Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စက်တင်ဘာလအတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်ခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော် ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းတာဝန်များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းပြောကြားဆွေးနွေးခြင်းကို ဦးတင်စိုးနိုင်(ဒု-ဦးစီးမှူး)သည် (--၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင်  ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေးတွင်လည်းကောင်း၊ ဦးမြင့်နိုင်(ဦးစီးအရာရှိ)သည် (၁၁--၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ၊ အ-ထ-က(၂)တွင် လည်းကောင်း ဒေါ်အေးမြတ်သူ(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၂၃--၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်  လယ်ဝေးမြို့နယ်၊ သီရိရတနာမြို့မဈေးနှင့်(၃၀--၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးတို့တွင်  လည်းကောင်း အသီးသီး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲများတွင် စားသုံးသူအခွင့်အ‌ရေးများနှင့် လုပ်ငန်းတာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊  ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ဖော်ပြရ မည့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သော်လည်းကောင်း  Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားဆွေးနွေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို  အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ခဲ့ပါကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းကို Website တည်ထောင်၍‌ရောင်းချသူများ၊ Social media URL မှ ရောင်းချ သူများ(Facebook၊ Instagram၊  tiktok၊  etc…… )နှင့် Mobile Application တို့တွင် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်/ရောင်းချသူမည်သူမဆို မှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်/ ရောင်းချရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လျှောက်ထားရာတွင် www.ecomreg.gov.mm မှတဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး ငွေပေးချေရာတွင်လည်း အွန်လိုင်းစနစ်ဖြင့်သာ ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ အွန်လိုင်း(Online) မှတ်ပုံတင်လျှောက်ထားရာတွင် အမျိုးအစား()မျိုး ရှိရာ () ကုမ္ပဏီ(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းအတွက်ဖြစ်ပြီး၊ () လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်ဖြစ်ကြောင်း၊ မှတ်ပုံတင်လျှောက်ထားရာတွင် ပေးသွင်းရမည့် မှတ်ပုံတင်ကြေးများ၊ သက်တမ်းတိုးကြေးများ၊ လိုအပ်သည့်အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ ပြင်ဆင်ချက်တစ်ချက်ပြင်ဆင်လိုလျှင် သတ်မှတ်ထားသည့် ပြင်ဆင်ကြေးများအကြောင်းနှင့် မှတ်ပုံတင်လက်မှတ်ရရှိထားပြီး ရောင်းချနေသူများအတွက် ရရှိနိုင်မည့် အခွင့်အရေးများအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးသင်တန်းပို့ချ

 (၃၀-၉-၂၀၂၄)ရက်နေ့မှ (၄-၁၀-၂၀၂၄)ရက်နေ့အထိ ပညာရေးဝန်ကြီးဌာနှင့် နေပြည်တော် ကောင်စီတို့ကြီးမှူးကျင်းပသည့် နေပြည်တော်အဆင့်နည်းပြသင်တန်းတွင် သင်ပြနည်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်၊ ဝင်ငွေတိုးပွားရေးအစီအစဉ်၊ ဘဝသာယာရေးအစီအစဉ်၊ ပညာနှင့်ပညာရယူနည်းများ စသည့်ဘာသာရပ်ဆိုင်ရာများ သင်ကြားပေးခြင်းနှင့်အတူ ဒေသနေပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးတို့အတွက် နေ့စဉ်နေထိုင်သွားလာရာတွင် သိသင့်သိထိုက်သည့် သတင်းအချက်အလက်များအား မြို့နယ်(၈)မြို့နယ်မှ စာရင်းကောက်ယူထားသည့် စာသင်သားပြည်သူများကို သင်ကြားပေးရန် အခြေခံဆရာ၊ ဆရာမနည်းပြနှင့် ကြီးကြပ်သူတို့အား (၂-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄း၅၅)မှ(၁၅း၄၀)အထိ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) သည် စားသုံးသူကာကွယ်ရေးအသိပညာ‌ပေးနှင့် အွန်လိုင်း‌စနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးသင်တန်းပို့ချခဲ့ပါသည်။

      အဆိုပါသင်တန်းတွင်-

          (၁)စာသုံးသူကာကွယ်ရေးဥပ‌ဒေ အဓိပ္ပါယ်ရှင်းလင်းချက်များ၊

          (၂)စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ 

          (၃)စားသုံးသူတိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်မှုများ

       (၄)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် အွန်လိုင်းရောင်းဝယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းပို့ချခဲ့ရာ သင်တန်းသားဦးရေ(၁၀၇)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်း(မွမ်းမံ) ၁/၂၀၂၄ ဆင့်ပွား ကျင်းပပြုလုပ်

    ၃၀.၉.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌ သထုံခရိုင်ရုံးဝန်ထမ်းများအား စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်း(မွမ်းမံ) ၁/၂၀၂၄ ကို ဆင့်ပွားကျင်းပ ပြုလုပ်ခဲ့ပါသည်။

    စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(မွမ်းမံ) ၁/၂၀၂၄ တက်ရောက်ခဲ့သော ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်များအကြောင်း၊ ကုန်သွယ်ရေး၊ မူပိုင်ခွင့်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ FDA၊ Labelling of Goods အကြောင်းအရာများနှင့် စားသုံးသူအခွင့်အရေး (၈) ချက်၊ စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းတာဝန် (၁၁) ချက်နှင့် ဝန်ထမ်းအပေါ်အကဲဖြတ်ချက် (၁၀) ချက်၏ အတိုကောက်မှတ်သားနည်းများအား ဆွေးနွေးပြောကြားပြီး ဒုတိယဦးစီးမှူး ဦးစည်သူမှ သတင်းအချက်အလက်နှင့် အရည်အသွေး စီမံခန့်ခွဲမှုဘာသာရပ်အား ဆွေးနွေးပြောကြားခဲ့ပါသည်။

     အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်မှ သင်တန်းသား၊ သင်တန်းသူ (၉) ဦးတက်ရောက်ခဲ့ပါကြောင်း သိရပါသည်။

DOCA(မွန်)

 

ချောင်းဆုံမြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် ရွှေဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   ၁.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ ရွေရည်နန်းထိုက်ရွှေဆိုင် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက ရွှေဆိုင်လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ ကုန်ပစ္စည်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်ဆိုပါက အွန်လိုင်းရောင်းချခွင့်မှတ်ပုံတင်လျှောက်ထားရန်လို အပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်၊ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်များ၊ သတိပြုရမည့်အချက်များ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်(၄)ရပ်အား ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၊ အ.မ.က(စော်ကဲတောင်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

       ၂.၁၀.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (စော်ကဲတောင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဝါဝါလင်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံဒေါ်ထက်ထက်နွေဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများပေါ်ပေါက်လာပါက တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center (1535) သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm တွင်လည်းဝင်ရောက် တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးပြီး ဌာန၏လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၈၆) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့တွင် အွန်လိုင်းအသုံးပြု၍ ရောင်းချခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

    ၃၀.၉.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ “အွန်လိုင်းအသုံးပြု၍ ရောင်းချခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မွန်ပြည်နယ်အတွင်းရှိ အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်းများ၊ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲမှူးနီဝင်းက အွန်လိုင်းအသုံးပြု၍ မသမာသူတို့၏ အခွင့်ကောင်းယူမှုများအပေါ် အရေးယူဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေး၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စားသောက်ကုန်၊ အလှကုန်များနှင့် ပတ်သက်၍ ဦးစီးဌာနမှ ဆောင်ရွက် ပေးနေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင် ခရိုင်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ Beauty Perfect လုပ်ငန်းမှ ကိုယ်စားလှယ်တစ်ဦးနှင့် မော်လမြိုင်မြို့နယ် အိမ်ခြံမြေရောင်းဝယ်ရေးအသင်းမှ ကိုယ်စားလှယ်တစ်ဦးက အွန်လိုင်းရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများမှ ခေါင်းစဉ်အလိုက် အုပ်စုဖွဲ့၍ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများစာရင်းကောက်ယူကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်းရှိ စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးတချို့မှထွက်ရှိသည့် စားသောက်ကုန်များ၊  ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းမှထွက်ရှိသော  ကုန်စည်များနှင့် တိုင်းပြင်ပမှ ဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူလျက်ရှိကြောင်းသိရှိရပါသည်။

      အဆိုပါစာရင်းကောက်ယူရာတွင် (၂-၁၀-၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသည့် ပုဇွန်တောင်ဈေးကွက်အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အရှေပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)သည် ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ပုဇွန်တောင်ဈေးအတွင်းရှိ အသားငါး၊ ဆန်၊ ဆီနှင့် ငါးပိ/ငါးခြောက်ပစ္စည်းအမျိုးမျိူးဈေးနှုန်းစာရင်းများကိုကောက်ယူခဲ့ရာ ဈေးအတက်/အကျမရှိဘဲ ဈေးငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Myittar Ahlinn Yaung Co., Ltd အား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများပူးပေါင်း၍ ၁-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်  အမှတ် (၆၇), နှင်းဆီလမ်းနှင့် ဧရာဝတီလမ်းထောင့်၊ အလုံမြို့နယ်ရှိ Myittar Ahlinn Yaung Co., Ltd မှ  တာဝန်ခံ ဒေါ်ဝေနှင်းလွင်နှင့်တွေ့ဆုံ ၍ ကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးမေးမြန်းရာတွင် ကုမ္ပဏီမှ နှာစေးပျောက်ဈေး၊ အကိုက်ခဲပျောက်ဆေး၊ ဆီးချိုဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး စသည့တို့ကို India နိုင်ငံဆေးကုမ္ပဏီမှ ဝယ်ယူရောင်းချပြီး ကုမ္ပဏီအနေဖြင့် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်းသိရှိရပြီး ဆေးဝါးများကို သိုလှောင်ထားခြင်းမပြုကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်၊ ယုဇနဆိပ်ကမ်းရှိ Aluminium Scrap UBC ကုန်ပစ္စည်းများတင်ဆောင်နေမှုအား သွားရောက်စစ်ဆေး

      ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး၊ အမှတ်(၃) ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှ ရဲမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူးတို့ပါဝင်သော အဖွဲ့များသည် ၂-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းအား ပုံမှန်သွားရောက်စစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင်  (ရန်ကုန်မှ ကော့သောင်း) သို့ထွက်ခွာမည့် ကမ်းရိုးတန်းသင်္ဘောဖြစ်သော   MV CITEA သင်္ဘောဖြင့်   Aluminium Scrap UBC ကုန်ပစ္စည်းတန်ချိန် (၈၂၅) တန်တင်ဆောင်နေကြောင်းကိုစစ်ဆေးတွေ့ရှိပြီး တရားမဝင်ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများကို သိုဝှက်သယ်ဆောင်ခြင်းမရှိကြောင်းနှင့် ယင်းကုန်စည်များမှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

       မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဆီကုမ္ပဏီများ၊ ဆီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့ပါသည်။

        အဆိုပါအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥက္ကဋ္ဌ ဦးမျိုးဝင်းက စာအုပ်စနစ်ဖြင့် စားအုန်းဆီရောင်းချမှုအခြေအနေ၊ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စများကို အဓိကဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စားအုန်းဆီအရောင်းကိုယ်စားလှယ်များကလည်း တစ်ဦးချင်းအလိုက် ပြန်လည်ဆွေးနွေးတင်ပြပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာနှင့် ကိုယ်စားလှယ်ပေါင်း (၄၄)ဦးတက်ရောက်ခဲ့ပြီး နေ့လည် (၁၅:၀၀) နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ