Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘီးလင်းမြို့နယ်တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ ဘီးလင်းမြို့နယ်တာဝန်ခံတက်ရောက်

     ဘီးလင်းမြို့နယ်အတွင်း ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်စဉ် အသုံးပြုမည့် မဲပေးစက်များအား ပြည်သူလူထုများအနေဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် မဲပေးရမည့် နည်းစနစ်များအား သိရှိနားလည် ရေး အသိပညာပေး မြေပြင်ကွင်းဆင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံး ဥက္ကဌ ဦးအောင်နိုင်မိုး၊ ဦးစီးအရာရှိ ဒေါ်နှင်းစံပယ် ဦးစီးအဖွဲ့မှ ၂၀၂၅ ဩဂုတ်လ ၂၅ ရက်နေ့တွင် ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်စိုးနှင့် ရပ်ကွက်နေပြည်သူ (၁၁၀)ဦးအားလည်းကောင်း ၊ ဘိုးရာဇာရပ်ကွက်၊ သာသနာ့ ဗိမာန်၌ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့် ရပ်ကွက်နေ ပြည်သူ (၁၅၉)ဦးနှင့် ဗိုလ်တေဇရပ်ကွက် ဓမ္မာရုံ၌ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးခင်နှင့် ရပ်ကွက်နေ ပြည်သူ (၁၅)ဦးတို့အားလည်းကောင်း မဲပေးနည်း သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်တာဝန်ခံသည် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

      ၂၅.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆက်သွယ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူး‌ပေါင်း၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင် ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ စစ်ဆေးရမည့်အချက်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်သူများသို့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်သွယ်ရေးဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့်မိုဘိုင်းအော်ပရေတာများသို့ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ဈေးကွက်မရောက်မီ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံသို့ ကွင်းဆင်းစစ်ဆေး

               (၂၆.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် ဇေကမ္ဘာဝင်းအတွင်း ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Designer Water စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရန်ကုန်စက်မှုဇုန်(၅)မှ ဇုန်ကော်မတီဥက္ကဌ ဦးကျော်လွင်၊ စည်ပင်သာယာရေးကော်မတီမှ  ဦးကျော်သူရ၊ အကြီးတန်းစာရေးတို့ပူးပေါင်းပါဝင်လျက် အမှတ် (၂၁၇/၂၂၂) ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်ရှိ Designer Water စက်ရုံသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူက Designer Water နှင့် Speed အားဖြည့်အချိုရည်တို့ကို ထုတ်လုပ်ပါကြောင်း၊ ဒေသအသီးသီးသို့ဖြန့်ဖြူးရောင်းချ လျက်ရှိပါကြောင်း၊ ပစ္စည်းများကိုလည်း ဌာနဆိုင်ရာအသီးသီးမှ စံချိန်စံညွှန်းသတ်မှတ်ထားသည့်အတိုင်းဆောင်ရွက်ထားပါကြောင်း သက်ဆိုင်ရာအစိုးရဌာနများနှင့် ကုန်အညွှန်းအမှတ်အသားများကိုလည်း မြန်မာလိုရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Myat Ah Kan Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

     ၂၄.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့်ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Myat Ah Kan Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊  အလေးအရည် အသွေးပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှုန်းဖြင့် ပိဿာ (၄၄၀) ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် MSMEလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးသည် ၂၅..၂၀၂ ရက်နေ့တွင် MSME လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများ ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ပြဌာန်းထားသော ပြဌာန်းချက် အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

      (၂၂..၂၀၂၅) ရက်နေ့နံနက် (၀၉:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ မော်လမြိင်မြို့၊ မောင်ငံရပ်ကွက်ရှိ Wint Than Lwin Cho Co,Ltd သို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော Wint Than Lwin Cho Co,Ltd ကုမ္ပဏီ တည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်း လိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့  ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၂.၈.၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးတက်ရောက်ခဲ့ပါသည်။

    ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Professional Engineer ဦးနေမျိုးမောင်က နည်းပညာပိုင်းဆိုင်ရာ များအား ဆွေးနွေးပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ဆွေးနွေးသည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ တက်ရောက်လာသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

     ဆက်လက်၍ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ဘွားက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် Strategic Entrepreneurship For Mon State's Better Future အကြောင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)

CK ကိတ် စက်ရုံမှတ်ထုတ်လုပ်သော ကုန်ပစ္စည်းများအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး

                စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် (၂၅.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်စက်မှုဇုန်(၅)ဇုန်ကော်မတီဥက္ကဌ ဦးကျော်လွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးကျော်သူရ၊ အကြီးတန်းစာရေးတို့ပါဝင်လျက် မင်္ဂလာဒုံမြို့နယ်ရှိ CK ကိတ်စက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၃၀၈)၊ ဇေကမ္ဘာ(၁)လမ်း၊ ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်ရှိ CK ကိတ်စက်ရုံသို့ ရောက်ရှိခဲ့ရာ တာဝန်ခံမှ မိမိတို့ထုတ်လုပ်သောကိတ်များသည် အရည်အသွေးပြည့်မီမှုကို အဓိကအလေးထားပါကြောင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်မရှိအောင်လဲ အမြဲဂရုတစိုက်ထုတ်လုပ်ပါကြောင်း၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ချီလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်း ပြုလုပ်ထားပါကြောင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ထားပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်း ရှင်တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အ.မ.က (ချောင်းဆုံခြံစု)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၅..၂၀၂) ရက်နေ့တွင် အ.မ.က (ချောင်းဆုံခြံစု) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အ.မ.က (ချောင်းဆုံခြံစု)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

      ၂၅..၂၀၂ ရက်နေ့  နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အ.မ.က (ချောင်းဆုံခြံစု)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချောင်းဆုံမြို့နယ်တာဝန်ခံ ‌ဒေါ်ထက်ထက်နွေဦးက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၉၉) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ