Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား အခြေခံစားကုန်များ တိုက်ရိုက်ဈေးနှုန်းဖြင့်ရောင်းချပေး

  မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးကြီးအတွင်း၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များကို (၁၄-၇-၂၀၂၄)ရက်နေ့၌လည်းကောင်း (၂၁-၇-၂၀၂၄) ရက်နေ့၌လည်းကောင်း အသားငါး၊ ကြက်ဥ၊ ဘဲဥများရောင်းချပေးလျက်ရှိပါသည်။ အမဲသား အရိုးမပါ (၁)ပိဿာလျှင် ၁၆၀၀၀/-ကျပ်၊ ဝက်သားအရိုးမပါ (၁)ပိဿာလျှင် ၂၀၀၀၀/-ကျပ်၊ အရိုးပါ ကလီစာ(၁)ပိဿာလျှင် ၁၆၀၀၀/-ကျပ်၊ (အရိုး၊ ခေါင်း၊ ခြေထောက်)(၁)ပိဿာလျှင် ၄၀၀၀/-ကျပ်၊ ဆိတ်သား အရိုးမပါ (၁)ပိဿာလျှင် ၂၀၀၀၀/-ကျပ်၊ အရိုးပါ ကလီစာ (၁)ပိဿာလျှင် ၁၄၀၀၀/-ကျပ်၊ (အရိုး၊ ခေါင်း၊ ခြေထောက်)(၁)ပိဿာလျှင် ၅၀၀၀/-ကျပ်၊ ကြက်သား အသားထုပ် (ရင်အုပ်) (၁)ပိဿာလျှင် ၁၁၀၀၀/-ကျပ်၊ အရိုးပါပေါင်(၁)ပိဿာလျှင် ၈၄၀၀/-ကျပ်၊ (အရိုး၊ ခေါင်း၊ ခြေထောက်) (၁)ပိဿာလျှင် ၆၀၀၀/-ကျပ်၊ ငါးမြင်း(၁) ပိဿာလျှင် ၆၀၀၀/-ကျပ်၊ ငါးကြင်းမျက်ဆံနီ (၁)ပိဿာလျှင် ၇၅၀၀/-ကျပ်၊ငါးမုတ်(၁)ပိဿာလျှင် ၆၀၀၀/-ကျပ်ဈေးနှုန်းနှင့် ကြက်ဥ(၁)လုံးလျှင် ၂၅၀/-ကျပ်ဈေးဖြင့်ရောင်းချကြောင်းသိရှိရပါသည်။ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် (၂၇-၇-၂၀၂၄)ရက်နေ့တွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“ဈေးကွက်အတွင်း ဆီထွက်သီးနှံဈေးနှုန်းမြင့်တက်လျက်ရှိ”

      မိတ္ထီလာမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာကို ဒေသတွင်းစိုက်ပျိုးကြပြီး၊ ထွက်ရှိသောသီးနှံများကို ဆီကြိတ်ခွဲထုတ်လုပ်ခြင်း၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချမှုရှိပြီး၊ ရာသီကုန်ချိန် ဈေးကွက်လိုအပ်ချက်များကို အခြားဒေသများဖြစ်သည့် မန္တလေး၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မကွေးမြို့များမှ ဝယ်ယူကြိတ်ခွဲထုတ်လုပ်ရောင်းချကြပါသည်။

     ယခုဇူလိုင်လ စတုတ္တပတ်တွင် မြေပဲဆန်တစ်ပိဿာလျှင် (၇၈၀၀) ကျပ်၊ လုံးဆန်တစ်ပိဿာလျှင် (၈၂၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၀၆၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၆၀၀၀၀) ကျပ်၊ နေကြာတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀-၁၇၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၅၅၀၀-၁၆၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၅၅၀၀) ကျပ်၊ မြေပဲဖတ်တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၂၁၅၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခင်ဇွန်လ စတုတ္တပတ်တွင် မြေပဲဆန်တစ်ပိဿာလျှင် (၇၂၀၀) ကျပ်၊ လုံးဆန်တစ်ပိဿာလျှင် (၇၃၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၀၂၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၄၀၀၀၀) ကျပ်၊ နေကြာတစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၄၅၀၀) ကျပ်၊ မြေပဲဖတ်တစ်ပိဿာလျှင် (၃၈၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၉၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၉၀၀) ကျပ်ဈေးသာရှိခဲ့ပြီး ယခင်လနှင့် ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ဆီထွက်သီးနှံကုန်ကြမ်း/ကုန်ချောဈေးနှုန်းများမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်းကုန်လက်ကျန်နည်းပါးပြီး အခြားဒေသမှ ဝယ်ယူရသဖြင့် သယ်ယူစရိတ်များမြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ဆီစက်လုပ်ငန်းရှင်များမှသိရှိရပါသည်။

DOCA(မန္တလေး)

 

ဇူလိုင်လ စတုတ္ထပတ်တွင် စတင်အရောင်းအဝယ်ဖြစ်လာသည့် ရွှေဘိုမြေပဲလုံးဆံဈေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံမှာ ယခုဇူလိုင်လ၊ စတုတ္ထအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ဇူလိုင်လ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံတစ်တင်းလျှင် (၁၃၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၃၇၅)တင်း/(၈)တန်ဖြစ်ကြောင်း၊   ဝင်ရောက်မှုနည်းပါးသေးသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့နယ် ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ၊ စတုတ္ထအပတ်တွင် ရွှေဘိုပဲတီစိမ်းဈေး ဆက်လက်မြင့်တက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

      ပဲတီစိမ်းမှာ မေလ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၇၀၅၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၄၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်း လျှင်(၆၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲတီစိမ်းတစ်တင်းလျှင် (၅၅၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ပဲတီစိမ်းတစ်တင်းလျှင် (၁၄၅၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ပဲတီစိမ်းဈေး ဆက်လက်မြင့်တက်လာသည့်အပြင် အရောင်းအဝယ်လည်း ကောင်းလာကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ စတုတ္ထအပတ်တွင် ရွှေဘိုနှမ်းနက် ဈေးနှုန်းမြင့်တက်လာ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

     ဇွန်လ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ နွေနှမ်းနက်များ စတင်ဝင်ရောက်ခဲ့ကြောင်း၊  ဇူလိုင်လ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၁၇၀၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၇၅၀)တင်း/ (၁၈)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းနက် တစ်တင်းလျှင်(၁၅၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် နှမ်းနက် တစ်တင်းလျှင်(၁၅၀၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင် (၁၀၃၃၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင်ယခင်နှစ်ကာလတူထက် နှမ်းနက်တစ်တင်းလျှင် (၆၆၇၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၉.၇.၂၀၂၄ )

၂၉.၇.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” ( ၁၅-၇-၂၀၂၄) ရက်နေ့မှ (၁၈-၇-၂၀၂၄) ရက်နေ့အထိ

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂) ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁၅-၇-၂၀၂၄) ရက်နေ့မှ (၁၈-၇-၂၀၂၄) ရက်နေ့အထိ ဆီကုမ္ပဏီ (၁၉) ခုနှင့် စားအုန်းဆီတန်ချိန် (၃၇၆၂.၅၈၉) တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပုသိမ်မြို့တွင်းရှိ ယခင်နှစ်နှင့် ယခုနှစ် ဓါတ်မြေဩဇာဈေးနှုန်းများ

    ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် ၂၀၂၃ ခုနှစ်တွင် ယူရီးယား (ရွှေတောင်) တစ်အိတ်လျှင် ကျပ် ၇၈၀၀၀ခန့် ၊ တီစူပါ (သံကွင်း)  တစ်အိတ်လျှင် ကျပ် ၁၁၂၀၀၀ ခန့် ရွှေကောမတ် တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ ခန့် ၊ပိုတက် တစ်အိတ်လျှင် ၁၁၉၀၀၀ ခန့် ၊ကွန်ပေါင်း (အာမို ) တစ်အိတ်လျှင် ကျပ် ၁၂၈၀၀၀ ခန့်၊ ကွန်ပေါင်း ၁၅ : ၁၅ : ၁၅ တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၀ ခန့် ရှိကြောင်း သိရသည်။

     ၂၀၂၄ ခုနှစ်  ဇွန်လ တွင် ယူရီးယား တစ်အိတ်လျှင် ကျပ် ၈၂၀၀၀ ခန့် ၊တီစူပါ (သံကွင်း) တစ်အိတ်လျှင် ၁၁၇၀၀၀ ခန့် ၊ရွှေကောမတ် တစ်အိတ်လျှင် ကျပ် ၁၁၈၀၀၀ ခန့်၊ ပိုတက် တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ခန့် ၊ ကွန်‌ပေါင်း( အာမို ) တစ်အိတ်လျှင် ကျပ် ၁၁၄၅၀၀ ခန့် ၊ကွန်ပေါင်း ၁၅ : ၁၅ : ၁၅ တစ်အိတ်လျှင် ကျပ် ၁၄၄၅၀၀ ခန့်၊ ယူရီးယား တစ်အိတ်လျှင် ယခင်နှစ်ထက် ကျပ် ၄၀၀၀ ခန့် မြှင့်တက်နေကြောင်း သိရသည်။ တီစူပါ (သံကွင်း) တစ်အိတ်လျှင် ကျပ် ၅၀၀၀ခန့် မြှင့်တက်လာကြောင်း ၊ ရွှေကောမတ် တစ်အိတ်လျှင် ကျပ် ၈၀၀၀ ခန့် ၊ မြှင့်တက်နေကြောင်းနှင့် ပိုတက်တစ်အိတ်လျှင် ကျပ် ၁၀၀၀ ခန့် မြှင့်တက်နေကြောင်း သိရသည်။ ကွန်ပေါင်း (အာမို) တစ်အိတ်လျှင် ကျပ် ၁၃၅၀၀ ခန့် လျှော့ကျကြောင်း ၊ ကွန်ပေါင်း ၁၅ :၁၅ :၁၅ တစ်အိတ်လျှင် ကျပ် ၁၀၅၀၀ ခန့် လျှော့ကျကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရွှေဖရုံသီးစိုက်တောင်သူများ ဈေးကောင်းရရှိ

      ရွှေဖရုံသီးကို နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုယ်တိုင်စားသုံးရန်နှင့်ရောင်းချရန်တို့အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ အများအားဖြင့် ထိုင်ဝမ်မျိုးများကိုစိုက်ပျိုးကြပါသည်။ ရွှေဖရုံသီးသည် ပူနွေးသောရာသီဥတုတွင် ပိုမိုဖြစ်ထွန်းသော်လည်း အသင့်အတင့်အေးမြသော ရာသီဥတုတွင်လည်းစိုက်ပျိုးနိုင်ပါသည်။ ရွှေဖရုံသီးစိုက်ပျိုးရက်သက်တမ်းမှာ  ရက်(၁၀၀)မှ ရက်(၁၂၀)ရှိပြီး အသီးရင့်မှည့်မှသာ စတင်ခူးဆွတ်ကြပါသည်။ ရွှေဖရုံသီးစိုက်ပျိုးမှုတစ်ဧကလျှင် အလုံးရေ (၁၅၀၀မှ ၂၀၀၀)ခန့်ထွက်ရှိပြီး ရွှေဖရုံသီးတစ်လုံးလျှင် အရွယ်အစားကိုလိုက်၍ လက်လီ (၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်)၊ လက်ကား (၈၀၀ကျပ်မှ ၁၀၀၀ကျပ်)နှုန်းနှင့် ရွှေဖရုံအညွန့်တစ်စည်းလျှင် လက်လီ (၁၅၀)ကျပ်၊ လက်ကား (၁၀၀)ကျပ်နှုန်းဖြင့်ရောင်းချလျက် ရှိပါသည်။ ရွှေဖရုံသီးနှင့် ရွှေဖရုံညွန့်များကို ဒေသတွင်းမြို့နယ်များနှင့် ကုန်စိမ်းဒိုင်များမှတစ်ဆင့် ရန်ကုန်တညင်းကုန်းဈေးသို့တင်ပို့ရောင်းချကြပြီး ရွှေဖရုံသီးစိုက်တောင်သူများ ဈေးကောင်းရရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းအခြေအနေ

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များတွင် ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသောပစ္စည်းဈေးနှုန်းများမှာ ဆင်အမှတ်တံဆိပ် အိမ်မိုးသွပ် (အပါး) ၁ပေလျှင် ၁၂၀၀ကျပ်၊ ဆင်အမှတ်တံဆိပ် အိမ်မိုးသွပ် (အထူ) ၁ပေလျှင် ၁၆၅၀ကျပ်၊ ကြယ်စိမ်းအမှတ်တံဆိပ် အိမ်မိုးသွပ် ၁ပေလျှင် ၁၇၀၀ကျပ်၊ သွပ်သံ (၂လက်မ-၂လက်မခွဲ) ၁ပိဿာလျှင်   ၁၁၅၀၀ကျပ်၊ သွပ်သံ(၁လက်မခွဲ) ၁ပိဿာလျှင် ၁၂၅၀၀ကျပ်၊ သံမှို(၁လက်မ- ၁လက်မခွဲ) ၁ပိဿာလျှင် ၇၅၀၀ကျပ်၊ သံမှို(၂လက်မ-၄လက်မ) ၁ပိဿာလျှင် ၆၈၀၀ကျပ်၊ ရိုးရိုးအထပ်သား ၇မီလီမီတာတစ်ချပ်လျှင် (၂၅၀၀၀)ကျပ်၊ အထပ်သား ၈မီလီမီတာတစ်ချပ်လျှင် (၃၇၅၀၀)ကျပ်၊ အထပ်သား  ၉မီလီမီတာတစ်ချပ်လျှင် (၄၀၀၀၀)ကျပ်၊ အယ်လ်ဖာ (Alpha) ဘိလပ်မြေ (50-kg) တစ်အိတ်လျှင် (၁၁၀၀၀) ကျပ်၊ ကြံ့နှစ်ကောင် (Double Rhinos) ဘိလပ်မြေ (50-kg) တစ်အိတ်လျှင် (၁၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မိုးတွင်းကာလဖြစ်သဖြင့် အရောင်းအဝယ်အေး၍ ပစ္စည်းပြတ်လပ်မှုမရှိကြောင်းသိရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း