တို့ ရှိ “အဖွား လက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ ဖော်ပြထား‌ သည့် အညွှန်းဖော်ပြချက်များနှင့် တူညီမှုရှိ/မရှိ၊ ကွဲလွဲမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ