Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ရောင်းချနေသော ငါးခြောက်ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော ငါးခြောက်အမျိုးမျိုးနှင့် ပုဇွန်ခြောက်အမျိုးမျိုးတို့ ရောင်းချလျက်ရှိပါသည်။ ငါးခြောက်အမျိုးမျိုးများဖြစ်သော ငါးပုတ်သင်၊ ငါးမည်းလုံး၊ ငါးဇင်းလုံး၊ ငါးဇင်းပြား၊ အာပြဲခြောက်အမျိုးမျိုး၊ ငါးရံ့ခြောက်နှင့် ငါးနီတူးခြောက်၊ ရေမောင်စာခြောက်အမျိုးမျိုးတို့ဖြစ်ပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ရောင်းချနေသောငါးခြောက်ဈေးနှုန်းများမှာ ငါးပုတ်သင်(ကြီး)တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးပုတ်သင်(လတ်) တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးပုတ်သင်(သေး)တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးရံ့ (လုံး)ခြောက် တစ်ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ ငါးရံ့(ပြား)ခြောက် တစ်ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ အာပြဲခြောက်(ကြီး)တစ်ပိဿာလျှင် ကျပ် (၄၀၀၀၀)၊ အာပြဲခြောက်(လတ်) တစ်ပိဿာလျှင် ကျပ် (၃၅၀၀၀)၊ အာပြဲခြောက်(သေး) တစ်ပိဿာလျှင် ကျပ်(၂၆၀၀၀)၊ ငါးမည်းလုံး တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ငါးဇင်း(လုံး) တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးဇင်း(ပြား) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးသေတ္တာခြောက် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးနီတူးခြောက် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ရေမောင်စာခြောက် တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)နှင့် ပုဇွန်ခြောက်(ကြီး) တစ်ပိဿာလျှင် ကျပ်(၆၅၀၀၀)၊ ပုဇွန်ခြောက်(သေး) တစ် ပိဿာလျှင် ကျပ်(၂၅၀၀၀)ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်နီဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာ နှင့်ပခုက္ကူကျွန်းတို့မှ ဆောင်းစိုက်(ပင်စိုက်)များ စတင်ထွက်ရှိနေပါသည်။ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကြက်သွန်နီဈေးမှာ အနည်းငယ်ကျနေခဲ့သော်လည်း ဖေဖော်ဝါရီ (စတုတ္ထပတ်)တွင် ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှ သိရပါသည်။

     ကြက်သွန်နီကုန်စည်ဒိုင်တွင် ပခုက္ကူဒေသထွက်သာမက အခြားဒေသများဖြစ်သော ရေနံချောင်း၊ ဆင်ဖြူကျွန်းတို့မှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမပတ်) ကြက်သွန်နီဈေးနှုန်းမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၄၅၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ရှိခဲ့ပြီး ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ယောကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၇၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် (၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၂၅၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀)ထိ မြင့်တက်နေကြောင်း၊ နေ့စဉ်အရောင်းအဝယ် ဖြစ်မှု ကုန်ချိန်မှာလည်း ပိဿာချိန်(၂၀၀၀၀ မှ ၅၀၀၀၀) ထိ ဖြစ်နေကြောင်း၊ မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ထိပ်စ တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၇၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် ကြက်သွန်အရွယ်အစားပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီ(စတုတ္ထပတ်)ပဲမျိုးစုံဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပဲမျိုးစုံထွက်ရှိရာဒေသများဖြစ်ကြသော ပခုက္ကူကျွန်း၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ် တို့မှ ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ မတ်ပဲ၊ ပဲလွန်း(ပြာ)၊ ပဲယင်း(နီ)၊ ပဲယင်း(ဝါ)၊ ထောပတ်ပဲနီနှင့် အခြား ပဲမျိုးစုံများ စိုက်ပျိုးလျက်ရှိပါသည်။  ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူမြို့၏ စီးပွားရေးအချက်အခြာကျပြီး ပခုက္ကူမြို့အပြင် အခြားဒေသများဖြစ်သော ဂန့်ဂေါခရိုင်အတွင်းရှိနယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦး၊ အောက်ညဉ့်၊ ပုလင်း၊ ငါးသရောက်နှင့် မြင်းခြံမြို့ နှင့်တောင်သာမြို့တို့မှ လာရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  

    ယခုတစ်ပတ် ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသောပဲများမှာ ပဲစဉ်းငုံနီ၊ ကုလားပဲ အမျိုးမျိုး၊ ပဲယင်းနီ၊ ပဲယင်းဝါ၊ ပဲလွန်းပြာ၊ ပဲပုတ်နှင့် အခြားပဲများ အရောင်းအဝယ်ဖြစ်နေပြီး  ဖေဖေါ်ဝါရီလ(စတုတ္ထပတ်)၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ် ( ၁၁၉၄၀၀-၁၂၁၀၀၀-၁၂၂၀၀၀)၊ ကုလား ပဲဖြူလုံးကြီး (V2) တစ်တင်းလျှင် ကျပ် (၈၇၂၀၀-၈၇၅၀၀)၊ ကုလားပဲဖြူလုံးကြီး(V6) တစ်တင်းလျှင် ကျပ်(၈၇၀၀၀-၈၇၅၀၀-၈၇၇၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင် ကျပ်(၈၆၀၀၀)၊ ကုလားပဲဝါလုံးကြီး (929)တစ်တင်းလျှင်ကျပ် (၈၇၀၀၀)၊ ပဲယင်းနီ တစ်တင်းလျှင် ကျပ်(၆၆၆၀၀)၊ ပဲယင်းဝါ တစ်တင်းလျှင် ကျပ်(၄၉၀၀၀)၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် (၆၇၅၀၀)၊ စွန်တာနီ (ကျွန်း) တစ်တင်းလျှင် ကျပ်(၅၅၅၀၀)၊ ထောပတ်ပဲ တစ်တင်းလျှင်ကျပ် (၁၂၅၀၀၀)၊နေလဲစေ့ တစ်ပိဿာလျှင် ကျပ်(၆၉၀၀)၊ ပြောင်းဖူးစေ့တစ်တင်းလျှင် ကျပ်(၁၆၄၀၀) ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစဉ်းငုံနီ(၅၇၀၀)၊ ကုလားပဲဖြူလုံးကြီး(V2)(၂၀၀)၊ ကုလားပဲ ဖြူလုံးကြီး(V6)(၂၅၀) ၊ ကုလားပဲဝါ(HL) (၂၀၀)၊ပဲယင်းနီ(၁၃၀၀)၊ ပဲယင်းဝါ(၂၀၀) ၊ ပဲလွန်းပြာ (၈၀၀) ၊ စွန်တာနီ (ကျွန်း) (၂၀၀)၊  ပြောင်းဖူးစေ့(CP)၅၀၀၊ ထောပတ်ပဲဖြူ(၇၅၀)၊ နေလဲစေ့ ပိဿာချိန် (၈၅၀၀)အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့နယ်အတွင်း ဖေဖော်ဝါရီလတွင် ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသောသီးနှံများ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါဆောင်ရွက်လျှက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ၊ အစုအဖွဲ့များဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန်စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

     ကန့်ဘလူပွဲရုံများအနေဖြင့် ဇန်နဝါရီလကုန်ပိုင်းမှ ဖေဖော်ဝါရီလလကုန်ပိုင်းအထိ ပွဲရုံသို့ဝင်ရောက်အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ၊ အဝင် /အထွက် တင်း/တန်များ၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ပဲစင်းငုံ(နီ)(၇၅၀၀)တင်း/(၆၈၉.၃၄)တန်ဈေးနှုန်းမှာ ကျပ်(၁၁၅၀၀၀)၊ ပဲစင်းငုံ(ဖြူ)(၁၀၅၀)တင်း/(၉၆.၅၁)တန်ဈေးနှုန်းမှာ ကျပ်(၁၁၀၀၀၀)၊ ကုလားပဲ v2၊ v7 929 (၃)မျိုးပေါင်း(၁၅၀)တင်း/(၁၄.၀၃)တန်ဈေးနှုန်းမှာ ကျပ်(၈၀၀၀၀/၈၃၀၀၀)၊ ကြက်ဆူ(၇.၅) တင်း/ (၀.၄၄)တန် ဈေးနှုန်းမှာ ကျပ်(၅၀၀၀)၊ မတ်ပဲ(၃၀၀)တင်း/ (၂၇.၅၇)တန်ဈေးနှုန်းမှာ ကျပ်(၈၅၀၀၀)၊ ပဲတီစိမ်း(၃၀)တင်း/(၂.၇၅)တန်ဈေးနှုန်းမှာ ကျပ်(၅၅၀၀၀)၊ ထောပတ်ပဲ(၇.၅)တင်း/ (၀.၇၁)တန်ဈေးနှုန်းမှာ ကျပ်(၁၃၀၀၀၀)၊ စွန်တာနီပဲ(၁၀.၅)တင်း/(၀.၉၉)တန်ဈေးနှုန်းမှာ ကျပ်(၇၀၀၀၀)၊ ပဲဇီးကွက်(၁၀.၅)တင်း/ (၀.၉၉)တန်ဈေးနှုန်းမှာ ကျပ်(၇၀၀၀၀)၊ ဘိလပ်စေ့(၁၂၀)တင်း/(၈.၈၂)တန်ဈေးနှုန်းမှာ ကျပ်(၆၀၀၀၀) စသည်ဖြင့် အသီးသီးပေါက်ဈေးရှိကြောင်းသိရှိရပါသည်။

     ယခုရာသီကာလတွင်မူ ပဲစင်းငုံ(နီ)အဝင်/ အထွက်အပေါများဆုံးအချိန်ဖြစ်ပြီး ကန့်ဘလူမြို့ပေါ် (၅)ရပ်ကွက်ရှိ တောက္ကရှပ်၊ နတ်ပေး၊ လိထ္ထူ၊ စန္ဒယား၊ အင်ကြင်းစု၊ (၃)မိုင်၊ (၈)မိုင်၊ ဆည်ကြီးကျေးရွာများမှ အဝင်/အထွက်ရှိပြီး  မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့၊ ဇောတိကပွဲရုံသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသည့် စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စည်ပင်သာယာဈေးများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်/ကောလိပ်များ၊  ရပ်ကွက်၊ ကျေးရွာများ၊ တပ်ရင်း/တပ်ဖွဲ့များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးလျက်ရှိသည့်အပြင် “ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်”ဆိုသည့် ဌာန၏ရည်မှန်းချက်တာဝန်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

       ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေးတွင်  ဖေဖော်ဝါရီလ နောက်ဆုံးပတ်၌ရောင်းချနေသော စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ပေါ်ဦးပေါ်ဖျားဖြစ်သည့် တရုတ်စံကားပွင့်ပြုတ် နို့ဆီဘူး (၁)ဘူးလျှင် (၇၀ဝိ/) ကျပ်၊ ထနောင်းရွက်ပြုတ်တစ်ဆယ်ကျပ်သားလျှင် (၈၀ဝိ/-)ကျပ်၊ ပဲစိမ်း (၁)ဘူးလျှင် (၅၀ဝိ/-)ကျပ်၊ ပဲကြီး (၁)ဘူးလျှင် (၈၀ဝိ/-)ကျပ်၊ ပဲကြီးအခွံချွတ်ပြီး (၁)ဘူးလျှင် (၁၂၀ဝိ/-)ကျပ်၊ ပဲနီပြားအခွံချွတ်ပြီး (၁)ဘူးလျှင် (၁၀၀ဝိ/-)ကျပ်၊ ပြုတ်ပီးသည့်ပဲရေပွ (၁)ဘူးလျှင် (၅၀ဝိ/-)ကျပ်၊ ပဲနီပြား/ပဲဖြူပြား (၁)ဘူးလျှင် (၁၀၀ဝိ/-)ကျပ်၊ ပုဂံပဲ (၁)ဘူးလျှင် (၈၀ဝိ/-)ကျပ်၊ တစ်လပဲ (၁)ဘူးလျှင် (၅၀ဝိ/-)ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၉.၂.၂၀၂၄ )

   ၂၉.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၉.၂.၂၀၂၄ )

    ၂၉.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၉.၂.၂၀၂၄ )

    ၂၉.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

“ပဲကြီးအစိုများစတင်ထွက်ပေါ်”

     ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံကိုစိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် ရာသီအလိုက်စိုက်ပျိုးကြပါသည်။ပဲကြီးသီးနှံကို ယခင်က လယ်ကန်သင်းရိုးများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ယာမြေ၊ လယ်မြေနှင့် ကိုင်းကျွန်းမြေများတွင်လည်း အများအပြားစိုက်ပျိုးလာကြပါသည်။ကျောက်ဆည်ခရိုင်တွင် ပဲကြီးစိုက်ဧက (၁၄၃၅)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲကြီးကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စတင်ရိတ်သိမ်းလျက်ရှိပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ခန့်ကုန်ကျပြီး ပဲကြီးသီးနှံမှာ စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ (၅)လမှ (၆)လအတွင်းရှိပါသည်။ စိုက်ပျိုးပြီး (၃)လကြာလျှင် အဖူးအပွင့်များ စတင်ဖူးပွင့်ပြီး အသီးတောင့်များရင့်မှည့်လာချိန်တွင် တောင်သူအများစုမှာ ပဲကြီးအစိုများကိုသာခူးဆွတ်၍ ရောင်းချကြကြောင်း၊ ယခုပေါ်ဦးပေါ်စအချိန်တွင်​ ဈေးကွက်အတွင်း၌ ပဲကြီးအစို (၁)ပြည်လျှင် (၄၀၀၀/-)ကျပ်စျေးနှုန်းရရှိပြီး ပဲကြီးအခြောက်တစ်တင်းလျှင် (၁၁၀၀၀၀/-)ကျပ်စျေးနှုန်းရှိကြောင်း ယခင်နှစ် ပဲကြီးအခြောက်တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ်ဈေးနှုန်းသာရကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။ ပဲကြီးသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိရုံသာမက ကျွဲ၊ နွားစာများအတွက်လည်း ဖူလုံလျက်ရှိသောကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

 

“(ဆောင်း)ကုလားပဲများဖြိုင်ဖြိုင်ရိတ်သိမ်း”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ စဉ့်ကိုင်မြို့နယ်သည် စပါးကိုအဓိကထားစိုက်ပျိုးသည့် မြို့နယ်တစ်ခုဖြစ်သည်။ ယင်းမြို့နယ်ရှိ ကျေးလက်နေတောင်သူများမှာ မိုးစပါးများရိတ်သိမ်းပြီးချိန်တွင် ဆောင်းကုလားပဲကိုလည်းစိုက်ပျိုးလျက်ရှိကြောင်း၊ စဉ့်ကိုင်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက (၁၆၃၀၄)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ဆောင်းကုလားပဲကို အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၁)ဧကလျှင် ၁တင်းမှ ၁တင်းခွဲနှုန်းပက်ကြဲကြပြီး တောင်သူအများစုသည် ရိုးရိုးကုလားပဲမျိုးနှင့် V2 ကုလားပဲအဖြူလုံးကြီးမျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း (၂၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ (၁)ဧကလျှင် ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၇-၈)တင်းခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ဆောင်းကုလားပဲများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိပြီး ကုလားပဲစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ကုလားပဲရိုးရိုးတစ်တင်းလျှင် (၅၈၀၀၀/-)ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် (၆၂၀၀၀/-)ကျပ်စျေးနှုန်းတို့ရှိခဲ့ပြီး ယခုနှစ် ကုလားပဲဖြိုင်ဖြိုင်ထွက်ပေါ်ချိန်တွင် ကုလားပဲရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀/-)ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် (၈၇၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၄၅၀၀၀၀-၅၀၀၀၀၀)ကျပ်ခန့်ရရှိကြောင်း ကိုကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။ ကုလားပဲစိုက်ပျိုးခြင်းသည် အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ်နည်းပါးသောကြောင့် ကုလားပဲသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း