Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၅.၇.၂၀၂၄ )

၂၅.၇.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့်ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဇူလိုင်လ (၁၆) ရက်နေ့မှ ဇူလိုင်လ (၂၂) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံဒေသတို့မှ ကြက်သွန်နီ (၆၇၈၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၇၁၂၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၄၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၁၉၀၀၊ အကြီးမှာ ကျပ်၁၉၀၀၊ ရှယ်မှာ ကျပ်၂၀၀၀၊  မြင်းခြံကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၄၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ် ၁၇၀၀၊ အကြီးမှာ ကျပ်၁၇၀၀၊ ရှယ်မှာ ကျပ်၂၀၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Good Brothers’ Chemical Co.,Ltd ၏ “ဓာတ်မြေဩဇာအသိပညာပေးဟောပြောပွဲနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချပွဲ”ကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးတက်ရောက်

      Good Brothers’ Chemical Co.,Ltd ၏ “ဓာတ်မြေဩဇာအသိပညာပေးဟောပြောပွဲနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချပွဲ” ကို အမှတ်(၁၀၂၆)၊ ရဲမွန်ကျေးရွာ၊ လှည်းကူး မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ ၃၀ဦး၊ တောင်သူ ၂၂၀ဦး၊ စုစုပေါင်းအင်အား ၂၅၀ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ပြည်ပပို့ကုန်တို့မြှင့်တင်ပို့နိုင်ရေး၊ လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်တည်ငြိမ်မှုရရှိရေးနှင့် စားသုံးသူရေးရာအသိပညာပေးကိစ္စရပ်များကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးတို့က အသိပညာမျှဝေဟောပြောခဲ့ကြပါသည်။ ထို့နောက် Good Brothers’ Chemical Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပွဲကျင်းပရသည့်ရည်ရွယ်ချက်အားတင်ပြခဲ့ပြီး တောင်သူများအား ကံစမ်းမဲဖောက်ပေးခြင်း၊ ဧည့်သည်တော်များနှင့်ဆွေးနွေးခြင်း၊ ရောင်းချခြင်းအစီအစဉ်တို့ပြုလုပ်ခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၄.၇.၂၀၂၄ )

၂၄.၇.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၂၄.၇.၂၀၂၄ )

၂၄.၇.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သာယာဝတီခရိုင်အတွင်းရှိ မတ်ပဲဈေးနှုန်းနှင့်စီးထွက်မှု

       သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇူလိုင်လ ပထမပတ်တွင် မတ်ပဲဈေးနှုန်းမှာ ပိဿာ၂၀(၁တင်း)လျှင် ၁၀၇၀၀၀ကျပ်ဈေးနှုန်းဖြစ်ပြီး ဇူလိုင်လ တတိယပတ်အတွင်း၌မူ ၁၀၇၅၀၀ကျပ်ထိရှိပါသည်။

         စီးထွက်မှုအနေဖြင့် ဇွန်လတစ်လလုံးတွင် ရန်ကုန်မြို့သို့ အိတ်လုံးရေ (၁၇၂၅၅၀) ခန့်ထိတင်ပို့နိုင်ခဲ့ပါသည်။ယခုဇူလိုင်လ တတိယပတ်ထိ တင်ပို့မှုအနေဖြင့် (၁၁၀၉၀၀) အိတ်ခန့်တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့နယ်တွင် ဆီထွက်သီးနှံ (နှမ်း) ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာ

       ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးတစ်မျိုးဖြစ်သော နှမ်းသီးနှံကို ယခုနှစ်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာ ကြောင်းသိရှိရပါသည်။ ဇီးကုန်းမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးကြိုးနှမ်းစိုက်ပျိုးရန် လျာထားဧကမှာ (၁၅၂၀)ဧကဖြစ်ပြီး ဇွန်လကုန်အထိ (၉၀၁)ဧကစိုက်ပျိုးပြီးစီးကြောင်းသိရှိရပါသည်။

         မိုးနှမ်းစိုက်တောင်သူများအနေဖြင့် မိုးကြိုနှမ်းအား မေလတွင်စတင်စိုက်ပျိုးပြီး ၂လခွဲခန့်  ကြာပါက စတင်ရိတ်သိမ်းကြောင်း၊ စမုံနက်နှမ်းမျိုးမှာ စိုက်ပျိုးမှုများပြီး ယခုနှစ်တွင် မျိုးနှမ်း (၁၅)ပိဿာဝင် တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်နှုန်းဖြင့်ဝယ်ယူရပြီး  တစ်ဧကအတွက် မျိုးနှမ်း (၅)ပိဿာအသုံးပြုရပါသည်။  ယခုနှစ်တွင် မိုးနှမ်းတစ်ဧကစိုက်ပျိုးစရိတ်အနေဖြင့်  (မျိုးဝယ်ယူ ကုန်ကျစရိတ်၊ ထယ်ထိုးခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားခ) အပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၃၆၅၀၀၀) ကျပ်ရှိကြောင်းသိရပါသည်။ ယခင်နှစ် မိုးနှမ်းတစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း (၁၀)တင်းထွက်ရှိကြောင်း၊ ယခင်နှစ် နှမ်းသစ်ပေါ်ချိန်တွင် စမုန်နက်နှမ်းတစ်တင်းလျှင် (၉၀၀၀၀)ကျပ်နှုန်းရောင်းချရကြောင်း၊ အကျိုးအမြတ်အားဖြင့် (၅၄၀၀၀၀)ကျပ်ရရှိခဲ့ကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှသိရပါသည်။

          ဒေသတွင်းတောင်သူများအနေဖြင့် နှမ်းသီးနှံကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာခြင်းဖြင့် ဒေသတွင်းစားသုံးဆီဖူလုံရေးကို အထောက်အပံ့ရစေသည့်အပြင် ဝင်ငွေများလည်းရရှိလာနိုင် ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၄.၇.၂၀၂၄ )

၂၄.၇.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တရုတ်အာလူးအဝင်လျော့၊ ပြည်တွင်းအာလူးအထွက်ကျသဖြင့် အာလူးဈေးတက်

    ယခုနှစ်တွင် ပြည်တွင်း၌ အာလူးအထွက်နှုန်း လျော့ကျသည့်အပြင် တစ်ဖက်တွင်လည်း ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားရခြင်းကြောင့် တရုတ်နိုင်ငံဘက်မှပုံမှန် ဝယ်ယူတင်သွင်း နေသည့် အာလူးများ အဝင်လျော့နည်းနေပြီး အာလူးဈေးတက်နေကြောင်း အာလူးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

      လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်နေပြီး ကုန်စည်စီးဆင်းမှုအခက်အခဲများ ဖြစ်ပေါ်နေသလို ယခုနှစ် အာလူးစိုက်ရာသီတွင် လည်း အပူချိန်မြင့်တက်ခဲ့သည့်အတွက် အာလူးအထွက်နှုန်း ထိခိုက်ခဲ့ကြောင်းသိရသည်။" ပြည်တွင်းအာလူးလည်း ဈေးကွက်ထဲ အဝင်နည်းတယ်။တရုတ်အာလူးကလည်း အဝင်နည်းနေတယ်။  ဒါကြောင့် အာလူး‌ဈေးကောင်းနေတာ"ဟု အာလူးကုန်သည်တစ်ဦးက ပြောသည်။

      ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးဒေသထွက် အာလူးတပိဿာ အမြင့်ဆုံးဈေး ၃,၅၀၀ ကျပ်၊ တရုတ်အာလူး တပိဿာအမြင့်ဆုံးဈေး ၄,၅၀၀ ကျပ်နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ထို့ပြင် ရန်ကုန် လက်လီဈေးကွက်တွင် တပိဿာ အမြင့်ဆုံးဈေး ကျပ် ၅,၀၀၀ ဖြင့်ရောင်းချနေကြကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အာလူးကို တောင်ပေါ်၊ မြေပြန့် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ရှမ်းပြည်နယ်၌ ၆၀ ရာခိုင်နှုန်းထိ အများဆုံး စိုက်ပျိုးကြောင်း၊ အာလူးစိုက်ပျိုးမှု ပမာဏသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် တနှစ်ထက်တနှစ် လျော့နည်းကျဆင်းလာကြောင်း  အင်တာနက်သတင်းဌာနမှတဆင့် သိရသည်။

DOCA(ရှမ်း)

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ်တလင်းမြို့နယ်မှ“ဇင်ဦး”ဝါးလက်မှုလုပ်ငန်း

       နိုင်ငံတော်အနေဖြင့် ယခုအခါ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs  လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းထုတ်ကုန်ကဏ္ဍ့ဖြိုးတိုးတက်စေရေးအတွက်  နိုင်ငံတစ်နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် အငယ်စားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အရေးပါသည့်အတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product)၊ ကုန်ကြမ်းမှသည်  ကုန်ချောဆီသို့ တန်ဖိုးမြှင့်ထုတ်ကုန်(Value-add) အထိထုတ်လုပ်၍ ဈေးကွက်အရောက်တင်ပို့ ထုတ်လုပ်နိုင်ရန်လိုအပ်ပါသည်။

      ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ်တလင်းမြို့နယ်၊ ကုန်းကြီးကျေးရွာတွင် အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းမှ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ထားသည့်  “ဇင်ဦး” ဝါးလက်မှုထည်လုပ်ငန်းမှ ဝါးကုန်ကြမ်းကိုအသုံးပြု၍ ပန်အိုး၊ နာရီ၊ Tissue Box၊ ဘော့လ်ပင်ထည့်ခွက်၊ ဝါးကုတင်၊ ဝါးယင်းလိပ်၊ ပန်းခြံအလှဆင် ဝါးမီးတိုင် စသည့် အိမ်သုံးပရိဘောဂ၊ အိမ်သုံး၊ ရုံးသုံးနှင့် လူသုံးကုန်ပစ္စည်းများကို မှာယူသူများစိတ်ကြိုက် ဒီဇိုင်းစုံလင်စွာပြုလုပ်ရောင်းချလျက်ရှိပါသည်။

      ဝါးကုန်ချောလက်မှုထည်ပြုလုပ်ရန်အတွက် တင်းဝါး၊ မျှင်ဝါး၊ ကြသောင်းဝါး၊ ထီးရိုးဝါး၊ ဝါးဘိုးဝါးနှင့် ဝါးနက်ဝါး စသည့်ဝါးအမျိုးအစားများကိုအသုံးပြုပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၊တတိယအပတ်တွင် တင်းဝါးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ မျှင်ဝါးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊   ကြသောင်းဝါးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ ထီးရိုးဝါးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဝါးဘိုးဝါးတစ်လုံးလျှင် (၁၀၀၀၀)ကျပ်၊ ဝါးနက်ဝါးတစ်လုံးလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူအသုံးပြုကြောင်းနှင့် ပြုလုပ်သည့်ပစ္စည်းအမျိုးအစားပေါ်မှုတည်၍ ဝါးအမျိုးအစားခွဲခြားအသုံးပြုပါကြောင်းသိရပါသည်။

       ဝါးကုန်ကြမ်းကို ကုန်ချောလက်မှုထည်များပြုလုပ်ရန်အတွက် ပထမဦးစွာ ပြုလုပ်မည့်ပစ္စည်းပေါ်မူတည်၍ ဖြတ်တောက်ပြီး ကျောက်ချဉ်၊ ဆား၊ ကော့စတစ်တို့ကို ရေဆူဆူတွင် ထည့်၍ ပြုတ်ပေးရပါသည်။ ထို့နောက် အခြောက်ခံခြင်းများပြုလုပ်ပေးရပါသည်။ အခြောက်ခံခြင်းပြုလုပ်ပြီးနောက် လက်မှုထည်များကိုပြုလုပ်ကြပါသည်။ ပြုလုပ်ပြီးသည့်လက်မှုထည်များကို  တစ်ရက်ခန့်နေလှန်းပေးရပါသည်။ နေလှန်းပြီးသောအထည်များကို အချောထည်ပြုလုပ်ရန်အတွက်   ကော်ပတ်တိုက်ပြီး ဆေးသုတ်ပေးရကြောင်းသိရပါသည်။

        ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ဝါးပန်းအိုးတစ်လုံးလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်၊ နာရီတစ်လုံး ၁၃၅၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ တစ်ရှုးဘောက်တစ်ခုလျှင် ၈၀၀၀ကျပ်၊ ဘောလ်ပင်ထည့်ခြင်းတစ်ခုလျှင် ၄၅၀၀ကျပ်၊ ဝါးယင်းလိပ် (၄ပေ - ၆ပေ) တစ်ချပ်လျှင် ၄၅၀၀၀ကျပ်နှုန်းဖြင့် မှာယူသူများစိတ်ကြိုက် ပြုလုပ်ရောင်းချလျက်ရှိကြောင်းနှင့် ဈေးကွက်ရရှိမှုအပေါ်မူတည်၍ လုပ်ငန်းတိုးချဲ့သွားရန်ရှိကြောင်းသိရပါသည်။

         ဝါးပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ကြီးထွားမှုမြန်ဆန်ခြင်း၊ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေခြင်းအပြင် မြန်မာနိုင်ငံနေရာဒေသအနှံ့တွင် ပေါက်ရောက်လေ့ရှိသည့် သဘာဝ ဝါးသယံဇာတကို ကုန်ချောထုတ်လုပ်၍ ဈေးကွက်အတွင်းရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိပြီး ဝင်ငွေများလည်းပိုမိုတိုးပွားလာ နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း