Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့၊ ဖြူသန့် သောက်ရေသန့်စက်ရုံအား စျေးကွက်မရောက်မီစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ သြဂုတ်၂၆ ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ ဆန်းချီရပ်ရှိ  ဖြူသန့် သောက်ရေသန့် စက်ရုံအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းဖြန့်ဖြူးမရောင်းချမီ သောက်ရေသန့် အမျိုးမျိုးတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သောက်ရေသန့်ထုတ်လုပ် ပုံအဆင့်ဆင့်၊ သောက်ရေသန့်များအားထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နေမှုများ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဖုန်းဆိုင်များတွင် တရားမဝင်ဆင်းကတ်ရောင်းချနေမှုများအား စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အတွင်းရေးမှူးအဖြစ်ပါဝင်သော ထားဝယ်မြို့နယ် တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့သည် စျေးကွက်အတွင်းရောင်းချလျက်ရှိသော ဆင်းကတ်များအား သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များကို စနစ်တကျ မှတ်ပုံတင် ရောင်းချနိုင်ရန်နှင့် တရားမဝင်ဆင်းကတ်ရောင်းချမှုများကို တားဆီးကာကွယ်နိုင်ရန်အတွက်  ထား ဝယ်မြို့ပေါ်ရှိ ဖုန်းဆိုင်များသို့ သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီMC (10/2025-2026) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့်တက်ရောက်

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ MC (10/2025-2026)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

    ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ MC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေး ခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ် (၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ကျောက်ဆည်ခရိုင်အတွင်းရှိ စားအုန်းဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ”

         သြဂုတ်လ(၂၅)ရက်နေ့တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ကျောက်ဆည်ခရိုင်အတွင်းရှိ စားအုန်းဆီရည်ညွှန်းစျေးဖြင့်ရောင်းချသည့် လက်လီ၊လက်ကားဆီဆိုင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်၊ ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်ဦးစီးမှူးက ပြောကြားရာတွင် စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များအနေဖြင့် မကြာမီအချိန်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ်(Edible Oil System)အား အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် လုပ်ငန်းရှင်များ၏ မှတ်ပုံတင်မူရင်း ယူဆောင်လာရန်(ရှေ့/နောက်) / မှတ်ပုံတင်မူရင်းမသဲကွဲပါက ယာဉ်မောင်းလိုင်စင်ပူးတွဲယူဆောင်လာရန် (သို့မဟုတ်) Smart Card ပါ ပူးတွဲယူလာရန်၊ လူကိုယ်တိုင် Selfie ဓါတ်ပုံ၊ လိုင်စင်ရှိပါက သက်တမ်းရှိ ဆိုင်လိုင်စင်၊ လိုင်စင်မရှိသူများ ဌာနတွင် လိုင်စင်မရှိသူများ ဖြည့်သွင်းရမည့် ဖောင်ပုံစံထုတ်ယူရန်၊ ဆိုင်ဓါတ်ပုံ (ဖုန်းအတွင်းရိုက်၍ ယူဆောင်လာရန်) နှင့် ဌာနသို့ စာရင်းပေးသွင်းထားသော ဆင်းကတ်နှင့်စနစ် ထည့်သွင်းမည့်ဖုန်း တပါတည်းယူဆောင်လာရန်နှင့် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့်ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

    တနင်္သာရီတိုင်းဒသကြီး၊ မြိတ်ခရိုင်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီမံမှုဖြင့် ကျောင်း၊ ဆေးရုံနှင့် ဘုရားစေတီများတွင်  သန့်ရှင်းရေးပြုလုပ်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ သြဂုတ် လ(၂၆)ရက်နေ့၊ နံနက်(၆း၃၀)အချိန်တွင် မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     သန့်ရှင်းရေးပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများမှ ဝိုင်းဝန်း ကူညီကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ အမှိုက်ကားဖြင့်လာရောက်ကာ ရှင်းခင်းခြင်းပြုလုပ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့အတွက် စားအုန်းဆီပေပါများရောက်ရှိ

       မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်သည် မြိတ်ခရိုင်အတွက်လိုအပ်သော ဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး (၂၂.၈.၂၀၂၅)ရက်နေ့တွင်  Global Good Pure Group ကုမ္ပဏီမှ ဝယ်ယူ၍ မော်တော်ယာဉ်အမှတ် 6D-4521 ဖြင့် စားအုန်းဆီ ပေပါ (၇၂) နှင့် Myanmar Oil Alliance ကုမ္ပဏီမှ ဝယ်ယူ၍ မော်တော်ယာဉ်အမှတ် (6L-9618) ဖြင့် စားအုန်းဆီ ပေပါ (၆၆)တို့သည် ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၂၆)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ရောက်ရှိလာသောစားအုန်းဆီများကို ဆီအရောင်းကိုယ်စားလှယ်မှ ၂ ရာခိုင်နှုန်း အမြတ်ဖြင့် လက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် သဘာဝမြေသြဇာချီးမြှင့်ပေးခြင်းနှင့် သုံးစွဲနည်း သရုပ်ပြပွဲ အခမ်းအနားကျင်းပ

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွဲကူးကျေးရွာတွင် စိုက်ပျိုးသူတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာရေးအတွက်ရည်ရွယ်၍ ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၂၃)ရက်နေ့တွင် မြိတ်ခရိုင်ရှိ တောင်သူများအား ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် အကျိုးဆောင် တောင်သူများအား သဘာဝမြေသြဇာချီးမြှင့်ပေးအပ်ခြင်းနှင့် သုံးစွဲနည်းကွင်း သရုပ်ပြပွဲ အခမ်းအနားအစီအစဉ်အား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကျင်းပဆောင်ရွက်ရာတွင် တနင်္သာရီတိုင်းဒေသကြီးရှိ ဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တောင်သူများအား သဘာဝမြေသြဇာချီးမြှင့်ပေးအပ်ခြင်းနှင့် သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာနှင့် ဓါတ်မြေသြဇာ အချိန်ကိုက်၊ အချိန်ကိုက်၊ အချိုးကျ၊ ကြဲပက်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲအား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

စားသုံးဆီဖြန့်ဖြူးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်‌ရေးအဖွဲ့မှတာဝန် ရှိသူများတက်‌ရောက်

      ၂၀၂၅ ခုနှစ်၊ သြဂုတ် လ ၂၄ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျင်းပပြုလုပ်သော စားသုံးဆီဖြန့်ဖြူးခြင်း၊ ကြီးကြပ် ဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်း ဒေသကြီးစားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်‌ရေးအဖွဲ့မှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဆွေးနွေးခြင်း၊  တက်ရောက်လာ ကြသူများမှ အထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ကြက်သွန်နီများကားလမ်းဖြင့် သယ်ယူမည့်ကိစ္စရပ်များနှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၂၅ ခုနှစ်၊ သြဂုတ်၂၄ ရက်နေ့၊ နေ့လယ် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန ၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကြက်သွန်နီများအား ထားဝယ်မှကော့သောင်းသို့ ကားလမ်းကြောင်းဖြင့် သယ်ယူမည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ လာ ရောက်မေးမြန်းသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     တွေ့ဆုံရာတွင် စီးပွား‌ရေးလုပ်ငန်းရှင်မှ ထားဝယ်မြို့မှ ကော့သောင်းမြို့သို့ ကြက်သွန်နီများအား ကားလမ်းခရီးဖြင့်သယ်ယူမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ သယ်ယူရာတွင် လတ်တလောအခြေအနေအရ စီးပွားရေးလုပ်ငန်းရှင်၏တင်ပို့မှုအတွက် ယာဥ်‌ မောင်း၊ ကားနံပါတ်၊ တင်ပို့မည့်အရေအတွက်၊ တိုင်း‌ဒေသကြီးစားဖိုဆောင်သီးနှံလုပ်ငန်းရှင်များ အသင်း၏ထောက်ခံချက်နှင့်အတူ စားသုံးသူရေးရာဦးစီးဌာနသို့တင်ပြ၍ စားသုံးသူရေးရာဦးစီးဌာန မှ တိုင်းအစိုးရအဖွဲ့နှင့် စီးပွားရေးရာဝန်ကြီးသို့ တင်ပြ ခွင့်ပြုချက်ရယူပြီး သယ်ဆောင်ခွင့်ရရှိ‌ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

          ၂၀၂ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့၊ ၀၉း၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd နှင့် Yadanarbon Global Network Distrib Co,Ltd တို့မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၁၀၄) ပေပါကို ယာဥ်မောင်း ဦးမြင့်ဇော်သန်း၊ ယာဉ်အမှတ် 7F-3777/Nissan မော်တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသောစားအုန်းဆီ (၁၀၄)ပေပါ အား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန် လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည် ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ