Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငါးမုန့်ကြော်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၃ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ပါလျှံ(၁)ရန်အောင်မြေရပ်ကွက်ရှိ မွှေးအမှတ်တံဆိပ်ငါးမုန့်ကြော်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် မွှေးအမှတ်တံဆိပ်ငါးမုန့်ကြော်သည် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

 

ကိတ်မုန့်နှင့်ပေါင်မုန့်မျိုးစုံလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၃ခုနှစ်၊ မတ်လ (၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ “TZ” အမှတ်တံဆိပ်ကိတ်မုန့်နှင့်ပေါင်မုန့်မျိုးစုံလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် “TZ” အမှတ်တံဆိပ်ကိတ်မုန့်နှင့်ပေါင်မုန့်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များဖြင့် လုပ်ငန်းမှတ်ပုံတင်များပြုလုပ်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

ခရိုင်စီမံကိန်းဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လစဉ် စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ (၂၃-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁:၃၀) နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စီမံကိန်းဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊  မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ဌာနဆိုင်ရာရုံးများ၊  ရပ်ကွက်၊ ကျေးရွာများ၊  တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပါကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးများဆောင်ရွက်သည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေပါအချက်အလက်များကိုသိရှိနိုင်စေရန် အသိပညာပေးမှုလုပ်ငန်းများဆောင်ရွက်သည့်အကြောင်းများ၊  စားသုံးသူအခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်းနှင့် ပုဒ်မပေါင်း(၈၄)ခုပါဝင်ကြောင်း၊ ဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေ းအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၂/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၃-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၂/၂၀၂၃) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၁၀) ဦးတက်ရောက်ခဲ့ပါသည်။

     အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းသိန်းက Management (စီမံခန့်ခွဲမှု) နှင့်ပတ်သက်၍  What is Management, Management Theory, Self- Management,  Duty & Obligation တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ထိုအကြောင်းအရာများထဲမှ  Duty & Obligation (တာဝန်နှင့်ဝတ္တရားများ)အကြောင်း၊ Self- Management (မိမိကိုယ်တိုင်စီမံခန့်ခွဲခြင်း)အကြောင်းအရာများထဲမှ အလုပ်လုပ်ရာတွင် မိမိကိုယ်တိုင် စိတ်ဓာတ်တက်ကြွနေရမည်ဖြစ်ကြောင်း၊ စိတ်ကိုထိန်းချုပ်နိုင်ရမည်ဖြစ်ကြောင်း၊ တွေးခေါ်တတ်ရမည်ဖြစ်ကြောင်း၊ စည်းကမ်းရှိရမည်ဖြစ်ကြောင်း၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိလိုချင်သောပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

“ရွှေနန်းတော်” ခေါက်ဆွဲစက်လုပ်ငန်းရှင်အား တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် (၂၂-၃-၂၀၂၃) ခုနှစ်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “ရွှေနန်းတော်”ခေါက်ဆွဲစက်လုပ်ငန်းရှင်အားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    “ရွှေနန်း‌တော်” ခေါက်ဆွဲစက်ကို ၂၀၁၁ခုနှစ်မှ စတင်တည်ထောင်ခဲ့ကြောင်း၊ တစ်လလျှင် (၂၅) ပိဿာဝင်အိတ် (၅၀၀) အိတ်အသုံးပြုရကြောင်း၊ တစ်လလျှင် ခေါက်ဆွဲ ( ၁၂၄၀၀)ပိဿာထွက်ရှိကြောင်း၊ ထွက်ရှိလာသည့်ကုန်ချောများကို မြို့နယ်အတွင်းသာရောင်းချနိုင်ကြောင်း   ဆွေးနွေးသိရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြပါရှိသော လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ဆိပ်ဖြူမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းသည် (၂၀.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာရှိ “ မျိုး ”ကျူရှင်စာသင်ဝိုင်းသို့ ရောက်ရှိပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ကျူရှင်စာသင်ဝိုင်းဆရာမ ဒေါ်မျိုးမျိုးခိုင်မှ ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာနသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ဘေးအန္တရာယ် ကင်းရှင်းစေရေး ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုအား အသေးစိတ်ရှင်းလင်းခြင်း၊ စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားခွင့်ရရှိမှု များအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center(၁၅၃၅) အား ဖွင့်လှစ်ထားရှိကြောင်းတို့အား အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၁)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၉)ဦး စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၀-၃-၂၀၂၃) ခုနှစ်၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့သည်  ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ “UNT ဦးသိန်းနိုင်” စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်ထံသို့သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ၊ (PPRD စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  စက်သုံးဆီလုပ်ငန်းရှင်အနေဖြင့် တရားမဝင်သော စက်သုံးဆီ၊ ချောဆီများ တင်သွင်းဖြန့်ဖြုးရောင်းချနေခြင်းကို စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနကထုတ်ပြန် ထားသော စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ထည့်သွင်းဖော်ပြပေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံရုံးအုပ် ဦးဇော်နေလင်းသည် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးများ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်ရည်ရွယ်၍ (၂၀.၃.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက် “ရတနာမိုး’’ ပဲပူးကြော်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်စေရေးအတွက် သွားရောက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

    ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းစေပြီး အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များပြည်စုံစွာ ထည့်သွင်းခြင်းတို့ ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိလာမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ အစားအသောက်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေ ပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့်တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ တွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ အလေးထားလိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

တမူးမြို့၊ စည်ပင်သာယာဈေးအတွင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြသည့် ကုန်စည်များရောင်းချမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်(ဦးစီးမှူး)သည် (၂၂-၃-၂၀၂၃ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် တမူးမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြသည့်ကုန်စည်များအား ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါ သည်။

      တမူးမြို့နယ်တာဝန်ခံက  မိမိတို့ရောင်းချသည့်ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့်ကုန်စည်များကိုသာ ရောင်းချကြရန်နှင့် တားမြစ်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်တို့အား အသိပညာပေးဆွေးနွေးခဲ့ပြီး မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ထုတ်လုပ်သည့်ကုန်ပစ္စည်းများပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးမှုများဆောင်ရွက်ခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေး စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး၊ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများ အဖွဲ့သည် (၂၁.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ် လျက်ရှိသော နို့ကြက်ဥလျှာပေါ်စိမ့်၊ ရှမ်းကောက်ညှင်းပဲပုပ်ကြော်၊ ကြက်သွန်ကြော်၊ ဇီးလုပ်ငန်းများ သို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ကြောင်းကို သုံးစွဲသူကသိရှိလာခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဈေးကွက်များပိုမိုရရှိပြီး စားသုံးသူရော ထုတ်လုပ်သူပါ(Win … Win)ဖြစ်လာစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့် အချက် များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိရှိ လိုက်နာစေရန် ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုများအကြောင်း၊ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် နေရာများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535)ဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

       စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော ကုန်စည်နှင့် ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရန် အတွက် ယခုလို အသိပညာပေးရခြင်းဖြစ်ကြောင်း၊ စားသုံးသူများမှ စားသောက်ကုန် တစ်ခုခုကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုမှာ အရေးကြီးသော အခန်းကဏ္ဍတွင်ရှိကြောင်း၊ ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်မှ စားသုံးသူများအပေါ် စေတနာထား၍ ထုတ်လုပ်လျက်ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည်ကိုသိရှိလာပြီး မိမိတို့အတွက်လည်း အကျိုးစီးပွားများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်သောကြောင့် လိုက်နာဆောင်ရွက်စေလို ကြောင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ