Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၌ ရောင်းချနေသော ဒေသထွက် သောက်ရေအိုး(မြေအိုး)ဈေးနှုန်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ဒေသထွက်သောက်ရေအိုးများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ကျွန်းလှမြို့နယ်နှင့် တန့်ဆည်မြို့နယ်မှ ဝယ်ယူရောင်းချကြောင်း သိရသည်။

    ယခုအခါ ရေကိုအေးအောင် ရေခဲသေတ္ထာများ၊ Water Coolerများ အသုံးပြု ကြသော်လည်း မြန်မာလူမျိုးတို့သည် ရှေးယခင်ကတည်းက သောက်ရေအိုး(မြေအိုး)များကို အစဉ်အဆက်အသုံးပြု လာကြသည်မှာ ယနေ့ထိပင်ဖြစ်ကြောင်း၊ ကန့်ဘလူဒေသထွက် သောက်ရေအိုး (မြေအိုး)ဈေးနှုန်းမှာ အကြီး(၁)လုံးလျှင် (၆၀၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၄၀၀၀)ကျပ်နှင့် အသေး (၁)လုံးလျှင် (၃၀၀၀)ကျပ်နှင့် ကျွန်းလှမြို့နယ်ထွက် သောက်ရေအိုး(မြေအိုး)(၁)လုံးလျှင် (၃၅၀၀မှ ၅၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ သောက်ရေအိုး(မြေအိုး)တွင် ထည့်ထားသည့်ရေသည် သဘာဝ အတိုင်း အအေးဓာတ်ကိုပေးသည့်အတွက် ကျန်းမာရေးနှင့် ပိုမိုညီညွတ်သည့်အတွက် ယခုတိုင် အသုံးပြုလျက်ရှိကာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ရုံးပတီးသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် သတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီးရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရုံးပတီသီး(၁၀) ကျပ်သားလျှင် (၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရုံးပတီသီးများ ဝင်ရောက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့တွင် ရောင်းချနေသော နဂါးမောက်ပိန်းပန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ရွှေပန်း၊ ငွေပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ သပြေပန်းအငုတ်၊ သပြေပန်း အခက်များနှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ပိန်းပန်းနှင့် ပိန်းပန်းပင် ဈေးနှုန်းများမှာ နဂါးမောက်ပိန်းပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ (၅)ပွင့်လျှင် (၂၂၀၀)ကျပ်၊ ယိုဒယား ပိန်းပန်း(၁)ပင်လျှင် (၁၅၀၀၀)ကျပ်၊ နဂါးမောက်ပိန်းပန်း(၁)ပင်လျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းသည်ထံမှ သိရှိရပါသည်။       

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချနေသော နာနတ်သီးနှင့် ဒညင်းသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ  သစ်သီးဝလံမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာ နာနတ်သီးနှင့် ဒညင်းသီးကို မန္တလေးမြို့၊ မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေ‌သော နာနတ်သီး ဈေးနှုန်းများမှာ မြစ်ကြီးနား နာနတ်သီးတစ်လုံးလျှင်(၆၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၄၀၀၀)ကျပ်၊ မန္တလေးနာနတ်သီး တစ်လုံးလျှင်(၄၀၀၀)ကျပ်နှင့် ဒညင်းသီးဈေးနှုန်းမှာ ဒညင်းသီးတစ်လုံးလျှင်(၂၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင်(၂၀၀)ကျပ်၊ ဒညင်းသီးအပြုတ် တစ်လုံးလျှင်(၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန်ဇွန်းဥဈေးနှုန်း အနည်းငယ် ကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာ ကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း၊ ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ကန်စွန်းဥကို  စားသုံးသူများနှင့် မုန့်လုပ်သူများက ဝယ်ယူလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ လက်က္ကား(၁)ပိဿာလျှင် (၃၈၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း  ယခင်အပတ်ဈေးနှုန်းများ နှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကန်စွန်းဥဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း ကန်စွန်းဥ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

   ကန့်ဘလူမြို့မဈေးရှိ အမဲသားနှင့် ဝက်သားဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လတတိယပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ် (၁)ပိဿာ(၃၆၀၀၀)ကျပ်၊ ဝက်ပေါင် သား(၁)ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ စက်တင်ဘာလ တတိယပတ်အတွင်း  အမဲသားသန့်(၁)ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ရိုးရိုး(၁)ပိဿာလျှင် (၂၅၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ အသားရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ဖရဲသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် ပန်းသီး၊ နာနတ်သီး၊ ပန်းသစ်တော်သီး၊ သခွားမွှေးသီးနှင့် ဖရဲသီးများရောင်းချလျက်ရှိပြီး ဖရဲသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖရဲသီးအကြီး(၁)လုံးလျှင် (၈၀၀၀) ကျပ်၊ အလတ်(၁)လုံးလျှင် (၆၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀၀)ကျပ်နှင့် တစ်စိတ်လျှင် (၈၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးနှုန်းကျဆင်းလာသောမြင်းခြံပိန်းဥဈေးကွက်အခြေအနေ

           မြင်းခြံမြို့အေးမြသီတာဈေးတွင်  သစ်သီးဝလံမျိုးစုံရောင်းချလျက်ရှိရာ ပိန်းဥသီးနှံများကိုလည်းရောင်းချကြောင်း၊ ထိုပိန်းဥများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ ကုန်စိမ်းဈေးတို့မှ မှာယူရောင်းချကြောင်း၊  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ရောင်းချနေသော  ပိန်းဥအကြီးတစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ပိန်းဥအလတ်တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ပိန်းဥအသေးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လဩဂုတ်လဒုတိယပတ် ပိန်းဥအကြီးတစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ပိန်းဥအလတ်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ပိန်းဥအသေးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်ပေါက် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ပိန်းဥအကြီး၊ အလတ်၊ အသေးတစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။  ထိုသို့ ဈေးနှုန်းကျဆင်းခြင်းမှာ ရာသီပေါ်ပိန်းဥသီးနှံများ ဈေးကွက်တွင်ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးကျဆင်းခြင်းဖြစ်ကြောင်း စားသုံးမှုများ၍ အရောင်းအဝယ်ကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းများနှင့်အရောင်းအဝယ်ဖြစ်မှုအခြေအနေ

           မြင်းခြံကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ၂၀၂‌၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၌ လယ်ယာထွက်ကုန်ပဲမျိုးစုံ၊ ပြောင်းနှင့်ဆီထွက်သီးနှံဈေးနှုန်းများမှာ  ပဲစဉ်းငုံနီ တစ်တင်းလျှင် (၇၇၀၀၀) ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၇၆၀၀၀-၅၇၀၀၀) ကျပ်၊ ပဲဇီးကွက် တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ထောပတ်ပဲဖြူ တစ်တင်းလျှင် (၇၀၃၀၀) ကျပ်၊ ကုလားပဲV2 တစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် (၈၂၀၀၀) ကျပ်၊ ကုလားပဲဝါအထွက်တိုးတစ်တင်းလျှင် (၈၀၅၀၀) ကျပ်၊ ပဲပုပ်တစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်၊ ပဲဘိစပ်တစ်တင်းလျှင် (၃၃၀၀၀) ကျပ်၊ စီပီပြောင်း တစ်တင်းလျှင် (၂၅၇၄၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၇၀၀၀)ကျပ်၊ မြေပဲ S1လုံးဆံတစ်တင်းလျှင် (၁၀၂၀၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ပဲမျိုးစုံဈေးနှုန်းများမှာ တစ်တင်းလျှင်း (၃၀၀၀-၅၀၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ နေ့စဉ်သီးနှံမျိုးစုံအ ရောင်းအဝယ်ဖြစ်မှုအနေဖြင့် (၁၀၀-၃၀၀) အိတ်ခန့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲမျိုးစုံ ပြောင်းတင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်‌နောင်ပွဲရုံ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့များသို့တင်ပို့ ကြောင်း၊ နှမ်းတင်ပို့မှုအနေဖြင့် မကွေးမြို့သို့လည်းတင်ပို့ကြောင်း  သီးနှံအရောင်းအဝယ်လုပ်ကိုင် သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်တွင် ဒေသထွက်နွားနို့ ရောင်းချသူများ ဝင်ငွေရရှိနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေး ကျေးရွာ၊ နတ်အင်းကျေးရှိ ရွာတောင်သူဦးကြီးများသည် မိမိတို့ရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် ဒေသနွားနှင့် မေထုံနွားများ မွေးမြူ၍ နွားနို့များညှစ်ကာ မိသားစုစားဝတ်နေရေးအဆင်ပြေအောင် ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည် ။

   မေထုံနွားမတစ်ကောင်ကို တစ်နေ့နို့ပိဿာ(၇)ပိသာခန့်နှင့် ဒေသနွားမတစ်ကောင်ကို (၃)ပိဿာခန့် ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသော ဒေသထွက်နွားနို့(၁)လီတာ(၁)ဘူးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်၊ နို့စားနွားနို့(၁)လီတာ(၁)ဘူးလျှင် (၁၃၀၀မှ ၁၆၀၀)ကျပ်တို့ဖြင့် ရောင်းချရပြီး လက်ဖက်ရည်ဆိုင်များ၊ နွားနို့ကြိုက်နှစ်သက်သူများက နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း ဒေသထွက်နွားနို့ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း