Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇန်နဝါရီလအတွင်း ဇီးကုန်းမြို့နယ်တွင်ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းအခြေအနေ

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ဇန်နဝါရီလအတွင်း မတ်ပဲအရောင်းအဝယ်အေးလျက်ရှိပါသည်။

  ယခင်ဒီဇင်ဘာလ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၉၂၀၀၀-၉၃၀၀၀)ကျပ်ရှိခဲ့ပြီး စတုတ္တအပတ်တွင် တစ်တင်းလျှင် (၉၃၀၀၀-၉၃၅၀၀) ကျပ်ဈေးနှုန်းဖြစ်ခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ  ပထမပတ်တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၉၈၀၀၀ - ၉၈၅၀၀) ကျပ်အထိဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ယခု ဇန်နဝါရီလ တတိယပတ်တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၉၆၅၀၀-၉၆၀၀၀)ကျပ်ရှိသဖြင့် ဈေးနှုန်းပြန်လည်ကျဆင်းသွားကြောင်းသိရပါသည်။

      ရောင်းချမှုအနေဖြင့် ပဲအသစ်များမထွက်ရှိသေးသည့်အတွက် မတ်ပဲပွဲရုံများတွင် ဈေးနှုန်းဖွင့်ထားသော်လည်း အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဝါးအသုံးပြု စိုက်ပျိုးရေးလုပ်ငန်သုံး ပဲသယ်ခြင်းများ ရောင်းအားကောင်း

     နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဇီးကုန်းမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်သည် (၂၄-၁-၂၀၂၄) ရက်နေ့တွင် ဇီးကုန်းမြို့နယ်၊ ကံကလေးအုပ်စု၊ တောမြိုင်စွန်းကျေးရွာမှ ပဲသယ်ခြင်းများ ယက်လုပ်ရောင်းချနေသူ ဦးစိန်မြင့်ထံ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ပဲသယ်ခြင်းရက်လုပ်ရန်အတွက် ကျသောင်းဝါးကိုအသုံးပြုကြပြီး ခြင်းတစ်လုံးရရှိရန်အတွက် ဝါးတစ်လုံးကိုသာအသုံးပြုရပါသည်။ ကျသောင်းဝါးတစ်လုံးကို သယ်ယူစရိတ်အပါအဝင် (၃၅၀၀)ကျပ်ပေးရကြောင်း၊ ယက်လုပ်ပြီးသော ပဲသယ်ခြင်းတစ်လုံးကို လက်လီ (၆၀၀၀) ကျပ်နှင့် လက်ကားဖောက်သည်ဈေး (၄၅၀၀-၅၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်းသိရပါသည်။ ပဲသယ်ခြင်းများကို လေးထောင့်ကွက်နှင့် အဝိုင်းကွက် စသည်ဖြင့် ၂မျိုးရက်လုပ်၍ သုံးစွဲသူအကြိုက်   ခိုင်မာစွာရက်လုပ်ရောင်းချလျက်ရှိပါသည်။ ခြင်းတစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အမြတ်အစွန်းရရှိ၍ တစ်ရက်လျှင် လူတစ်ဦးအနေဖြင့်  ခြင်း(၁၀)လုံးရက်လုပ်ပြီးစီးကြောင်းသိရပြီး ပဲသယ်ခြင်း (ခ) ဒေသကြက်အုပ်ခြင်းကို ရက်လုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများရရှိပြီး ယခုပဲရိတ်သိမ်းကာလများ၌ ပဲသယ်ခြင်းများ ရောင်းအားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

စီးပွားရေးတိုးတက်ကောင်းမွန်သည့် ရော်ဘာကဏ္ဍ

    မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးပြည်နယ် ဖြစ်ပြီး တစ်နိုင်ငံလုံးစိုက်ပျိုးမှု၏ (၄၀%)ဖြစ်သည်။ ထွက်ရှိမှုမှာ တစ်နိုင်ငံလုံး၏(၈၀%)ရှိသည်။

     နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၃)ရပ်မှာ (၁)တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေး နှင့်‌မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး။ (၂)တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးနှင့် (၃)ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင် ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးတို့ဖြစ်ပါသည်။ အဆိုပါ စီးပွားရေးဦးတည်ချက် (၃)ရပ်နှင့် အညီ ရော်ဘာလုပ်ငန်းသည် နိုင်ငံတော်အတွက် စက်မှုကုန်ကြမ်းများ တိုးတက်ရရှိခြင်း၊ အသေးစား စီးပွားရေးနှင့် MSME စီးပွားရေးလုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းရရှိစေသည့် အတွက် နိုင်ငံတော်က အလေးထားနေရသော လုပ်ငန်းတစ်ခုဖြစ်သည်။

     ရော်ဘာစိုက်ပျိုးသူများမှာ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ စိုက်ပျိုးထောက်ခံသော မျိုးများကို စိုက်ပျိုးလျက်ရှိပြီး မျိုးသစ်များဖြစ်သော RRIM 2000 Series (Cones) များကို လည်း တိုးချဲ့စိုက်ပျိုးလာကြောင်း တွေ့ရှိရပါသည်။ သုတေသနတွေ့ရှိချက်များအရ ၎င်းစိုက်ခင်းများမှ လက်တွေ့သိရှိရသော ထွက်ရှိမှု၊ ကြီးထွားမှု၊ ရောဂါဒဏ်ခံနိုင်မှုစသည့် အချက်အလက်များနှင့် မွန်ပြည်နယ်နှင့် ရေမြေသဘာဝရာသီဥတုနှင့်ကိုက်ညီသော မျိုးစိတ်များကိုသာစိုက်ပျိုးသည်။

     မွန်ပြည်နယ်တွင် ထုတ်လုပ်ရောင်းဝယ်နေသော ရော်ဘာအမျိုးအစားများမှာ RSS (Ribbed smoke sheets )နှင့် TSR (Technically Specified Rubber) များဖြစ်ကြသည်။  မှိုင်းခံရော်ဘာအတန်း အစား(၅)မျိုးရှိရာ RSS 1, RSS 2, RSS 3, RSS 4, RSS 5 ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ မွန်ပြည်နယ်ရှိ ရော်ဘာခြံအများစုမှာ မှိုင်းခံရုံမရှိ၍ ရော်ဘာကို နေလှမ်းအစိမ်းပြားအနေဖြင့်သာ ရောင်းချမှုများပြားသည်။ မှိုင်းခံရုံရှိသောခြံအနည်းအကျဉ်းသာ         ရော်ဘာကိုမှိုင်းခံ၍        မှိုင်းခံရော်ဘာအဖြစ်ရောင်းချသည်။   ပြည်နယ်တွင်း သုံးစွဲမှုအနေဖြင့် တာယာစက်ရုံ၊  ခရမ့်ရာဘာစက်ရုံ၊  သရေကွင်း၊  ပူဖောင်း၊    ဘောလုံး၊ ဖိနပ်    လုပ်ငန်းများမှ     တန်ချိန်(၁၂၀၀၀)ခန့် သုံးစွဲပါသည်။ စီးဆင်းမှုအနေဖြင့် ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသောရော်ဘာများကို ပုဂ္ဂလိကဝယ်လက်များမှတစ်ဆင့် ရော်ဘာအဝယ်ဒိုင်၊ ကုမ္ပဏီများတွင် စုစည်းကာ ရန်ကုန်နှင့်မန္တလေးရှိ ကုမ္ပဏီကြီးများသို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပသို့ တင်ပို့ပါသည်။

                   ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ရာဘာ စိုက် အောင် ထွက်၊ သုံးစွဲ၊ ပိုလျှံမှု

ရေတွက်ပုံ-ပေါင်/တန်

စဉ်

မြို့နယ်

စိုက်ဧက

အစေးလှီးဧက

အထွက်နှုန်း

အထွက်ပေါင်း

(‌ပေါင်)

အထွက်ပေါင်း

(‌ပေါင်)

မှတ်ချက်

ကျိုက်ထို

၃၇၂၅၁

၁၄၇၀၃

၃၀၃.၄၀

၄၄၆၀၈၉၁

၂၀၂၃

 

 

ဘီးလင်း

၂၄၆၄၂

၁၈၃၆၃

၃၀၂.၂၀

၅၅၄၉၂၉၇

၂၅၁၇

 

 

သထုံ

၄၇၇၁၉

၂၄၈၂၀

၂၈၇.၃၀

၇၁၃၀၇၈၆

၃၂၃၄

 

 

ပေါင်

၁၉၉၄၃

၁၁၂၇၂

၁၉၃.၂၄

၂၁၇၈၁၉၇

၉၈၈

 

 

သထုံခရိုင်

၁၂၉၅၅၅

၆၉၁၅၈

၂၇၉.၃၅

၁၉၃၁၉၁၇၁

၈၇၆၃

 

 

မော်လမြိုင်

၂၂၂၅

၁၆၉၈

၃၁၇.၅၀

၅၃၉၁၁၅

၂၄၅

 

 

ချောင်းဆုံ

၅၉၂၆

၅၁၉၀

၂၄၄.၀၀

၁၂၆၆၃၆၀

၅၇၄

 

 

ကျိုက်မရော

၈၆၆၁၇

၄၈၃၂၅

၂၅၈.၉၂

၁၂၅၁၂၃၀၉

၅၆၇၆

 

 

မုဒုံ

၅၉၉၇၆

၄၀၅၄၃

၁၉၉.၈၂

၈၁၀၁၂၅၀

၃၆၇၅

 

 

သံဖြူဇရပ်

၆၈၈၂၃

၅၀၈၇၅

၃၈၇.၆၃

၁၉၇၂၀၆၀၆

၈၉၄၅

 

 

၁၀

ရေး

၁၅၁၈၆၆

၁၁၅၂၉၅

၇၉၁.၈၅

၅၄၆၈၇၃၀၆

၂၄၈၀၆

 

 

မော်လမြိုင်ခရိုင်

၃၇၅၄၃၃

၂၆၁၉၂၆

၃၆၉.၆၇

၉၆၈၂၆၉၄၆

၄၃၉၂၀

 

 

ပြည်နယ်ချုပ်

၅၀၄၉၈၈

၃၃၁၀၈၄

၃၅၀.၈၁

၁၁၆၁၄၆၁၁၇

၅၂၆၈၃

 

 

        မွန်ပြည်နယ်အတွင်းရှိ  ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေ သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရော်ဘောဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS 3 တစ်ပေါင်လျှင် (၁၀၈၀)ကျပ် ဈေးနှုန်းရှိပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာလတွင် ရော်ဘာဈေးနှုန်းမှာ  RSS 3 တစ်ပေါင်လျှင် (၁၆၂၀)ကျပ်ထိ ဈေးနှုန်းမြှင့်တက်လာခဲ့သည်။ မော်လမြိုင်မှ ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ယူနှုန်းမှာ(50kg)ပါတစ်ထုပ်လျှင် (၁၅၀၀)ကျပ်၊ ရော်ဘာတစ်တန်လျှင် (၃၀၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ မော်လမြိုင်မှမန္တလေးမြို့(50kg)ပါတစ်ထုပ်လျှင်(၂၅၀၀)ကျပ်၊ ရော်ဘာတစ်တန် လျှင် (၅၀၀၀၀)ကျပ်လည်းကောင်း သယ်ယူပို့ဆောင်ခဖြစ်၍ သယ်ယူပို့ဆောင်ခ မှာဒေသအလိုက် အနည်းအများကွာခြားမှုရှိသည်။

၂၀၂၃ ခုနှစ်အတွင်း  မွန်ပြည်နယ် ရော်ဘာ ဈေးနှုန်းအခြေအနေ

စဉ်

လအမည်

RSS 3 ဈေးနှုန်း (ငွေကျပ်)

မှတ်ချက်

ဇန်နဝါရီလ

၁၂၄၀ ကျပ်

အပတ်စဉ်ဈေးနှုန်း ပြောင်းလဲ

ဖေဖော်ဝါရီလ

၁၃၂၅ ကျပ်

သည်။

မတ်လ

၁၃၃၀ ကျပ်

 

ဧပြီလ

၁၃၄၀ ကျပ်

 

မေလ

၁၃၇၀ ကျပ်

 

ဇွန်လ

၁၅၁၀ ကျပ်

 

ဇူလိုင်လ

၁၅၃၀ ကျပ်

 

ဩဂုတ်လ

၁၇၀၀ ကျပ်

 

စက်တင်ဘာလ

၁၆၀၀ ကျပ်

 

၁၀

အောက်တိုဘာလ

၁၇၅၀ ကျပ်

 

၁၁

နိုဝင်ဘာလ

၁၆၅၀ ကျပ်

 

၁၂

ဒီဇင်ဘာလ

၁၆၂၀ ကျပ်

 

 

 

ပြည်နယ်အတွင်းအရောင်းအဝယ်ဖြစ်သည့် ရော်ဘာထွက်ကုန်ပစ္စည်းအမျိုးအစားအများ စုမှာ TSR, Crump Rubber များအား ပြုပြင်ထုပ်လုပ်၍ ပြည်ပသို့တင်ပို့ခြင်းဆောင်ရွက်ပြီး RSS 3 အား ပြည်တွင်းရောင်းဝယ်မှုနှင့် ပြည်ပတင်ပို့မှုပုံစံဖြင့်လည်းကောင်း၊ အထူပြားများ၊ ခွက်ကပ်၊ ဆွဲဖတ် များကိုလုပ်သားစရိတ်လျှော့ချနိုင်ရေးအတွက် TSR စက်ရုံများသို့ပေးပို့ ရောင်းဝယ်မှုများရှိသည်။ ပြည်တွင်း၌     ရော်ဘာကုန်ကြမ်းအသုံးပြုပြီး    ထုတ်လုပ်သည့်   အဆင့်မြင့်   စက်ရုံများ

နည်းပါးခြင်းကြောင့် ပြည်တွင်း၌ ရော်ဘာထုတ်ကုန် အနည်းငယ်သာရှိပြီး နှစ်စဉ်ထုတ်လုပ်မှု ၏ (၉၀%)သည်ပိုလျှံနေမှုများရှိနေသည်။ ပိုလျှံထုတ်ကုန်များကို ပုံမှန်အားဖြင့် တရုတ်ဈေးကွက် တစ်ခုထဲကိုသာ မှီခိုနေရသောကြောင့် ဈေးကွက်ရွေးချယ် ဝယ်ယူနိုင်မှုနည်းပါးခြင်း၊ ဈေးနှိမ်ခံရ ခြင်းနှင့်ဈေးကွက်အာမခံမှုမရှိခြင်းတို့တွေ့ရှိရသည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၊ ရာဘာ စိုက် အောင် ထွက်၊ သုံးစွဲ၊ ပိုလျှံမှု

ရေတွက်ပုံ-ပေါင်/တန်

 

 

   

စဉ်

မြို့နယ်

စိုက်ဧက

အစေးလှီးဧက

အထွက်နှုန်း

အထွက်ပေါင်း

အထွက်ပေါင်း

မှတ်ချက်

(ပေါင်)

(တန်)

ကျိုက်ထို

၃၇၂၅၁

၂၂၇၀၈

၂၇၁.၉၅

၆၁၇၅၅၄၂

၂၈၀၁

 

ဘီးလင်း

၂၄၆၄၂

၁၈၃၆၃

၃၅၀.၂၂

၆၄၃၁၀၉၀

၂၉၁၇

 

သထုံ

၄၇၇၁၉

၂၄၈၂၀

၂၉၅.၇၅

၇၃၄၀၅၁၅

၃၃၃၀

 

ပေါင်

၁၉၉၄၃

၁၁၂၇၂

၁၈၇.၇၅

၂၁၁၆၃၁၈

၉၆၀

 

သထုံခရိုင်

၁၂၉၅၅၅

၇၇၁၆၃

၂၈၅.၉၃

၂၂၀၆၃၄၆၅

၁၀၀၀၈

 

မော်လမြိုင်

၂၁၉၅

၁၆၉၈

၄၁၈.၅၅

၇၁၀၆၉၈

၃၂၂

 

ချောင်းဆုံ

၅၉၂၆

၅၁၉၀

၂၄၆.၀၀

၁၂၇၆၇၄၀

၅၇၉

 

ကျိုက်မရော

၈၈၁၂၁

၅၇၆၃၀

၂၆၀.၃၉

၁၅၀၀၆၀၁၀

၆၈၀၇

 

မုဒုံ

၅၉၉၆၉

၄၄၂၀၉

၁၉၉.၉၆

၈၈၄၀၂၅၀

၄၀၁၀

 

သံဖြူဇရပ်

၆၈၈၁၄

၅၀၈၇၅

၃၆၈.၃၇

၁၈၇၄၀၉၀၀

၈၅၀၁

 

၁၀

ရေး

၁၅၁၈၆၄

၁၁၅၂၉၅

၄၇၄.၈၀

၅၄၇၄၂၅၅၆

၂၄၈၃၁

 

မော်လမြိုင်ခရိုင်

၃၇၆၈၈၉

၂၇၄၈၉၇

၂၇၉.၂၉

၉၉၃၁၇၁၅၄

၄၅၀၅၀

 

ပြည်နယ်ချုပ်

၅၀၆၄၄၄

၃၅၂၀၆၀

၃၄၄.၇၇

၁၂၁၃၈၀၆၁၉

၅၅၀၅၈

 

  မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ငါးသိန်းကျော်ရှိပြီး တစ်နိုင်ငံလုံးစိုက်ဧက၏ ၃၅ ရာခိုင်နှုန်းခန့်ရှိသည်။ မွန်ပြည်နယ်တွင် မှိုင်းခံရော်ဘာအစုအဖွဲ့ကိုလည်းဖွဲ့စည်းထားရှိပြီးဖြစ်ရာ SME ချေးငွေကျပ်သိန်းတစ်သောင်းခွဲဖြင့် မှိုင်းခံစက်ရုံ ၁၅ရုံတည်ဆောက် လည်ပတ်လျက်ရှိသည်။ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကြိုတင်စီစဉ်မှု (Business Plan ) ကိုလည်း ရေးဆွဲခြင်းများ ပြုလုပ်လျက်ရှိနေပြီဖြစ်သည်။  

မွန်ပြည်နယ်၊ မြို့နယ်အလိုက် ၂၀၂၄ခုနှစ် ဇန်နဝါရီလဆန်းတွင် ဖြစ်ပေါ်နေသော ရော်ဘာဈေးနှုန်း

စဉ်

မြို့နယ်အမည်

RSS 1

RSS 2

RSS 3

RSS 5

မော်လမြိုင်

-

-

1610 Ks

-

ကျိုက်မရော

-

-

1600 Ks

-

ချောင်းဆုံ

-

-

1560 Ks

1270 Ks

မုဒုံ

-

-

1650 Ks

-

သံဖြူဇရပ်

-

-

1630 Ks

1530 Ks

ရေး

-

-

1360 Ks

1250 Ks

ပေါင်

-

-

1630 Ks

-

သထုံ

-

-

1580 Ks

1480 Ks

ဘီးလင်း

-

-

1610 Ks

1510 Ks

၁၀

ကျိုက်ထို

-

-

1620 Ks

1500 Ks

 

မွန်ပြည်နယ်ရှိ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း  ရော်ဘာ ဈေးနှုန်းအခြေအနေ

စဉ်

လအမည်

RSS 3 ဈေးနှုန်း (ငွေကျပ်)

မှတ်ချက်

ဇန်နဝါရီလ

၁၆၁၀ ကျပ်

အပတ်စဉ်ဈေးနှုန်းပြောင်းလဲမှုရှိသည်။

         

    ယခင်နှစ်၂၀၂၃ခုနှစ် ဇန်နဝါရီ (၁၂၄၀)ကျပ်၊ ယခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၆၁၀) ကျပ် ကွာခြားမှု (၄၃၀)ကျပ်  ဈေးနှုန်းတက်လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်သည် ရော်ဘာ ကဏ္ဍဖြင့် ဒေသစီးပွားရေးဖွံဖြိုး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မွန်)

                                                                                                         

 

 

 

 

နတ်တလင်းမြိုနယ်ဈေးကွက်အတွင်းသို့ ရွှေတောင်ခရမ်းချဉ်သီးများဝင်ရောက်

    နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ခရမ်းချဉ်သီးစိုက်ပျိုးမှုနည်းခြင်းကြောင့် ခရမ်းချဉ်သီးအများအပြားစိုက်ပျိုးရာ ဒေသများမှ တင်သွင်းမှုများပြုလုပ်ရပါသည်။ ယခုအခါ  ရွှေတောင်ဒေသမှထွက်ရှိသော ခရမ်းချဉ်သီးများ နတ်တလင်းမြို့နယ်၊ ဈေးကွက်အတွင်း ဒီဇင်ဘာလမှစတင်ဝင်ရောက်လျက်ရှိရာ ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်တွင် (၂၆ပိဿာ/ ၂၈ပိဿာ)ဝင် ဝါးပုတ်ခြင်းဖြင့် တစ်ရက်လျှင် (၁၀) ခြင်းခန့်၊ ပိဿာချိန်အားဖြင် ( ၂၆၀ )ခန့်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ရွှေတောင်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ရွှေတောင်ခရမ်းချဉ် (ကိုင်း)သီးတစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ ဒေသထွက်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၃၀၀) ကျပ်ဖြင့်ရောင်းချနေကာ ယခုဆောင်းရာသီ၌ စားသုံးသူများအနေဖြင့် ခရမ်းချဉ်သီးကို ပိုမိုဝယ်ယူစားသုံးခြင်းကြောင့် ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

မင်းလှမြို့၏ ကြက်သွန်နီဈေးကွက်အခြေအနေ

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ဈေးကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းအခြေအနေများမှာ ဒီဇင်ဘာလ တတိယပတ်တွင် အသေးတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ အကြီးတစ်ပိဿာလျှင် (၄၅၀၀) ကျပ်အထိရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ကြက်သွန်နီအသစ်များထွက်ပေါ်လာပြီဖြစ်သဖြင့် အကြီးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ အလတ်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ အသေးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်ရှိခဲ့ပါသည်။ ကြက်သွန်နီအဟောင်းအကြီးတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ အလတ်တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ရှိနေခဲ့ပါသည်။ ကြက်သွန်နီတစ်အိတ်လျှင် (၂၅) ပိဿာ (သို့မဟုတ်) (၃၀) ပိဿာပါရှိသော အိတ်များဖြင့် ဘုရင့်နောင်ပွဲရုံမှ မင်းလှမြို့ဈေးကွက်အတွင်းရှိ ကုန်မျိုးစုံဈေးဆိုင်များသို့ ကုန်ချိန် (၄၀၀၀)ပိဿာမှ (၇၀၀၀) ပိဿာခန့်အတွင်း ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်၏ ပဲမျိုးစုံဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ မတ်ပဲဈေးကွက်အခြေအနေမှာ  ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္တပတ်တို့တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၉၅၀၀၀) ကျပ် ဖြစ်ခဲ့သော်လည်း ဇန်နဝါရီလ တတိယပတ်နှင့် စတုတ္ထပတ်တို့တွင် (၉၇၇၀၀) ကျပ်ရှိခဲ့၍ (၂၇၀၀)ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုဇန်နဝါရီ စတုတ္ထပတ်တွင် ပဲပုတ် (၂၀)ပိဿာဝင် တစ်တင်းလျှင် (၅၃၆၀၀) ကျပ်၊ ပဲရင်း(၂၀) ပိဿာဝင်တစ်တင်းလျှင် (၆၃၆၀၀) ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူလျက်ရှိကြောင်း၊  မင်းလှမြို့မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တစ်ရက်ခြားလျှင် ကားနှစ်စီးမှ သုံးစီးခန့်အထိတင်ပို့ရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၏ ဆောင်းသီးနှံပဲမျိုးစုံစိုက်ပျိုးပြီးစီးမှု

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင် ဆောင်းသီးနှံများစိုက်ပျိုးမှုအခြေအနေအနေဖြင့် မတ်ပဲလျာထားဧက (၄၅၃၈၃၇)ဧက၊ ပဲတီစိမ်း (၆၈၄၂၅)ဧက၊ ပဲလွမ်းလျာထားဧက (၆၈၅၆)ဧက၊ ဘိုကိတ်လျာထားဧက (၂၈၂၆)ဧက၊ ပဲပုတ်လျာထားဧက (၂၀၆၀၈) ဧက၊ ကုလားပဲလျာထားဧက (၁၁၈၈၄) ဧက၊ ပဲကြီးလျာထားဧက (၂၇၁၆)ဧက၊ ပဲယဉ်းလျာထား ဧက (၃၉၃၃)ဧက၊ ထောပတ်ပဲလျာထားဧက (၃၁၆၆)ဧက၊ စားတော်ပဲ၊ စွန်တာနီ၊ ပဲနှောက်၊ ပဲဖြူလေးနှင့် အခြားပဲများကိုလည်း လျာထားလျက်ရှိပြီး စုစုပေါင်းလျာထားဧက (၅၇၉၄၆၅) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။ ဇန်နဝါရီလဆန်းတွင် ဆောင်းသီးနှံပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲစိုက်ဧက (၄၄၇၁၂၀)ဧက၊ ပဲတီစိမ်းစိုက်ဧက (၆၈၅၂၈)ဧက၊ ပဲလွမ်းစိုက်ဧက (၁၀၂၃၅)ဧက၊ ဘိုကိတ်စိုက်ဧက (၃၇၆၁)ဧက၊ ပဲပုတ်စိုက်ဧက (၃၃၇၁၁)ဧက၊ ကုလားပဲစိုက်ဧက (၁၂၂၀၃)ဧက၊ ပဲကြီးစိုက်ဧက (၃၃၆၇)ဧက၊ ပဲယဉ်းစိုက်ဧက (၁၀၃၃၁) ဧကများနှင့် အခြားပဲများကိုလည်း အသီးသီးစိုက်ပျိုးထားရှိပြီး စိုက်ပျိုးပြီးသည့် ဧကစုစုပေါင်း (၅၉၅၆၇၇) ဧကစိုက်ပျိုးပြီးစီးကြောင်း ခရိုင်စိုက်ပျိုးရေးဌာန၏ စာရင်းများအရသိရှိရပါသည်။

     သာယာဝတီခရိုင်တွင် အများဆုံးစိုက်ပျိုးသောသီးနှံမှာ မတ်ပဲသီးနှံဖြစ်ပြီး တောင်သူများအနေဖြင့် မတ်ပဲသီးနှံကို ရွေးချယ်စိုက်ပျိုးရခြင်းမှာ မတ်ပဲသည် သာယာဝတီခရိုင်၏ မြေအမျိုးအစားနှင့်ကိုက်ညီခြင်း၊ ရိတ်သိမ်းခူးဆွတ်ရလွယ်ကူခြင်းတို့ကြောင့်လည်း စိုက်ပျိုးရခြင်းဖြစ်ပါသည်။ စိုက်ပျိုးသောမတ်ပဲမျိုးများမှာ‌ ရေဆင်း(၂)၊ ရေဆင်း(၃)၊ ရေဆင်း(၅)၊ မတ်ပဲအမျိုးအစားများကို အဓိကစိုက်ပျိုးကြကြောင်း သိရပါသည်။ ဒုတိယအများဆုံးစိုက်ပျိုးသော ပဲတီစိမ်းသီးနှံမျိုးများမှာ ရေဆင်း (၁)၊ ရေဆင်း(၁၄) ဒေသမျိုး(ဝါးခယ်မမျိုး အစရှိသော ဒေသအခေါ်ပဲမျိုးများ) ကိုစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ကွင်းဆင်းဆောင်ရွက်မှုများအရသိရှိရပါသည်။

DOCA(ပဲခူး)

အခြေခံစားကုန် ငရုတ်သီးခြောက်နှင့် ကြက်သွန်‌ဈေးကျ

    အခြေခံစားကုန်ဈေးနှုန်း ဈေးကွက်ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအား ဘားအံမြို့ ရေပေါ်ဈေးကို အခြေခံ၍ ကုန်ဈေးနှုန်းစာရင်းများ ကောက်ယူလျက်ရှိရာ ၁၇-၁-၂၀၂၄မှ ၂၄-၁-၂၀၂၄ ရက်နေ့ထိ  ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ  ဧည့်မထဆန် တစ်ပြည် ၃၂၀၀ကျပ်၊ ပေါ်ဆန်း (သထုံ)မွှေးဝါ တစ်ပြည် ၅၂၀၀ ကျပ်၊ စားအုန်းဆီ  တစ်ပိဿာ ၅၉၀၀ကျပ်၊ ငရုတ်ခြောက်ရှည် ၁၃၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၁၀၅၀၀ ကျပ်၊ ဝက်သား ၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၀၀၀ ကျပ်၊ အာပြဲခြောက် တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၂၇၀ ကျပ်၊ ဘဲဥ တစ်လုံး ၃၅၀ ကျပ်၊ ကုလားပဲ တစ်ပိဿာ ၇၀၀၀ ကျပ် ဖြစ်ကြောင်းနှင့် အာလူး တစ်ပိဿာ ၃၂၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ငရုတ်ခြောက်တစ်ပိဿာလျှင် ယခင်အပတ်က ၁၄၀၀၀ ကျပ် ဖြစ်ပြီး ယခုအပတ် ၁၃၀၀၀ ကျပ် သို့ လည်းကောင်း ၊  ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာ ၃၅၀၀ ကျပ်မှ ယခုအပတ် ၃၀၀၀ ကျပ်သို့လည်းကောင်းအသီးသီး   ဈေးနှုန်းကျဆင်း  ခဲ့ပြီး ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းနှင့်  ငရုတ်ခြောက်နှင့် ကြက်သွန်နီများမှာ သီးနှံအသစ်ပေါ်၍ ကုန်အသစ်များ ဈေးကွက်ဝင်ရောက်လာမှုကြောင့် ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ကရင်)

လက်ပံတန်းမြို့၊ ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ဈေးအတွင်း၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင်  ကြက်သွန်နီအဟောင်းများကို ဈေးကွက်အတွင်း ရောင်းချခြင်းမတွေ့ရှိရဘဲ ကြက်သွန်နီအသစ်အကြီးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ကြက်သွန်နီအသစ် (အသေး) တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ဇန်နဝါရီလ တတိယပတ်တွင်လည်း ကြက်သွန်နီအသစ်အကြီးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ကြက်သွန်နီအသစ်အသေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် လက်လီဈေးနှုန်းပြောင်းလဲခြင်းမရှိကြောင်း၊  ကြက်သွန်နီလက်ကားဈေးနှုန်းအနေဖြင့် ပိဿာချိန် (၁၀) မှစတင်၍ အိတ်လုံးဈေး ကြက်သွန်နီအကြီးတစ်ပိဿာလျှင် ၃၂၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကြက်သွန်နီအသစ်များလည်း လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး ကြက်သွန်နီအဟောင်းများမှာ ဈေးကွက်အတွင်း ဝင်ရောက်မှုမရှိတော့ဘဲ ရာသီကုန်၍ တုံးသွားပြီဖြစ်ကြောင်းသိရှိရပါသည်။ ကြက်သွန်နီအသစ်များ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်ခဲ့သော်လည်း ဈေးနှုန်းများကျဆင်းသွားခြင်းမရှိကြောင်းသိရှိရပါသည်။

     အာလူးဈေးကွက်အနေဖြင့် အာလူးတစ်ပိသာလျှင် ဇန်နဝါရီလ ဒုတိယပတ်တွင်  ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်ဈေးနှုန်းရှိခဲ့သော်လည်း ယခုဇန်နဝါရီလ တတိယပတ်အတွင်း၌မူ အာလူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိနေသဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

“အစာလည်းဆေး ဆေးလည်းအစာ” ထိုင်ဝမ်မုန့်ညှင်း၏ ကျန်းမာရေးအကျိုးကျေးဇူး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် ရာသီအလိုက် စားဖိုဆောင်သီးနှံများစိုက်ပျိုးကာ “ကန့်ဘလူမြို့မဈေး”တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ စီးပွားဖြစ်စိုက်ပျိုးကြသူများရှိသကဲ့သို့ တစ်ချို့မှာ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။

  ယခုအချိန်သည် ကုန်စိမ်းဟုခေါ်သော အသီးအရွက်မျိုးစုံထွက်ရှိသည့်အချိန်ဖြစ်၍ ကန့်ဘလူမြို့မဈေးတွင် အသီးအရွက်များ မျိုးစုံရောင်းချလျက်ရှိရာ စားသုံးသူများ ကြိုက်နှစ်သက်သည့် “ထိုင်ဝမ်မုန့်ညှင်း”များ ရောင်းချလျက်ရှိသည်။ “ထိုင်ဝမ်မုန့်ညှင်း”၏အရသာမှာ တစ်မူထူးခြားပြီး အစိမ်းကြော်၍လည်းကောင်း၊ ဟင်းရည်သောက်ချက်၍လည်းကောင်း စားသုံးကြသည်။ သတ်သတ်လွတ်စားသူများအတွက် အကောင်းဆုံးဟင်းလျာတစ်ခွက်လည်းဖြစ်ပါတယ်။ ထိုင်ဝမ်မုန့်ညှင်းပင်မှာ ကင်ဆာဆန့်ကျင်ပစ္စည်းနဲ့ အင်တီအောက်ဆီးဒင့်ဓာတ်ပေါင်းတွေ အများအပြားပါဝင်ပါတယ်။ အူမကြီးကင်ဆာဖြစ်စေတဲ့ အဖုအကျိတ်တွေကို ကြီးထွားမလာအောင် တားဆီးနိုင်သလို အစာအိမ်ကင်ဆာဖြစ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပြီး အစာအိမ်နာကျင်တဲ့ ရောဂါတွေကို ပျောက်စေပါ တယ်။ မကောင်းတဲ့ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းရှိပြီး ကိုယ်ခံအားကို တိုးစေနိုင်ကြောင်း သိရှိရသည်။

    ကန့်ဘလူမြို့မဈေးရှိ အသီးအရွက်ရောင်းချသူများသည် စားသုံးသူများကြိုက်နှစ်သက်သည့် “ထိုင်ဝမ်မုန့်ညှင်း ”များကို အသေးတစ်ထုပ်လျှင် ၃၀၀ ကျပ်နှင့် အကြီးတစ်ထုပ်လျှင်  ၅၀၀ ကျပ်အထိ ရောင်းချရကြောင်း အသီးအရွက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း