Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ပန်းဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော  ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ ခရေပန်း၊ စံပါယ်ပန်း၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

 ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(စတုထ္ထပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဘုရား ပန်းအမျိုးမျိုး၏ ဈေးနှုန်းဖြင့် ခရေပန်း တစ်ကုံးလျှင်(၂၅၀)ကျပ်၊ ခရေပန်း(၂)ကုံးလျှင်(၅၀၀)ကျပ်  ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူပန်း ဈေးနှုန်းအနေဖြင့် စကားဖြူပန်း (၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း စကားဝါ ပန်း ဈေးနှုန်းအနေဖြင့် စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ (၃)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ နှင်းပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် ဂန္ဓမာ (အပွင့်ကြီး)တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓာမာပန်း(အပွင့်သေး)တစ်စီးလျှင်(၁၀၀၀)ကျပ်၊ တောင်ကြီး ဂန္ဓမာ တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ သပြေပန်းဈေးနှုန်း အနေဖြင့် သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစားအလိုက် (၂၅၀၀/၃၀၀၀/၄၀၀၀/၅၀၀၀)ကျပ်၊  နှင်းဆီပန်း ဈေးနှုန်း အနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင် (၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်)တစ်ပွင့်လျှင် (၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး)တစ်ပွင့်လျှင်(၄၀၀)ကျပ်၊ အောင်သပြေ အခက် တစ်စီးလျှင် (၁၅၀၀)ကျပ် နှင့် အာစီယံသပြေ အခက် တစ်စီးလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် မွေးမြူ ရောင်းချနေသော ဝက်သားပေါက်ဈေးနှုန်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူ‌ရေးကို အဓိကထား လုပ်ကိုင်ကြရာမှ ဝက်မွေးမြူရေးလုပ်ငန်းကိုပါ‌ လုပ်ကိုင် လျက်ရှိကြောင်း သိရှိရပါသည်။

   ယခုလို ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် အသားတိုးဝက်ကို မွေးမြူကြသလို သားကျဝက် ကိုလည်းမွေးမြူပြီး ရောင်းချသူများလည်းရှိပါသည်။ ဝက်သားကျ မွေးမြူသူများမှ သားဖောက်ရောင်းသော သားပေါက်ကလေးများကို အသားတိုးဝက်မွေးမြူရန်အတွက် ဝက်ပေါက် တစ်လခွဲသားများကို ဝယ်ယူပြီး မွေးမြူရကြောင်း ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဝက်သားပေါက် ဈေးနှုန်းအနေဖြင့် အကောင်အကြီးအသေး နှင့် မျိုးကောင်း မကောင်း အပေါ်မူတည်၍ ဝက်သားပေါက် တစ်ကောင်လျှင် (၃၅၀၀၀၀ မှ ၄၀၀၀၀၀)ဈေးအထိ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ပိတောက်မြိုင််ဈေးတွင် ရောင်းချနေသည့် လက်ပန်ပွင့်ခြောက် ဈေးနှုန်း

  ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မနက်ခင်းတစ်ပိုင်းသာ ရောင်းချလျက်ရှိသော်လည်း ဈေးရောင်းသူ ဈေးဝယ်သူများနှင် စည်ကားလျက်ရှိပြီး မိမိတို့ဒေသထွက်ကုန်များအပြင်  အခြား ဒေသမှဝင်ရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ ကိုရောင်းချလျက်ရှိရာမှ အပွင့်ခြောက်/အသီးခြောက်မျိုးစုံဖြစ်သည့် ကြောင်လျှာပွင့်ခြောက်၊ လက်ပန်ပွင့်ခြောက်၊ သရက်သီး ခြောက်၊ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နှင့် ဇီးဖြူသီးခြောက် တို့ကို ရောင်းချလျက်ရှိရာမှ လက်ပန်ပွင့်ခြောက် ကိုလည်း ရောင်းချလျက်ရှိပါသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ ပိတောက်မြိုင်ဈေး၌ ရောင်းချ လျက်ရှိသော လက်ပန်ပွင့်ခြောက် ဈေးနှုန်းမှာ လက်ပန်ပွင့်ခြောက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ လက်ပန်ပွင့်ခြောက် (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်နှင့် လက်ပန်ပွင့်ခြောက် (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့် ‌ လက်ပန်ပွင့်ခြောက် (၅)ကျပ်သားလျှင် (၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး လက်ပန်ပွင့်ခြောက်ကို ပြုတ်ပြီး ချည်ရည်ကျိုရာတွင် ရောနှောထည့်ခြင်း၊ အချဉ်သုပ်ချက် ချက်စားခြင်း၊ အသားတုနှင့်အစပ်ကြော်ကြော်ခြင်း နှင့် သရေစာအဖြစ် ကြော်စားခြင်းစသည့်ပုံစံဖြင့် စားသောက်အသုံးပြုသောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော မြေပဲလုံးဆံ ဈေးနှုန်း

   ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် မြေပဲလုံးဆံများကို ဒေသတွင်း ထွက်ရှိသည် များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

  ၂၀၂ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲလုံးဆံ ဈေးနှုန်း အနေဖြင့် မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၁၀၀၀) ကျပ်၊ မြေပဲလုံးဆံ နို့ဆီဘူး(၄)ဘူးလျှင် (၅၅၀၀) ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင် (၁၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်း

   ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင်  နှမ်းပျစ်ယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 ၂၀၂ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲယို ဈေးနှုန်းအနေဖြင့် မြေပဲယို တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ မြေပဲယို (၅၀) ကျပ်သားလျှင် (၇၀၀၀)ကျပ်နှင့် မြေပဲယို (၂၅)ကျပ်သား လျှင် (၃၅၀၀)ကျပ် (၁၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချ နေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ပဲပုတ် ပဲငပိဈေးနှုန်း

   ကျွန်းလှမြို့ရှိ ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ပဲပုတ် ပဲငပိများကို မိမိတို့ဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

  ၂၀၂ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင် များတွင် ဖြစ်ပေါ်နေ‌သော ပဲပုတ် ပဲငပိ ဈေးနှုန်းအနေဖြင့် ပဲပုတ် ပဲငပိ လက္ကားတစ်ပိဿာလျှင်(၅၅၀၀) ကျပ်၊ ပဲပုတ် ပဲငပိ လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပဲပုတ် ပဲငပိ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ပဲပုတ် ပဲငပိ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ ပိန္နဲသီးမှည့် ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲ တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ပိန္နဲသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပိန္နဲသီးမှည့် ဈေးနှုန်း များမှာ ပိန္နဲသီးမှည့် အကြီး တစ်လုံးလျှင်(၃၅၀၀/၄၀၀၀)ကျပ်၊ ပိန္နဲသီးမှည့် အသေး တစ်လုံးလျှင် (၂၅၀၀ / ၂၀၀၀)ကျပ်နှင့် ပိန္နဲသီးအမှည့် အဆံ လဖက်ရည်သောက်ပန်ကန် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ပိန္နဲသီးတုန်းခါနီးအချိန်မို့ ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပျားသလက်ဈေးနှုန်း

  ကန့်ဘလူခရိုင်၊ ကျွန်းမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများ ရှိသ လို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ် လက်စားသမားလေးများလည်းရှိပါသည်။ ထိုလက်လုပ်လက်စားလုပ်ငန်း လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးအတွက် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ အခြားပန်းများနှင့် နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက် နှင့် ပျားရည်ကို ကျွန်းလှမြို့ဈေးသို့ လာရောက်ရောင်းချကြပါသည်။

   ပျားသလက်ကို ငရုပ်သီထောင်းစားခြင်း၊ ကြက်ဟင်းခါးသီးနှင့်ရောကြော်ခြင်း၊ ပျားသလက်ကို ဟင်းချိုဟင်းထဲတွင်ခတ်ခြင်း နှင့် ပျားသလက်ကို အချိုကြော်စားခြင်း သည့် မိမိတို့ ကြိုက်နှစ် သက်သည့် ပုံစံအမျိုးမျိုးဖြင့် လုပ်စားကြပါသည်။

   ယခု ဇူလိုင်လ စတုထ္ထအပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှုန်း၊ ပျားသလက် (၁၀) ကျပ်သားခန့် တစ်ပြားလျှင်(၁၀၀၀)ကျပ် နှင့် ပျားသလက်(၅)ကျပ်သားခန့် တစ်ပြားလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပျားသလက်ရောင်းချနေသည့် ဈေးသည် တစ်ဦး ထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)

နှင်းဆီပန်း၊ ဇီဇဝါပန်း ၊ ရှင်မွေးလွန်းပန်း နှင့် ဇွန်ပန်း ဈေးနှုန်းများ

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

  နှင်းဆီပန်းဟာဆိုရင် ဂန္တဝင်ဆန်တဲ့လှပမှုနဲ့ အကျော်ကြားဆုံးသော ပန်းတစ်မျိုးအဖြစ် လူအများ ရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရတဲ့ နှင်းဆီပန်းဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့ရှိရပြီး ပန်းတို့ရဲ့ ဘုရင်၊ ပျိုမေတို့ရဲ့အသည်းစွဲ နှင်းဆီပန်းတို့ရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေနဲ့ ၎င်းတို့မှ အရောင်း အလိုက် အဓိပ္ပါယ်တွေရှိကြောင်းသိရပြီး အများဆုံး နှင်းဆီအနီရောင်ကိုအသုံးများကြတာဖြစ်ပါသည်။ နှင်းဆီနီသည် ဟိုးရှေးယခင်နှစ်ပေါင်းများစွာကတည်းက ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့အနေနဲ့ နှင်းဆီ အနီ ကိုအသုံးပြုကြသလို ချစ်ခြင်းရဲ့သင်္ကေတအဖြစ် ချစ်ရေးချစ်ရာတွေမှာ ပါဝင်လာခဲ့ပါသည်။ ယခုခေတ် မှာလည်း ချစ်သူများနေ့တွေမှာ နှင်းဆီနီကို အများဆုံးအသုံးပြုကြကြောင်းသိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(စတုထ္ထပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော နှင်းဆီပန်း ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်) တစ်ပွင့် လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး)တစ်ပွင့်လျှင်(၄၀၀)ကျပ်၊ ဇီဇဝါပန်း(၁၀)ပွင့်ပါ တစ်စီး လျှင် (၁၀၀၀)ကျပ်နှင့် ဇွန်ပန်း တစ်ကုံးလျှင် (၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ရှင်မွေးလွန်းပန်း တစ်ကုံးလျှင်(၃၀၀)ကျပ်(၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ခါကြက်ဥ(ခေါ်) ဥနီဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုး ရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ(ခ)ဥနီကို တစ်ပိုင် တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ ဒေသတွင်း ကျေးရွာ များနှင့် ထားဝယ်မြို့ပေါ်ရှိ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြသလို ရန်ကုန်၊ မန္တလေး ပွဲရုံ များမှလည်း မှာယူရောင်းချကြပါသည်။

       ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်ပေါ်နေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ခါကြက်ဥသေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ဝယ်ယူ သူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း