Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာခရိုင်၏ စပါး/ဆန်ဈေးနှုန်းအခြေအနေ

     မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါကြောင်းသိရပါသည်။

    မုံရွာမြို့၏ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်း စပါးတင်း ၁၀၀ လျှင် ကျပ်၃၂၀၀၀၀၀မှ ကျပ်၃၃၀၀၀၀၀၊ ဧရာမင်းဆန်  ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၀၀၀၀မှ ကျပ်၁၄၅၀၀၀ ထိ၊ မနောသုခစပါးတင်း ၁၀၀ လျှင် ကျပ်၂၆၀၀၀၀၀၊ မနောသုခဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀မှ ကျပ်၉၅၀၀၀ထိ၊  ပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ကျပ် ၄၄၀၀၀၀၀ မှ ကျပ်၄၅၀၀၀၀၀အထိ၊  ပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀မှ ကျပ်၁၅၀၀၀၀ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။

    ယခင်လ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများနှင့် ယခုလ ပထမအပတ် ဈေးနှုန်းများနှိုင်းယှဉ်လျှင် ဧရာမင်းစပါးတင်း ၁၀၀ လျှင် ၂၀၀၀၀၀ကျပ်၊ ဧရာမင်းဆန်  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၃၀၀၀၀ကျပ်၊ မနောသုခစပါးတင်း ၁၀၀ လျှင် ၆၀၀၀၀၀ကျပ် ၊ မနောသုခဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ၅၀၀၀ကျပ်၊ ပေါ်ဆန်းစပါးတင်း ၁၀၀လျှင် ၁၃၀၀၀၀၀ကျပ်၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၀၀၀၀ ကျပ်ဈေးနှုန်းမြင့်တက်ကြောင်း‌ မုံရွာမြို့နေ ဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်း ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်လျက်ရှိ

   စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို  မုံရွာမြို့နယ်အတွင်း၌လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပြီး ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါးနေခြင်း၊ ဒေသထွက်များ လှိုင်လှိုင်မပေါ်သေးခြင်းကြောင့် ကြက်သွန်ဖြူကို အောင်ပန်း၊ ကလောတို့မှသယ်ယူကာ ရောင်းချလျက်ရှိကြောင်း၊ လက်ရှိတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ယခင်ဩဂုတ်လ (ပထမပတ်) တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၈၅၀၀) ဖြင့်ရောင်းချလျက်ရှိကြောင်း၊  ယခုစက်တင်ဘာလ (ပထမပတ်) နှင့်  ယခင်ဩဂုတ်လ (ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ရှမ်းစတစ်ပိသာလျှင် ကျပ် (၂၀၀၀) ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း မုံရွာမြို့၊ မြသလ္လာဈေးတွင်ရောင်းချနေသော ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် စားအုန်းဆီများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၏ခရိုင်အတွင်းရှိ တာဝန်ရှိသူများမှလည်း စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ စားအုန်းဆီများကိုဖြန့်ဖြူးရောင်းချခဲ့သည့်အပေါ်  မိမိတို့ခရိုင်၊ မြို့နယ်အတွင်း ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ်  သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက် ရွှေဘိုခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်ချိတ်ဆက်၍ စားသုံးဆီရောင်းချမှုများကို ပူးပေါင်းကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

    ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဩဂုတ်လ (၂၈)ရက်၊ (၂၉)ရက်နေ့နှင့် စက်တင်ဘာလ(၁)ရက်နေ့တို့တွင်  ရွှေဘိုခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရှိ ဆီကုန်သည်(၃)ဦးမှ စားအုန်းဆီတစ်ပိဿာလျှင် (၄၈၀ဝိ/-)နှုန်းဖြင့် စားသုံးသူတစ်ဦးလျှင်(၁)ပိဿာနှုန်းရောင်းချပေးလျက်ရှိကြောင်း၊  ယခုအချိန်တွင် စားသုံးဆီအမျိုးအစားအလိုက် ဈေးနှုန်းများမြင့်မားနေသည့်အတွက် စားသုံးသူပြည်သူများမှ ရောင်းချသည့်နေရာများတွင် စည်ကားသိုက်မြိုက်စွာ တန်းစီ၍ဝယ်ယူလျက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ငရုတ်သီးခြောက်ဈေးနှုန်းဈေးကွက်အခြေအနေ

 မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်ကို မုံရွာမြို့ရှိ ပွဲရုံများမှတစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်းသိရှိရပါသည်။ မုံရွာမြို့တွင်စိုက်ပျိုးသော မိုးမျှော်ငရုတ်သီးခြောက်ဈေးမှာ ယခုလက်ရှိအချိန်တွင် ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကျပ်၁၉၀၀၀၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀-၂၁၀၀၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငရုတ်သီးကို မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း၊ ငရုတ်သီးခြောက်များ ဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးသူတောင်သူများလည်း အကျိုးအမြတ်ဖြစ်ထွန်းကာ အဆင်ပြေနေကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)       

ကသာမြို့တွင် ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

   ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် ဩဂုတ်လ နောက်ဆုံးအပတ်  ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာ (၁၅၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာ(၁၂၀၀၀)ကျပ်ရှိကြောင်းသိရသည်။ ဩဂုတ်လ စတုတ္ထအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက စားသုံးဆီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ဈေးနှုန်းမှာ ကျပ်(၁၀၀၀၀)ခန့် မြှင့်တက်လာကြောင်းတွေ့ရှိရသည်။

  စားဖိုဆောင်သီးနှံလက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး အသေး/အကြီးပေါ်မူတည်၍ တစ်ပိဿာ (၃၅၀၀ မှ ၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၂၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ အလုံးအသေး/အကြီးပေါ် မူတည်၍ (၃၅၀၀ မှ ၃၈၀၀)ကျပ်၊ ဂျင်းတစ်ပိဿာ (၇၂၀၀) ကျပ်၊ ကုလားပဲတစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာ (၇၂၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

  အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၀၀၀၀ မှ ၁၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀) ကျပ်နှင့် ငါးကြင်းတစ်ပိဿာ(၉၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဩဂုတ်လ စတုတ္ထအပတ်ရှိ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက ကြက်သွန်နီတစ်ပိဿာ ကျပ်(၈၀၀)ခန့်၊ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် (၃၀၀)ခန့်၊ ငရုတ်စို ဈေးနှုန်းမှာ ကျပ်(၁၀၀)ခန့်နှင့် ဂျင်း တစ်ပိဿာဈေးနှုန်းမှာ ကျပ်(၁၂၀၀)ခန့်မြှင့်တက်လာပြီး ပဲနီလေးနှင့် အာလူးဈေးနှုန်းမှာ ကျပ်(၈၀၀)ခန့် ကျဆင်းလျက်ရှိကြောင်းသိရသည်။ အသား/ငါးဈေးနှုန်းအနေဖြင့် ငါးကြင်းတစ်ပိဿာ ကျပ်(၁၀၀၀) ခန့်မြှင့်တက်လာပြီး ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့၌ ဈေးနှုန်းသက်သာသော စားသောက်ကုန်များအားရောင်းချပေး

   စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာစည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိသော မိတ္ထီလာမြို့မဈေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကုန်စျေးနှုန်းကျဆင်းရေးနှင့် ပြည်သူလူထုများ ပြင်ပပေါက်စျေးများထက် သက်သာသောနှုန်းထားများဖြင့် ဝယ်ယူစားသုံးနိုင်‌ရေးအတွက်ရည်ရွယ်၍  (၂၉-၈-၂၀၂၃) ရက်နေ့တွင် မိတ္ထီလာမြို့မစျေးကြီး၌ စားသောက်ကုန်ပစ္စည်းများကို ဒေသခံပြည်သူများအား စိုက်ပျိုးမွေးမြူဖြန့်ဖြူးသူများ၏ ဈေးနှုန်း သက်သာရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

  ရောင်းချရာတွင် အမဲသားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ကြက်သား(အသားထုတ်)တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်သား (အရိုး/အသား)တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငါးတန်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးမြင်းချင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးခူတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ တီလားဗီးယားတစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ ရေချိုပုစွန်တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၂၅၀) ကျပ်၊ ဆန် (မနောသုခ) တစ်ပြည်လျှင် (၃၁၅၀) ကျပ်၊ ဆန် (ဧည့်မထ) တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၄၄၀၀) ကျပ်နှင့် ဆား တစ်ပိဿာလျှင် (၄၀၀) ကျပ်ဖြင့် ရောင်းချပေးကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

ကရင်ပြည်နယ်ရှိ သွင်းအားစုစျေးနှုန်းစျေးကွက်အခြေအနေ

     ၂၀၂၃ ခုနှစ် စက်တင်ဘာလ ပထမအပတ်တွင် ကရင်ပြည်နယ်ဘားအံမြို့တွင် ဖြစ်‌ပေါ်လျက်ရှိသော သွင်းအားစုမြေဩဇာအချို့ ဈေးနှုန်းများမှာ15-15-15 ၅၀ ကီလိုတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ရွှေကောမတ် 20-12-12 ၅၀ ကီလိုတစ်အိတ်လျှင် ယခင်၁၁၅၀၀၀ ကျပ်၊  THAI ၅၀ကီလို တစ်အိတ်လျှင်၈၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊  ပုလဲသာရွှေနဂါး ၅၀ကီလို တစ်အိတ်လျှင် ၇၈၀၀၀ ကျပ် ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်၊၊

   ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ချက်အရ ကရင်ပြည်နယ်တွင် ယခုနှစ် စက်တင်ဘာလအတွင်း၌ သွင်းအားစု မြေဩဇာများ ဈေးနှုန်းပြောင်းလဲမှု မရှိဘဲဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်းနှင့် ဂျစ်ဆန်၊ ဆိုက်ပါ၊ အလန်း 15W၊ ဆာလဖာတို့လည်း ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)                                                                                      

                                                                  

ကယားပြည်နယ်၊ ဈေးကွက်အတွင်း အရောင်းသွက်နေသောစိုက်ပျိုးရေးမှို

    ကယားပြည်နယ်တွင် ဈေးကွက်အတွင်ရောင်းချလျက်ရှိသည့် စိုက်ပျိုးရေးမှိုများဖြစ်ကြသော ငွေနှင်းမှို၊ ကောက်ရိုးမှိုနှင့် အပ်မှိုများသည် ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်) တွင် ငွေနှင်းမှိုတစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ကောက်ရိုးမှိုတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၃၅၀၀)ကျပ်အထိရောင်းချလျက်ရှိပြီး အပ်မှိုတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၂၀၀၀)ကျပ်အထိရောင်းချလျက်ရှိကြောင်း နောင်ယားဈေးအတွင်းရှိ မှိုရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း ကျဆင်းလာသောချင်းဈေးနှုန်း

    ကယားပြည်နယ်တွင်  ချင်းကို လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာနှင့် ကယားပြည်နယ်၊ အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပတ်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊ ဒေါရောက်ခူကျေးရွာဘက်တို့မှ အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ဒေသအခြေအနေအရ စိုက်ပျိုးနိုင်ခြင်းမရှိသဖြင့် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်းမြို့၊ ဖယ်ခုံမြို့တို့မှ မှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ချင်းတစ်ပိဿာလျှင် (၄၅၀၀) ကျပ်ဖြင့်‌ ဈေးကွက်အတွင်းရောင်းချလျက်ရှိပြီး ယခင်ဩဂုတ်လ (ပထမပတ်) တွင် ရောင်းချလျက်ရှိသောချင်းဈေးနှုန်းမှာ  ချင်းတစ်ပိဿာလျှင် (၅၅၀၀) ကျပ်မှ (၆၀၀၀) ကျပ်အထိရောင်းချခဲ့ရာ ယခုစက်တင်ဘာလ (ပထမပတ်) နှင့် ယခင်ဩဂုတ်လ (ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ချင်းတစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်အထိဈေးနှုန်းကျဆင်းလာခဲ့ပြီး ထိုသို့ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ချင်းစိုက်ဧကများပြားလာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ချင်းရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

    နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း