Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇူလိုင်လဆန်းတွင် ဈေးကောင်းရနေသည့် မွန်ပြည်နယ်ဒေသထွက် ကွမ်းသီး

      မွန်ပြည်နယ်ဒေသတွင် ယခု (ဇူလိုင်လ) မိုးရာသီသည် ကွမ်းသီးစတင်သီးချိန်ကာလဖြစ်သည်။ ကွမ်းသီးကိုအနုနှင့် ကွမ်းသီးအရင့်(၂)ဟူ၍ခွဲခြား၍ အရောင်းအဝယ်ရှိသည်။ ကွမ်းသီးနုကို ဈေးကောင်းပေးဝယ်လျက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကွမ်းသီးနုများကို ကွမ်းယာအစားထိုး (ကွမ်းပေါင်း)ပြုလုပ်၍ ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းဝယ်မှုတွေ့ရှိရသည်။ ကွမ်းသီးအရင့်(အမှည့်)ကို ကွမ်းယာဆိုင်များ၌ ကွမ်းသီးကိုအသုံးပြုခြင်း၊ ဒေသတွင်းစားသုံးခြင်း၊ ကွမ်းယာစားသုံးသူများအတွက် ကွမ်းသီးခြမ်းပြုလုပ်၍ စားသုံးကြခြင်းနှင့်  ၎င်းကွမ်းသီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်ကိုတွေ့ရှိရသည်။

      အဆိုပါကွမ်းသီးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လဆန်း (ပထမပတ်)အတွင်း ကွမ်းသီးဈေးနှုန်းအခြေအနေမှာ ရေပေါင်းခြမ်းတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ရေပေါင်းခြမ်း (၈၈% အခြောက်) တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ရေပေါင်းခြမ်း (၉၉% အခြောက်) တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ အစာသန့်(ခြောက်) တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ဂျင်းပြတ်(ခြောက်) တစ်ပိဿာလျှင် ၆၁၀၀ကျပ်နှင့် မော်လမြိုင်အညိုသီးတစ်ပိဿာလျှင် ၂၆၀၀ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

“ ကော့မှူးမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနှင့် တောင်သူများအား မျိုးစေ့နှင့်ဓာတ်မြေဩဇာများကူညီထောက်ပံ့ခြင်း ”

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနှင့် တောင်သူလယ်သမားများအား မျိုးစပါးနှင့် ဓာတ်မြေဩဇာပေးအပ်သည့်အခမ်းအနားကို  ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်၌ ကော့မှူးမြို့နယ်၊ မကျီးကန်ကျေးရွာ၊ ကွင်းအမှတ်(၂၉၁)၊ ဦးပိုင်အမှတ်(၂၃)ရှိ ဦးချစ်ဦး၏ လယ်ယာမြေ (၅)ဧကနှင့် လယ်ကွင်းပေါင်ပေါ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

        အဆိုပါအခမ်းအနားတွင် ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) အသုံးပြုစိုက်ပျိုးခြင်းကြောင့် ရရှိ လာမည့်အကျိုးကျေးဇူးများ၊  မျိုးစေ့(မျိုးစပါး)နှင့် ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က မျိုးစေ့(မျိုးစပါး)နှင့် ဓာတ်မြေဩဇာဥပဒေ၊ ပိုးမွှားပြုစုရေး၊ ထိန်းချုပ်ရေးဥပဒေများဖြင့် တိုက်ရိုက်မျိုးစေ့ချကိရိယာအသုံးပြုစိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များဖြစ်သော ညီညာအောင်ညှိခြင်းနှင့် ရေပြောင်စင်အောင်ထုတ်စေရန်၊ မျိုးစေ့အနေအထားမှာ စပါးစပ်ပြုအနေအထားရှိစေရန်လိုအပ်ကြောင်း၊ အတန်းဖြောင့်၍ လိုအပ်သော အပင်ဦးရေရရှိစေရန်အတွက် မျိုးစေ့ချကိရိယာဆွဲသူသည် ခြေလှမ်းပုံမှန်ဖြင့် အသွား/ အပြန် ဘီးရာတစ်ထပ်တည်းကျအောင် သတိပြုဆောင်ရွက်ရန်၊ မျိုးစေ့ချပြီး (၂၀-၂၅)ရက်အတွင်း ကောက်ပင်ဖာခြင်း မဖြစ်မနေဆောင်ရွက်ရန် မျိုးစေ့ချပြီး (၂၀)ရက်သားမှ (၄၅)ရက်သားအတွင်း သမန်းနိုးကြားပေါင်းလိုက်ခြင်းဖြင့် ပေါင်းမြက်ရှင်းခြင်းများကို (၃)ကြိမ်လုပ်ပေးကြရန်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

        အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်(၂)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

                   

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” ( ၂၄-၆-၂၀၂၄) ရက်နေ့မှ (၂၉-၆-၂၀၂၄) ရက်နေ့အထိ

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂၄-၆-၂၀၂၄)ရက်နေ့မှ (၂၉-၆-၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၁၅)ခုနှင့် စားအုန်းဆီတန်ချိန် (၃၁၆၀.၁၉၃)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်တွင်းပဲဈေးကွက်တွင် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေသာကုလားပဲ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော ကုလားပဲသီးနှံလည်း နေ့စဉ်ဈေးကွက်သို့ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်တွင် ဒေသတွင်း သီးနှံပေါ်စအချိန်မှ ယခု အချိန်ထိ ကုလားပဲဈေးကွက်မှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ရေစကြိုမြို့နယ်တွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

     သီးနှံဈေးကွက်အနေဖြင့် ဇူလိုင်လ(ပထမပတ်)အစောပိုင်းတွင် ကုလားပဲ(V2)တစ်တင်းလျှင် ကျပ်(၈၂၅၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၈၃၀၀၀)၊ ကုလားပဲ(V6)တစ်တင်းလျှင် ကျပ် (၈၄၅၀၀)၊ ကုလားပဲ(929)တစ်တင်းလျှင် ကျပ်(၈၁၀၀၀)၊ ကုလားပဲ(ဗမာ)လုံးသေး တစ်တင်းလျှင် ကျပ် (၇၉၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဇွန်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နေ့စဉ်တစ်ရက်လျှင် ကုလားပဲ(၃၀)ပိဿာ ဝင်အိတ်(၅၀မှ ၁၀၀ထိ) တစ်ပတ်အတွင်း အိတ်(၅၀၀)ခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းးရှင်များမှ ဝယ်ယူသိုလှောင်ကြောင်း၊ ယခုအချိန်၌ ဒေသခံတောင်သူများတွင် သီးနှံလက်ကျန်နည်း၍ ကုန်ဝင်ရောက်မှုနည်းခြင်းကြောင့် လုပ်ငန်းရှင်များမှ အခြားမြို့နယ်များသို့ ဖြန့်ဖြူးမှုမရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ကျေးလက်နေပြည်သူများအပိုဝင်ငွေရနေသော သဘာဝမှိုနီ(ခေါ်)ဟစ်လျှဲန်း

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်း၊ မိုင်းယုဒေသရှိသစ်တောများတွင်ပေါက်ရောက်သော သဘာဝမှိုနီ(ခေါ်)ဟစ်လျှဲန်းများရှာဖွေရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများအပိုဝင်ငွေရရှိနေကြောင်း သိရပါသည်။ မှိုနီကို ကြော်ချက်စားသောက်ရန်အတွက်နှင့် အခြောက်ခံရန်အတွက် ဝယ်ယူကြသည်ဟု သိရပါသည်။ မှိုနီများကို နှစ်စဉ်မေလမှ နိုဝင်ဘာလအထိ ရှာဖွေရရှိကြသည်။

     မှိုနီအပွင့်အစိုတစ်ကီလိုကို ၁၅၀၀၀ကျပ်၊ မှိုနီအဖူးအစိုတစ်ကီလိုကို ၂၄၀၀၀ကျပ်ဖြစ် ရှာဖွေ ရောင်းချကြသည်ဟု သိရပါသည်။ မိုင်းယောင်းမြို့နယ်အတွင်း ထွက်ရှိသောမှိုနီများကို မှိုအခြောက်ခံ လုပ်ငန်းများမှ အများဆုံးဝယ်ယူကြသည်။ မိုင်းယောင်းမြို့နယ်အတွင်း မှိုအခြောက်ခံလုပ်ငန်းလုပ် ကိုင်သူ(၂၀)ဦးခန့်ရှိကြသည်။ မှိုနီအစိုများကို ထင်းမီးဖိုကြီးများဖြင့် မှိုင်းခံအခြောက်လှန်းကြသည်။ မှိုနီအစို(၁၀)ကီလိုကို အခြောက်ခံပါက မှိုခြောက်(၂.၅)ကီလိုမှ(၃.၅)ကီလို ခန့်ထိသာရရှိကြောင်း သိရပါသည်။ အခြောက်ခံထားသောမှိုနီများကို ကျိုင်းတုံမြို့၊ မိုင်းလားမြို့များသို့တင်ပို့ရောင်းချကြပြီး မှိုနီ အခြောက်တစ်ကီလိုကို ကျပ်(၁)သိန်းမှ(၃)သိန်းကျော်ထိဈေးရရှိကြောင်း သိရပါသည်။ သို့ဖြစ်ပါ၍ ယခုလိုမိုးဦးကျချိန်တွင် သဘာဝအလျောက် ထွက်ရှိသောမှိုနီ(ခေါ်) ရှမ်းဘာသာဖြစ် ဟစ်လျှဲန်းများကို ရှာဖွေရောင်းချခြင်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်း၊ မိုင်းယုဒေသရှိကျေးလက်နေ ပြည်သူများသာမက မှိုအခြောက်ခံလုပ်ငန်းလုပ်ကိုင်ကြသူများပါ ဝင်ငွေရရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

“ ကော့မှူးမြို့နယ်အတွင်း တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ခြင်း ”

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မကျီးကန်ရပ်ကွက် ဦးပိုင်အမှတ်(၁၀/၁)၊ ကွင်းအမှတ်(၂၉၃)ရှိ ဦးပြုံး၏ အဆင့်မြင့်လယ်ယာမြေ (၅)ဧကပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       အဆိုပါ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စိုက်ကြပ်အဖွဲ့ဝင်များတက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းတို့က တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)၏ ထူးခြားချက်၊ အားသာချက်၊ စွမ်းဆောင်ချက်များ၊ ကုန်ကျစရိတ်သက်သာပြီး အချိန်မီစိုက်ပျိုးရိတ်သိမ်းနိုင်ခြင်း၊ လုပ်သားရှားပါးမှုကိုဖြေလျော့နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်စေရေးတို့အတွက်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် တောင်သူများအတွက် များစွာအကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

     အဆိုပါ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ၊ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၇.၇.၂၀၂၄ )

၇.၇.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၆.၇.၂၀၂၄ )

၆.၇.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၅.၇.၂၀၂၄ )

၅.၇.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း