Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် လျှပ်စစ်စက်ဘီး ဆိုင်ကယ်များ ယခင်ကထက် ရောင်းအားကောင်း

       ယခုအချိန်တွင် စက်သုံးဆီဈေးနှုန်းကြီးမြင့်ခြင်းကြောင့် စက်သုံးဆီမလိုဘဲ လျှပ်စစ်ဖြင့် ဘက္ထရီအားသွင်းပြီး အသုံးပြုနိုင်သည့် လျှပ်စစ်စက်ဘီး၊ လျှပ်စစ်ဆိုင်ကယ်များကို အသုံးပြုမှုများလာသည်ကို တွေ့ရပါသည်။

   လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်များသည် ခရီးတိုသွားလာရာတွင် စီးရသည်မှာ လွန်စွာအဆင်ပြေပါသည်။ ကျောင်းသားများအား ကျောင်းပို့/ကျောင်းကြိုပြုလုပ်ရာတွင် အဆင်ပြေပြီး ခလေးများကိုယ်တိုင် လည်း ကောင်းစွာစီးနင်းနိုင်ပါသည်။

        လီဘာတပ်ထားပြီး ဟွန်းလည်းပါ၊ ဂီယာ ၃ ချက်လည်းပါသည့် Yamaha အမှတ်တံဆိပ် လျှပ်စစ်စက်ဘီးများမှာ ယခုအခါ တစ်စီးလျှင် ကျပ် ၄ သိန်းခန့်ရှိပါသည်။ လျှပ်စစ်ဆိုင်ကယ်မှာ ၁၄ လက်မဘီး တစ်စီးလျှင် ၆ သိန်းကျပ်၊ ၁၈ လက်မဘီး တစ်စီးလျှင် ၈ သိန်းကျပ်ရှိကြောင်းနှင့် ယခင်ကထက်ပို၍ ရောင်းရကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ်၊ ရှမ်းဝတီးကျေးရွာ ဗီယက်နမ်မျိုး‌ မြေပဲများ အထွက်ကောင်း

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာရှိ တောင်သူလယ်သမားများမှာ ဗီယက်နမ်မျိုး မြေပဲများကို စိုက်ပျိုးကြရာ အထွက်ကောင်းကြောင်း သိရပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရှမ်းဝတီးကျေးရွာမှ စိုက်ပျိုးထားသည့် မြေပဲများမှာ ဗီယက်နမ်မျိုးများ ဟုတ်/မဟုတ် သွာရောက်စစ်ဆေးကြည့်ရှုရာ အထွက်ကောင်း ဗီယက်နမ်မျိုးများဖြစ်သည်ကို တွေ့ရပါသည်။

   ရှမ်းဝတီးကျေးရွာတွင် ယခင်နှစ်များက ပဒေသာမျိုးများကို စိုက်ပျိုးပါသည်။ အထွက်နှုန်းနည်းသည့်အတွက် ယခုနှစ်တွင် ဗီယက်နမ်မျိုးကို ပြောင်းလဲစိုက်ပျိုးကြပါသည်။ ဗီယက်နမ်မျိုး မြေပဲကို ထန်းတပင်မြို့နယ် ရွှေဈေးရွာ ဦးအောင်ကိုမြင့်ထံမှ ဝယ်ယူရရှိပါသည်။ ၎င်းမြေပဲမျိုးသည် သက်တမ်းသုံးလသာရှိပါသည်။

  မြေပဲစတင်စိုက်ပျိုးသည့် ရာသီက မျိုးမြေပဲတစ်တင်းကို ၃၇၀၀၀ ကျပ် ဝယ်ယူရပါသည်။ တစ်ဧကလျှင် မျိုးမြေပဲ လေးတင်း အသုံးပြုရပါသည်။ ဆီကြိတ်မည့်မြေပဲကို စိုက်ပျိုးပြီး သုံးလခွဲ အထိထားသောကြောင့် မြေပဲမျာပိုအောင်ပြီး ဆီထွက်နှုန်းလည်းကောင်းပါသည်။

      မြေပဲများ နုတ်သိမ်းသည့်အချိန်တွင် ကျေးရွာရှိလုပ်သားများ ဝင်ငွေရကြပါသည်။ ပဲနုတ်ခ တစ်ရက် ၇၀၀၀ ကျပ်၊ ပဲတောင့်ချွေခ တစ်တင်း ၃၀၀၀ ကျပ် ပေးရပါသည်။ ယခုကာလပေါက် ဈေးမှာ မြေပဲဆံတစ်ပိဿာ ၉၄၀၀ ကျပ်ရှိပါသည်။ ဗီယက်နမ်မျိုးမြေပဲသည် တစ်ဧကလျှင် ၈၀ တင်း ခန့် ထွက်ရှိပါသည်။

   မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲရိုးခြောက်များကို နွားစာအဖြစ် အသုံးပြုကြပါသည်။ ကျွဲ၊ နွားမရှိသည့် တောင်သူများက မြေဩဇာရရှိရန် မြေပဲရိုးခြောက်များအား မြေပဲစိုက်မည့် အခင်းသို့ ပြန်ခါချကာ သဘာဝမြေဇာအဖြစ် အသုံးပြုကြပါသည်။

    မြေပဲကိုကြိတ်၍ရသော မြေပဲဆီသည် ကျန်းမာရေးအတွက် သင့်လျော်သည့် စားသုံးဆီလည်းဖြစ်ပါသဖြင့် ဝင်ငွေလည်းတိုး ကျန်းမာရေးအတွက်လည်း အကျိုးပြုသည့် ဗီယက်နမ်မျိုး မြေပဲကို စိုက်ပျိုးသင့်ကြောင်း ရှမ်းဝတီးရွာမှ တောင်သူလယ်သမားကြီး ဦးဝင်းနိုင်၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်နှင့်ဆီဈေးတက်

          တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်ဆီမှာ‌ ယခုဩဂုတ်လ တတိယပတ်တွင် ဈေးနှုန်း တက်လာပါသည်။ ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်ပြည်လျှင် ၄၅၀၀ ကျပ်၊ ဧည့်မထ(ထိပ်စ) တစ်ပြည်လျှင် ၃၅၀၀ ကျပ်ရှိပါသည်။

          မြေပဲဆီမှာ ယခင်လက တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်သာရှိရာမှ ယခုဩဂုတ်လ တတိယပတ်တွင် တစ် ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ စားအုန်းဆီမှာ ယခင်လက တစ်ပိဿာလျှင် ၈၅၀၀ ကျပ်အထိသာ ရှိရာမှ ယခုဩဂုတ်လ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၀၅၀၀ ကျပ်အထိ ဈေးတက်သွားပါသည်။

         ကြက်ဥ တစ်လုံးလျှင် ၂၅၀ ကျပ်မှ ၂၈၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် ၂၈၀ ကျပ်မှ ၃၀၀ ကျပ် အထိရှိပြီး ငါးကြင်းမှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိရှိပါသည်။

          စီပီကြက်သားမှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်၊ ဝက်သားမှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ အမဲသားမှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်၊ ဆိတ်သားမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ ကြက်ဥ ဘဲဥဈေးနှုန်း

    တောင်ငူမြို့၊ ကန်လမ်းရှိ 555 CP ကြက်အစာနှင့် ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်တွင် ဩဂုတ်လပထမပတ်တွင် ကြက်ဥ အသေးတစ်လုံးလျှင် ၂၇၅ ကျပ်နှင့် အကြီး တစ်လုံးလျှင် ၃၀၀ ကျပ် ဈေးနှုန်းရှိခဲ့သော်လည်း ယခု ဩဂုတ်လ ဒုတိယပတ်ကုန်တွင် ကြက်ဥ  အသေးတစ်လုံးလျှင် ၂၆၀ ကျပ်နှင့် အကြီး တစ်လုံးလျှင် ၂၈၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းသွားပါသည်။

      ဘဲဥမှာ အသေး တစ်လုံးလျှင် ၂၈၀ ကျပ်နှင့် အကြီးတစ်လုံး ၃၀၀ ကျပ်နှင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

   ကြက်ဥ၊ ဘဲဥများသည် အခြေခံလူတန်းစားများနှင့် အလုပ်များသော ရုံးဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ အလုပ်သမားများ အလွယ်တကူ ချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်ဖြစ်သဖြင့် အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အလက ပန်းပဲတန်းတွင် အသိပညာပေးဟောပြော ဈေးကွက်စောင့်ကြည့်စစ်ဆေး

     တောင်ငူမြို့၊ ပန်းပဲတန်း အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား ၊ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန်ပြဌာန်းထားရှိမှုများ၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသောကုန်စည်များကိုသာ ဝယ်ယူသုံးစွဲသင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

      ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ် အားကစားမှူး ဒေါ်သူဇာထွေးက လူငယ်နှင့်အားကစားအကြောင်းအရာကိုလည်းကောင်း ဟောပြောခဲ့ရာ ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၇၄ ဦးတက်ရောက်ပါသည်။

      ဟောပြောပွဲအပြီးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်အေးအေးခိုင်သည် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသော မုန့်များနှင့် အချိုရည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

   ၂၀၂၃ ခုနှစ် ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၅၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၅၅၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သားအမျိုးအစား လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍ တစ်ပိသာလျှင်(၃၀၀၀/၃၂၀၀)ကျပ် ယခင်အပတ်ထက်အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၉၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၁၀၀၀၀) ကျပ် ယခင်အပတ်ထက်အနည်းငယ်မြင့်တက်လျှက်ရှိပါသည်။ ဂျင်း တစ်ပိသာလျှင်(၇၀၀၀/၈၀၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်အတိုင်းတည်ငြိမ်လျှက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျှက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူး အသေး/အကြီး အမျိုးအစားအလိုက် တစ်ပိသာ(၃၃၀၀/၃၀၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ငရုတ်သီးစိမ်း တစ်ပိသာ (၃၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်လျော့ကျလျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ အကြီး/ အသေးပေါ်တူတည်ပြီး (၂၈၀၀/၃၂၀၀)ကျပ် ယခင် အပတ်ထက် အနည်းငယ် မြင့်တက်လျှက်ရှိပါသည်။ ခရမ်းသီး  တစ်ပိသာ (၂၅၀၀) ကျပ် ယခင်အပတ်ထက်အနည်းငယ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီ တစ်ပွင့်  (၁၈၀၀/၂၀၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၁၈၀၀/၂၀၀၀) ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၇၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၅၀၀၀)ကျပ် ယခင် အပတ်ထက်အနည်းငယ်မြင့်တက်လျက် ရှိနေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၅၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ လောလောဆယ် အနည်းငယ်မြင့်တက်လျှက် ရှိနေ ကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၈၀)ကျပ်၊ (အသေ)တစ်လုံး (၂၇၀) ကျပ် ၊ ဘဲဥ တစ်လုံး (၃၀၀/၃၅၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသား တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၅၀၀) ကျပ် ယခင် ဩဂုတ်လ ပထမအပတ်ထက် ဝက်သား၊ ကြက်သား၊ အမဲသား ဈေးများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရ ပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၅၀၀) ကျပ် မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၄၈၀၀)ကျပ် ၊ အကြီး တစ်ပိသာ (၇၀၀၀)  ငါးဈေးများမှာ ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါ သည်။

      စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၅၅၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင် အပတ်များထက် အနည်းငယ်မြင့်တက်လျက်ရှိပြီး၊ စားအုန်းဆီ တစ်ပိသာလျှင် (၉၅၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၉၄၀၀၀)ကျပ်  ယခင်အပတ်အတိုင်းတည်ငြိမ်ပြီးအရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ ဩဂုတ်လ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်း များမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါး ကြင်း တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်(မာကြား) တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ငါးဈေးနှုန်းများအား ဩဂုတ်လစတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ပြီး  တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၂၀၀)ကျပ် ဈေးနှုန်းကျဆင်းကာ အခြားငါးဈေးနှုန်းများမှာပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

     ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

    ၂၀၂၃ခုနှစ်၊ဩဂုတ်လ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်း များမှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပန်းသစ်တော်သီး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျော သီး (၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ ဖရဲသီး (၁)လုံး လျှင် (၂၀၀၀မှ၃၀၀၀)ကျပ်ထိ၊ နာနတ်သီး (၁)လုံးလျှင် ( ၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊  နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၁၀၀၀)ကျပ်ထိ၊ ကျွဲကောသီး (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ မက်မန်းသီး (၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

    ယခုဩဂုတ်လ နောက်ဆုံးအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

     ယခုဩဂုတ်လ နောက်ဆုံးအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်း ခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း