Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၏ ရော်ဘာစျေးနှုန်းအခြေအနေ

   တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉)ဧက၊ အထွက်နှုန်းမှာ (၅၀၂.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၇၈၃၄)မက်ထရစ်တန်ရှိကြောင်း သိရှိရပါသည်။

    မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက်(၅)မျိုးရှိပါသည်။ ယခုလက်ရှိ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5( ၂ )မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် (RSS-3) တစ်ပေါင်လျှင် ပေါက်စျေးသည် ယခုမေလ(ဒုတိယပတ်)တွင် (၁၄၅၀)ကျပ်ဖြစ်ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိ၍ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဖက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ယခုအခါသယ်ယူပို့ဆောင်ခမှာ ထားဝယ်မှ ကော့သောင်းသို့ (ကားခ)တစ်​တန်လျှင် (၂၄၀၀၀၀)ကျပ်နှုန်းရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

လွိုင်ကော်မြို့၊ သီရိမဂႅလာဈေးအတွင်းရှိ အသားငါးဈေးနှုန်းများ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)အတွင်း အသားငါးဈေးနှုန်းများမှာ ကြက်သားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၆၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးခူတစ်ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရိမင်္ဂလာဈေးအတွင်းရှိ အသားငါးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့အတွင်း စက်သုံးဆီ‌ဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိ

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများသည် ယခင်ဧပြီလထက် ဈေးနှုန်းများဆက်လက်လက်ကျဆင်းလျက်ရှိရား စက်သုံးဆီလက်လီဈေးနှုန်းများမှာ ယခင်ဧပြီလ(စတုတ္ထပတ်)အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၀၇၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၁၅၅) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၁၃၅) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၂၃၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ ရှိပြီး ယခုမေလ ၂၀၂၃ခုနှစ်၊ (ဒုတိယပတ်)အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၁၉၂၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၀၀၀) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင် (၁၉၇၀) ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၀၅၅) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။

     ယခင်ဧပြီလ(စတုတ္ထပတ်)နှင့် ယခုမေလ(ဒုတိယပတ်)အတွင်း ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်းများအား နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၁၅၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၁၅၅) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင် (၁၆၅) ကျပ်နှင့် ဓာတ်ဆီ(95)တစ်လီတာလျှင် (၁၇၅) ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား) 

 

ဈေးနှုန်းဆက်လက်မြင့်တက်လာသော ငရုတ်သီးခြောက်ဈေးကွက်အခြေအနေ

     ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ငရုတ်သီးကို မိုးတွင်းနှင့် ဆောင်းတွင်းတွင်စိုက်ပျိုးကြပြီး လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေးရွာတို့တွင်အဓိကစိုက်ပျိုးလျက်ရှိသည့်အပြင် ငရုတ်သီးကို အခြားမြို့များဖြစ်သော ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ဝမ်းတွင်းဒေသမှလည်း ဝင်ရောက်လျက်ရှိရာ ငရုတ်သီးခြောက်တောင့်ရှည်နှင့် အပုခြောက် (ကုလား အော်သီးခြောက်)ဟူ၍ (၂)မျိုးရှိရာ ငရုတ်သီးခြောက်တောင့်ရှည်မှာ အစပ်နည်းပြီး ဈေးနည်းကာ ကုလားအော်သီးခြောက်မှာ အလွန်စပ်၍ ဈေးပိုကောင်းပါသည်။

      ယခုလက်ရှိ ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)အတွင်း ငရုတ်သီးခြောက်တောင့်ရှည်တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်နှင့် ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဧပြီလ(စတုတ္ထပတ်)တွင် ငရုတ်သီးခြောက်တောင့်ရှည်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့ရာ ယခင်ဧပြီလ(စတုတ္ထပတ်)နှင့် ယခုမေလ(ဒုတိယပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ငရုတ်သီးခြောက်တောင့်ရှည်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှင့် ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း၊ ဈေးနှုန်း မြင့်တက်လာရခြင်းမှာ ဒေသတွင်း ငရုတ်သီးအထွက်နှုန်းနည်းလာပြီး ဈေးကွက်အတွင်း ငရုတ်သီးခြောက်ဝင်ရောက်မှုနည်းလာသောကြောင့်ဖြစ်သည်ဟု သီရိမင်္ဂလာဈေးအတွင်း၌ ငရုတ်သီးခြောက်ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုနှင့်ဈေးနှုန်းဈေးကွက်

    ကယားပြည်နယ်သည် စပါး၊ ပြောင်းနှင့် ဆီထွက်သီးနှံတို့အပြင် ပဲစင်းငုံသီးနှံကိုလည်း အနည်းငယ်စိုက်ပျိုးကြပါသည်။ (၂၀၂၂-၂၀၂၃) ခုနှစ်၊ ပြည်နယ်အတွင်း ပဲစင်းငုံစိုက်ဧကမှာ (၄၅၉၆)ဧက၊ ရိတ်ဧက(၄၅၉၆)ဧက၊ တစ်ဧကအထွက်နှုန်းမှာ(၁၃)တင်းခန့်နှင့် စုစုပေါင်းအထွက်နှုန်းမှာ (၆၁၀၅၈)တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရ သိရှိရပါသည်။

 ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)အတွင်းဖြစ်ပေါ်နေသောပဲစင်းငုံဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀)ကျပ် တစ်တင်းလျှင် (၇၀၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ ပဲစင်းငုံဈေးနှုန်းသည် ယခင်နှစ်များထက် ဈေးနှုန်းမြင့်လာသော်လည်း စိုက်ပျိုးထုတ်လုပ်သည့်တောင်သူများသည် ဒေသအခြေအနေအရ ယခင်နှစ်များထက် စိုက်ပျိုးထုတ်လုပ်မှုပို၍လျော့နည်းလာလျက်ရှိပါကြောင်း ပဲမျိုးစုံရောင်းဝယ်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တောင်ငူမြို့တွင် စက်သုံးဆီဈေးနှုန်းကျဆင်း

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဧပြီလ(နောက်ဆုံးပတ်)က 92 RON တစ်လီတာလျှင် ၂၀၉၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၈၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၀၂၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၁၀၀ကျပ်တို့ရှိခဲ့ပါသည်။     

     ယခုအပတ်တွင် 92 RON တစ်လီတာလျှင် ၁၉၂၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၁၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၈၇၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၉၅၀ကျပ်တို့ရှိခဲ့ပါသည်။

     သို့ဖြစ်ပါ၍ 92 RON မှာ ဧပြီလကုန်ပိုင်းကထက် တစ်လီတာလျှင် ၁၇၀ကျပ်၊ 95 RON မှာ ဧပြီလကုန်ပိုင်းကထက် တစ်လီတာလျှင် ၁၇၀ကျပ်၊ ဒီဇယ်မှာ ဧပြီလကုန်ပိုင်းကထက် တစ်လီတာလျှင် ၁၅၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၅၀ကျပ်ကျဆင်းနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တောင်ငူမြို့၌ ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်/အကျရှိ

  တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း(မိုးထောင်သီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိ၊ ကုလားအော်သီးစိမ်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်အထိဖြင့် ဈေးတက်ပါသည်။ ခရမ်းသီးဖြူတစ်ပိဿာလျှင် ၅၅၀ကျပ်မှ ၆၀၀ကျပ်အထိ၊ ခရမ်းသီးညိုတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊ ဒေသသခွားသီးတစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၁၀၀၀ကျပ်အထိနှင့် ရှမ်းပြည်သခွားသီးတစ်ပိဿာလျှင် ၁၂၀၀ကျပ်တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ခရမ်းချဉ်သီးမှာ ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ပိုင်းက တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၂၀၀ကျပ်အထိရှိရာမှ ယခုမေလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊ ဂေါ်ဖီမှာ ဧပြီလကုန်ပိုင်းက တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်အထိ ဈေးနှုန်းကျဆင်းပါသည်။

     ဂေါ်ရခါးသီးမှာ ဧပြီလကုန်ပိုင်းက တစ်လုံးလျှင် ၁၈၀ကျပ်မှ ၂၀၀ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်လုံးလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။ ပြောင်းဖူးမှာ ဧပြီလကုန်ပိုင်းက အကြီးတစ်ဖူးလျှင် ၂၅၀ကျပ်၊ အသေးတစ်ဖူးလျှင် ၁၅၀ကျပ်ရှိရာမှ ယခုအပတ်တွင် အကြီးတစ်ဖူးလျှင် ၁၈၀ကျပ်မှ ၂၀၀ ကျပ်အထိ၊ အသေးတစ်ဖူးလျှင် ၁၃၀ကျပ်မှ ၁၅၀ကျပ်အထိ ဈေးနှုန်းကျဆင်းပါသည်။

   နံနံပင်မှာ ဧပြီလကုန်ပိုင်းက တစ်ဆယ်ကျပ်သားလျှင် ၃၀၀ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်အထိမြင့်တက်ပါသည်။ ကန်စွန်းရွက်တစ်စည်းလျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပြီး ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပြီး ၁၀စည်းဝယ်လျှင် ၆၀၀ကျပ်ဖြင့်ရောင်းချကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၁.၅.၂၀၂၃ )

      ၁၁.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း