Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လူကြိုက်များသည့် ကသာပုရစ်ကို မြို့နယ်အသီးသီးသို့ တင်ပို့လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ဆောင်းမြေပဲနုတ်သိမ်းချိန် မေလမှစ၍ ပုရစ်များ လှိုင်လှိုင်ပေါပြီး ဒေသတွင်းနှင့် မြို့နယ်အသီးသီးရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုရစ်အင်းဆက်ကောင်များသည် ကသာခရိုင် တွင် တစ်နှစ် (၂)ကြိမ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး မေလတွင် ပေါ်သော ပုရစ်များကို နွေပုရစ်၊ ပဲပုရစ်ဟုခေါ်၍ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်ပေါ်သော ပုရစ်ကို ဆောင်းပုရစ်ဟူ၍ ခေါ်ကြသည်။

မိုခါမုန်တိုင်းဖြစ်ပေါ်ပြီးနောက် မိုးရွာသွန်းမှုများလာသည့်အတွက် ဧရာဝတီမြစ်ရေ အနည်းငယ်မြှင့်တက်လာသဖြင့် မြစ်ဝှမ်းတစ်လျှောက် စိုက်ပျိုးထားသော ဆောင်းမြေပဲခင်းများ အနည်းငယ် ရေလွှမ်းခဲ့သောကြောင့် တွင်းအောင်းပုရစ်များ ရေပေါ်သို့တက်လာပြီး ထိုပုရစ်များအား အလွယ်တကူဖမ်းယူကာ ဈေးကွက်အတွင်း ရောင်းချကြသည်။ ပုရစ်ပေါ်စတွင် အကောင်ကြီး တစ်ရာလျှင် (၈၀၀၀)ကျပ်ရှိခဲ့ရာမှ လှိုင်လှိုင်ပေါ်ချိန်ဈေးနှုန်းမှာ အကောင်တစ်ရာလျှင် အကောင် အကြီး/အသေး ပေါ်မူတည်၍ (၃၀၀၀) ကျပ်မှ (၁၅၀၀)ကျပ်အထိ ကျဆင်းခဲ့ပြီး အရောင်းအဝယ် အလွန်ကောင်းကြောင်း သိရသည်။

ကသာခရိုင်ထွက် ပုရစ်များသည် နာမည်ကြီးလူကြိုက်များကြပြီး ပုရစ်ပေါ်ချိန်များတွင် ပုရစ်များအား အကောင်အစိမ်းသော်လည်းကောင်း၊ ပုရစ်ကြော်အား ပလတ်စတစ်အိတ်/ဗူးများဖြင့် ထည့်သွင်း၍သော်လည်းကောင်း ဒေသတွင်းဈေးကွက်နှင့် မန္တလေး၊ ရန်ကုန်၊ မြစ်ကြီးနား၊ ရွှေဘို၊ မုံရွာဈေးကွက်များသို့  တင်ပို့ရောင်းချလျက်ရှိကြောင်း ပုရစ်ရောင်းချသူများထံမှ သိရသည်။

DOCA (စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ ခုနှစ်၊ မေလ (‌တတိယပတ်)တွင် စပါး/ဆန် ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၄၉၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၂၅၀၀၊ တန်အားဖြင့် ၅၁၂၅ တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၃၉၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ၇၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၈၃၅၀၀၊ တန်အားဖြင့် ၄၁၇၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၉၀၀၀၊ တန်အားဖြင့် ၉၅၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

ရွှေဘိုမြို့၏ မေလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀လျှင် ကျပ် ၂၈၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ဧရာမင်းစပါး  တင်း၁၀၀ လျှင် ကျပ် ၁၉၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည် ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ၂၀၂၃ခုနှစ်၊ မေလ(တတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ(၃၀၀)ကျပ်ထိ၊ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ စိန်တစ်လုံး သရက်သီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ ကြက်မောက်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊  ရမည်းသင်းမြို့မှ ထွက်ရှိသည့် စပျစ်သီး အဝိုင်းသီး တစ်ပိဿာလျင် (၈၀၀၀)ကျပ်၊ အချွန်းသီး တစ်ပိဿာ လျှင် (၉၅၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီးဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်၊ ဝက်လက်မြို့၊ ရွှေကျင်ရွာမှ ထွက်ရှိသည့် ဖရဲသီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၃၀၀၀)ကျပ် ၊ ခင်ဦးမြို့နယ်မှ ထွက်ရှိသော  ပိန္နဲသီး တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၃၅၀၀ ကျပ်ထိ၊ သခွားသီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ် ၊ နှင်းပုလဲသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ဒေသတွင်းမှ ထွက်ရှိသည့် သင်္ဘောသီးတစ်လုံး (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၀၀)ကျပ် အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)

ဝက်လက်မြို့နယ်၏ မေလ၊တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ မေလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၂၁၀၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၈၇၀၀ဝိ/-) ကျပ်ရှိကြောင်း၊ ယခင်အပတ်၌ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၇၅၀၀၀ဝိ/-)ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင်(၈၈၀၀ဝိ/-) ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၂၀၀၀၀၀ဝိ/-)ကျပ်ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၈၄၀၀ဝိ/-) ကျပ် ရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ် စပါး/ဆန်ဈေးနှုန်း နှိုင်းယှဉ်လျှင် ယခုအပတ်၌ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင်  (၁၅၀၀၀ဝိ/-) ကျပ်၊ ဆန်(၁)အိတ်လျှင် (၇၀၀ဝိ/-)ကျပ် မြင့်တက်ခဲ့ပြီး ဧရာမင်းစပါး တင်း(၁၀၀)လျှင် (၁၀၀၀၀ဝိ/-) ကျပ်နှင့် ဆန်(၁)အိတ်လျှင် (၃၀၀ဝိ/-) ကျပ်မြင့်တက်လျက်ရှိကြောင်း ဒေသခံ ဆန်စက်လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA ( စစ်ကိုင်း)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၁၀.၅.၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ် (၂၅၅၀၀၀ မှ ၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၆.၅.၂၀၂၃) ရက်နေ့တွင် ကျပ်(၂၈၀၀၀၀ မှ ၃၀၀၀၀၀) ရှိခဲ့၍ ကျပ် (၂၅၀၀၀ မှ ၂၀၀၀၀) ဈေးမြင့်တက်ခဲ့ပြီး (၁၅၀၀၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ အရောင်းအဝယ် အနည်းအပါးမျှသာရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံနီမှာ (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၁၈၀၀)ဖြစ်၍ ကျပ်(၃၈၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၆၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၉၅၀၀)ဖြစ်၍ ကျပ် (၁၅၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ (HL) ယခင်အပတ်တွင် ကျပ်(၇၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၈၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၇၆၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၈၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ ယခင်အပတ်တွင် ကျပ်(၄၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ် (၈၈၀၀၀မှ ၉၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၈၈၀၀၀မှ ၉၀၀၀၀) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၁၈၀၀)အိတ်၊ မတ်ပဲ (၂၂၀)အိတ်၊ ကုလားပဲ(HL) (၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၉၀၀)အိတ်၊ ဘိုကိတ်ပြာ (၁၇၀)အိတ်နှင့်   ပဲကြီး(၈၅၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါသည်။

မြေပဲလုံးဆံနီ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၄၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၁၀၀) ဖြစ်၍ ကျပ်(၇၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(ဖြူ)  ယခင်အပတ်တွင် ကျပ်(၆၇၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၈၀၀)ဖြစ်၍ ကျပ်(၁၀၀) အသီးသီးဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ) (၂၀၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

ဝါသီးနှံဈေးကွက်တွင် ဝါ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၉၀၀မှ ၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၉၀၀မှ ၃၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ ဝါပိဿာချိန်(၈၀၀၀)ခန့် အရောင်းအဝယ် ရှိခဲ့ပါကြောင်းနှင့် နှမ်းသီးနှံနှင့် ပဲမျိုးစုံ သီးနှံတို့မှာ မိုးဦးရာသီ စိုက်ပျိုးချိန်ကာလဖြစ်သည့်အတွက် ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ခြင်းဖြစ်ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA (မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၂.၅.၂၀၂၃ )

    ၂၂.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဘိလပ်မြေဈေးနှုန်းအခြေအနေ

       ကယားပြည်နယ်တွင် အုတ်ရိုက်လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိသော   ဘိလပ်မြေကို အခြားဒေသများမှ တင်သွင်းကြပြီး (၁.၅.၂၀၂၃) ရက်နေ့မှ (၁၄.၅.၂၀၂၃) ရက်နေ့အတွင်း ဘိလပ်မြေအိတ်ပေါင်း (၁၀၆၉၀)အိတ် တင်သွင်းလာကြောင်း မြို့ဦးဂိတ် စာရင်းများအရ သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့်လည်း ယခုအပတ်အတွင်း  Apache ၊ KBZ ၊ Dragon တစ်အိတ်လျှင် (၁၀၅၀၀)ကျပ်ဖြင့် အရောင်းဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache ၊ KBZ ၊ Dragon တစ်အိတ်လျှင် (၃၀၀)ကျပ်ဖြင့် အသီးသီး ကျဆင်းလာကြောင်း လွိုင်ကော်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့၌ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်း

 ကယားပြည်နယ်တွင် (၉-၅-၂၀၂၃) ရက်နေ့မှ (၁၅-၅-၂၀၂၃) ရက်နေ့အထိ ရန်ကုန်မြို့မှ ဆန်(၅၃၀၀)အိတ်(၂၆၅)တန်ခန့်လည်းကောင်း၊ ရွှေဘိုမြို့မှ ဆန်(၁၃၉၀)အိတ်(၆၉)တန်ခန့်လည်း ကောင်း၊ မန္တလေးမြို့မှဆန်(၂၂၀)အိတ်(၁၁)တန်ခန့်လည်းကောင်း ကယားပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများပြုလုပ်ခဲ့ပါကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

   ၂၀၂၃ ခုနှစ်၊ မေလတတိယပတ်အတွင်း လွိုင်ကော်မြို့၌ အခြားဒေသမှ တင်သွင်းလာသည့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင်(၄၉၀၀)ကျပ် (၂၄ပြည်) တစ်အိတ်လျှင် (၁၁၆၀၀၀)ကျပ်ခန့်၊ မြောင်းမြပေါ်ဆန်း ဆန်တစ်ပြည်လျှင်(၄၀၀၀)ကျပ်(၂၄ ပြည်)တစ်အိတ် လျှင်(၉၅၀၀၀)ကျပ်ခန့်၊ ဧရာမင်းပေါ်ဆန်း ဆန်တစ်ပြည်လျှင်(၄၁၀၀)ကျပ်(၂၄ပြည်)တစ်အိတ် လျှင်(၉၈၀၀၀)ကျပ်ခန့်၊ ပေါ်ဆန်းကျော် ဆန်တစ်ပြည်လျှင်(၄၁၀၀)ကျပ် (၂၄ပြည်)တစ်အိတ် လျှင်(၉၈၀၀၀)ကျပ်နှင့် ပေါ်ဆန်းဇကွဲတစ်ပြည်လျှင်(၂၂၅၀)ကျပ် (၂၄ပြည်)တစ်အိတ်လျှင် (၅၄၀၀၀)ကျပ်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ဆန်ရောင်းဝယ်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း