Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်တုန်းမြို့နယ်တွင် ဧည်မထဆန်များ ဈေးကောင်းရ

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၆.၂၀၂၂) နေ့ နံနက်ပိုင်း(၁၀၃၀) အချိန်တွင် ညောင်တုန်းမြို့နယ် (၄)ရပ်ကွက်ရှိ ရွှေပြည်စိုး ဆန်ပွဲရုံသို့ သွားရောက်၍ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ရွှေပြည်စိုး ဆန်ပွဲရုံ ပိုင်ရှင်မှ ညောင်တုန်းမြို့နယ် ဆန်ဈေး ကွက် အခြေအနေများ မိုးစပါး၊ ဆင်းသုခ၊ မနောသုခ၊ ဆန်တစ်အိပ်လျှင် ၃၅၀၀ဝိ/- ဖြင့် အရောင်း အဝယ်ဖြစ်နေပြီး သီးထပ်ရင် ဆန်တစ်အိပ်လျှင် ၃၂၀၀ဝိ/- ဆန်ကွဲ တစ်အိပ်လျှင် ၂၈၀၀ဝိ/- ဖြင့် အရောင်း အဝယ်တွင်ကျယ်လျက်ရှိကြောင်း သိရှိရပါသည်။

           မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ မြို့နယ် ဈေးကွက်မှ ရန်ကုန်ဈေးကွက် ထိုးဖောက်နိုင်ရေး အရည်အသွေးကောင်းသည့် ဆန်များ ပိုမိုထွက်ရှိနိုင်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကယားပြည်နယ်အတွင်းသို့ ကုန်စည်များ စီးဝင်/စီးထွက်မှု အခြေအနေ 

          ၂၀၂၂ ခုနှစ် ဇွန်လ ဒုတိယပတ်အတွင်း ကုန်စည်စီးဆင်းမှုမှာ ပုံမှန် ရောင်းဝယ်လည်ပတ်လျက် ရှိကြောင်းသိရပြီး အခြား  ဒေသများမှ ပြည်နယ်အတွင်းသို့ လယ်ယာထွက်ကုန် သီးနှံများ ဖြစ်သည့် ဆန်တင်သွင်းမှုများမှာ (၃၄၅) အိတ်၊ (၁၇.၂၅)တန် ဝင်ရောက်လာကြောင်း ၊ အခြား လူသုံးကုန်အမျိုးမျိုး၊ စားသောက်ကုန်အမျိုးမျိုး၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ လယ်ယာသုံး ကုန်ပစ္စည်းများ၊ ဝင်ရောက်မှု အခြေအနေမှာ ကုန်စုံကား (၂၆)စီး၊ အချိုရည် ကား(၇)စီး၊ ကြက်သွန်နီ (၇၆၀)အိတ်၊ ခရမ်းချဉ် သီး(၃၅)အိတ်၊ ကြက်ဥ (၁၅၀)ကဒ်၊ ဘီယာကား(၁)စီး၊ ဘိလပ်မြေကား (၆)စီး၊ (၃၄၀၀)အိတ်၊ မြေဩဇာကား(၄)စီး၊ မြေဆီ ကား(၃)စီး၊ ဆီဘောက်ဆာကား ( ၈ )စီး အသီးသီး ကုန်စည်စီးဝင်လျက်ရှိကြောင်း၊ ပြည် နယ်မှ အခြားမြို့/ ဒေသများသို့ တင်ပို့မှု ကွမ်းခြင်းကား(၁)စီး၊ သံတိုသံစကား (၁၁) စီး၊ ငှက်ပျောကား(၁၀)စီး၊ ကြက်စာ(၈၅၀)အိတ်၊ မြေဩဇာကား(၁)၊ကုန်စုံကား(၁) စီးထွက် ရှိပါကြောင်း ပူးပေါင်း စစ်ဆေးရေး ဂိတ်စာရင်းများအရ သိရှိရပါတယ်။

DOCA(ကယား)

မကွေးမြို့ရှိ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများ မြင့်တက်လျှက်ရှိ

           မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် သီးနှံများ စိုက်ပျိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် စျေးကွက်အတွင်း အ‌ရောင်းအဝယ်ဖြစ်နေသည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများ အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

        စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး လူသုံးများ‌သော ဓါတ်မြေသြဇာများမှ အာမို၊ MC ၊ တက်တိုးနှင့် ရွှေပုလဲတို့ဖြစ်ကြပြီး စျေးနှုန်းများမှာ ယခင်အပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင်(၉၆၅၀ဝိ/-) ကျပ်ရှိပြီး ယခုအပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင် (၉၈၀၀ဝိ/-)ကျပ်ဖြစ်၍ (၁၅၀ဝိ/-)ကျပ် စျေးတက်၊ MC (50kg) တစ်အိတ်လျှင် ယခင်အပတ် (၈၀၀၀ဝိ/-)ကျပ်ဖြစ်ပြီး ယခုအပတ် (၉၂၀၀ဝိ/-)ကျပ်ဖြစ်၍ (၁၂၀၀ဝိ/-)ကျပ်စျေးတက်ခဲ့ပြီး တက်တိုး (၁၅:၇:၈) တစ်အိတ်လျှင် ယခင်အပတ် (၇၈၀၀ဝိ/-)ကျပ်ဖြစ်ပြီး ယခုအပတ်(၇၈၀၀ဝိ/-) ကျပ်၊ ရွှေပုလဲ(မြင်းကျား) တစ်အိတ်လျှင် ယခင်အပတ် (၅၅၀၀ဝိ/-)ကျပ်ဖြစ်ပြီး ယခုအပတ် (၅၅၀၀ဝိ/-)ကျပ်ဖြင့် ယခင်စျေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်းနှင့် လူသုံးများသော ပိုးသတ်ဆေးများမှာ ဆိုင်ကလုံး၊ ကင်ရွန်နှင့် အီရာပရိုသရင်း တို့ဖြစ်ပြီး ပိုးသတ်ဆေးစျေးနှုန်းမှာ ဆိုင်ကလုံး(၅၅၀EC)တစ်ဗူးလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ကင်ရှန့် (၅၅၀-EC)တစ်ဗူးလျှင် (၁၉၀၀ဝိ/-)ကျပ်နှင့် အီရာပရိုသရင်း(၅၀-CC)တစ်ဗူးလျှင် (၁၆၅၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း စျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ‌ဒေသထွက်ကြက်သွန်များ စျေးကောင်းလျှက်ရှိ

         မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၇၂)စုတွင် ကျေးရွာပေါင်း(၃၀၅)ရွာ၌  ကြက်သွန်နီ တောင်သူများသည် ယခုလက်ရှိပေါက်စျေးအရ စျေးကောင်း ရရှိလျှက်ရှိကြောင်း သိရပါသည်။ တောင်တွင်းကြီး မြို့နယ်တွင် ယခုနှစ်အတွင်း ကြက်သွန်နီ စိုက်ဧက (၆၂၂)ဧက လျာထားလျှက်ရှိသော်လည်း ယခင်နှစ်က ကြက်သွန်နီစျေးနှုန်း ကျဆင်းကာ ကြက်သွန်စိုက် တောင်သူများ အရှုံးပေါ်ခဲ့သဖြင့် ယခုနှစ်တွင်(၆၀၀)ဧက ခန့်သာစိုက်ပြီးခဲ့၍ စိုက်ဧကအပြည့်အဝ စိုက်ပျိုးနိုင်ခဲ့ခြင်းမရှိကြောင်း သိရပါသည်။

         ယခင်နှစ်ကြက်သွန်နီ တစ်ပိဿာဈေးနှုန်းလျှင် (၂၅ဝိ/-)မှ (၂၇ဝိ/-)ကျပ်ဝန်းကျင်ရှိပြီး ယခုနှစ်တွင် ကြက်သွန်နီ တစ်ပိဿာစျေးနှုန်းမှာ (၉၀ဝိ/-)မှ (၁၁၀ဝိ/-)အထိ မြှင့်တက်လာ၍ တောင်သူများ တွက်ခြေကိုက် လျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ နှမ်းတို့၏ ဈေးနှုန်းဈေးကွက်အခြေအနေ

          မုံရွာကုန်စည်ဒိုင်တွင် ဇွန်လ ၂ ရက်နေ့မှ ၁၅ ရက်အတွင်း ပဲမျိုးစုံဈေးကွက်တွင် ပဲတီစိမ်း ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၅၀၀၀၊ ယခုတစ်ပတ် ၄၃၀၀၀၊ ကုလားပဲအနီ(၉၂၉) ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ်၄၅၆၀၀၊ ယခုတစ်ပတ် ကျပ် ၄၆၈၀၀၊ ကုလားပဲ(ထိုင်ဝမ်) ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၃၆၀၀၊ ယခုတစ်ပတ် ကျပ်၄၄၀၀၀၊ ကုလားပဲအဖြူ(v7,v3) ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၅၀၀၀၊ ယခုတစ်ပတ် ကျပ် ၅၅၀၀၀၊ မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၆၆၀၀၊ ယခုတစ်ပတ် ၄၉၀၀၀၊ ပဲပုတ်(ဗမာ) ၁၈ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၈၃၀၀၊ ယခုတစ်ပတ် ကျပ် ၅၀၀၀၀၊ ပုဂံပဲ ၂၀ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ်  ၅၉၃၀၀၊ ယခုတစ်ပတ် ကျပ် ၅၉၃၀၀၊ ထောပတ်ပဲ ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၇၃၀၀၊ ယခုတစ်ပတ် ကျပ် ၄၄၀၀၀၊ မြေထောက်ပဲ ၁၈ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၈၃၀၀၊ ယခုတစ်ပတ် ကျပ် ၅၅၀၀၀၊ မြေပဲလုံးဆံနီ  ၁ ပိဿာလျှင် ယခင်တစ်ပတ် ကျပ်  ၃၉၅၀၊ ယခုတစ်ပတ် ကျပ် ၄၃၀၀၊ မြေပဲလုံးဆံဖြူ ၁ ပိဿာလျှင် ယခင်တစ်ပတ် ကျပ် ၄၀၀၀၊ ယခုတစ်ပတ် ကျပ် ၄၃၅၀၊ ပဲစဉ်းငုံ(နီ) ၂၀ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ်  ၄၃၀၀၀၊ ယခုတစ်ပတ် ကျပ် ၄၃၅၀၀၊ ပဲနီလုံးကြား ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၅၉၀၀၀၊ ယခုတစ်ပတ် ကျပ် ၆၀၀၀၀၊ ပဲလွန်းပြာ ၁၈ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၃၁၆၀၀၊ ယခုတစ်ပတ် ကျပ် ၃၀၆၀၀၊ နှမ်းဖြူ ၁၅ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၅၁၀၀၀၊ ယခုတစ်ပတ် ကျပ် ၅၉၀၀၀၊ နှမ်းနီ ၁၅ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၅၂၀၀၀၊ ယခုတစ်ပတ် ကျပ် ၅၇၅၀၀၊ နှမ်းနက်(စမုန်) ၁၅ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၇၃၀၀၀၊ ယခုတစ်ပတ် ကျပ် ၇၀၀၀၀၊ ပန်းနှမ်း ၁၅ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၃၅၀၀၀၊ ယခုတစ်ပတ် ကျပ် ၃၃၃၀၀၊ မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ်  ၄၆၆၀၀၊ ယခုတစ်ပတ် ကျပ် ၄၉၀၀၀၊ ပဲယင်းဝါ (ကြီး)၂၀ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ်  ၄၉၃၀၀၊ ယခုတစ်ပတ် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့သည်။

         အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဇွန်လပထမအပတ်နှင့် ဒုတိယအပတ်တွင် ကုလားပဲအဖြူ (v7,v3) အိတ်လုံးရေ ၁၀၀၀ တန်အားဖြင့် (၅၀)တန်၊ ကုလားပဲအနီ အိတ်လုံးရေ ၁၅၀၀ တန်အားဖြင့် (၇၅)တန်၊ နှမ်းနီအိတ်လုံးရေ ၁၀၀၀ တန်အားဖြင့် (၅၀)တန်၊ နှမ်းနက်(စမုန်) အိတ်လုံးရေ ၅၀၀၀ တန်အားဖြင့် (၂၅၀)တန်၊ ပဲတီစိမ်း(အသစ်) အိတ်လုံးရေ ၂၅၀၀ တန်အားဖြင့် (၁၂၅)တန်၊ ပဲကြီးအိတ်လုံးရေ ၁၀၀၀ တန်အားဖြင့် (၅၀) တန်၊  ပဲစဉ်းငုံအိတ်လုံးရေ ၁၅၀၀ တန်အားဖြင့် (၇၅)တန်၊ မြေပဲအိတ်လုံးရေ ၅၀၀၀ တန်အားဖြင့် (၂၅၀)တန်  တို့ဖြစ်သည်။ မတ်ပဲနှင့်ပဲယင်းမှာ ယခင်လများတွင် အရောင်းအဝယ်ဖြစ်သော်လည်း ယခုလတွင် အရောင်းအဝယ်ဖြစ်မှု မရှိသလောက်နည်းနေကြောင်း ကုလားပဲအဖြူ(v7,v3) တို့ကို ရန်ကုန်ကုန်စည်ဒိုင်သို့တင်ပို့ရပြီး ထိုမှတစ်ဆင့် ပါကစ္စတန်နိုင်ငံအပါအဝင် အခြားပြည်ပနိုင်ငံများသို့ တင်ပို့ကြောင်းနှင့် ကုလားပဲအနီကို ပြည်တွင်းမှာပဲ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲကြီးကိုလည်း ပြည်တွင်းရှိ ပဲကြော်ဖိုများဖြစ်သည့် ချောက်မြို့၊ ကျောက်ပန်းတောင်းမြို့၊ ဆလင်းမြို့စသည့် မြို့ကြီးများသို့ တင်ပို့ကြောင်းသိရသည်။

       ပဲကြီးဈေးနှုန်းအနေဖြင့် ပဲကြီး ၂၀ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ်  ၆၅၀၀၀ ယခုတစ်ပတ် ကျပ် ၆၇၀၀၀ ဇွန်လပထမအပတ်နှင့် ဒုတိယအပတ်အတွင်းတွင် ကုလားပဲ၊ ပဲကြီး၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ မြေပဲ စသည့် ပဲမာများမှာ အရောင်းအဝယ်ဖြစ်ပြီး ဈေးကောင်းရနေကြောင်း မုံရွာကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

နေကြာစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက် အခြေအနေ

          ကယားပြည်နယ်၏ ရေမြေ၊ရာသီဥတုအခြေအနေအရ နေရာအများစုတွင် နေကြာ သီးနှံများစိုက်ပျိုးဖြစ်ထွန်းပါသည်။ နေကြာသီးနှံသည် အခြားဆီထွက်သီးနှံများ နှင့် နှိုင်း ယှဉ်လျှင် စိုက်ပျိုးရလွယ်ကူ၍ ကုန်ကျစရိတ်သက်သာသည့်အပြင် ဆီထွက်နှုန်း ပိုမိုရရှိ နိုင်သည့် သီးနှံတစ်မျိုးဖြစ်သဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်း နေကြာသီးနှံကို သီးသန့်၊ သီးထပ်၊သီးညှပ်အဖြစ်စိုက်ပျိုးလျက်ရှိရာ၂၀၂၀-၂၀၂၁ခုနှစ်တွင် နေကြာစိုက်ဧက(၃၀၃၃) ဧက၊ ရိတ်ဧက (၃၀၃၃)ဧက၊ အထွက်နှုန်း (၈၅၂၈၉)တင်းထွက်ရှိကြောင်း ၊ ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် နေကြာစိုက်ဧက (၁၈၀၀)ဧက၊ ရိတ်ဧက(၁၈၀၀)ဧက ၊အထွက်နှုန်း(၅၀၇၀၂) တင်းထွက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်နှိုင်းယှဉ်လျှင် နေကြာစိုက် ဧက (၁၂၃၃)ဧက ၊ ရိတ်ဧက (၁၂၃၃)၊ အထွက်နှုန်း ( ၃၄၅၈၇ ) တင်း လျော့နည်းလျှက်ရှိ ကြောင်း၊ လျော့နည်းရခြင်းမှာ စိုက်ပျိုးရာသီတွင် တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ခြင်း မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများအနေဖြင့် နေကြာသီးနှံသည် အကျိုး အမြတ်ရရှိနိုင်သည့် သီးနှံဖြစ်သလို ပြည်တွင်း စားသုံးမှုဆီဖူလုံရေးအတွက် နေကြာသီးနှံ များကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း၊ ယခုလက်ရှိ ဇွန်လ ဈေးကွက်အတွင်း ဖြစ်ပေါ်နေ သောနေကြာဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင် မေလတွင် နေကြာဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ဈေး သာရှိခဲ့ပြီ ယခင်မေလထက် တစ်ပိဿာလျှင်(၁၀၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ကယား)

ပျားရှာသူများ ဝင်ငွေရနေ

            ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် သစ်တောထွက် သယံဇာတ တစ်ခုဖြစ်သော သဘာဝပျားရည်စစ်စစ်ထွက်ရှိရာ မြို့တစ်မြို့ဖြစ်ပါသည်။ သဘာဝပျားရည်သည် စားသုံးရာတွင် အရသာရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် ကိုယ်အလေးချိန်လျှော့ချခြင်း၊ အမြင်အာရုံအားနည်းသူများအတွက် တိုးတက်ကောင်းမွန်စေခြင်း၊ အအေးမိချောင်းဆိုးရောဂါများကို သက်သာစေခြင်းနှင့် အစာကြေလွယ်၍အိပ်ပျော်စေခြင်းစသည့် ကျန်းမားရေးကောင်းကျိုးများကို ရရှိစေပါသည်။ သဘာဝပျားရည်သည် ကျိုင်းတုံမြို့ရှိ တောင်ပေါ်ငါးအုပ်စု (နမ့်ခတ်၊ နမ့်အင်း၊ မိုင်းအင်း၊ နောင်ကော၊ နားပေါ်)တွင် အဓိကထွက်ရှိပြီး တောင်သူများသည် လယ်ယာလုပ်ငန်းခွင် နားချိန်၌ ပျားရှာ၊ ပျားဖွတ်ခြင်းများ လုပ်ကိုင်ကြပါသည်။

          တောင်ပေါ်ငါးအုပ်စုဒေသ၌ မိုးရာသီနှင့် ဆောင်းရာသီတွင် လယ်ယာလုပ်ငန်းခွင် အလုပ်များပြားသော်လည်း ယခုကဲ့သို့ နွေဦးကာလ (၄)လပိုင်း ဧပြီလမှစ၍ (၆)လပိုင်း ဇွန်လအတွင်း ပျားရှာ၊ ပျားဖွတ်ကြသော လုပ်ငန်းဖြင့် ဝင်ငွေရရှိနေပါသည်။ လက်ရှိရောင်းချရာ၌ ပျားသလက်၊ ပျားရည်ဟူ၍ (၂)မျိုးရှိပြီး ပျားသလက် (၁)ပိဿာလျှင် ကျပ် (၈၀၀၀)မှ ကျပ် (၁၀၀၀၀)အတွင်း ရောင်းရပြီး လတ်လတ်ဆတ်ဆတ် စားသုံးလိုသူများအတွက် အဆင်ပြေ၍ အကြိုက်တွေ့ကြကြောင်း ကျိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက ပြောကြားပါသည်။

         ကျိုင်းတုံမြို့မဈေးကွက်၌ သဘာဝပျားရည် တစ်ပုလင်းလျှင် ကျပ် (၁၀၀၀၀)မှ ကျပ် (၁၂၀၀၀)ပေါက်ဈေး ရရှိပါသည်။ ဆေးဖက်ဝင်အဖြစ် ဝယ်ယူစားသုံးသူများပြားပြီး လူကြီးမိတ်ဆွေ၊ သူငယ်ချင်းများသို့ လက်ဆောင်အဖြစ် ရောင်းချနေရာ၌ ပျားရည်ဝယ်ယူသူများ များပြားလျက်ရှိကြောင်း ရောင်းချသူထံမှ သိရပါသည်။

 DOCA(ရှမ်း)

 

 

 

ကသာမြို့တွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးနှုန်း/ဈေးကွက်အခြေအနေ

          ယခုတစ်ပတ်အတွင်း ကသာမြို့တွင် ရောင်းချလျက်ရှိသော ကြက်သွန်ဖြူဈေးနှုန်းမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ကြက်သွန်ဖြူဝင်ရောက်မှုအနေဖြင့် မန္တလေး-မုံရွာဘက်မှ တစ်ပတ်လျှင် ပိဿာ(၂၀)ပါ အိတ်(၂၀၀)ခန့် ဝင်ရောက်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် လက်ကားတစ်ပိဿာလျှင် အကြီး(၃၅၀၀)ကျပ်၊ အလတ်(၃၀၀၀)ကျပ်နှင့် အသေး (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လက်လီတစ်ပိဿာဈေးနှုန်းအနေဖြင့် အကြီး(၄၀၀၀)ကျပ်၊ အလတ်(၃၅၀၀)ကျပ်နှင့် အသေး (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ကြက်သွန်နီဈေးနှုန်းအနေဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လာကာ ယခုတစ်ပတ်အတွင်း  လက်ကားတစ်ပိဿာလျှင် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ (၂၀၀၀၊ ၁၇၀၀၊ ၁၅၀၀)ကျပ်ခန့်ရှိပြီး လက်လီတစ်ပိဿာလျှင် အကြီး (၂၃၀၀) ကျပ်၊ အလတ်( ၂၀၀၀)နှင့်၊ အသေး (၁၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ကြက်သွန်နီဝင်ရောက်မှုမှာ ယခုတစ်ပတ်အတွင်း မန္တလေး-မုံရွာဘက်မှ ၃၅ပိဿာပါ အိတ် (၁၅၀) ခန့်နှင့် ခင်ဦး-ရေဦးဘက်မှာ ၃၅ ပိဿာပါအိတ်(၁၀၀)ခန့်ဝင်ရောက်ကြောင်း ကြက်သွန်နီရောင်းချသူ ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကလေးဝမြို့နယ်၏ စားသုံးဆီစျေးကွက်အခြေအနေ

              ကလေးဝမြို့နယ်တွင် ဆီထွက်သီးနှံများအနေဖြင့် ဒေသတွင်းထွက်ရှိသည့်မြေပဲနှင့် နေကြာ တို့ကိုသာကြိတ်ခွဲနေရပြီး မြေပဲဆံနှင့်နေကြာဆံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  သီးနှံများ ပေါ်စအချိန်ကပင် မြေပဲဆံ ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၄၃၀၀၀ - ၄၅၀၀၀ )ကျပ်၊ နေကြာဆံ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၀၀၀၀ မှ ၂၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိခဲ့ပြီး ယခုလက်ရှိတွင် မြေပဲဆံ ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၅၄၀၀၀ - ၅၆၀၀၀ ) ကျပ်၊ နေကြာဆံ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၄၀၀၀ မှ ၂၅၀၀၀ ) ကျပ် ခန့်ရှိပြီး ဆီထွက်သီးနှံများ အမြင့်ဈေးသို့ ရောက်ရှိကာ ရောင်းဝယ်မှုများရှိကြောင်း သိရှိရပါသည်။

             စားသုံးဆီဈေးကွက်အနေဖြင့် ​မြေပဲဆီ ( ၁၀ ) ပိဿာဝင် တစ်ပုံးလျှင် ( ၉၅၀၀၀ - ၉၇၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁၀ ) ပိဿာဝင် တစ်ပုံးလျှင် ( ၇၈၀၀၀ - ၈၀၀၀၀ ) ကျပ်ဖြင့် ရောင်းချနေပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းသာ ရောင်းချလျက်ရှိပါကြောင်း ဆီကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလာသည့် ဘရာဇီးငှက်ပျော

             ကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ အမှတ် ( ၁ ) ရပ်ကွက်ရှိ ဦးအောင်သန်းဦးနေအိမ်အတွင်း လစ်လပ်နေသော မြေနေရာများတွင် တစ်ပိုင်တစ်နိုင်စိုက်ခင်းအဖြစ် ဘရာဇီးငှက်ပျောပင်များ စိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ယခင်နှစ်များက ငှက်ပျောပင်ပေါက်များကို မန္တလေးမှ မှာယူရပြီး တစ်ပင်လျှင် ( ၁၀၀၀ ) ကျပ်ပေးရပါကြောင်း၊ စိုက်ပျိုးရာတွင် ( ၁ ) ပေပတ်လည်ကျင်းတူး၍  ( ၇ ) ပေ ပတ်လည်ကြား စိုက်ပျိုးရပါကြောင်း၊ ပထမဦးစွာ မြေအောင်းပိုးသတ်ဆေး၊ အမြစ်ပွား ဆေးရည်များထည့်ပြီးနောက် ကြက်ချေး ( ၁ ) ဆနှင့် ဖွဲပြာ ( ၂ ) ဆ ရောမွေပြီး ကျင်းထဲသို့ နှပ်ထားပြီး ရေလောင်းပြီး ( ၂ ) ရက်ကြာမှ ငှက်ပျောပင်ပေါက်များ စတင်စိုက်ပျိုးပါသည်။  ဘရာဇီးငှက်ပျောပင်သည် ရေကြိုက်သော်လည်း ရေဝပ်ခြင်းကို မကြိုက်နှစ်သက်၍ စိုက်ပျိုးခါစမှာ အပင်များ ပုပ်မသွားစေရန် အထူးဂရုစိုက်ပြီး စိုက်ပျိုးရပါတယ်။ ရာသီဥတုပူလျှင် ( ၁ ) လတစ်ကြိမ် ရေသွင်းစိုက်ပျိုးရပါတယ်။ နေရောင်ခြည်ကို ကြိုက်နှစ်သက်သော အပင်တစ်မျိုးဖြစ်ပါတယ်။ ခြံဝန်းအတွင်း တစ်ဖက်တစ်လှမ်းမှ မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိသားစုလုပ်အားဖြင့် စိုက်ပျိုးပြီး မိမိအိမ်ခြံဝန်းအတွင်း ကြက်များမွေးမြူထားသည့်အတွက် မိမိကြက်ခြံမှထွက်ရှိသည့် ကြက်ခြေးများကို လစဉ် အပင်များ ရှင်သန်ကြီးထွားရေးအတွက် သဘာဝမြေသြဇာသာအသုံးပြု၍ စိုက်ပျိုးပါတယ်။ အခြားစိုက်ပျိုးသည့် ငှက်ပျောစိုက်ခင်းများထက် ဓါတုဆေးဝါးများ၊ မြေသြဇာများ ဝယ်ယူအသုံးပြုခြင်း မရှိသည့်အတွက် ကုန်ကျစရိတ်များ သက်သာပါတယ်။

               စတင်စိုက်ပျိုးသည်မှ ( ၈ ) လခန့်တွင် အသီးစတင်သီးပြီး ( ၃ ) ပတ်ခန့်အကြာတွင် ချက်ခြွေပေးခြင်းအားဖြင့် အလုံးအရွယ်အစားနှင့် အဖီးလှရန်အတွက် တစ်ခိုင်လျှင် ငှက်ပျောဖီး ( ၁၀ ) ဖီးသာ ထားရှိပြီး ငှက်ပျောဖူးထိပ်မှ ခုတ်ချခြင်းအားဖြင့် အလုံးအရွယ်အစားလှပြီး၊ အရင်းအဖီးတွင် အလုံးရေ ( ၃၅ ) လုံးခန့်နှင့် အဖျားအဖီးတွင် ( ၁၆ ) လုံးခန့် တင်သောကြောင့် ငှက်ပျောပင်သည် စတင်သီးသည့် အချိန်တွင် အသီးတင်သည့် ငှက်ပျောင်အား ဒေါက်ထောက်ပေး ရပါတယ်။ အသီးသီးသည့် အပင်ဘေးတွင် ငှက်ပျောပင်သားတက်ပွားများလျှင် ငှက်ပျောသီးအလုံး အရွယ်အစား ကြီးထွားမှုကို လျော့ကျစေသည့်အတွက် သားတက်ပွားများကို တူးပစ်ရပါတယ်။ သားတက်ငှက်ပျောပင်များကို ဝယ်ယူသူများရှိပါက တစ်ပင်လျှင် ( ၁၀၀၀ ) ကျပ်ဖြင့် ပြန်လည် ရောင်းချပေးပါတယ်။

               ငှက်ပျောသီးရောင်းချရာတွင် တစ်ခိုင်လုံးအပြတ်သာရောင်းချပြီး တစ်လုံးလျှင် ( ၆၀ ) ကျပ်ဖြင့် ( ဗြွန်း ) ရောင်းချပါတယ်။ မိမိကဲ့သို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုသူများရှိပါက ငှက်ပျောပင်ပေါက်များရောင်းချပေးနေပြီး၊ စိုက်ပျိုးပုံအဆင့်ဆင့်အား အခကြေးငွေရယူခြင်းမပြုဘဲ မိမိ စိုက်ပျိုးသည် စိုက်ပျိုးနည်းပညာများကိုလည်း ဖြန့်ဝေပေးပြီး ဓာတုဆေးများ အသုံးပြုမှုနည်းပြီး ကုန်ကျစရိတ်သက်သာသည့် သဘာဝစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးသင့်ပါကြောင်း ငှက်ပျောစိုက်ပျိုးသူ  ဦးအောင်သန်းဦး၏ပြောကြားချက်အား ပြန်လည်မျှဝေရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း