Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝန်ထမ်း(၅)ဦးသည် လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၁၁၀)ဦးကို စားသုံးသူ ကာကွယ်ရေးအကြောင်း  အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီးဒေါ်နော်ကြူကြူ(ဒု-ဦးစီးမှူး)ကကျောင်းသား/ ကျောင်းသူများအချက်များကိုလည်းကောင်း၊ စားသုံးသူများလိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ ကုန်အညွန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေဆက်သွယ်တိုင်ကြား နိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးအသိပညာ ပေးလက်ကမ်းစာစောင်များ ၊ ဗွီနိုင်းများကို သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

စစ်ကိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအစည်းအဝေး (၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းဆောင်ရွက်

      စစ်ကိုင်းတိုင်းဒေသကြီး၊  စားသုံးသူရေးရာကော်မတီ (၅/၂၀၂၂)   အကြိမ်မြောက် အစည်းအဝေးကို (၃၁.၈.၂၀၂၂) နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတိုင်းအစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးရာဝန်ကြီး စားသုံးသူရေးရာကော်မတီ က္ကဌ ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားပြီး  ကော်မတီအဖွဲ့ဝင်များ၊ဌာနဝန်ထမ်းများ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

    စားသုံးသူရေးရာကော်မတီဥက္ကဌ ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုအစည်းအဝေးတက်ရောက်လာကြပါသော ကော်မတီအဖွဲ့ဝင်များ၊နှင့် ဌာနဝန်ထမ်းများ အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပြီး ဌာန၏လုပ်ငန်းတာဝန်များကို လစဉ်လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်မှု၊စားသုံးသူ အများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် တက္ကသိုလ်ကျောင်း၊ သင်တန်းကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း၊များတွင် စားသုံးသူ အသိပညာ‌ပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊   လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စီးပွားရေး လုပ်ငန်းရှင်များ၏ လုပ်ငန်းတာဝန်များ၊ စည်းကမ်းလိုက်နာဆောင်ရွက်စေရန်များ ပညာပေး ဆွေးနွေးခြင်း၊ မိတ်ဖက်ဌာနများနှင့်ပူး ပေါင်း၍ စျေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက် ခြင်းများ၊ဆောင်ရွက်နိုင်မှုများကိုသိရပါ၍ ကောင်းမွန်သော ဆောင်ရွက်မှုများဖြစ်ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား တက်ရောက်လာသောကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလိုကြောင်း  လိုအပ်ချက်များရှိပါက ကော်မတီသို့တင်ပြ၍ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသွားပါသည်။ ဆက်လက်၍ စားသုံးသူ ရေးရာကော်မတီအတွင်းရေးမှူး စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေ အတည်ပြုနိုင်ရန်၊ လစဉ် လျာထားချက်များအလိုက် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်အခြေအနေများအား အမှာစာ(၃)စောင်ဖြင့် တင်ပြ၍ အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခြင်း၊ကော်မတီအဖွဲ့ဝင်များမှလည်း တင်ပြဆွေးနွေးလာ သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပူပေါင်းဆောင်ရွက်အကြံပြုဆွေးနွေးခြင်းနှင့် ကော်မတီဥက္ကဌက လစဉ် ဆောင်ရွက်နိုင်မှုလိုအပ်ချက်အားသာချက် အားနည်းချက်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်များကို ကျေးဇူးတင်ပါကြောင်းနှင့် အမှာစာ (၃)စောင်ဖြင့် တင်ပြဆွေးနွေးမှုများအား အတည်ပြုခြင်း၊ လူစည်ကားရာ မြို့ရွာများတွင် စားသုံးသူအသိပညာပေး ဗီနိုင်းချိတ်ဆွဲနိုင်ရေး ကိစ္စများအပေါ် ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး  စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရမည်းသင်းခရိုင်တွင် ဆေးဈေးနှုန်းများ ဈေးကွက်စောင့်ကြည့် စာရင်းကောက်ယူခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူ နစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သောဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည်၂၀၂၂ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် ရမည်းသင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

  အဆိုပါ ဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများ ၊ Covid ကာကွယ်ရေးသုံး ဆေးပစ္စည်းများ၊ဆေးဈေးနှုန်းများမှန်ကန်မှုရှိစေရေး ၊ဈေးကစားခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်ခြင်းမရှိစေရေး ရည်ရွယ်၍ အပတ်စဉ်သွားရောက်စစ်ဆေးမှုများ ၊ ဈေးနှုန်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ဈေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်း လိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဆေးဝါးများပြတ်လပ်မှုမရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၆  ရက်နေ့ (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပျော်ဘွယ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးမှုများ   ပြုလုပ်ခဲ့ပါသည်။

  စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်း အချက်အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာသိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ပေးရေး ဥပ‌‌ဒေပြဌာန်းချက် များကို လိုက်နာပြီးထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသော ကုန်ပစ္စည်းများကို ထုတ်လုပ်အသုံးပြုနိုင်ရေးနှင့် စားသုံးသူအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ပျော်ဘွယ်မြို့နယ် တာဝန်ခံမှ  စားသုံးသူကာကွယ်‌ရေး ဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း (၁၅)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုအကြောင်း၊ အခန်း(၁၇)ပါ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှအချက်များအကြောင်း၊ အခန်း (၁၉) ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေ (၁၈) ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်း ရှင်မဆို ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ ကုန်စည်ကြောင့် စားသုံးသူများ ထိခိုက်နစ်နာ မှုရှိပါက တာဝန်ယူ ဖြေရှင်းပေးရမည် ဖြစ်ပြီး အာမခံမှုနှင့်အညီဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူနိုင်သည့် အချက်အလက်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရပါသည်၊၊

DOCA(မန္တလေး)

 

 

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ စျေးကွက်တွင်းရောင်းချနေ သော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိကို ဝမ်းတွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော  Petro Star ၊ ဝင်းထက်၊ ပိုးဥပိုးရွှင်၊ နေလ၊ Denko၊နေလရွှေကျော်နှင့် ရွှေပွင့်လွှာ စက်သုံးဆီဆိုင်များအား ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ၊  အရည်အသွးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ချောဆီများကိုသာတင်သွင်း ၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ််သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များမှ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချမှုရှိပြီး၊ အချိန်အတွယ် လီတာ ၊ ဂါလံများလဲ့ (၂၀) လီတာစံဝင်ခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

မိတ္ထီလာ/ရမည်းသင်းခရိုင်အတွင်း စားအုန်းဆီများကို စျေးကားဖြင့် လှည့်လည်ရောင်းချနေ

       စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့ အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ ဆောင်ရွက်ရာတွင် ဒေသအလိုက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့်အစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိရာ (၂၃-၈-၂၀၂၂) ရက်နေ့မှစ၍ နေ့စဉ် (၂၈-၈-၂၀၂၂) ထိ ယာဉ်(၆)စီးဖြင့် မိတ္ထီလာခရိုင်အတွင်း   မိတ္ထိလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ၊ စျေးများတွင်လည်းကောင်း ၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ၊ စျေးများတွင်လည်းကောင်း တစ်ပိဿာလျှင် (၄၁၀၀ိ/-)နှုန်းဖြင့် ပီပါ (၆၀) ပီပါ၊ (၅၅၀၀ိ/-)နှုန်းဖြင့် (၁၄၄) ပီပါ ရောင်းချခဲ့ရာ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဘားအံမြို့ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁-၉-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကိုဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က  အဖွင့်အမှာစကားပြောကြားခဲ့ကာ ဒု-ကြီးကြပ်ရေးမှုး ဒေါ်သီတာဌေးက စားသုံးသူရေးရာဦးစီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူပြည်သူများ လိုက်နာရမည့် တာဝန်များနှင့် အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း နားလည်သဘောပေါက်နိုင်စေရန် မုန့်မျိုးစုံဖြင့် ဥပမာပေးပြသ၍ အသီးသီးရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမများ(၂၀) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၂၆၀)ဦး၊ စုစုပေါင်း (၂၈၀) ဦး တက်ရောက်ပြီး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

မုံရွာ၊ ဩဂုတ် ၃၁

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၂ခုနှစ် ဩဂုတ်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၃၀)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင် လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက် နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ နန္ဒဝန် ဝန်ထမ်းအိမ်ယာတွင် သက်သာသောဈေးနှုန်းများဖြင့် စားအုန်းဆီများရောင်းချနေ

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏၊ လမ်းညွှန်မှုဖြင့် (၃၁.၈.၂၀၂၂) ရက်နေ့တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းမျာနှင့် မုံရွာမြို့နယ် မြန်မာနိုင်ငံဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအသင်းက နန္ဒဝန် ဝန်ထမ်းအိမ်ယာတွင်နေထိုင်သော ဝန်ထမ်းများအားတစ်အိမ်ထောင် လျှင် တစ်ပိဿာစီ(၅၅၀၀)ကျပ်နှုန်းဖြင့် စားသုံးဆီများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေကြောင်း၊ ထိုသို့ ရောင်းချရာတွင် လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စနစ်တကျတန်းစီးစေခြင်း၊ တုံကင်နံပါတ်များဝေပေး၍ စောင့်ဆိုင်းစေခြင်း ပြုလုပ်ဆောင်ပေးပြီး သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်မှ ဒေသထွက်ကုန် လင်္ကာဒီပ ပဲမုန့်အကြောင်း

      ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက် သုံးပန်လှလမ်းတွင် နေထိုင်သော ဦးမျိုးဝင်းနှင့် ဒေါ်လှအုန်းတင်တို့မှ လင်္ကာဒီပ ပဲမုန့်လုပ်ငန်းကို မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် ယနေ့တိုင်လုပ်ကိုင်လျက်ရှိကြကြောင်း လေ့လာသိရှိရသည်။ ဦးမျိုးဝင်းနှင့် ဒေါ်လှအုန်း တင်တို့သည် ယခင်က လင်္ကာဒီပအမည်ဖြင့် လက်ဘက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိရာ မိသားစုများသဖြင့် လက်ဘက်ရည်ဆိုင်တစ်ခုတည်းဖြင့် စားဝတ်နေရေး လုံလောက်မှုမရှိ၍ ပဲမုန့် လုပ်ငန်းကို ၂၀၀၉ခုနှစ်မှစတင်လုပ်ကိုင်ခဲ့ရာ ၂၀၁၅ခုနှစ် နောက်ပိုင်း ကာလများတွင် လူသိများ လူကြိုက်များ ရောင်းအားကောင်းသော လုပ်ငန်းတခုအဖြစ် ရပ်တည်နိုင်လာခဲ့ပါသည်။

     ပဲမုန့်လုပ်ရန် ပါဝင်သောအဓိက ကုန်ကြမ်းပစ္စည်းများမှာ ကုလားပဲ၊ ဂျုံ၊ သကြား၊ ဆီတို့ဖြင့်ပြုလုပ်ပြီး လင်္ကာဒီပဆိုင်မှ တစ်နှစ်ပတ်လည် ရောင်းအားအပေါ် တွက်ချက်ပါက ပျမ်းမျှ တစ်နေ့လျင် ပဲမုန့်အလုံး (၆၀၀၀)ခန့် ရောင်းချရကြောင်း သိရှိရပါသည်။ လင်္ကာဒီပအမှတ်တံဆိပ် ပဲမုန့်သည် ကွမ်းခြံကုန်း မြို့နယ်အတွင်း သာမက ၎င်းမြို့နယ်နှင့်ဆက်စပ်လျှက်ရှိသော အခြား မြို့နယ်၊ တိုင်းဒေသကြီးများ အထိပါ လူကြိုက်များ ရောင်းအားကောင်းသော မုန့်အမျိုးအစား ဖြစ်ပါသည်။ ကွမ်းခြံကုန်းမြို့နယ်သို့ အလည်လာသည့် ဧည့်သည်များ အိမ်အပြန်လက်ဆောင်အဖြစ်လည်း ပဲမုန့်ကို ဝယ်ယူသွားကြသူ များရှိပါသည်၊ ယခုအခါ တွင် အဆိုပါလုပ်ငန်းကို ဝန်ထမ်း(၁၇)ဦးဖြင့် ပုံမှန်လည်ပတ်လျက်ရှိပါသည်၊ အဆိုပါလုပ်ငန်းသည် မိသားစုစားဝတ်နေရေး ပြေလည်သည့်အပြင် တခြားအလုပ်သမား ဝန်ထမ်းများကိုသာ ဝင်ငွေရရှိအောင် စွမ်းဆောင် နိုင်သော လုပ်ငန်းအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပြီး ဆယ်ခုပါတစ်ဘူးကိုငွေကျပ် ၂၀၀၀ဖြင့် ရောင်းချလျက်ရှိပါသည်၊ ထို့အပြင် လင်္ကာဒီပပဲမုန့် သည် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ဒေသထွက်ကုန်ပဲမုန့်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ