Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သရုပ်ပြပွဲကျင်းပ

          (၂၅.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သရုပ်ပြပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများစုစုပေါင်းအင်အား(၁၅၀)ဉီးခန့် တက်ရောက်ခဲ့ပါသည်။

       အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မြန်မာ့အီလက်ထရောနစ်မဲပေး စက်(MEVM)ကိုင်တွယ်အသုံးပြုနည်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းခြင်း၊ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ မြန်မာ့အီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ကြပြီး အခမ်းအနားကို (၁၀:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဦးစီးဌာနများနှင့်ပူးပေါင်း၍ (20.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ပင်လုံမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် တိုင်းရင်းဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသော တိုင်းရင်းဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းတင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ပင်လုံမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (20) ရက်နေ့၊ နေ့လယ် (၁3:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ ပင်လုံမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

Designer Water စက်ရုံသို့ ကွင်းဆင်းလေ့လာ

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် (၂၆.၈.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဇေကမ္ဘာဝင်းအတွင်း ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Designer Water စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းလေ့လာရာတွင် အမှတ်(၂၁၇/၂၂၂) ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်ရှိ Designer Water စက်ရုံသို့ သွားရောက်ကာ တာဝန်ရှိသူက Designer Water နှင့် Speed အားဖြည့် အချိုရည်တို့ကို ထုတ်လုပ်လျက်ရှိပြီး ဝန်ထမ်းအင်အားမှာ ကျား(၈၃၃)၊ မ(၂၅၈)ဉီးဖြင့် လုပ်ငန်းလည် ပတ်လျက်ရှိကြောင်း၊ Speed အချိုရည်တစ်နေ့ထုတ်လုပ်မှုမှာ (၂၆၅)မီလီမီတာ၊ ဗူး(၈၀၀၀)ခန့်နှင့် Designer Water သောက်ရေသန့် (၅.၂၅)မီလီမီတာ၊ ဗူး (၁၀၀၀၀)ခန့် မြန်မာပြည်တွင်းရှိ မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

CK ပေါင်မုန့်၊ ကိတ်ခြောက်၊ ကိတ်စိုထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

          (၂၅.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၃၀၈)၊ ဇေကမ္ဘာ(၁)လမ်း၊ ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ CK ပေါင်မုန့်၊ ကိတ်ခြောက်၊ ကိတ်စိုမုန့်ထုတ်လုပ်သည့်  လုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏တွေ့ကြုံနေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

             တာဝန်ခံဖြစ်သူက CK မုန့်လုပ်ငန်းမှ ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ ကြက်သား အရသာပေါင်မုန့်၊ နို့အရသာပေါင်မုန့်၊ ချောကလက်အရသာပေါင်မုန့်နှင့် CK ကိတ်ခြောက်/ ကိတ်စို ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ ပေါင်မုန့်(၃)မျိုးပေါင်း တစ်မျိုးလျှင်အလုံးပေါင်း (၂၀၀) ထုတ်လုပ်ပြီး ကိတ်ခြောက်အထုပ်(၁၀၀)နှင့် ကိတ်စိုအလုံးပေါင်း(၁၀၀)ထုတ်လုပ်ကာ ဝန်ထမ်းအင်အားမှာ ကျား(၃၀)၊ မ(၂၀)ဉီးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေပြီး ရန်ကုန်မြို့တွင်း မြို့နယ်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်အတွင်းရှိ ဘိလပ်မြေဈေးနှုန်းနှင့်ရောင်းချနေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်း

         (၂၆.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ် ရေးမှူးသည် မှော်ဘီမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ ရွှေပြည်စံရာအိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍ ဘိလပ်မြေအမျိုးအစား၊ ယခင်လ/ယခုလဈေးနှုန်း နှင့် အတက်/ အကျဖြစ်သည့်အကြောင်းအရင်း၊ မြေပြင်လက်ကျန်အခြေအနေ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ကျိုက်မရောမြို့နယ်တာဝန်ခံသည် ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ

     ၂၀.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာရှိ ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကျိုက်မရောမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်ပစ္စည်းများနှင့် ပတ်သက်၍ တာဝန်ရှိမှုများအကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော ထုတ်ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပေါင်မြို့နယ်၏ လက်ရှိစပါးစျေးကွက်နှင့် ဆန်စက်လုပ်ငန်းအခြေအနေ

      မွန်ပြည်နယ်၊ ပေါင်မြို့နယ်သည် စပါးစိုက်ဧကအများဆုံးဖြစ်ပြီး စပါးအထွက်နှုန်း ကောင်းမွန်ကာ မြေဆီ၊ မြေသြဇာကောင်းသောဒေသဖြစ်သည်။ ယနေ့စပါးစျေးကွက် အခြေအနေအရ စပါးစျေးသည် ယခင်လထက် စျေးကျနေပြီး အရောင်းအဝယ်မရှိခြင်းကြောင့် တောင်သူများအခက်တွေ့နေခြင်းနှင့် ဆန်စက်လုပ်ငန်းများလည်း စပါးဝယ်ယူခြင်းမရှိ ခြင်းကြောင့် ‌ခေတ္တရပ်နားထားရခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းတို့ကြောင့်လည်း ဝယ်ယူသိုကြိတ်ရာတွင် ခက်ခဲဖြစ်နေရကြောင်း၊ အလုပ်သမားများ ခေါ်ယူ၍မရခြင်းနှင့် ဆန်စက်ပိုင်ရှင်များကိုယ်တိုင်ပင် လုပ်ကိုင်ဝင်ရောက်နေရကြောင်း၊ လက်ရှိလုပ်ကိုင်‌နေသော လုပ်သားများအား စက်မလည်ပတ်သေးသောကာလများတွင်လည်း ‌နေ့တွက်ခပေးပြီး အလုပ်သမားရှားပါးမှုအား ဖြေရှင်းနေရကြောင်း ဆန်စက်ပိုင်ရှင်တစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။ လက်ရှိဆန်စျေးနှုန်းသည်လည်း အတက်အကျမရှိဘဲ အနည်းငယ်သာတက်လိုက်၊ ကျလိုက်နှင့် အဝယ်အေးနေကြောင်း ဆန်ရောင်းဝယ်နေသူများထံမှ သိရှိရသည်။

 DOCA (မွန်)

ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား စားအုန်းဆီဖြန့်ဖြူးရောင်းချပေးခြင်း

          ၂၆.၈.၂၀၂၅ ရက်နေ့၊ နံနက်(၀၆:၀၀)နာရီအချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ စားအုန်းဆီ အိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စား အငြိမ်းစားများအား စားအုန်းဆီများကို ရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစား ဝန်ထမ်း (၁)ဦးလျှင် ဆီ(၂.၅၀)ပိဿာ၊ (၁)ဗူးစီရောင်းချပေးပြီး (၂၆.၈.၂၀၂၅)ရက်နေ့တွင် (၆၀၀)ဗူးရောင်းချ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်း အဖွဲ့ဝင်ကိုယ်စားလှယ်များက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ပေါင်မြို့နယ်တွင် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

     ၂၅.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် ပေါင်မြို့နယ်၊ ရပ်ကွက်ကျေးရွာများရှိ ဆန်/စပါး သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် ဆန်/စပါးသိုလှောင်ရုံများ ၌ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

          ထို့အပြင် ဆန်ဈေးနှုန်းများကိုလည်းမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်အသင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အခြေအနေများအားလည်း မေးမြန်းခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် ပေါ်ဆန်းတစ်အိတ်(ဒေသထွက်)လျှင် လက်ရှိ (၁၀၀၀၀၀) ကျပ်နှင့် ဧည့်မထ (ဂျပန်)တစ်အိတ်လျှင် (၆၉၀၀၀) ကျပ်ဖြင့် လက်ရှိအ‌ရောင်းဝယ်ရှိကြောင်း သိရပါသည်။ ပေါင်မြို့နယ်သည် ဆန်ပိုဒေသဖြစ်သော်လည်း စားသုံးသူများလိုအပ်ချက်အရ အခြားပေါ်ဆန်းမျိုးစုံအား ဝယ်ယူရောင်းချလျက်ရှိကြောင်းလည်း သိရသည်။ လက်ရှိ အခြေအနေအရ ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းနှင့် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ