၂၀၂၃ခုနှစ်၊ မေလ၊ စတုတ္ထအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၄၅၀၀) ကျပ်(ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိ)နှင့် ဧရာမင်းတစ်ပြည်လျှင် (၃၅၀၀) ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ မြစ်သားအမျိုးအစားလက်လီဈေးမှာ (အကြီး)တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ (အလတ်)တစ်ပိဿာလျှင် (၂၅၀၀) ကျပ်နှင့် (အသေး)တစ်ပိဿာလျှင် (၂၃၀၀) ကျပ်(ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီး)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ(ဗမာ)အလုံးကြီးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အလုံးသေးတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်(ယခင်အပတ်ထက် အနည်းငယ်မြင့်တက်)၊ ချင်းတစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြစ်နေပြီး ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်(ယခင်အပတ်ထက် ၁၀၀၀ကျပ်မြင့်တက်)၊ အာလူးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်(ယခင်အပတ်ထက် တစ်ပိသာလျှင် ၃၀၀ကျပ်မြင့်တက်ပြီး)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြစ်၍ ယခင်မေလ(တတိယပတ်)ထက် တစ်ပိဿာလျှင် (၃၃၀၀ ) ကျပ်ပြန်လျော့ကျကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၇၀၀) ကျပ်ဖြစ်နေပြီး ယခင် ပထမအပတ်အတိုင်း တည်ငြိမ်လျက်ရှိပါကြောင်း၊ ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဖြစ်၍ ယခင်ဈေးအတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၈၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၀၀၀) ကျပ်ဖြစ်၍ ယခင်ထက် အနည်းငယ်လျော့ကျလျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်)တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ခါကြက်ဥ(ဗမာ)တစ်ပိသာလျှင် (၃၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပရာသီးတစ်လုံးလျှင် (၂၀၀) ကျပ်မှ (၃၀၀) ကျပ်နှင့် ကန်ဇွန်းရွက်တစ်စည်းလျှင် (၁၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကာ ကုန်ဈေးနှုန်းများအနည်းငယ်မြင့်တက်လာကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၃၀၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၅၀) ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၅၀) ကျပ်တို့ရှိပါသည်။ ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (cp) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ (၈၅၀၀) ကျပ်၊ တီလားဗီးယားငါးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်မှ (၆၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် အမဲသားရှယ်ဈေးအနည်းငယ်မြင့်တက်ပြီး အခြားအသားငါးဈေးနှုန်းများမှာမူ တည်ငြိမ်လျက်ရှိကာ ရောင်းဝယ်နေကြကြောင်း သိရပါသည်။
စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်များနှင့်အတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ စားအုံးဆီတစ်ပိဿာလျှင် (၆၈၀၀) ကျပ်၊ ဆယ်ပိဿာတစ်ပုံးလျှင် (၆၇၀၀၀) ကျပ်ဖြစ်၍ ယခင် မေလ(တတိယပတ်)အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)