Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သက်ဆိုင်ရာထောက်ခံချက်မရှိသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

      ရန်ကုန်အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးအပါအဝင် ဝန်ထမ်းများသည် (၉-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှစ၍ လှိုင်မြို့နယ်၊ လှိုင်ရတနာဈေး၊ ဗဟန်းမြို့နယ်၊ ဗဟန်းဈေးနှင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတောဈေးတို့တွင် သက်ဆိုင်ရာ၏ထောက်ခံချက်မရှိသော စားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ရာ Meizan (ဟင်းသီးဟင်းရွက်ဆီ)၊ အမေထွား(မြေပဲဆီ)၊ Cook (နေကြာဆီ)၊ Goody(ဟင်းသီးဟင်းရွက်ဆီ)၊ Sunar (နေကြာဆီ)၊ ရန်ကုန်ပဲဆီသန့်၊ ရွှေအုံ(မြေပဲဆီ)၊ Heath Chef၊ ရာသက်ပန် (ဟင်းသီးဟင်းရွက်ဆီ) များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်(ဂမုန်းပွင့်)နှင့် လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးတို့တွင် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည် (၁၀) မျိုးအနက် ထိခိုက်လွယ်သည့် စားသုံးသူဖြစ်သော ကလေးငယ်များသုံးစွဲသည့် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိ၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်(ဂမုန်းပွင့်) တွင် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော  Ko DO Mo (သွားတိုက်ဆေး)၊ Baby Moon (Diber)၊ Baby Mild (Baby Cream)၊ Dnee (ကလေးပေါင်ဒါ)၊ Mammy Poko(Diber)၊ Baby Mild (ပေါင်ဒါ)၊ Baby Mild (Shampoo)၊ 2080 (သွားတိုက်ဆေး)၊ Dancing Baby (Diber) များနှင့် လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးတွင် Sweety Pink(Baby Cream)၊ Baby Moon (Diber)၊ Baby Mild (Baby Cream)၊ Mammy Poko(Diber)၊ Lovely Baby (Diber)၊ Baby Mild (ပေါင်ဒါ)၊ Baby Mild (Shampoo) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့သောင်းမြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ ၁၅ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေကြီး၊ ကော့သောင်းခရိုင် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် သုံးစွဲရန်မသင့်သည့် အလှကုန်များရောင်းချနေမှုရှိ/မရှိ၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာပါရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကော့သောင်မြို့ (၇)မိုင်၊ ရွှေပြည်စိုးကျေးရွာ ဗုဒ္ဓနုဿတိစာသင်တိုက်တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်ချုပ်သင်တန်းတွင် အသိပညာပေးဟောဆွေးနွေးခြင်း

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့ သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ကော့သောင်းမြို့ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးဆောင်ပြီး (၇)မိုင် ရွှေပြည်စိုးကျေးရွာ၊ ဗုဒ္ဓနုဿတိစာသင်တိုက်တွင် ဖွင့်လှစ်သော  စက်ချုပ်သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည်  စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဆောင်ပုဒ် (MOTTO)၊ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက်(Mission)၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများစသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၉-၇-၂၀၂၄ ရက်နေ့မှ ၁၅-၇-၂၀၂၄ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင် ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ ထူးဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ စသည့်အဖွဲ့များနှင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက်  စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့၊ သပြေချောင်းစျေး(တပ်စျေး)ရှိ စားသောက်ကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ သပြေချောင်းစျေး (တပ်စျေး) အတွင်းရှိ စားသောက်ကုန်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးအတွင်းရောင်းချနေသော ခေါက်ဆွဲခြောက်နှင့် ကြာဇံခြောက်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသည့် စားသောက်ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက(၂) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၂.၇.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီက ဝါးခယ်မမြို့နယ် အထက(၂) ကျောင်းအစည်းအဝေးအခန်းမတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းမုန့်ဈေးတန်းအား စားသုံးသူရေးရာအဖွဲ့ဖြင့် စစ်ဆေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း(၁၆၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ) 

 

 

 

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၅.၇.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၅:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိ ပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားလုပ်ငန်းများ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းရှင်များအား သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်၊ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ အချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူရေးရာ တာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများ နစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ) 

 

                                                                     

မြောင်းမြခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊   လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည်   (၁၅.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင်၊ (၃)မိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနမှ ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနင့် အခန်း(၂၃)ပါ တားမြစ်ချက်(၄)ချက် ၊အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများ နစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ) 

 

ကျိုက်လတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် Talk Show ပြုလုပ်ဆောင်ရွက်

     ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် ကျိုက်လတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၂) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်း၊ အခန်း(၁၈) ပါ ကုန်အညွှန်းမှတ်အသားဖော်ပြခြင်းများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Centre များ ဖွင့်လှစ်ထားရှိကြောင်း ၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ) 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ