Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ကုတ်မြို့နယ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

        (၂၄-၈-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးမှူးရုံးတွင် တောင်ကုတ်မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ရာ ‌ဆွေးနွေးပွဲသို့ တောင်ကုတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တောင်ကုတ်မြို့ပေါ်မှ လုပ်ငန်းရှင်(၃၈)ဦး တက်ရောက်ခဲ့ပါသည်။

       တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် ဉပဒေ၊ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခင်မေဝင်း(ဒု-ဦးစီးမှူး)မှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးများ၊ လုပ်ငန်းရှင်များ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်း၊ အာမခံပေးမှုအပေါ် စားသုံးသူမှ တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချသည့် ကုန်စည်များပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပြဌာချက်များ စားသုံးသူ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် CICC ရုံးဖွင့်လှစ်ထားရှိနိုင်မှုအခြေအနေ၊ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားအသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

DOCA(ရခိုင်)

ဝန်ထမ်းများသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးခဲ့

         စားသုံးဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့် ဝန်ထမ်းများနှင့်ကျေးလက်နေပြည်သူများ၊ ဝန်ထမ်းများအိမ်ရာများသို့ ဈေးကားများဖြင့် ရောင်းချပေးနေမှုများကို ဆက်လက်ဆောင်ရွက် လျက်ရှိရာ (၂၉-၈-၂၀၂၂) ရက်နေ့မှာတော့ Diamond Dragon Co;ltd မှ ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ အုပ်ချုပ်မှု  ရုံးနှင့် ကုတင်(၅၀)ရှိ ဝန်ထမ်းများသို့ ဆီတစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ဆီပိဿာချိန်ပေါင်း (၂၀၀၀)တိတိ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

နေပြည်တော်ကောင်စီနယ်မြေအတွင်း သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးနေမှုများ

        မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏လမ်းညွှန်ချက်ဖြင့် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းသားများနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးရုံးများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာများသို့ ဈေးကားများနှင့် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချမှုများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။

      (၂၇-၈-၂၀၂၂) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ရွာသစ်ကျေးရွာ၊ တောရကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးအေးထွန်းမှ ဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၃၂၀) ရောင်းချပေးခဲ့ကြောင်း၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဘူးကွဲအိမ်ရာနှင့် ဉာဏသိဒ္ဓိရပ်ကွက်တွင် ဆီလုပ်ငန်းရှင် ဒေါ်ခင်ရတနာမှ ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ရွာမကျေးရွာနှင့် မျောက်ကျောင်းစုရွာတို့တွင် ဆီလုပ်ငန်းရှင် ဒေါ်နန်းခရေဝင်းမှ ပိဿာချိန် (၁၃၂၀) လည်းကောင်း၊ ရွှေပြည်ကျေးရွာနှင့် ‌တောင်ကျောင်းကျေးရွာတို့တွင် ဆီလုပ်ငန်းရှင်ဒေါ်ခိုင်ခိုင်မာမှ ပိဿာချိန် (၁၃၂၀)လည်းကောင်း သိရှိရပါတယ်။

     ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာများတွင်လည်း ဆီလုပ်ငန်းရှင် ဦးခင်မောင်ဝင်း၊ ဦးကိုလေး၊ ဦးခင်မောင်မြင့်၊ ဒေါ်ခင်နွယ်အေးတို့မှ တစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ဆီပိဿာချိန်ပေါင်း (၄၆၂၀) ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။

    ဆက်လက်၍ Global Good Pure Group Co;ltd မှ ကိုယ်စားလှယ်ဆီလုပ်ငန်းရှင် ဦးအေးချမ်းသူက ဥတ္တရမြို့နယ်ရှိ ရုံးအမှတ် (၁၃)၊ ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသို့ ဆီပိဿာချိန်ပေါင်း (၁၁၀၀) ရောင်းချပေးခဲ့ကြောင်းနှင့် တပ်ကုန်း မြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း တပ်ကုန်းဆီလုပ်ငန်းရှင်များမှ ဆီပိဿာချိန်ပေါင်း (၂၆၄၀) ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။

      (၂၇-၈-၂၀၂၂) ရက်နေ့အတွင်း စားသုံးဆီပိဿာပေါင်း (၁၂၉၈၀) ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ သက်သာ‌သောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချ

      (၂၈-၈-၂၀၂၂) ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခင်မောင်ဆွေ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်စောမာလာနွယ်(ဦးစီးအရာရှိ)တို့ပူးပေါင်း၍ နေပြည်တော်အတွင်းရှိ မြို့နယ်များရှိ ကျေးရွာနေ ပြည်သူများသို့ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီတစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါတယ်။

      ထိုရောင်းချမှုတွင် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီလုပ်ငန်းရှင် (၁)ဦးမှ ပုဗ္ဗသီရိမြို့နယ်၊ တိုင်းစစ်ဌာနချုပ်တွင် ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန် (၁၃၂၀)ကို လည်းကောင်း၊ ဆီလုပ်ငန်းရှင်(၁)ဦးမှ လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာတွင် ဈေးကားတစ်စီးဖြင့် ဆီ ပိဿာာချိန်(၆၆၀)ကိုလည်းကောင်း ရောင်းချပေးခဲ့ပါတယ်။

    ဆက်လက်၍ ဆီလုပ်ငန်းရှင်(၁)ဦးမှ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာ(၃)ရွာ တွင် ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန်(၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင်(၄)ဦးမှ တပ်ကုန်းမြို့ နယ်ရှိ ကျေးရွာ(၈)ရွာတွင် ဈေးးကားတစ်စီးစီဖြင့် ဆီပိဿာချိန်(၂၆၄၀)ကိုလည်းကောင်း အသီးသီး ရောင်းချပေးခဲ့ပါတယ်။

    (၂၈-၈-၂၀၂၂) ရက်နေ့မှာတော့ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ သက်သာသော ဈေးနှုန်းဖြင့် ဆီပိဿာချိန်ပေါင်း (၅၂၈၀)ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

ဦးစီးဌာနများနှင့် ကျေးရွာနေပြည်သူများသို့ သက်သာ‌သောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးခဲ့  

       (၂၆-၈-၂၀၂၂) ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခင်မောင်ဆွေ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်စောမာလာနွယ်(ဦးစီးအရာရှိ)တို့ပူးပေါင်း၍ ဦးစီးဌာနများနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာနေပြည်သူများသို့ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီတစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါတယ်။

     ထိုရောင်းချမှုတွင် Diamond Dragon Co;ltd မှ ဆီလုပ်ငန်းရှင်ကိုယ်စားလှယ် ဒေါ်နီလာထွေး က ရုံးအမှတ်(၂၆)၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတွင် ပိဿာချိန် (၈၂၄)ပိဿာ၊ ရုံးအမှတ်(၃၄)၊ ငွေတိုက်ဦးစီးဌာနတွင် ဆီပိဿာချိန် (၂၈၈)ပိဿာ၊ ရုံးအမှတ်(၃၅)၊ ယဉ်ကျေးမှုဦးစီးဌာနတွင် ပိဿာချိန် (၂၀၀)ပိဿာ၊ ရုံးအမှတ် (၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် ဆီ(၁၆၈) ပိဿာနှင့် ဇေယျာသီရိမြို့နယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လုံခြုံ‌ရေးနှင့်သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများညွှန်ကြားရေးမှူးရုံးတွင် ဆီပိဿာချိန် (၂၈၈)ပိဿာ ရောင်းချပေးခဲ့ပါတယ်။

       ဆက်လက်၍ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦး‌အောင်ကိုထက်က ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းအုပ်စု၊ ချိုင်း‌ကျေးရွာတွင် ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန် (၆၆၀)ကို ရောင်းချပေးခဲ့ပြီး၊ အခြားဆီလုပ်ငန်းရှင်များမှလည်း ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်များရှိ ကျေးရွာအများစုတွင် ဈေးကားများဖြင့် စားသုံးဆီများကို လှည့်လည်ရောင်းချပေးခဲ့ကြပါတယ်။

       (၂၆-၈-၂၀၂၂) ရက်နေ့မှာတော့ ဦးစီးဌာနများနှင့် ကျေးရွာနေပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် ဆီပိဿာချိန်ပေါင်း (၇၇၀၈)ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

       ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)သည် 27.8.2022 ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဆရာ/မ များနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ‌ ဒေါ်နှောင်းနှောင်းဝင်း(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓါပ္ပာယ်ဖော်ပြချက်များမှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်းရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြု ခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သိုမဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား/သူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖတ်ရှုရမည်ဖြစ်ပြီး နမူနာပစ္စည်း များဖြင့်ခင်းကျင်းပြသကာ ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ဆရာ/မများနှင့်အတူ ကျောင်းမုန့် ဈေးဆိုင်များအား ဘေးအန္တရာယ်ရှိသည့် စားသောက်ကုန်များ‌ရောင်းချခြင်းရှိ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/မ(၅)ဦးနှင့် ကျောင်းသား/သူ (၅၅)ဦး၊ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

မင်းဘူးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ စက်သုံးဆီတင်သွင်းဖြန့်ဖြူးနေသော စက်သုံးဆီအရောင်းဆိုင်(၁၆)ဆိုင်မှ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်၊ မန်နေဂျာတို့အား (၁၉.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်၊ လမ်းဦးစီး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သောအဖွဲ့ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

       မင်းဘူးမြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရး၊ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၆)ဆိုင်အား ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ နေ့စဉ်ထုတ်ပြန်ပေးသော ရည်ညွှန်းဈေးထက် အဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ အချင်အတွယ်မှန်ကန်မှု ရှိ/မရှိ စက်သုံး ဆီပြတ်လပ်မှု ရှိ/မရှိ တို့အား (၂၁.၈.၂၀၂၂)ရက်နေ့ နံနက်(၈:၃၀)အချိန်တွင် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

စားအုန်းဆီလက်လီလက်ကားရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

        မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဩဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားအုန်းဆီဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ မပြုလုပ်စေရေးတို့အတွက် ပြည်ပမှ စားအုန်းဆီများတင်သွင်းသည့် ကုမ္ပဏီများမှဝယ်ယူ၍ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စားအုန်းဆီလက်လီလက်ကား ရောင်းချလျှက်ရှိသည့် ဆေးရုံအနောက်လမ်း ကံကော်ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်သို့ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        လက်ရှိအချိန်တွင် ကျိုက်ထိုမြို့နယ်အတွင်း စားအုန်းဆီဈေးနှုန်း မြှင့်တက်လျှက်ရှိသော်လည်း ယခုရောင်းချလျှက်ရှိသော စားအုန်းဆီ လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် (၄၄၀၀) ကျပ်ဈေးဖြင့် ရောင်းချပေးလျှက်ရှိသောကြောင့် စားသုံးသူပြည်သူများအနေဖြင့် ပြင်ပပေါက်ဈေးနှုန်းထက်လျှော့နည်းသက်သာစွာဝယ်ယူနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကုန်စုံဆိုင်၊ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊  ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်ဆန္ဒမွန် သည် 29.8.2022 ရက်နေ့ နံနက် ၁၁:၃၀ နာရီအချိန်တွင် ဗန်းမော်မြို့၊ ကန်တော်ရပ်ကွက်ရှိ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပါပြဌာန်းချက်နှင့် ကိုက်ညီမှုရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင်Geryအမှတ်တံဆိပ်ချိစ်မုန့်ကြွပ်ပေါ်တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်း ရှိ မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ကချင်)

 

ပြည်မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြည်မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီသို့ ဆေးဆိုင်လိုင်စင်အသစ် လျှောက်ထားလာသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆေးဆိုင်လိုင်စင် လျှောက်ထားသော မြို့ပေါ်ဆေးဆိုင် (၁၆)ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

        ပြည်မြို့နယ်ရှိ မြို့ပေါ်ဆေးဆိုင်များသို့ သွားရောက်စစ်ဆေးရာ ဆေးပစ္စည်းများ စနစ်တကျ ထားသိုသိမ်းဆည်းမှုရှိစေရေးနှင့် ဌာန၏စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း (၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ခြင်းများအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ