Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လျက်ရှိ

    မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းသည်။

        ယခုအချိန်တွင် ဒေသတွင်းထွက်ကုန်မရှိသောကြောင့် ဒေသတွင်းခရမ်းချဉ်သီးများဝင်ရောက်မှုနည်းပါးပြီး ဈေးကွက်တွင် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ မေလ တတိယအပတ်၌ မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်ခဲ့သော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၄၀၀၀-၄၅၀၀) ဖြစ်၍  ယခုဇွန်လ၊ တတိယအပတ်တွင် ကျပ် (၅၅၀၀-၆၀၀၀) အထိဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းနှင့် ဈေနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်းထွက်ကုန်မရှိခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများဝယ်ယူရောင်းချရာတွင် သယ်ယူစရိတ်မြင့်မားခြင်းကြောင့်ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/ စီးထွက်မှုအခြေအနေ

      သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လ၏ တတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၄၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၀) တန်ခန့်စီးထွက်ခဲ့ပါသည်။ ယခုဇွန်လ၏ နောက်ဆုံးအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၀၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၀) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်တတိယအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်း၍ စီးထွက်ခဲ့ပါသည်။

      သထုံခရိုင်အတွင်းသို့ ဇွန်လ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၂၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၅၄) တန်ခန့်စီးဝင်ခဲ့ပြီး၊ ဇွန်လ၏ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၂၀) တန်ခန့်စီးဝင်ခဲ့ပြီး၊ သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်တတိယအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပို၍စီးဝင်ခဲ့ပါသည်။

      သထုံခရိုင်အတွင်း၌ ဇွန်လ၏ တတိယအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် ကျပ်(၃၈၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ ကျပ်(၃၇၀၀၀၀၀) ခန့်၊ ကမာကြည် ကျပ် (၂၇၀၀၀၀၀)ခန့်၊ ဧည့်မထ ကျပ်(၂၂၀၀၀၀၀)ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် ကျပ်(၁၃၇၀၀၀)ခန့်၊ ပေါ်ဆန်းဝါ ကျပ်(၁၃၅၀၀၀) ခန့်၊ ကမာကြည် ကျပ်(၁၁၅၀၀၀)ခန့်၊ ဧည့်မထ ကျပ်(၇၅၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပခုက္ကူဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ပြောင်းဖူးစေ့ CP ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်တွင် ပဲစင်းငုံနီ၊ မတ်ပဲ၊ ကုလားပဲ၊ ပြောင်းဖူးစေ့ CP တို့ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြောင်းဖူးစေ့ CP ကို ပခုက္ကူကုန်စည်ဒိုင်တွင်သာမက ပွဲရုံများတွင်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှသိရသည်။ ပြောင်းဖူးစေ့ CP ကို ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ရေစကြိုမြို့၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြင်းဝင်း၊ ငကျော်၊ နန်းတော်ရပ်အုပ်စုအတွင်းရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူဈေးကွက်သို့ ရေစကြိုမြို့၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ ဇွန်လအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော ပြောင်းဖူးစေ့ CP ဈေးနှုန်းများမှာ ဇွန်လ (ပထမပတ်)တွင် (၁၈)ပိဿာပါ တင်းလျှင် ကျပ်(၂၃၀၀၀)၊ (စတုတ္ထပတ်)တွင် (၁၈)ပိဿာပါ တစ်တင်းလျှင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး (ပထမပပတ်)နှင့် (စတုတ္ထပတ်)နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၁၀၀၀) ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်ရေ(၂၀၀)မှ (၃၀၀)ထိအရောင်းအဝယ်ဖြစ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း၊ မန္တလေးမြို့နှင့် ပြည်ပနိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့တင်ပို့နေရကြောင်း၊ တိရိစ္ဆာန်စာများအဖြစ်လည်း အသုံးပြုကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီဈေးနှုန်းကျဆင်းနေသော်လည်း အရောင်းအဝယ်ဖြစ်နေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီကို အဓိကစိုက်ပျိုးကြပြီး ပြည်ပပို့ကုန်သီးနှံလည်းဖြစ်ပါသည်။ ပဲစင်းငုံနီကို ပခုက္ကူမြို့နယ်အတွင်းရှိရွာများဖြစ်သော ချောက်ကန်အုပ်စု၊ မန်ကျည်းကိုးပင်၊ အင်ပင်၊ ကန်တော်၊ ကန်လှ၊ ဒဟက်ချောက်၊ ကန်တိန်၊ ကန်ရပ်၊ သမင်အုပ်ရွာများ၊ မြိုင်မြိုနယ်အတွင်းရှိရွာများတွင် သီးထပ်သီးညှပ်အဖြစ်  အဓိကစိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ပဲစင်းငုံနီသည် တောင်သူများလက်ထဲတွင် လက်ကျန်မရှိသော်လည်း  ကုန်သည်များလက်ထဲ၌ လက်ကျန်အများအပြားရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

         ဇွန်လအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းများမှာ ဇွန်လ(ဒုတိယပတ်)တွင် ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၁၄၇၀၀၀)၊ (စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၄၂၀၀၀)ဖြစ်ပြီး (ဒုတိယပတ်)နှင့် (စတုတ္ထပတ်)ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၅၀၀၀)ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်ရေ(၇၀)မှ (၇၀၀)ထိအရောင်းအဝယ်ဖြစ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့ (ဘုရင့်နောင် ပွဲရုံ)နှင့် ပြည်ပနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နေရကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့နယ်တွင် မြေပဲဆန်နှင့်မြေပဲဆီဈေးနှုန်းမြင့်တက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဆီထွက်သီးနှံမြေပဲစိုက်ပျိုးရာဒေသဖြစ်သော်လည်း ဒေသတွင်းသုံးစွဲမှုလုံလောက်ခြင်းမရှိ၍ တစ်နှစ်ပတ်လုံး မြေပဲဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေး အတွက် အခြားဒေသများဖြစ်သည့် ဆင်ဖြူကျွန်း၊ စလင်း၊ တညောင်၊ ချောက်၊ ကျောက်ပန်းတောင်းမြို့နယ်များမှ ဝယ်ယူကြိတ်ခွဲလျက်ရှိပါသည်။ စားသုံးသူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် မြေပဲဆီကို ယခင်ထက် စားသုံးမှုပိုမိုများပြားလာကာ ဈေးကွက်ပိုမိုခိုင်မာမှုရှိလာပြီး ဆီကြိတ်၍ရရှိသော မြေပဲဖတ်များကိုလည်း အမှုန့်ကြိတ်ပြီး စိုက်ခင်းသုံးသွင်းအားစုနှင့် တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက် ရှိသည်။

     ၂၀၂၄ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် မြေပဲဆန်နှင့် မြေပဲဆီဈေးနှုန်းမြင့်တက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ မြေပဲဆန်လုံးကြီး (နီ) တစ်ပိဿာလျှင် ကျပ်(၇၅၀၀- ၇၀၀၀)၊ လုံးဆန် (နီ)ဆီဆန်တစ်ပိဿာလျှင် ကျပ်(၆၇၀၀-၆၅၀၀)၊ လုံးဆန်(ဖြူ)သေးတစ်ပိဿာလျှင် ကျပ်(၈၀၀၀-၇၅၀၀)၊ ဆီဆန်တစ်ပိဿာလျှင် ကျပ် (၆၈၀၀-၆၅၀၀)၊ မြေပဲဖတ်အမှုန့်တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၃၉၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ပြီး မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၆၅၀၀-၁၆၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၁၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ဇွန်လအတွင်း မြေပဲဆန်တစ်ပိဿာလျှင် ကျပ်(၅၀၀)၊ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့မှ မြေပဲဆီသန့်များကို ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်၊ နေပြည်တော်မြို့များသို့ အများဆုံးတင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်၌ နှမ်းနက်(စမုံ)နှင့်နှမ်းဖြူများ အရောင်းအဝယ်ဖြစ်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ‌ခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနွေနှမ်းစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မနှင့် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသော နွေရာသီစိုက် နွေနှမ်းနက်(စမုံ)နှင့်နှမ်းဖြူများ ပခုက္ကူဈေးကွက်သို့ အများအပြားဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများအနေဖြင့် ဇွန်လ (စတုတ္ထပတ်) တွင် နှမ်းနက် (စမုံ)တစ်တင်းလျှင် ကျပ်(၁၄၂၀၀၀-၁၄၅၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၃၃၀၀၀-၁၃၉၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇွန်လ (တတိယပတ်)တွင် နှမ်းနက် (စမုံ)တစ်တင်းလျှင် ကျပ်(၁၃၉၀၀၀ - ၁၄၂၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၃၀၀၀၀-၁၃၂၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တစ်ရက်လျှင် တစ်တင်းခွဲဝင်အိတ် (၅၀)မှ (၂၀၀)ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇွန်လ (စတုတ္ထပတ်) တွင် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်ကြောင်းသိရှိရသည်။

        ပခုက္ကူဈေးကွက်သို့ရောက်ရှိသော နွေနှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် မကွေး၊ ရန်ကုန်၊ မန္တလေးမြို့ လုပ်ငန်းရှင်များက အဝယ်လိုက်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင် ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

မြို့သစ်မြို့နယ်၌ စံပြနွေစပါးစံကွက်ရိတ်သိမ်း

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို (၂၁-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မင်းရပ်ကွက်၊ ကွင်းအမှတ်(၂၆၀၈/ခ)၊ တောင်သူဦးမောင်လှ၏ စိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

      နွေစပါးစံကွက်ရိတ်သိမ်းဆောင်ရွက်ရာတွင် မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မကွေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။

         အဆိုပါနွေစပါးစံကွက်တစ်ဧကလျှင် အစိုထွက် (၁၇၃.၁၂)တင်း၊ အခြောက်အထွက်မှာ တစ်ဧကလျှင် (၁၅၅၀၈၁)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

    မြို့သစ်မြို့နယ်တွင် နွေစပါးကို ဆာဖိုသာ၊ မနောသုခ၊ ဆင်းသုခ၊ ရတနာတိုးစပါးမျိုးများကို အဓိကစိုက်ပျိုးထားရှိပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စံကွက်များကိုရိတ်သိမ်းသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဉာဏ်မြင့်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်တွင် ကွမ်းသီးဈေးနှုန်းတည်ငြိမ်ပြီး ကွမ်းရွက်ဈေးနှုန်းကျဆင်းလျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်ဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်းသိရသည်။

     မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီ/ လက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်းသိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၁၀၀၀၀-၁၂၀၀၀)၊ ကွမ်းသီးခြမ်း (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ် (၈၀၀၀)၊ ကွမ်းစားထုံး(၁) လီတာ (၁)ဘူးလျှင် ကျပ် (၉၀၀-၁၀၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဗမာဆေး(၁) ထုပ်လျှင် ကျပ်(၄၀၀-၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

       အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန်(၁၀)ပိဿာနှင့်အထက်ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ (၅)ပိဿာမှ (၆)ပိဿာထိပုံမှန်ရောင်းချရကြောင်း၊ ကွမ်းသီးနှင့် အခြားကွမ်းပစ္စည်း ဈေးနှုန်းများမှာ တည်ငြိမ်နေသော်လည်း ကွမ်းရွက်ဈေးနှုန်းမှာ ကွမ်းရွက်ထွက်ရှိရာဒေသများတွင် ကွမ်းရွက်များလှိုင်လှိုင်ထွက်ပေါ်နေ၍ ကွမ်းရွက်ဈေးနှုန်းမှာ ဇွန်လ(တတိယပတ်)ထက် ယခု(စတုတ္ထပတ်)တွင် ကျပ် (၂၀၀၀-၄၀၀၀)ဈေးနှုန်းလျော့ကျ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အထက်မင်းလှ-သရက် ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

မင်းလှမြို့နယ်ထွက် ကီလိုမာလကာသီးဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း ဥယျာ၌ခြံများနှင့် အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြကြောင်းသိရသည်။

      မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ပန်းတော်ပြင်ကျေးရွာတွင် ကီလိုမာလကာမျိုးကို တောင်သူဦးသန်းထိုက်က အပင်ရေ(၃၀၀)ခန့်စိုက်ပျိုးထားကြောင်း၊ ကီလိုမာလကာကိုင်းကူးမျိုး (၁)ပင်လျှင် ကျပ်(၂၅၀၀)ဖြင့် ကျောက်ပန်းတောင်းမြို့မှ ဝယ်ယူပြီးစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကိုင်းကူးကီလိုမာလကာပင်မှာ စိုက်ပျိုးပြီး(၃)လအကြာတွင် အသီးသီးကြောင်း၊ အသီးခူးဆွတ်ချိန်တွင် (၁) ရက်ခြား (၁)ကြိမ်လျှင် အလုံးရေ (၁၀၀)ထိခူးဆွတ်ရကြောင်း၊ ကီလိုမာလကာသီး(၁)လုံးလျှင် အကြီး/အသေးပေါ်မှုတည်၍ လက်ကားဈေး ကျပ်(၄၀၀မှ ၅၀၀)ထိရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှ-ဘက်စုံရှိ သစ်သီးရောင်းချသည့် ဆိုင်များသို့တင်သွင်းကြောင်းသိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ ဇွန်လ(စတုတ္ထပတ်)တွင် ပဲ၊ နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

         မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကိုအဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

        မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ပစ္စည်းများ၏ တစ်ပိဿာဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ ကျပ်(၉၂၆၅)၊ နှမ်းနီ ကျပ်(၈၁၃၀)၊ နှမ်းနက်(စမုံ) ကျပ် (၉၈၀၀)၊ နှမ်းညိုကြား ကျပ်(၇၆၆၅)၊ ပဲလွန်းဝါ ကျပ်(၂၆၀၀)၊ ပဲတီစိမ်း ကျပ်(၃၂၀၀)၊ ကုလားပဲ (929) ကျပ်(၄၃၄၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၄၂၉၀)၊ မြေပဲလုံးဆန်နီ ကျပ်(၇၂၀၀)၊ မြေပဲလုံးဆန်ဖြူ ကျပ်(၇၇၀၀)၊ ပဲကြီး(ဖြူ) ကျပ်(၃၉၅၀)၊ ပဲထောပတ် ကျပ်(၇၃၇၀)၊ မတ်ပဲ ကျပ်(၅၅၀၀)၊ ပဲစင်းငုံနီ ကျပ်(၇၃၀၀)၊ စားတော်ပဲ ကျပ် (၄၇၅၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် နှမ်းဖြူ ကျပ်(၆၅)၊ နှမ်းညိုကြား ကျပ်(၂၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး နှမ်းနီ ကျပ်(၂၀၀)၊ ကုလားပဲ(929) ကျပ်(၈၀)၊ မြေပဲလုံးဆန်နီ ကျပ်(၅၀၀)၊ မြေပဲလုံးဆန်ဖြူ ကျပ်(၃၀၀)၊ ပဲတီစိမ်း ကျပ်(၅၀)၊  ကုလားပဲ (ဟော်လန်) ကျပ်(၈၀)၊ ပဲကြီးဖြူ ကျပ်(၂၆၀) ဈေးနှုန်းလျော့ကျခဲ့သည်။

       တစ်ပတ်အတွင်း တန်ချိန်(၇၅၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်မြို့သို့ ကုလားပဲအိတ်(၃၀၀၀)၊ မန္တလေးမြို့သို့ နှမ်းအိတ်(၂၀၀၀)၊ ပဲတီစိမ်းအိတ်(၂၀၀၀) စုစုပေါင်းအိတ်(၇၀၀၀)တင်ပို့ခဲ့ကြောင်းသိရသည်။

      တောင်တွင်းကြီးကုန်စည်ဒိုင်တွင် တစ်ပိဿာဈေးနှုန်းများမှာ ပဲစင်းငုံ(နီ) ကျပ်(၇၃၀၀)၊ ကုလားပဲဝါ(သေး) ကျပ်(၃၉၅၀)၊ ကုလားပဲဟော်လန် ကျပ်(၄၂၂၅)၊ မြေပဲလုံးဆန်နီ ကျပ်(၇၀၀၀)၊ မြေပဲလုံးဆန်ဖြူ ကျပ်(၇၅၀၀)၊ ပဲကြီးဖြူ ကျပ်(၄၅၀၀)၊ မတ်ပဲ ကျပ်(၅၉၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ပဲကြီးဖြူ ကျပ်(၅၀)၊ မတ်ပဲ ကျပ်(၇၀၀)၊ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကုလားပဲ(ဟော်လန်) ကျပ်(၅၅)၊ ပဲစင်းငုံ(နီ) ကျပ်(၅၀)၊ မြေပဲလုံးဆန်နီ ကျပ်(၅၀၀) ဈေးနှုန်းလျော့ကျခဲ့သည်။

     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးနှုန်းမှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲစင်းငုံနီမှာ ကျပ်(၇၃၀၀)၊ ကုလားပဲ(မြကြေး) ကျပ်(၄၄၅၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၄၃၂၅)၊ ပဲကြီး(သစ်) ကျပ်(၄၈၅၀)၊ မြေပဲဆီဆန်(နီ) ကျပ်(၇၄၀၀)၊ မတ်ပဲ ကျပ်(၅၄၂၅)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ပဲကြီး(သစ်) ကျပ်(၅၀)၊ မြေပဲလုံးဆန်(နီ) ကျပ်(၁၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲစင်းငုံ(နီ)ကျပ်(၈၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၇၅)၊ ကုလားပဲ (မြကြေး) ကျပ်(၅၀)ဈေးနှုန်းလျော့ကျခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၈၂.၃) ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ 

      ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၆၀၀-၂၀၀၀)ဖြစ်ပြီး ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း တန်ချိန်(၉၇.၉၇)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။  

     ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ(သစ်) ကျပ်(၁၁၀၀-၁၇၀၀)ဖြစ်ပြီး ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  တစ်ပတ်အတွင်း တန်ချိန်(၃၄.၂၉)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

      ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲ (929) ကျပ်(၄၂၉၀)၊ ပဲတီစိမ်း ကျပ်(၃၂၅၀)၊ ပဲစင်းငုံ ကျပ်(၇၃၁၀) ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ကုလားပဲ(929) ကျပ်(၁၁၀)၊  ပဲတီစိမ်း ကျပ်(၁၀၀)၊ ပဲစင်းငုံ  ကျပ် (၇၀)ဈေးနှုန်းလျော့ကျခဲ့ပါသည်။  တစ်ပတ်အတွင်း တန်ချိန်(၇၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း