Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Online Sale ရောင်းချခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၃-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၆:၃၀)နာရီအချိန်တွင် အိမ်မဲမြို့၊ ရွှေဘုံသာလမ်း အထက်ပိုင်းရပ်ကွက်၌ Online Sale ရောင်းချနေသော ဆိုင်ပိုင်ရှင် စိုင်းစိုင်းအား Online ရောင်းချနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်မဲမြို့နယ်တာဝန်ခံက ရွှေဘုံသာလမ်း အထက်ပိုင်းရပ်ကွက် စိုင်းစိုင်းဆိုင်တွင် Online Registration မှတ်ပုံတင်ထားသည့်လုပ်ငန်းများသည် မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခဲ့ပြီး ရောင်းချနေသောပစ္စည်းများမှာ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်၊ အီလက်ထရောနစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဖန်စီပစ္စည်းများရောင်းချနေမှုအပေါ် Q/R ကုတ်လိုင်စင်ရှိ/မရှိ စစ်ဆေးပြီး Online Sale ရောင်းချမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးရှိ စားအုန်းဆီရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၄-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးရှိ စားအုန်းဆီရောင်းချနေသောဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း၊ ဈေးနှုန်းဗီနိုင်းချိတ်ဆွဲထားခြင်းများရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌  လပွတ္တာမြို့နယ်တာဝန်ခံက အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးရှိ လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ စားသုံးသူပြည်သူများမြင်သာအောင် သတ်မှတ်ရည်ညွှန်းဈေးကို ဗီနိုင်းဖြင့်ချိတ်ဆွဲထားခြင်းရှိ/မရှိကိုစစ်ဆေးပြီး ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ် နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်နေမှုအရ မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြောင်မြမြို့ အထက(၁) ပညာရတနာခန်းမတွင် သင်တန်းတက်ရောက်သော ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြရိုင် မြောင်းမြမြို့နယ်တာဝန်ခံဦးလှထွဋ်ဦးသည် (၂.၁၀.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၅:၀၀)နာရီတွင် မြောင်မြမြို့ အထက(၁) ပညာရတနာခန်းမတွင်ပြုလုပ်သော စဉ်ဆက် ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းတွင် တက်ရောက်နေသော ဆရာ/ဆရာမများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြလုပ် ဆောင်ရွက်ခဲ့ပါသည်၊

    ထိုသို့ ဟောပြောဆွေးနွေးတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော သင်တန်းသား ဆရာ/ဆရာမများအား မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Online   Shopping   မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန် လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန် မလိုအပ်ပါကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online   Sale  Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online   Sale  Logo များပြင်ဆင်ထားရန်လိုအပ်ကြောင်း Online   Sale  လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone  Number ဖြင့် Sign Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်း စနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်   www. eComreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online   Shopping   မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online   မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ သင်တန်းသား ဆရာ/ဆရာမများအား (၂၀၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အောက်တိုဘာ ၁ ရက်နေ့ ၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ပုသိမ်မြို့၊ Ocean Super center တွင်  Consumer Packaging ဖြင့် ရောင်းချနေသောဆန်များတွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း၊ တာဝန်ရှိသူအား ပြည်သူများသို့ ဆန်များ ရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် Online Sale ရောင်းချခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၃-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ (၁၈)မိုင် (၄)ဖာလုံနှင့် ဩဘာလမ်းတို့တွင် Online Sale ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား Online ရောင်းချနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ လပွတ္တာမြို့နယ်တာဝန်ခံက Online Registration မှတ်ပုံတင်ထားသည့်လုပ်ငန်းများသည် မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီး လပွတ္တာမြို့၊ (၁၈)မိုင် (၄)ဖာလုံရှိ ဒေါ်ဇင်မွန်သန့်ဆိုင်ရှိ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဩဘာလမ်း ဒေါ်အိမွန်ဆိုင်ရှိ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ရောင်းချနေမှုအပေါ် Q/R ကုတ်လိုင်စင်ရှိ/မရှိကိုစစ်ဆေးခဲ့ပြီး Online Sale ရောင်းချမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ (၆)ရပ်ကွက်ရှိ၊ အမှတ်(၁၀)မူလွန်ကျောင်း စားသုံးသူကာကွယ်ရေးအသိပညာပေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့(၆) ရပ်ကွက်ရှိ အမှတ်(၁၀) မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးပွဲတွင် ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်က စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ ဓာတုဆိုးဆေးများနှင့် ပတ်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ ၊ စားသုံးသူကာကွယ်ရေး ဆောင်ရွက်ချက်များ ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ “ရွှေကောင်းစံ” ဆီစက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာရှိ “ရွှေကောင်းစံ” ဆီစက်သို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂) ရက်နေ့ ၊ နံနက်(၁၁:၀၀) နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ ရွှေကောင်းစံ ဆီစက်ပိုင်ရှင် ဦးမျိုးမင်းထွဋ်အား ဆီထုတ်လုပ်ရာ တွင် ကုန်ကြမ်းဝယ်ယူရရှိရာဒေသ၊  ဆီစက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ထွက်ရှိမှုပိဿာနှုန်း၊ လုပ်သားအင်အားနှုန်းနှင့် ဈေးနှုန်းဈေးကွက်အနေဖြင့် မည်သည့်အရပ်ဒေသတို့ကို ဖြန့်ဖြူးရောင်းချကြောင်း မေးမြန်းခဲ့ရာ ၊ ဦးမျိုးမင်းထွဋ်မှ ဆီထုတ်လုပ်ရာတွင် ကုန်ကြမ်းဖြစ်သော မြေပဲကို ရန်ကုန်ဘုရင့်နောင် ပွဲရုံမှ လိုသလောက် ဝယ်ယူရရှိကြောင်း၊ စက်ကြိတ်စွမ်းအား‌ အနေဖြင့် (၀.၁၆၃) တန်ရှိပြီး ၊ တစ်လကြိတ်ခွဲထုတ်လုပ်မှုပျမ်းမျှ ပိဿာအနေဖြင့် (၂၅၀၀) ခန့် ထွက်ရှိကြောင်း၊ လုပ်သားအင်အား (၅) ဦးခန့် ဖြင့်လည်ပတ်လျက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ဖျာပုံမြို့တွင်းနှင့် ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ ရွေးနဒီဈေးရှိ ကုန်မျိုးစုံဆိုင်တွင်ရောင်းချနေသော YumYum ခေါက်ဆွဲခြောက်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၃-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွေးနဒီဈေးရှိ ကုန်မျိုးစုံဆိုင်များ၌ရောင်းချနေသော  YumYum အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။   

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  လပွတ္တာမြို့နယ်တာဝန်ခံက ရွေးနဒီဈေးရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော YumYum အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများရှိ/မရှိကိုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် YumYum အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကွင်းကျေးရွာ၊ “တိုးတက်လင်း” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခြင်း

   ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီ အချိန်တွင် ဘုရားကလေးကွင်းကျေးရွာ၊ “တိုးတက်လင်း” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

     ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆန်စက်အတွင်း ခေတ်မီစက်ယူနစ်များ တပ်ဆင်အသုံးပြုမှုအခြေအနေ၊ လက်ရှိ ဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဆန်စပါးသိုလှောင် ထားရှိမှုအခြေအနေတို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ထို့အပြင်မြို့နယ်တာဝန်ခံမှ MSMEs လုပ်ငန်းနှင့် ပတ်သက်၍ အရည်အသွေးပြည့်ဝကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းရှိ/မရှိ အခြေအနေ၊ ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး အရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပတ်သက်၍ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်မှ ဆန်လိုအပ်ချက်ရှိသော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ဆန်များတင်ပို့နိုင်ရန်အတွက် (၂-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့သွားရောက်စစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့မှ မြိတ်မြို့သို့ဆန်တင်ပို့မည့် MV- ရတနာခိုင်ထွန်း (၇) ရေယာဉ်တွင် ဧည့်မထဆန်(၃၂၀၀)အိတ်၊ ပေါ်ဆန်းဆန်(၁၀၀၀)အိတ်၊ ကောက်ညှင်းဆန်(၁၃၀၀)အိတ်၊  စုစုပေါင်း (၅၅၀၀)အိတ်၊ MV-အာသာဝတီရေယာဉ်တွင် ဧည့်မထဆန်(၄၈၀၀)အိတ်၊ ပေါ်ဆန်းဆန်(၇၉၅) အိတ်၊ ကောက်ညှင်းဆန် (၄၀၅)အိတ်၊ စုစုပေါင်း (၆၀၀၀)အိတ်တင်ဆောင်ထားမှုအခြေအနေနှင့် ဆန်များသယ်ဆောင်ရာတွင် ကန့်သတ် ကုန်ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရေး၊ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဖြစ်ပွားမှုမရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ