Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့တွင် မျိုးစေ့နှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့ ၊ နေ့လယ် (၁၄:၀၀) အချိန်တွင် မြိတ်မြို့ပေါ်ရှိ မျိုးစေ့နှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မျိုးစေ့ထုတ်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးချက်အရ ကုန်အညွှန်းအမှတ်အသားများဖော်ပြပါရှိကြောင်း သိရှိရပါသည်။ ထို‌နောက် သက်တမ်းလွန်မျိုးစေ့များရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းမရှိသောကုန်စည်များ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

ရန်ကင်းမြို့နယ်အတွင်း စာအုပ်စနစ်ဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်း/အသိပညာပေးခြင်း

       ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ‌ရန်ကင်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အဆင်ပြေစွာ အလွယ်တကူဝယ်ယူနိုင်ရေးအတွက် စာအုပ်စနစ်ဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ရန်ကင်းထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၃၀-၉-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကွင်းဆင်းအသိပညာပေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှစိုးသည် မြို့နယ်အတွင်းရရှိသော ဆီခွဲတမ်းများကို ရပ်ကွက်များရှိ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် စားအုန်းဆီရောင်းချပေးနေမှုအခြေအနေများနှင့် စားသုံးသူပြည်သူများ အခက်အခဲမရှိ လက်ဝယ်ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

    တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊  အောက်တိုဘာလ(၁)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားအား ထားဝယ်မြို့၊ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သက်ကြီးပုဂ္ဂိုလ်များအား လက်ဆောင်ပစ္စည်များပေးအပ်ခဲ့ပါသည်။ ထို့နောက် သက်ကြီးပုဂ္ဂိုလ် တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပတ္တမြားပဲသန့်စင်လုပ်ငန်းအား ချေးငွေပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း

        ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ချေးငွေရယူရန် လျှောက်ထားသည့် MSME  လုပ်ငန်းများအား ချေးငွေထုတ်ချေးပေးနိုင်ရေး ( ၁-၁၀-၂၀၂၄ ) ရက်နေ့၌ ခရိုင်စိစစ်ရေးကော်မတီအဖွဲ့များက သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘဟန်လမ်း၊ အိမ်အမှတ် (72) လေးထောင့်ကန်လမ်းရှိ ပတ္တမြားပဲသန့်စင်လုပ်ငန်းအား ပြည်တွင်းအခွန်များဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊  မြန်မာ့စီးပွားရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာန စသည့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ချေးငွေရယူရန် ‌လျှောက်ထားသည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထားသည့် အချက်အလက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေတို့ကိုစိစစ်မေးမြန်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ် ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို သိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းခရိုင်အတွင်းလုပ်ငန်းများအတွက် MSME ချေးငွေပံပိုးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

        ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ် အမှန်တကယ်လိုအပ်သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာအသုံးပြူနိုင်ရေး စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ MNAC Co., Ltd၊ ဓနသစ်လူသုံးကုန်လုပ်ငန်း၊ ပတ္တမြားအမှုန့်ကြိတ်လုပ်ငန်းနှင့် ပဲသန့်စင်လုပ်ငန်းများသို့ MSME ချေးငွေပံပိုးပေးနိုင်ရေး လျှောက်ထားလာသည့် လုပ်ငန်းရှင် (၄) ဦးတို့အား ၃၀-၉-၂၀၂၄ ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊  မြန်မာ့စီးပွားရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးအပါအဝင် စသည့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

mile May လူသုံးကုန်လုပ်ငန်းနှင့် သီသီအောင်အထည်ချုပ်လုပ်ငန်းသို့ ကွင်းဆင်း/ဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသည်  လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ (၃၀-၉-၂၀၂၄) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၅၀)၊ ပထမထပ်၊ သူရ(၄)လမ်း၊ (၉)ရပ်ကွက်အတွင်းရှိ အသေးစား၊  အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်  Smile May လူသုံးကုန်လုပ်ငန်းနှင့် အမှတ်(၉၆၈) သီလလမ်း၊ (၄)ရပ်ကွက်ရှိ သီသီအောင်အထည်ချုပ်လုပ်ငန်းတို့အား ပြည်တွင်းအခွန်များဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊  မြန်မာ့စီးပွားရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်မှူး  ဦးလှစိုးအပါအဝင် စသည့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

          ထို့ဆောင်ရွက်ရာတွင် အသေးစားကုန်ထုတ်လုပ်ငန်းဖြစ်သော်လည်း လူသုံးကုန်ပစ္စည်းများဖြစ်သည့်အတွက် ဈေးကွက်ဖြန့်ဖြူးရောင်းချရာ၌ စားသုံးကာကွယ်ရေးဥပဒေတွင် ဖော်ပြပါရှိရမည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို တိတိကျကျလိုက်နာဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်း/ဌာနများ၏ထောက်ခံချက်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Besta Nail -Art Studio MSME လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသည်  လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၃၀-၉-၂၀၂၄) ရက်နေ့တွင် တာမွေမြို့နယ်၊ အမှတ် (၃၆၁) ဗညားဒလလမ်း၊ နတ်မောက်ရပ်ကွက်အတွင်းရှိ အသေးစား၊  အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်  Besta Nail -Art Studio MSME လုပ်ငန်းသို့ ပြည်တွင်းအခွန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊  မြန်မာ့စီးပွားရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်မှူး  ဦးလှစိုးအပါအဝင် စသည့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

        ထို့ဆောင်ရွက်ရာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်များ ဝင်ငွေတိုးတက်စေရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများဖန်တီပေးနိုင်ရေးနှင့်   တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ထောက်ခံချက်များကို ပြည့်စုံစွာဖော်ပြရန်နှင့် စားသုံးကာကွယ်ရေးဥပဒေတွင် ဖော်ပြပါရှိရမည့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်တို့အတွက် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

      ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ်၊ ခရိုင်ဦးစီးမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၂၄-၉-၂၀၂၄ ရက်နေ့မှ ၃၀-၉-၂၀၂၄ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝ ဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ ထူးဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ပသို့ ရာဘာတင်ပို့မည့်ရေယာဉ်အား ကွင်းဆင်းစစ်ဆေး

     ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ပါဝင်သော ပြည်တွင်းကမ်းရိုးတန်းသွား ရေယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်ဖော်ပြသည့် ကုန်တင်လွှာစနစ် စံပြုလုပ်ငန်းစဉ်အပေါ် ကြပ်မတ် စစ်ဆေးရေးအဖွဲ့ဖြင့် မြိတ်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စု၊   ဖိုးလမင်းတံတားရှိ ရေယာဉ်တွင်တင်ဆောင်ထား သော ရာဘာများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ပသို့တင်ပို့မည့် ရာဘာအရေအတွက်များ ဖော်ပြသည့်စာရင်းနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများရောက်ရှိလာ

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Mahar Phone Let Yone ကုမ္ပဏီနှင့် Global Good Pure Group ကုမ္ပဏီမှ မြိတ်ဆီကိုယ်စားလှယ်သို့ ရောင်းချပေးသော စားအုန်းဆီ ၁၃၅ ပေပါ (သို့) ပိဿာ ၁၄၈၅၀ တင်ဆောင်လာသောမော်တော်ယာဥ်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ