Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် ၊မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် (၂၂.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင်  စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဌာန်းချက်များအနက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အားကစားခန်းမ၌ နွေရာသီအားကစားသင်တန်းဆင်းပွဲတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည်  အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂.၃.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီတွင် ဝါးခယ်မမြို့နယ်အားကစားခန်းမ၌ နွေရာသီအားကစားသင်တန်းဆင်းပွဲမှာ သင်တန်းသူ/သင်တန်းသားများအား စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ တက်ရောက်လာသော သင်တန်းသူ/သင်တန်းသားများအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်း၊ အခန်း(၁၄) ပုဒ်မ(၂၇)ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ သင်တန်းသူ/ သင်တန်းသား(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ရမည်းသင်းမြို့၊ ဝါးတိုးဈေးကုန်းရပ်ကွက်၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

      မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်မှ ဦးစန်းအောင်(ဒု-ဦးစီးမှူး)သည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်၊ ဝါးတိုးဈေးကုန်းရပ်ကွက်တွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၂၃-၃-၂၀၂၃) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစန်းအောင်(ဒုဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန်တာဝန်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည်ဖြစ်ပါကြောင်း၊ လိုက်နာခြင်းမရှိလျှင်  အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များခံရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ထုတ်ကုန်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အခက်အခဲရှိပါက ဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ကာ လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နံနက်(၁၁း၁၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ဇလွန်မြို့ အလှကုန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မြို့နယ်တာဝန်ခံသည် (၂၀.၃.၂၀၂၃)ရက်နေ့၊  နံနက်(၁၀:၀၀) နာရီအချိန်တွင် လမ်းမတော်မြောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ စတိုးဆိုင်များနှင့် အိမ်ဆိုင်များတွင် ရောင်းချနေသော အလှကုန်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်အတွက် ဈေးကွက်အတွင်း  ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ကုန်စည်များ တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးဆောင်ရွက်ကြရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ အလှကုန်အရောင်းဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ကဗျာရေးစပ်နည်း သင်တန်းသား/သင်တန်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၃.၃. ၂၀၂၃)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီတွင် မြောင်းမြမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးရုံးခန်းမ၌ ကဗျာရေးစပ်နည်း သင်တန်းတက်ရောက်နေသော သင်တန်းသူ/ သင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်ဦးစီးမှူး တက်ရောက်လာသော သင်တန်းသူ/သင်တန်းသားများအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်းနှင့် အခန်း(၁၄) ပုဒ်မ(၂၇)ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ သင်တန်းသူ/ သင်တန်းသား(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြို့ပေါ်ရပ်ကွက်ရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ ကွင်းဆင်းလေ့လာခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၁.၃.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် မြို့ပေါ်ရပ်ကွက်ရှိ မော်တော် ဆိုင်ကယ်အရောင်းဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ဆိုင်ကယ်အရောင်းပြခန်း (Show Room)တွင် ရောင်းချရန် မော်တော်ဆိုင်ကယ်တင်သွင်းရာ၌ လိုက်နာရမည့် စည်းကမ်းချက်များ၊ အစပျိုးစမ်းသပ်ကာလ (Pilot Project) အတွင်းပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာလိုက်နာရမည့် စည်းကမ်းချက်များ၊ မော်တော်ယာဉ်အရောင်းပြခန်း(Show Room)တွင် ရောင်းချရန် မော်တော်ယာဉ် တင်သွင်းရာ၌လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ကုန်စည်များ တင်သွင်းရောင်းချခြင်းမပြုကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးဆောင်ရွက်ကြရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ မော်တော်ဆိုင်ကယ်အရောင်းဆိုင်(၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ကြံခင်းမြို့ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် (၂၁.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင်  မြို့မရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူများ  ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန် တိကျစွာဖော်ပြနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်လည်း မိမိတို့ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ရှိ ဆောင်ရွက်နေ့သည့် လှုပ်ရှားမှုအခန်းကဏ္ဍများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များအပေါ် မေးမြန်း၍ စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)စာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀.၃.၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းကောက်မြို့ရှိ စတိုးဆိုင်များနှင့် အိမ်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူ ထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုကြရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးဆောင်ရွက်ကြရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ငါန်းဇွန်မြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တာဝန်ခံရုံး၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၂၁-၃-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ငါန်းဇွန်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စသည့်မိတ်ဖက်ဌာနများနှင့်အတူ ငါန်းဇွန်မြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းရောင်းချသောဆေးဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ အသိအမှတ်ပြု DRC No. မပါရှိသည့် Parbisure အမည်ဖြင့် ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချနေမှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား  မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းများမပြုလုပ်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊  တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်အသိပညာပေး Talk Show ပြုလုပ်

  မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့တွင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေ(ဒု-ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား (၁၉-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ (က)ကုန်စည်၏တံဆိပ်အမှတ်အသား၊ (ခ) ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ (ဂ)ထုတ်လုပ်သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ (ဃ)ပြည်တွင်းသို့တင်သွင်းလာသောကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ (င)ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှကုန်စည်များတင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ (စ)ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအချိုးအစား၊ (ဆ) ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ (ဇ)သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များ စသည့်အချက်များအား သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း၊ (ခ)နှင့်(ဆ)တို့ပါ အချက်များဖြစ်သည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့်ကြိုတင်သတိပေးချက် စသည့်အချက်များအား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ