Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီ လက်လီ/လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) မအူပင်မြို့နယ်တွင် ကျင်းအပြီးစီး

            (၁၂.၇.၂၀၂၅)ရက်နေ့ မအူပင်ခရိုင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် စားအုန်းဆီ လက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) သင်တန်းသို့ မအူပင်မြို့နယ်မှ(၂၇)ဦးနှင့် ပန်းတနော်မြို့နယ်မှ(၄၂)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

         အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူး ဦးဇော်မင်းက ဆီရောင်းချသည့် လက်လီ ကိုယ်စား လှယ်များကို ဆီရောင်းချခွင့် EOS(Software) ကို အသုံးပြုရာတွင်အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးကို သေချာလေ့လာ မှတ်သားကြပြီး မရှင်းလင်းသည်များကို မေးမြန်းကြရန်၊ စားသုံးသူများအခွင့်အရေး အပြည့်အဝရှိသည့်အတွက် လုပ်ငန်း ဆောင်ရွက်ရာတွင် လွဲချော်မှုများ မဖြစ်ပေါ်စေရန်လိုအပ်ကြောင်း၊ ဆီလက်ကားကိုယ်စားလှယ်မှ ဆီလက်လီ ကိုယ်စားလှယ်သို့ ဆီပေပါရောင်းချခွင့် အဆင့်ဆင့်နှင့် ဆီလက်လီကိုယ်စားလှယ်မှ စားသုံးသူပြည်သူများ ဆီထုတ်ယူခွင့် ရရှိနိုင်ရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို MCBဘဏ်၏ CTIZEN Payတို့ဖြင့် ပူးပေါင်း၍ ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁၆.၇.၂၀၂၅ ရက်နေ့ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်းနှင့် ဗားကရာဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင် ထားသော စားသောက်ကုန်မျိုးစုံ၊ ပီနံအိတ်ခွံ၊ ကော်ဖီမစ်၊ ဆပ်ပြာဖာ၊ အချိုရည် ဖာများအား ရှောင်တခင်ဝင်ရောက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

  ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁၅.၇.၂၀၂၅ ရက်နေ့ရက်နေ့တွင် ကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော AIPT ဆိပ်ကမ်းနှင့် ချောင်းဝဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ရန်ကုန်)

ကမာရွတ်မြို့နယ် အ.ထ.က(၃) တွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

  ၁၅.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒု-ကြီးကြပ်ရေးမှူး ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် နံနက်(၁၀:၃၀)အချိန်တွင် ကမာရွတ် မြို့နယ် အထက(၃) တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်ဦးဆောင်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၀၀) ကျော်တို့အား စားသုံးသူကာကွယ်ရေးဥပဒေ အသက်ဝင်သည့် နေ့နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈) ချက်နှင့် တာဝန်(၅)ချက် တို့အား ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီများအား ဘာ့ကြောင့် တင်သွင်းနေသလဲ၊ စားအုန်းဆီအခြေနေများ၊ တင်သွင်းသောနိုင်ငံများနှင့် ကုန်စည်ဝယ်ယူသုံးစွဲရာတွင် ဆုံးရှုံးနစ်နာ မှုများဖြစ်လျှင် တိုင်ကြားနိုင်ကြောင်း၊ ဌာန၏လုပ်ဆောင်ချက်များ၊ တိုင်ကြားမှုများ ဖြစ်ပေါ်လာလျှင် စားသုံးသူနှင့်လုပ်ငန်းရှင်အ ကြားစေ့စပ်ညှိနှိုင်းပေးမှုများရှိကြောင်း၊ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ စားသောက်ရန်မသင့်သော အစားအသောက်များ၊ သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများနှင့် ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန်ကြားချက်ရှိသော ဆေးဝါးများနှင့် ညွှန်ကြားချက်မရှိသော ဆေးဝါးများအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမာရွတ်မြို့နယ် အ.ထ.က(၁) ကျောင်းမုန့်ဈေးတန်းအားစစ်ဆေးခြင်းနှင့် စားသုံးသူအသိပညာပေးခြင်း

  ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနိုင်နှင့် ဆရာ/ဆရာမများမှ ၎င်းတို့ကျောင်းတွင် ရောင်ချ လျက်ရှိသော ဒေါ်စုမ(ထမင်းကြော်)၊ ဒေါ်နှင်းဝေ(မုန့်ဟင်းခါးလက်သုတ်ဆိုင်)၊ ဒေါ်အေးမြင့် (ချိုချဉ်မုန့်မျိုးစုံ) ဒေါ်ဖြူမ (အအေးမျိုးစုံ၊ ဒေါ်မြင့်မြင့်ခိုင်(ကြက်သားကြော်ဆိုင်) များအား စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။ 

ထို့နောက် နံနက်(၁၀:၃၀)အချိန်တွင် အစည်းအဝေးခန်းမ၌ ကျောင်းသား/ ကျောင်းသူ (၇၀) ကျော်တို့အား အနောက်ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်မြတ်မွန်မှ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းသော ရက်၊ လ၊ ခုနှစ်နှင့် စားသုံးသူ အခွင့်အရေး၊ စားသုံးသူ၏ တာဝန်များ၊ စားသုံးသူအဓိပ္ပါယ်နှင့် စားသောက်ကုန်များအား ဝယ်ယူစားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိမှသာ ဝယ်ယူစားသောက် ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း နှင့် စားသုံးသူများဘက်မှ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျှင် Consumer Call Center 1535 သို့တိုင် ကြားနိုင်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (မအူပင်) ၂၀၂၅-၂၀၂၈ သက်တမ်းကာလ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကျင်းပပြုလုပ်

          မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ မအူပင်မြို့နယ်၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလ အလုပ်အမှု ဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၂ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် မအူပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မအူပင် ဆန်စက်ပိုင်ရှင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်အသင်းကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

           အမှုဆောင်ရွေးချယ်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များဖြင့်ပူးပေါင်း၍ အမှုဆောင်ရွေးချယ်ရေး လုပ်ငန်းကော်မတီကို ၅ဦးကော်မတီဖြင့် ဖွဲ့စည်းခဲ့ပြီး အမှုဆောင်အသစ်များကို တိုင်းအသင်းကိုယ်စားလှယ်များ မြို့နယ်အသင်း နာယကကြီးများကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက အသင်းဖွဲ့စည်းပြီးမှုအခြေအနေများကို တိုင်းဒေသကြီးသို့ ဆက်လင်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး အသင်း၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်းနှင့် အသင်းအစု၊ အဖွဲ့များ ရှင်သန်အားကောင်းစေရေး ဒေသတွင်းလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန် အသင်းများမှ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၁၄.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်ဆိုင် ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချ နိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေး ချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်း များ မှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ကြံခင်းမြို့နယ် စားသုံးသူအသိပညာပေးရေးနည်းလမ်းများ TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၀.၇.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၀၀) အချိန်တွင် ကြံခင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူအသိပညာပေးရေးနည်းလမ်းများ၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများဆိုင်ရာ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ အစီအစဉ်တွင်  မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက   စားသုံးသူရေးရာဦးစီးဌာန အနေ ဖြင့် စားသုံးသူအသိပညာပေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရည်ရွယ်သည့် အုပ်စုအမျိုးအစား များနှင့် လိုက်လျောညီထွေ ရှိစေမည့် သင်ခန်းစာများ၊ လူထုဆက်သွယ်ရေးနည်းလမ်းများမှ တစ်ဆင့် အသိပညာပေးခြင်း၊ www.doca.gov.mm Website တွင် ဖော်ပြခြင်းနှင့် စားသုံးသူများသို့ တိုက်ရိုက် အသိပညာပေးခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို website တွင် သတင်းလွှင့်တင်မှု အခြေအနေများ၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများတွင် ဦးစီးဌာနအနေဖြင့် စားသုံးသူများကိုသာမက စီးပွားရေးလုပ်ငန်းရှင်များ ကိုပါ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ၍ ပညာပေးခြင်းလုပ်ငန်းများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများဖြင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိပါသည်။  စားသုံးသူများထံသို့ စားသုံး သူကာကွယ်ရေးဆိုင်ရာ သတင်းများ ဖြန့်ဝေနိုင်ရန်နှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက လွယ်ကူစွာ တိုင်ကြားနိုင်ရန်အတွက် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုအကြောင်း၊ Consumer Call Center 1535 သိုလည်း ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  

(DOCA ဧရာဝတီ)

မြန်အောင်မြို့နယ် အ.မ.က အောင်ရတနာကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄.၇.၂၀၂၅)နေ့ နံနက် (၁၁:၀၀)နာရီ အချိန်တွင် မြန်အောင်မြို့၊ ညောင်မြစ်ဆွဲကျေးရွာရှိ အခြေခံပညာမူလတန်း အောင်ရတနာ ကျောင်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသား၊ကျောင်းသူ ၂၂၇ ဦးအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးခြင်းနှင့်  စာဖတ်ရှိန်မြှင်တင်ရေး  အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ ပေးခြင်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လည်(၁၃:၀၀)အချိန်တွင် ဟောပြောပွဲကို ရုတ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆန်စက်အသင်းလုပ်ငန်းရှင်အသင်းခွဲ အမှုဆောင်အသစ် ရွေးချယ်ပွဲ ပြုလုပ်ကျင်းပ

            မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (ဧရာ၀တီတိုင်းဒေသကြီး)ညောင်တုန်းမြို့နယ်၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စိမ်းလဲ့မြေဆန်စက်ပိုင်ရှင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆန်စက်အသင်းကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

             အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်လွင်က ဆန်စက်အသင်းလုပ်ငန်းရှင်အသင်းခွဲ အမှုဆောင်အသစ် ရေါဂချယ်တင်မြှောက်ခြင်းလုပ်ငန်းများ အကြောင်းကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အပြင် ပြည်တွင်းကုန်သွယ်မျုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေး ပို့ကုန်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အသင်းအဖွဲ့များ အားကောင်းစေရန်လိုအပ်ကြောင်း၊ ပြည်တွင်ဒေသတွင်းဆန်စက်လုပ်ငန်းအများ ဖွံ့ဖြိုး တိုးတက်စေရန်လိုအပ်ကြောင်း၊ ဒေသတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု အတွက် အရေးပါသော အသင်းအဖွဲ့၊ စပါးကြိတ်ခွဲရာတွင် ခေတ်မှီဆန်များဖြင့် အရည်အသွေးပြည်မှီစွာ ထွက်ရှိရေး အရေးပါသော အစုအဖွဲ့ မှ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောာကြားဆွေးနွေးခဲ့ပြီး အမှုဆောင်အသစ်ရွေးချယ်ပွဲကို ရွေးချယ်ဆောင်ရါက်ခဲ့ကြသည်။

               မြို့နယ်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာမှ ရွေးချယ်တင်မြှောက်ခဲ့သော ရွေးချယ်ခံရသည့် အမှုဆောင်များ၏ အမည်စာရင်းကို ဖတ်ကြားပြီး အမှုဆောင်အသစ် ၁၅ဦး ပါဝင်ကြောင်း၊ ရွေးချယ်တင်မြှောက်ခံအသင်းမှ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ပေးပါရန်နှင့် ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်နိုင်ရန်တို့ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ