Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်ဦးစီးမှူးမှ ပုဂ္ဂလိက စက်ပန်းထိုးနှင့် အထည်ချုပ်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး

     ၆.၁၀.၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  မော်လမြိုင်မြို့၊ စက်မှုဇုန်အတွင်းရှိ မွန်တိုင်းရင်းသားဝတ်စုံနှင့် အထည်များထုတ်လုပ်သည့် စက်ပန်းထိုးနှင့် အထည်ချုပ် လုပ်ငန်းစက်ရုံ (၃) ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ စက်ပန်းထိုး အထည်ချုပ်စက်ရုံများတွင် အသုံးပြုနေသော ပိတ်စများမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သော ပိတ်စကို အများဆုံးအသုံးပြုနေပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ဒိုင်များမှ မှာယူအသုံးပြုလျက်ရှိကြောင်း၊ ပြည်တွင်းမှထွက်ရှိသော ပိတ်စများ ကိုမန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့မှ ဝယ်ယူ၍ ကရင်တိုင်းရင်းသားဝတ်စုံများအဖြစ် ပန်းထိုးချုပ်လုပ်၍ ရောင်းချဖြန့်ဖြူးလျက်ရှိပြီး ပြည်တွင်းထုတ် ပိတ်စတစ်လိပ်လျှင် ကိုက် (၂၀) ပါရှိကာ ပိတ်စတစ်အုပ်လျှင် (၂၄၀၀၀၀) ကျပ်ခန့်ဖြင့် ဝယ်ယူရကြောင်း၊ မွန်အမျိုးသမီးဝတ်စုံ ဝမ်းဆက်တစ်စုံလျှင် ထုတ်လုပ်မှုကုန်ကျစရိတ် (၂၀၀၀၀) ကျပ်ရှိပြီး (၂၅၀၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချသဖြင့် ဝတ်စုံတစ်စုံအပေါ် အမြတ်ငွေ (၅၀၀၀) ကျပ်ခန့် ရရှိကြောင်းနှင့် စက်ရုံများမှ ထွက်ရှိသော အထည်များကို ဖြန့်ဖြူးရန် ဈေးကွက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှုရှိသဖြင့် အချိန်ပြည့်မလည်ပတ်နိုင်သဖြင့် အင်ဂျင်ဖြင့် လည်ပတ်ရခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားလာသည့်အတွက် ထုတ်လုပ်သူများ အနေဖြင့် အခက်အခဲအနည်းငယ် ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

အ.ထ.က မြန်အောင်ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများအားစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ အမှတ်(၄)ရပ်ကွက်၊ ဘဒလင်ကျောင်းကြီးလမ်းရှိ အ.ထ.က (မြန်အောင်)ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်း၌ ရောင်းချသောမုန့်များတွင် ရက်လွန်ခြင်း၊ မှိုတက်သောမုန့်ရောင်းချမှုရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များကိုရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန် ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အ.ထ.က(၅) ရွှေကျောင်းတွင် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         အောက်တိုဘာလ(၃)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်၊ ရွှေကျောင်းကျေးရွာအုပ်စုရှိ အ.ထ.က(၅) ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ထားဝယ်မြို့၊ ရွှေဥသြထားဝယ်ရိုးရာ စက်ယက္ကန်း လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

       ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့၊ နံနက် (၁၁း၁၅) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဥဿရံရပ်ရှိ ရွှေဥသြထားဝယ်ရိုးရာ လုံချည်နှင့် ချည်ထည်အမျိုးမျိုး စက်ယက္ကန်းလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းရှင်အား စက်ယက္ကန်းနှင့် ပတ်သက်သည့် အချက်အလက်များဖြစ်သော စက်ယက္ကန်းစက်ရုံတည်ရှိရာနေရာနှင့် အကျယ်အဝန်း၊ လက်ရှိလည်ပတ်နေသည့် စက်အရေအတွက်နှင့် လုပ်သားအင်အား၊ ကုန်ကြမ်းပစ္စည်းရရှိမှုများနှင့် ထုတ်လုပ်သည့် အထည်အမျိုးအစားများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မိမိတို့ဌာနအနေဖြင့်လည်း လိုအပ်သည်များကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရေနံတောင်အုပ်စု အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

         စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၃-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်၌ ကြံခင်းမြို့၊ ရေနံတောင်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၂၄၀ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်များ‌ပေါ်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

         ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ ၊(၄) ရပ်ကွက်ရှိ မူလွန်အောက်ပိုင်းကျောင်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ဘိုကလေးမြို့နယ်တာဝန်ခံ(စစ်ဆေးရေးမှူး)ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် (၄) ရပ်ကွက်ရှိ မူလွန်အောက်ပိုင်းကျောင်း၌ ဆရာ၊ ဆရာမ (၁၄)ဦး၊ ကျောင်းသား/သူ (၁၈၀) ဦးတို့အား  စားသုံးသူကာကွယ်ရေး အသိပညာပေးခဲ့ပါသည်။

     အဆိုပါ အသိပညာပေးပွဲတွင် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် ပတ်သက်၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များအကြောင်း၊ ထိုဖော်ပြချက်များနှင့် ပတ်သက်၍ ရွေးချယ်ဝယ်ယူ စားသောက်ရမည့်အချက်များ ၊ စားသုံးသူများ ကုန်စည်(သို့) ဝန်ဆောင်မှုကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်၍ စားသုံးရန် မသင့်သော အစားအစာများ ရောင်းချနေခြင်း ရှိ/မရှိကိုလည်း စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ အ.ထ.က(ရွှေကျောင်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၃-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရွှေကျောင်းကျေးရွာအုပ်စုရှိ အ.ထ.က ၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ ၃၈၀ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို အဓိကဖတ်ရှုမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်တန်ချိန် (၁၅၀၀) အား ပြည်ပသို့တင်ပို့ရန်အတွက် ဟင်္သာတဆိပ်ကမ်းမှ သင်္ဘောတင်

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မှ ဧည့်မထ (၂၅%)ဆန် အိတ်အရေအတွက် (၃၀၀၀၀)၊ တန်ချိန်အားဖြင့် (၁၅၀၀)တန်ကို  ပြည်ပသို့တင်ပို့ရန်အတွက် ဟင်္သာတဆိပ်ကမ်းမှ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၂၈-၉-၂၀၂၄) ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့တင်ပို့ခြင်းကို ဧရာဟင်္သာကုမ္ပဏီမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ဟင်္သာတမြို့ပေါ်ရှိဆန်စက်များမှ ဧည့်မထ(၂၅%) ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး အာဖရိကတိုက်ရှိ အိုင်ဗရီကိုစ့် နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်းသိရှိရပါသည်။

          ဟင်္သာတဆိပ်ကမ်းတွင် စိန်လင်းထွန်း တွဲသင်္ဘောပေါ်သို့ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၂၈-၉-၂၀၂၄)ရက်နေ့မှ စတင်ဆောင်ရွက်နေပြီး ရာသီဥတုအခြေအနေပေါ်မူတည်၍ (၅-၁၀-၂၀၂၄)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရပါသည်။ သင်္ဘောတင်ပြီးပြီးချင်း ဟင်္သာတဆိပ်ကမ်းမှ ထွက်ခွာကာ ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်း၌ ဆိုက်ကပ်မည့် နိုင်ငံခြားသင်္ဘောပေါ်သို့ ပြောင်းရွှေ့တင်ပို့မည်ဖြစ်ပါသည်။ ဟင်္သာတဆိပ်ကမ်း၌ ဧည့်မထ (၂၅%) ဆန်များ၏ အရည်အသွေးစစ်ဆေးခြင်းကို SGS ကုမ္ပဏီ နှင့် COTECNA ကုမ္ပဏီတိုက လာရောက်စစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီ ရောင်းချနေသော ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

       ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးမှူး) ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ(၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ ၊ မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေသော ဆိုင်များအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီခွဲတမ်းရရှိသော အရောင်းဆိုင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားထားသော ဈေးနှုန်းဖြင့်ရောင်းချနေခြင်းရှိ/မရှိ၊ ဆိုင်းဘုတ်တင် ချိတ်ဆွဲရောင်းချနေခြင်းရှိ/မရှိ ၊ ဈေးနှုန်းဆိုင်းဘုတ်ကို အများပြည်သူများ ထင်သာမြင်သာရှိနိုင်သော နေရာများတွင် ချိတ်ဆွဲထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ခွဲတမ်းရရှိသောဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ ဈေးနှုန်းဆိုင်းဘုတ်များကို ထင်သာမြင်သာရှိသောနေရာများတွင် ချိတ်ဆွဲရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကွင်းကောက်(မ) ငွေသာစည် စည်ပင်ဈေးတွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်(မ)ရှိ ငွေသာစည် စည်ပင်ဈေး၌ ၂၀၂၄ခုနှစ်၊ အောင်တိုဘာလ (၃)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် သက်တမ်းလွန်မုန့်၊ အချိုရည်များရောင်းချမှုရှိ/မရှိနှင့် အစားအသောက်များတွင် တာရှည်ခံဆေးများ၊ ဓာတုဆိုးဆေးများသုံးစွဲမှုရှိ/မရှိကို ရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဈေးအတွင်းရောင်းချသော ကုန်စုံဆိုင်များမှ သက်တမ်းလွန်မုန့်များ၊ အချိုရည်များရောင်းချနေသည်ကိုတွေ့ရှိရသဖြင့် ရောင်းချသူများအား ထပ်မံရောင်းချမှုမဖြစ်စေရေး ဝန်ခံကတိလက်မှတ်ရေးထိုး၍ တားမြစ်သတိပေးခြင်း၊ သက်တမ်းလွန်အချိုရည်နှင့်မုန့်များအား မီးရှို့ ဖျက်ဆီးခြင်များဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ