Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်သို့ မြေပဲလုံးဆံများ အမြင့်ဈေးဖြင့် စတင်ဝင်ရောက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း၊တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံ(ဖြူ)များမှာ ဖေဖော်ဝါရီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၁၇၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၀၃)တန်ဖြစ်ကြောင်း၊   ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင်(၁၁၈၄၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၈၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၀၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၃၆၀ဝိ/-)ကျပ် ဈေးပိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ၂၀၂၄ ခုနှစ်၊ မတ်လ ပထမပတ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

    ကန့်ဘလူ၊ ကျွန်းလှတို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း အရောင်းအဝယ် ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် ကျပ် ၅၅၀၀၊ ဧရာမင်း (အသစ်)တစ်ပြည် ကျပ်၅၀၀၀ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေး အကြီး/အသေး နှင့် အမျိုးအစားပေါ်မူတည်၍ တစ်ပိဿာ ကျပ်၃၀၀၀/၂၅၀၀၊ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အကြီး တစ်ပိဿာ ကျပ်၁၈၀၀၀ အလုံးအသေး တစ်ပိဿာ ကျပ်၁၆၀၀၀ ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၁၂၀၀၀ ၊ ချင်း တစ်ပိဿာ ကျပ် ၆၀၀၀၊ အာလူး အသေး/အကြီး အမျိုးအစား အလိုက် တစ်ပိဿာ ကျပ်၃၅၀၀/၃၂၀၀၊ ငရုပ်သီးခြောက် တစ်ပိဿာ ကျပ်၁၅၀၀၀၊ ကုလားပဲဆံ တစ်ပြည်လျှင် ကျပ်၈၇၀၀၊ စွန်တာနီပဲ လုံးကြား  အလုံးအလှပေါ်မူတည်၍ တစ်ပြည် ကျပ်၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

      ကန့်ဘလူ၊ ကျွန်းလှတို့၏ အသီးအရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(ထိုင်ဝမ်) တစ်ပိဿာ ကျပ်၅၀၀/၃၀၀ ၊ ခရမ်းသီး တစ်ပိဿာ ကျပ်၅၀၀၊ ငရုပ်သီးစိမ်း တစ်ပိဿာ ကျပ်၂၀၀၀၊ ပန်းဂေါ်ဖီ အသေး/အကြီးပေါ်မူတည်၍ တစ်ပွင့် ကျပ်၃၀၀/၃၅၀/၄၀၀၊ ဂေါ်ဖီထုပ် အသေး/အကြီးပေါ်မူတည်၍ တစ်ထုပ် ကျပ်၆၀၀/၈၀၀၊ ပဲသီးတောင့်ရှည် တစ်စည်းလျှင် ကျပ်၂၅၀၊ ကန်ဇွန်းရွက် တစ်စီး ကျပ်၁၅၀၊ ချဉ်ပေါင်ရွက် တစ်ပုံ ကျပ်၂၀၀၊ မုံညှင်းဖူး တစ်စည်း ကျပ်၃၀၀၊ ကိုက်လန် တစ်စည်း ကျပ်၃၀၀၊ သံပုရာသီး တစ်လုံး ကျပ်၂၀၀/၂၅၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ/cp) တစ်ပိဿာ ကျပ်၁၄၀၀၀/ ၁၈၀၀၀၊ ဝက်သား တစ်ပိဿာ ကျပ်၁၆၀၀၀၊ အမဲသား တစ်ပိဿာ ကျပ်၁၄၀၀၀၊ ငါးကြင်း အကောင်လိုက် တစ်ပိဿာ  ကျပ်၁၀၀၀၀၊ ငါးကြင်းခုတ်သား တစ်ပိဿာ ကျပ်၁၆၀၀၀၊ တီလားဗီးယားငါး အကောင်သေး တစ်ပိဿာ ကျပ်၆၀၀၀၊ အကြီး တစ်ပိဿာ ကျပ်၉၀၀၀၊ ကြက်ဥ တစ်လုံး ကျပ်၂၅၀၊ ဘဲဥ တစ်လုံး ကျပ်၄၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီသန့် တစ်ပိဿာ ကျပ်၁၄၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ်၆၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ်၊ မတ်လ စတုထ္ထပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများအား ယခင် ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ စတုထ္ထအပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက အခြားအခြေခံစားကုန်ဈေးနှုန်းများ ၊အသားဈေး/ငါးဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ခရမ်းချဉ်သီးနှင့် အသီးအရွက်ဈေးနှုန်းများဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်းနှင့် သံပူရာသီးဈေးနှုန်းအနည်းငယ်မြင့်တက် လာကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေး ရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

 

ခရမ်းမြို့နယ်၌ ဆောင်းသီးနှံ ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ခရမ်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ ပဲတီစိမ်းများကို တစ်မြို့နယ်လုံးတွင် (၂၀၂၃-၂၀၂၄) ခုနှစ်၌ စိုက်ပျိုးဧက (၁၀၅၀၁၇)ဧကလျာထားစိုက်ပျိုးခဲ့ရာ ရာနှုန်းပြည့်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့ပါသည်။

     ခရမ်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ် ဆောင်းသီနှံစိုက်ပျိုးရာသီချိန်တွင် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ နိုင်ငံခြားဝင်ငွေများရရှိနိုင်စေရေးတို့အတွက် ပဲတီစိမ်းသီးနှံကို အဓိကအားထားစိုက်ပျိုးခဲ့ရာ ယခုအခါတွင် ခရမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု(၆၄)ရွာမှ စိုက်ပျိုးထားသော လယ်ဧကများတွင် ပဲတီစိမ်းသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ထွက်ပေါ်လာသော ပဲတီစိမ်းသီးနှံများကို ခရမ်းမြို့နယ်အတွင်းရှိ ကုန်သည်များက ပဲအဝယ်ဒိုင်များဖွင့်လှစ်ဝယ်ယူခဲ့ရာ ယခုဖေဖော်ဝါရီလ စတုတ္တပတ်အထိ လက်ရှိပေါက်ဈေးမှာ ပဲတီစိမ်း (၁)တင်းလျှင် (၈၂၀၀၀)ကျပ်ဖြင့်ဝယ်ယူလျက်ရှိပြီး ခရမ်းမြို့နယ်မှ လှိုင်သာယာ၊ ရွှေပြည်သာ၊ အရှေ့ဒဂုံစက်မှုဇုန်များသို့ ယနေ့အထိ ပဲတင်းပေါင်း (၃၈၀၀၀)တင်းခန့်တင်ပို့ရောင်းချခဲ့ကြောင်းသိရပါသည်။

     ယခုနှစ် ပဲပေါ်စ (ဂေါင်ပဲ) ပဲတီစိမ်းတစ်တင်း၏ အဖွင့်ဈေးနှုန်းမှာ (၉၀၀၀)ကျပ်ဖြစ်၍ ယခင်နှစ် ပဲတီစိမ်းစတင်ထွက်ရှိချိန်၌ အဖွင့်ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၆၀၀၀၀)ကျပ်ဖြစ်သောကြောင့် ယခင်နှစ်ထက်ဈေးပိုလာသဖြင့် ဆောင်းသီးနှံပဲတီစိမ်းစိုက်တောင်သူများမှာ သီးနှံဝင်ငွေပိုမိုတိုးပွားရရှိလာကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

၂၀၂၄ ခုနှစ်၊ မတ်လ ပထမပတ်၌ ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ စတုထ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၁၀၀)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၃၂၃၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၈၇၀)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၉၂၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ယခု ၂၀၂၄ ခုနှစ်၊ မတ်လ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် ကျပ်(၃၀၄၀)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၃၁၇၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် ကျပ်(၂၇၈၀)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၈၂၅၀)ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၆၀) ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၅၅) မြင့်တက်ကာ ၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင်ကျပ်(၉၀) ်ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၉၅) ယခင်အပတ်ထက် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိပါသည်။

   ယခင်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ပထမအပတ်နှင့် မတ်လပထမအပတ်တို့ နှိုင်းယှဉ်ကြည့် ပါက ဓါတ်ဆီ(92)တစ်လီတာလျှင် ကျပ်(၅၅)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၆၀) ၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင်ကျပ်(၈၀) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၈၅) ယခင်ဖေဖော်ဝါရီလ ပထမပတ်နှင့် ယခု မတ်လပထမပတ် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင်ဖေဖော်ဝါရီလ ပထမအပတ်ထက် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

သုံးခွမြို့နယ်၌ ပဲတီစိမ်းနှင့် ပဲတီရွှေဝါများ စတင်ထွက်ပေါ်

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ သုံးခွမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အားထားစိုက်ပျိုးသည့် ပဲတီစိမ်းနှင့်ပဲတီရွှေဝါစိုက်ပျိုးရေးကို တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် (၂၀၂၃-၂၀၂၄) ခုနှစ်တွင် စိုက်ဧက(၁၄၀၃၆၃)ဧကအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရှိရပါသည်။

     သုံးခွမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးမြေကောင်းမွန်မှုနှင့် စိုက်ပျိုးရေးအဆင်ပြေမှုတို့ကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ် ဆောင်းသီးနှံဝင်ငွေတိုးပွားစေရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပြည်ပဝင်ငွေရရှိနိုင်ရေးအတွက် ပဲတီစိမ်းနှင့်ပဲတီရွှေဝါသီးနှံတို့ကို အဓိကစိုက်ပျိုးခဲ့ရာ (၂၀-၂-၂၀၂၄) ရက်နေ့အထိ ရိတ်သိမ်းဧက (၄၀၉၄၅)ဧကရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၅.၇၇)တင်းပျှမ်းမျှထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိရပါသည်။ ပဲတီစိမ်းစိုက်ပျိုးသည့် ရှမ်းစု၊ ရေပေါ်ကန်၊ နံယော၊ ထုံးကြီး၊ ကံမြင့်၊ ပုလဲ၊ သိုက်တူးကန်၊ ပျဉ်မကန်၊ သုံးခွ၊ အနောက်ကျေးရွာများဖြစ်သော သစ်ပဒတ္ထိုင်း၊ ထုံးကြီး၊ အဇန်းတောဇွန်း၊ ဘုရားကြီး၊ တကော၊ ဇီးဖြူပင်၊ တံခွန်တိုင် စသည့်ကျေးရွာများတွင် ပဲတီစိမ်းနှင့် ပဲတီရွှေဝါသီးနှံများကို ခူးဆွတ်စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ ထွက်ရှိလာသည့်ပဲများအား Bright Light Co.,Ltd နှင့် တခြားအဝယ်ဒိုင်များက ဒေသပေါက်ဈေးများဖြင့် ဝယ်ယူပေးလျက်ရှိကြောင်း၊  ယခုအချိန်တွင် ရေဆင်းမျိုး ပဲတီစိမ်းတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ ပဲတီရွှေဝါတစ်တင်းလျှင် (၈၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ကာလတူဈေးနှုန်းမှာ ရေးဆင်းမျိုးပဲတီစိမ်းတစ်တင်းလျှင် (၇၉၅၀၀)ကျပ်၊ ပဲတီရွှေဝါမျိုးမှာ တစ်တင်းလျှင် (၈၂၀၀၀) ကျပ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်နှင့် ယခုနှစ်ဈေးနှုန်းတို့မှာ သိသိသာသာကွာခြားမှုမရှိကြောင်းတွေ့ရှိရပြီး ပဲတီစိမ်းနှင့် ပဲတီရွှေဝါမျိုးများသည် ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ လဆန်းပိုင်းတွင် နှစ်စဉ်လှိုင်လှိုင်ထွက်ပေါ်လာနိုင်ကြောင်း ဒေသခံပဲစိုက်တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ရွှေဘိုပဲစဉ်းငုံ(နီ)ဈေး အနည်းငယ်ကျ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဖေဖော်ဝါရီလ၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ‌ဇန်နဝါရီလ၊ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း ဖေဖော်ဝါရီလ၊ စတုတ္ထပတ်တွင် ပဲစဉ်းငုံ(နီ)တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ ကြောင်း၊ ယခုအပတ်တွင်အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၁၅၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀၀)တင်း/(၅၈၈)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၁၂၂၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲစဉ်းငုံ(နီ)တစ်တင်းလျှင်(၇၆၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်းနှင့် အဝင်များပြီး ယခင်အပတ်အောက် ဈေးအနည်းငယ်ကျဆင်းသော်လည်း  ဝင်ရောက်သမျှ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်ဈေးများ ဆက်လက်ကျဆင်းလျက်ရှိ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်ဈေးများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် အသီးအရွက်ကုန်စိမ်းဈေးတန်းတွင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲမြစ်၊ ကန်ဇွန်းဥ၊ ငရုတ်သီးစိမ်းစသည့် ကုန်စိမ်းပစ္စည်းများ ရောင်းချလျက်ရှိရာ ကန့်ဘလူမြို့နယ်အတွင်း ကာဘိုးကျေးရွာ၊ ညောင်ပင်ကျေးရွာများမှ ဖောက်သည် ယူဆောင်ရောင်းချရပြီး ဖောက်သည်ယူရသည့်  ပန်းဂေါ်ဖီ ဈေးနှုန်းမှာ ပန်းပွင့် အကြီး/အသေး ပျမ်းမျှ တစ်ပွင့်လျှင် ကျပ်(၂၀၀)နှုန်း၊ ဂေါ်ဖီထုပ် ဈေးနှုန်းမှာ အထုပ် ကြီး/အသေး ပေါ်မူတည်၍ ပျမ်းမျှ တစ်ထုပ်လျှင်ကျပ်(၄၀၀)တို့ဖြင့် ယူရပြီး စားသုံးသူများထံသို့ ပြန်လည်ရောင်းချရာတွင် ပန်းဂေါ်ဖီ တစ်ပွင့်လျှင် ကျပ် (၃၀၀/၃၅၀/၄၀၀)အစားစားရောင်းချကာ ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ်(၆၀၀/၈၀၀) နှုန်းတို့ဖြင့် အစားစားရောင်းချလျက်ရှိပြီး ယခင် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများထက် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် ဈေးနှုန်းများ ထက်ဝက်ကျဆင်းလျက်ရှိကြောင်းနှင့် ကန်ဇွန်းဥ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ ပဲမြစ် တစ်ပိဿာလျှင် ကျပ်(၂၇၀၀)ဈေးရောင်းချကာ ကန်ဇွန်းဥနှင့် ပဲမြစ်များကို မန္တလေးမြို့မှ မှာယူရောင်းချရပါကြောင်း  ကန့်ဘလူမြို့ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ခရမ်းမြို့နယ်၌ ပဲတီစိမ်းနှင့် ပဲတီရွှေဝါ (၅၈၁၉၇)ဧကရိတ်သိမ်းပြီးစီး

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ခရမ်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ်၊ ဆောင်းသီးနှံဖြစ်သော ပဲတီစိမ်းနှင့် ပဲတီရွှေဝါသီးနှံစိုက်ခင်းများ စတင်ရိတ်သိမ်းခူးဆွတ်ချိန်ရောက်ရှိလာပြီဖြစ်သောကြောင့် ဒေသခံတောင်သူများအနေဖြင့် ပဲဆွတ်ခူးအလုပ်သမားများငှားရမ်းပြီး လှိုင်လှိုင်ရိတ်သိမ်းခူးဆွတ်လျက်ရှိရာ ယနေ့အထိ (၅၈၁၉၇)ဧကခူးဆွတ်နိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် (၁၄)တင်းခန့်ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိရပါသည်။

     ခရမ်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းနှင့် ပဲတီရွှေဝါမျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသအတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက်ရည်ရွယ်၍ ဒေသခံတောင်သူများက တစ်မြို့နယ်လုံးရှိ ကျေးရွာပေါင်း (၆၄)အုပ်စုတွင် လျာထားစိုက်ဧက (၁၀၅၉၁၇)ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ၏ ပထမအပတ်တွင် ကုန်းပဲ(ပဲတီစိမ်း)များကို ခရမ်းမြို့နယ်၊ အနောက်ခြမ်းကျေးရွာများတွင် စတင်ထွက်ပေါ်ခဲ့ပြီး ယခုဖေဖော်ဝါရီလ တတိယအပတ်တွင် တစ်မြို့နယ်လုံးနီးပါး ရိတ်သိမ်းခူးဆွတ်လျက်ရှိကြောင်းသိရပါသည်။ ထွက်ရှိလာသောပဲများအား Bright Light Co.,Ltd နှင့် တခြားပဲအဝယ်ဒိုင်များက ဒေသပေါက်ဈေးများဖြင့် ဝယ်ယူပေးလျက်ရှိကြောင်း၊ ခရမ်းပဲတီစိမ်း(ပဲတီရွှေဝါ)သည် EU နိုင်ငံများနှင့် ဂျပန်၊ တရုတ်၊ အိန္ဒိယနိုင်ငံများသို့ တင်ပို့ရောင်းချရသော နိုင်ငံတော်၏ ပြည်ပဝင်ငွေရရှိနေသည့် ဈေးကွက်ဝင်သီးနှံဖြစ်၍ တောင်သူများအားထားစိုက်ပျိုးနေသော သီးနှံဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ပဲတီစိမ်းတစ်ဧကလျှင် ကုန်ကျစရိတ်မှာ ယခုနှစ်တွင် (၆၅၀၀၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပြီး ပဲဆွတ်ခူးခမှာ တစ်အိတ်လျှင် (၂၀၀၀)ကျပ်ခန့်ရှိကြောင်း၊ ပဲတီစိမ်းတစ်တင်းလျှင် လက်ရှိပေါက်ဈေးမှာ (၈၀၀၀၀)ကျပ်ခန့်ရှိပြီး ပဲခူးဆွတ်လုပ်သားများအတွက် အလုပ်အကိုင်များရရှိပြီး ပဲစိုက်တောင်သူများအတွက်လည်း အကျိုးအမြတ်ရရှိသော ဈေးကွက်ဝင်သီးနှံဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ရှိ ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

      ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင် (၃၈၀၀-၄၀၀၀)ကျပ်ထိ၊ မီးဒုံးဆန် (ရိုးရိုး)တစ်ပြည်လျှင် (၄၅၀၀-၄၆၀၀)ကျပ်ထိ၊ တောင်ပျံဆန်(ရိုးရိုး)တစ်ပြည်လျှင် (၄၈၀၀-၅၀၀၀) ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် (၅၆၀၀-၅၈၀၀)ကျပ်ဖြင့် လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်အပတ်တွင် (၅၃၅၀)ကျပ်၊ ယခုအပတ်တွင် (၅၃၈၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး၊ ပဲဆီတစ်ပိဿာလျှင် (၁၇၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံတစ်ပိဿာလျှင် (၂၆၀၀-၂၈၀၀)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ)တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြက်ကုတ်)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင် (၆၀၀)ကျပ်၊ ငရုတ်တောင့်(အရှည်) တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ငရုတ်တောင့်(အပု) တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ကုလားပဲဆံခြမ်းတစ်ပိဿာလျှင် (၆၆၀၀)ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ ငါးပိတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ငံပြာရည်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် (၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၀၀-၃၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   အလားတူပင် ဗမာကြက်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ CP ကြက်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

      ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာတွင် စားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” (၁၉-၂-၂၀၂၄) ရက်နေ့မှ (၂၄-၂-၂၀၂၄) ရက်နေ့အထိ

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုယ်စားလှယ်များအား စားအုန်းဆီများ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁၉-၂-၂၀၂၄)ရက်နေ့မှ (၂၄-၂-၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၁၉)ခုအား စားအုန်းဆီတန်ချိန် (၆၄၅၄.၆၁၄)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း