Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Gasifier ဆန်စက်များအား ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ (၁.၁၀.၂၀၂၅) နံနက် (၁၁:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ရေလဲကျေးရွာရှိ  ဆန်စက်များသို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေးနှင့် Gasifire အသုံးပြုနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်အနေဖြင့် Gasifire အသုံးပြုနေမှုဆန်စက် ၂ စက်ရှိပြီး  MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်ထုတ်လုပ်မှုနှင့် ပက်သက်၍ အရည်အသွေးပြည့်မီစေရေး၊ အလေးချိန်အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ ၊ ဆန်စပါးလက်ရှိ ထွက်ပေါ်နေမှု ဈေးနှုန်း ဈေးကွက် အခြေအနေ၊ ဈေးကွက်အတွင်း ကြိတ်ခွဲထုတ်လုပ်ရောင်းချတင်ပို့နိုင်မှု အခြေအနေတို့ကိုစစ်ဆေးခဲ့ သည်။ Gasifire အသုံးပြု၍ ဆန်စက်လည်ပတ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ အထူးအလေး ထားဆောင်ရွက်ရန် ၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် လည်ပတ် မောင်းနှင်ရန်၊ Gasifire စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေ၊စပါးခွံ ဂိုဒေါင်များ စနစ်ကျစွာ ဆောက်လုပ်ထားမှုရှိ/မရှိ တို့ကို ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ZENITH INFRASTRUCTURE Co.Ltd Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိကို(၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သိရိရတနာဈေးအတွင်း သွားရောက်၍ ZENITH INFRASTRUCTURE Co.Ltd အား  Online Sale မှတ် ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ပြီး စစ်ဆေး ရေးအရာရှိက မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း ၁၁၊ ပုဒ်မ ၂၃အရ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များ အချက်အလက်များကိုလည်းကောင်း စားသုံး သူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

အိမ်သုံးကျန်းမာရေးအထောက်အကူပြု ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

   ၂-၁၀-၂၀၂၅ရက်နေ့ နံနက် ၉ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အူပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွကပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ အိမ်သုံးကျန်းမာရေးအထောက်အကူပြု ဆေးအမျိုးမျိုးနှင့် အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆေးအမျိုးမျိုးအရောင်းဆိုင် ဦးကျားဗိုလ်၊ မြမဉ္ဇူ၊ စောဒေဝီ မြမြ ဆေးဆိုင်များနှင့် ရတနာထွန်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဦးစစ်ငွေ ၊ ဦးငွေတိုး အိမ်ထောက်ပစ္စည်း အရောင်းဆိုင် တို့မှ ရောင်းချသောဈေးကွက်ဈေးနှုန်းအခြေအနေများကို စစ်ဆေး ဆောင်ရွက်ခဲ့ရာ ဈေးကွက် အတွင်း ဆေးဝါးများ ပုံမှန်ရောင်းချလျှက်ရှိပြီး ပစ္စည်းပြတ်လပ်မှု မရှိကြောင်း၊ တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားများနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင် များလိုက်နာရ မည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့ ပြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာ ဘိလပ်မြေအမျိုးအစား၊ ရောင်းဈေး၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ နှင့် သိုလှောင်ထား ရှိမှု ရှိ/မရှိကိုစစ်ဆေးခြင်း၊ မအူပင်ဈေးကွက်အတွင်း အခြားသောအိမ်ဆောက်ပစ္စည်းများ ပုံမှန်ဈေးဖြင့် ရောင်းချနေပြီး၊ ဘိလပ်မြေများများ လက်ကျန်မရှိ ရန်ကုန်မှာ မှာယူ၍ မရကြောင်း ဈေးနှုန်းတည်ငြိမ်စွာဖြင့်ရောင်းချနေကြောင်း စစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ကျော် ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

     (၁-၉-၂၀၂၅) ရက်နေ့ ၊ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင် ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတို့ ပူးပေါင်းပြီး သာကေတမြို့နယ်၊ (၁)ဈေးရှိ ပြည်ကျော် ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက် နိုင်(စစ်ဆေးရေးအရာရှိ )က ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်အလို့ ငှာဆန်များကို သိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီးဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ် ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိ ပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သာကေတမြို့နယ်ရှိ ဆန် လက်လီ/လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတို့နှင့် ပူးပေါင်းပြီး (၁-၉-၂၀၂၅) ရက်နေ့ ၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်၊ ယုဇနလမ်း၊ နွယ်အေးရပ်ကွက်ရှိ ဆန် လက်လီ/လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရ ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီး မှူး)က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတ သော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်း များအလိုက်ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမဖြစ်စေ ရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှုရှိ/မရှိတို့ကို  စစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်းရှိ စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေး နိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည် ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများမရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

ပန်းတနော်မြို့နယ် ဆန်ဆိုင်နှင့် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

   ၁-၁၀-၂၀၂၅ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်း ဆန်အရောင်းဆိုင်များ ကုန်ဈေးနှုန်း တည်ငြိမ်စေရေးနှင့် ဆန်ဈေးနှုန်း, ဈေးကွက်အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်၊

    စစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက် က ကမ်းနာလမ်းပေါ်ရှိ ကိုသန်းထွန်ဇော် ဆန်ဆိုင်၊ မြို့မဈေးအတွင်း ဆန်ဆိုင် ()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဆန်ဆိုင်တွင် သတ်မှတ်ရည်ညွှန်ဈေးနှုန်းအပေါ် ၂ရာခိုင်နှုန်းဖြင့်သာ ဈေးတင်ရောင်းချပြီး ဈေးနှုန်းဖော်ပြရောင်းချ ကြောင်း၊ ဒေသတွင်ထွက်ရှိသော ဆန်များဖြစ်၍ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရသည်။ အခြေခံစားသောက်ကုန်များကို ဆက်လက်စစ်ဆေးရာ စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်လျှက်ရှိပြီး ဈေးနှုန်းမြင့်တက်မှု မရှိကြောင်း၊ အခြားဒေသထွက် ကုန်ခြောက်များ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပြီး ဆိုင်ရှင်များကို ဈေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်ပြည့်မီစွာရောင်းချနိုင်ရေးကို ပူးပေါင်းအဖွဲ့မှ ကြပ်မတ်စစ်ဆေးဆောင်ရွက်မည်ဖြစ်၍ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် လုပ်ငန်းရှင်များက သိရှိလိုက်နာမည်ဖြစ်ကြောင်း မှတ်တမ်းပြုစု၍ မြေပြင်အခြေအနေမှန်ကို သက်ဆိုင်ရာအဖွဲ့များထံ တင်ပြနိုင်ရန်ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

သာကေတမြို့နယ် အတွင်းရှိ စားအုန်းဆီဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများသည်  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ဆီကုန်သည်များအသင်း၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ပူးပေါင်း၍ (၁-၉-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေသော အရောင်းဆိုင်များအား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က မြို့နယ်အတွင်း ရရှိသော ဆီခွဲတမ်းများကို ရပ်ကွက်များရှိအိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် စားအုန်းဆီ ရောင်းချပေးနေမှု အခြေအနေများနှင့် စားသုံးသူပြည်များ အခက်အခဲမရှိ လက်ဝယ်ရောက်ရှိ အောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ သိုလှောင် ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဒေါပုံမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (လက်ထောက် ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ဒေါပုံမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ (၁.၁၀.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

     ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ  စားအုန်းဆီအရောင်းဆိုင်တို့အားဝင် ရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီများရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချရန်၊ အလေးချိန်ပြည့်မီစေရန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာရောင်းချရန်၊ စားသုံးသူပြည်သူများပွင့်လင်းမြင်သာစွာရှိစေရေးအတွက် သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိ  ကိုကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အိမ်သုံး ကျန်းမာရေး ဆေးဝါးများအား ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးကွင်းဆင်းစစ်ဆေး

   ၁-၁၀-၂၀၂၅ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဈေးကွက်အတွင်းရှိ ကျန်းမာရေးသုံး အိမ်သုံးဆေးဝါးနှင့် ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

    ပြည်သူများ ကျန်းမာရေး လိုအပ်ချက်များအရ ကျန်းမာရေးသုံး အိမ်သုံးဆေးဝါးများ ပစ္စည်းများဝယ်ယူရာတွက် အခက်အခဲမရှိစေရေး ဒေသတွင်း ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ် ဆေးခဲ့ရာ ဈေးနှုန်းများ ပုံမှန်ဖြစ်နေပြီး ဆေးဝါးပြတ်လပ်မှု မရှိကြောင်း၊ ရန်ကုန်မှ ဈေးပစ္စည်းများ မှာယူရ အနည်းငယ်သာ ကျန့်ကြာပြီး ဆေး ဈေးနှုန်း ပုံမှန်ဖြစ်လျက်ရှိကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ဆိုင်ရှင်များအား ရှင်းလင်းပြီး စားသုံးသူနစ်နာဆုံးရှုံမှုဖြစ်ပွားစေမည့် ဈေးဝါးများကို ထင်ယောင်ထင်မှာ ဖော်ပြ၍ ရောင်းချခြင်းမျိုးအပြုလုပ်ရန်၊ သက်တမ်းလွန်ကုန်စည် ရောင်းချခြင်းမပြုရန် မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွားအတွင်း စားအုန်းဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်း များက ဦးဆောင်လျက် ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်နှင်းရတနာအေး၊ ဒုဦးစီးမှူး၊ ဆီလုပ်ငန်းအသင်းမှ ဦးသန်းစိုး(တွဲဘက်အတွင်းရေးမှူး)နှင့် တာဝန်ရှိသူများ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီ ကိုယ်စားလှယ်များ ပူးပေါင်း၍ (၁.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားအုန်းဆီဖြန့် ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ်ဆင့်ခွဲတမ်းရရှိ သော ဆီများအား ကျောင်းကုန်းကျေးရွာအတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့်စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး  ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေး ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်း များသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်း များမရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ