Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသင့်စားခြောက်ဆွဲခြောက်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး

         မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း အသင့်စားခေါက်ဆွဲခြောက်များ ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မူရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အခြားဌာနတို့ ပူးပေါင်းကာ ဈေးကွက်အတွင်း ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းကို ၂၅-၁၀-၂၀၂၅ရက်နေ့ (၁၀)နာရီက မြို့နယ်အတွင်းရှိ  စတိုးဆိုင်များတွင် လိုက်လံကွင်းဆင်း စစ်‌ဆေးခဲ့ကြသည်။

       ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူ များပူးပေါင်းကာ ဓနုဖြူမြို့နယ် ရပ်ကွက် အသီးသီးရှိ စတိုးဆိုင်များသို့ သွားရောက်ကာ အသင့်စားခေါက်ဆွဲ ခြောက်များတွင် ကုန်အညွှန်းအမှတ်သားပြည့်စုံမှန်ကန်မူရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ရောင်းချနေသော ဆိုင်ရှင်များကို အခန်း(၁၈)ပုဒ်မ ၄၂ အရ  မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သိပ္ပံနည်းကျ သုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးအာဟာရဆိုင်ရာ အာမခံချက်များ ဖော်ပြနိုင်ထားသည့် ကုန်စည်များ၊ ပုဒ်မ ၄၃အရ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ကြောင်းကို ဥပဒေအရ လိုက်နာဆောင်ရွက် ထုတ်လုပ်ရမည်ဖြစ်၍ ဈေးကွက်အတွင်းရောင်းချသော လုပ်ငန်းရှင်များပါ မိမိရောင်းသော ကုန်စည်များတွင် ဖော်ပြပါအချက်နှင့် ကိုက်ညီသော ကုန်စည်များကိုရောင်းချရမည် ဖြစ်ကြောင်းကို အသိပညာပေး မှာကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

အခြားပြုပြင်ထုတ်ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၅-၁၀-၂၀၂၅) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် (၆) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ကုန်စုံဆိုင်တွင် ပြုပြင်ထုပ်ပိုး ရောင်းချနေသော လက်ဖက်နှင့်အကြော်စုံ ထုပ်များ၊ ဂျင်းသုတ် အထုတ်များ၊ ဟင်းခတ်မှုန်များ၊ မြေပဲကျော်၊ ပဲလှော်အထုတ်များထုတ်ပိုးရောင်းချသည့် ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများက ပြုပြင် ထုပ်ပိုးရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ ထုပ်ပိုးပြီးကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြ ထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ရောင်းချနေသော ပြုပြင်ထုပ်ပိုး အထုပ်များတွင် ပြည့်စုံစွာဖော်ပြထား သည်ကို ကွင်းဆင်းစိစစ်တွေ့ရှိခဲ့ပြီး လုပ်ငန်းရှင်များကို စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ကိုလည်းကောင်း၊ မိမိတို့ထုတ်လုပ်သော ကုန်စည်များသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည် များကို ဦးစားပေး ထုတ်လုပ်ရောင်းချရန်ကို အသိပညာပေး မှာကြားဆွေးနွေးခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ဆောင်ရွက်ခြင်း

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦိးစီးမှူးဦိးထွန်းမင်းလတ် သည် (၂၄.၁၀.၂၅) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဥပဒေဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ဆောင်းရာသီ ချေးငွေထုတ်ချေးရန် မြို့နယ်စိုက်ပျိုးစရိတ်ထုတ်ပေးရေး အကြံပေးအဖွဲ့နှင့် အတူ အစည်းအဝေး တက်ရောက်ခဲ့ရာ ယခင်နှစ် ချေးငွေထုတ်ပေးခြင်း၊ ပြန်ဆပ်ခြင်း၊ ကြွေးကျန် ကျန်ရှိမှုအခြေအနေ များနှင့် ယခုနှစ် ပြန်လည်ထုတ်ချေးမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

သာပေါင်းမြို့နယ်၊ ရွှေရောင်မော်ကွန်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ Online Sale ရောင်းချခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦိးစီးမှူးဦိးထွန်းမင်းလတ် သည် (၂၄.၁၀.၂၅) ရက်နေ့တွင် လှေကြီးတက်ကျေးရွာအုပ်စု၊ ရွှေရောင်မော်ကွန်းကိုယ်ပိုင် အထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးတို့အား လက်ကမ်းစာစောင်များဝေငှ၍ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာများအကြောင်းနှင့် ရောင်းချခြင်းဆိုင်ရာအသိပညာပေး ဟောပြော ပွဲ‌ဆောင်ရွက်ခြင်း၊ သစ်တောဦးစီးဌာနမှ သစ်တောစွမ်းအားဖြင့် စိမ်းလန်းစိုပြေခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သစ်တောများစနစ်တကျခုတ်ယူခြင်းအကြောင်း ပြောကြားခဲ့ပြီး၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

သာပေါင်းမြို့နယ်၊ သီရိရွှေသာဈေးရှိ မုန့်ဟင်းခါးဖတ်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦိးစီးမှူးဦိးထွန်းမင်းလတ် သည် (၂၄.၁၀.၂၅) ရက်နေ့တွင် သီရိရွှေသာဈေးရှိ ဒေါ်သူဇာ မုန့်ဟင်းခါးဆိုင်သို့ အထွေထွေ အုပ်ချုပ်ရေးဦီးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦီးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့်ပူပေါင်း၍ ခေါက်ဆွဲ/မုန့်ဖတ်များ သန့်ရှင်းသပ်ရပ်စွာ ရောင်းချခြင်း ရှိ/မရှိ၊ ယင်မနားစေရေးနှင့် မုန့်ဟင်းခါးဖတ်များတွင် တာရှည်ခံဆေးဝါးဖော်မလင်မသုံးစွဲစေရေး၊ မုန့်ဖတ်များ အား လတ်ဆက်မှုမရှိပါကမရောင်းချရန်၊ မုန့်များထုတ်လုပ်သည့်နေရာတွင် စနစ်တကျတထုတ်လုပ်ရန် အနံ့အသက်များကောင်းမွန်စေရန် စွန့်ပစ်ရေများအားစနစ်တကျစွန့်ပစ်ရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

(DOCA) ဧရာဝတီ

 

ရေကြည်မြို့နယ်ရှိ စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်ရှိ မမယ်မ မုန့်ဟင်းခါးအနှစ်ထုပ် စားသောက်ကုန်လုပ်ငန်းရှင် အား စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ပူးပေါင်း၍ စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်မရောက််မီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများကြောင့် ထိခိုက်နစ်နာမှုမရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရန်၊ အနှစ်ထုပ်ပြုလုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်ထားမှုရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

Htet Htet Bkk Store မှ လူသုံးကုန်ပစ္စည်းများအား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၂၇.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် Htet Htet Bkk Store မှ လူသုံးကုန်ပစ္စည်းများအား အမှတ်(၉၂၅)၊ ကနောင်လမ်း၊ (၃၅)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သွားရောက်၍  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိ မှုနှင့် ပတ်သက်၍  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

MyRo တွင် မှတ်ပုံတင်ထားရှိပြီး လုပ်ငန်းနှင့် စပ်လျဉ်း၍ ဆန်စက်လုပ်ငန်းရှင်မှ  မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေး

      ၂၅-၁၀-၂၀၂၅ ရက်နေ့ မအူပင်ခရိုင်၊ ဓနုဖြုမြို့နယ်ဦးစီးမှူးရုံးသို့ ဓနုဖြူဆန်စက်လုပ်ငန်းရှင်မှ မြို့နယ်ရုံးသို့လာရောက်၍ မှတ်ပုံတင်ဆောင်ရွက်ရာတွင် လုပ်ဆောင်ရန် အခက်အခဲ ဖြစ်မှုများကို တင်ပြလာသဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူမှ ကူညီ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

     ဓနုဖြူမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် ၁ဦးသည် MyRo တွင် မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုးရန် လုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် လုပ်ငန်းရှင်၏ ဖုန်းနံပါတ်မှာ ပျောက်ဆုံးသွားသဖြင့် သက်တမ်းတိုးရန် Passward ပါမေ့နေသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် ဆက်သွဘ်လာမှုအပေါ် မြို့နယ်ဦးစီးမှူးရုံးမှ သက်တမ်းဆိုးဆောင်ရွက်ရာတွင် ဖုန့်နံပါတ်အပြောင်းနှင့် မူလလက်ဟောင်း မှတ်ပုံတင်အတိုင်း ပြန်လည်ရရှိနိုင်ရေး  ဆက်သွယ် ဆောင်ရွက်ရနည် နေပြည်တော် ရုံးချုပ်သို့ ဆက်သွယ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ လုပ်ငန်းရှင်အား ဆန်စပါး စီးပွားရေးလုပ်ငန်းများအား ခေတ်မီ ဒီဂျစ်တယ်နည်းပညာဖြင့် အသွင်ကူးပြောင်း၍ စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန် အသိပညာပေး ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အုတ်ကျင်းကျေးရွာ  အ.မ.က ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေး အကြောင်း သိကောင်းစရာဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၅.၁၀.၂၀၂၅ ရက်နေ့ နေ့လယ်  (၁၃:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် အုတ်ကျင်းကျေးရွာ အ.မ.က  ကျောင်း၌ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေး နွေးပွဲပြုလုပ်ခဲ့ပါသည်။
     အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့် အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အကြောင်းအရာ
များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား ကျောင်းသာ/ကျောင်း သူများ သိရှိနားလည်စေရန် ရှင်းလင်းပြောခြင်း၊ စားသုံးသူအခွင့် အရေးနစ်နာမှု ရှိလာပါက Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာ ကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်း အရာတွေကို သိရှိလို သည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြား ခဲ့ကြောင်း သိရသည်။

       ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာ စောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အဆင့်မြင့်စားအုန်းဆီ ဘူးသွင်းထုတ်လုပ်မည့်စက်ရုံအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၅) ရက်နေ့၌ "ရွှေကောင်း" အမှတ်တံဆိပ်ဖြင့် ဘူးသွင်းထုတ်လုပ်မည့် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၁၀၈)၊ မြခွာညိုလမ်း၊ သာကေတစက်မှုဇုန်၊ သာကေတမြို့နယ်သို့  မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင်"ရွှေကောင်း" အမှတ်တံဆိပ်ဖြင့် အဆင့်မြင့်စားအုန်းဆီအဖြစ် ဘူးသွင်းထုတ်လုပ်မည်ဖြစ်ကြောင်း၊ စံချိန်စံညွှန်းနှင့် အညီထုတ်လုပ်၍ ဈေးကွက်ဖြန့်ဖြူးနိုင်ရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၏ ထောက်ခံချက်နှင့် သက်ဆိုင် ရာဌာနများ၏ ခွင့်ပြုချက်များရရှိထားခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်တွင်းဈေးကွက်၌ ၅၀ ကျပ် သား (0.9 L) ၊ ၉၆ ကျပ်သား (1. L) ၊ ၂.၈၀ ပိဿာ ၅ ပိဿာ (5. L) ၊ ၁၀ ပိဿာ (18. L)  အစရှိသည့် ထုပ်ပိုးပုံစံ (၄) မျိုးဖြင့် ဘူးသွင်းဆီ (Counsumer Pack) များ ထုတ်ပိုးဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း (၁၈) ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိအောင် ရေးသားဖော်ပြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ