မြိတ်မြို့၊ အထက်ရေပုန်းရပ်၊အိမ်တော်ရာလမ်းရှိ ဘုရင်မဟင်းခတ် အမွေးအကြိုင်မာဆလာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး
![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/29.2_4.jpg?itok=1VEKy2_T)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၂၃) ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြိတ်မြို့၊ အိမ်တော်ရာလမ်း၊ အထက်ရေပုန်းရပ်ရှိ ဘုရင်မဟင်းခတ်အမွေးအကြိုင်မာဆလာလုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များဦးစားပေးထုတ် လုပ်နိုင်ရေးနှင့် သန့်ရှင်းလတ်ဆတ်သောထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ သက်တမ်းလွန်ထုတ်ကုန် ပစ္စည်းများမရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်နိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(တနင်္သာရီ)