Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၀.၆.၂၀၂၄ )

၂၀.၆.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၀.၆.၂၀၂၄ )

၂၀.၆.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၀.၆.၂၀၂၄ )

    ၂၀.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်တွင် ခရမ်းသီးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ အဆင်ပြေလျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် ခရမ်းသီး စိုက်ပျိုးကြသည့် တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း အမှတ်(၃)ရပ်ကွက်ရှိ ခရမ်းသီးစိုက်ပျိုးသူ ဦးဖိုးဝေက ပြောသည်။

    ခရမ်းသီးများကို မတ်လကုန်ပိုင်းမှစ၍ စိုက်ပျိုးခဲ့ရာ အပင်များအောင်မြင်ဖြစ်ထွန်းသည့်အပြင် အထွက်နှုန်းကောင်းကာ ဈေးကောင်းရနေကြောင်း၊ လက်ရှိရောင်းချနေရသည့်ဈေးနှုန်းများ မှာ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀နှုန်း ရောင်းချရသဖြင့် အပိုဝင်ငွေများရရှိပြီး အဆင်ပြေ နေကြောင်း သိရသည်။ ခရမ်းသီးကို တစ်ရက်ခြားခူးကြောင်း၊ တစ်ရက်ကိုပိဿာချိန် ငါးပိဿာနှုန်း ခူးရကြောင်း၊ နောက်အပင်တွေ ခူးရပြီဆိုပါက တစ်ရက်ကို ပိဿာချိန် ၇ပိဿာမှ ၈ပိဿာထိ ခူးရမည် ဖြစ်ကြောင်း၊ ရောင်းချရာတွင် ကန့်ဘလူမြို့မဈေးသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော နှင်းဆီပန်းဈေးနှုန်း ဈေးကွက်အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြရာတွင် နှင်းဆီပန်းအရောင်မျိုးစုံကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နှင်းဆီပန်းများကို ဘုရားပူဇော်ရန်နှင့် အလှူ၊ မင်္ဂလာပွဲများတွင် အလှဆင်ရန် အတွက် အသုံးပြုကြပြီး ကန့်ဘလူမြို့တွင် စိုက်ပျိုးသူနည်းပါသည့်အတွက် မန္တလေးမြို့မှ ဖောက်သည်ယူ၍ ရောင်းချရပါကြောင်း ဈေးအတွင်း ပန်းမျိုးစုံ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

     နှင်းဆီပန်းရောင်းစုံများကို မန္တလေးမြို့မှ တစ်ပွင့်လျှင်(၁၇၀/၂၀၀)ကျပ်တို့ဖြင့် ဖောက်သည် ဝယ်ယူရပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လတတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ နှင်းဆီပန်းဈေးနှုန်းမှာ အပွင့်လှမလှပေါ်မူတည်၍  အပွင့်သေးတစ်ပွင့်လျှင် (၂၅၀)ကျပ် တစ်ထောင်ဖိုး(၄)ပွင့်နှင့် နှင်းဆီပန်း အပွင့်ကြီးလျှင် တစ်ပွင့်ကို(၃၅၀)ကျပ် တစ်ထောင်ဖိုးလျှင်(၃)ပွင့်တို့ဖြင့် ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်ကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ်၊ ဇွန်လ ဒုတိယပတ်၌ဖြစ်ပေါ်နေသော ပဲမျိုးစုံဈေးနှုန်း

      ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံနှင့် ဘိုကိတ်ပဲဈေးနှုန်းတို့မှာ မြင့်တက်လျက်ရှိပြီး ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးဈေးနှုန်းများမှာ ဈေးအေးလျက်ရှိကြောင်းသိရပါသည်။

     ပြည်ကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် မတ်ပဲဈေးနှုန်းမြင့်တက်လျက်ရှိပြီး ပဲတစ်တင်းကို ၁၁၁၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် ရန်ကုန်အဝယ် အိတ်(၂၅၀)ခန့်ရှိပါသည်။ ဇွန်လ ဒုတိယပတ်တွင် ပဲစင်းငုံဈေးနှုန်းမြင့်တက်နေပြီး ပဲတစ်တင်းကို ၁၄၆၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်အဝယ်ရှိပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ဇွန်လ ဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၈၆၀၀၀-၈၇၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၁၀၀၀-၉၂၀၀၀-၉၂၅၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအဝယ် တစ်ရက်လျှင် အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ ဇွန်လ ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၉၂၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်တစ်ရက်လျှင် အိတ်၂၀၀ခန့်အဝယ်ရှိပါသည်။

        ၂၀၂၄ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ပြည်ကုန်စည်ဒိုင်၌ ဘိုကိတ်ပဲတစ်တင်းကို ၈၁၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၁၀၀ခန့်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဂေါ်ဖီထုပ်ဈေးနှုန်းမြင့်တက်နေ

       ယခု၂၀၂၄ခုနှစ်၊ ဇွန်လလယ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်၊ ပင်းတယ၊ ကလော၊ ပင်လောင်း စသည့်နယ်များမှထွက်ရှိသော ဂေါ်ဖီထုပ်များဝင်ရောက်မှုနည်းပါးသွားပြီး တစ်ပတ်လျှင် (၄)ရက်ခြား တစ်ကြိမ်သာအဝင်ရှိကာ ပျမ်းမျှအထုပ်ရေ ၅၀၀ခန့်ဝင်ကြောင်းသိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး အဝင်နည်းသည့်အတွက် ဈေးနှုန်းမှာ ယခင်မေလနှင့်နှိုင်းယှဉ်လျှင် ကျပ်၁၀၀၀ခန့်ဈေးနှုန်းမြင့်တက်သွားကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် ဖြစ်ပေါ်ခဲ့သောဂေါ်ဖီထုပ်ဈေးနှုန်းမှာ တစ်ထုပ်လျှင် (၃၀၀၀-၃၅၀၀) ကျပ်နှုန်းရှိခဲ့ပြီး ယခုဇွန်လလယ်တွင် (၄၂၀၀-၄၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမှုရှိနေပါသည်။

       ပြည်မြို့ပေါ်ရှိဈေးများတွင် စားသုံးသူလက်ဝယ်အရောက် လက်လီရောင်းချမှုရှိပြီး ဂေါ်ဖီထုပ်အစိပ်တစ်စိပ်လျှင် ကျပ် (၃၀၀-၅၀၀)စသည်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်အတွင်းရောင်းချနေသည့် ခရမ်းသီးဈေးကွက်

     ခရမ်းသီးပင်သည် စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုပျိုးထောင်ပြီးနောက် ပျိုးပင် (၄၅)ရက်သားရောက်လျှင် အပင်တစ်ပင်နှင့် တစ်ပင်အကြား ၃တောင်အကွာအဝေးထားပြီး စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရပါသည်။ အပင်စိုက်ချိန်တွင် အစိုဓာတ်လုံလောက်စွာရရှိအောင် ပြုပြင်ထားရပါသည်။ မိုးတွင်းအချိန်တွင် အပင်စိုက်ပျိုးလျှင် ခရမ်းပင်များအား ရေမဝပ်အောင် သတိထားစိုက်ပျိုးပေးရပါသည်။

      အပင်(၂)လသားအရွယ်ရောက်လာလျှင် အပွင့်၊ အသီးကင်းစသီးလာပြီး (၃)လကြာလျှင် အသီးများကြီးထွားလာပါသည်။ ထိုအချိန်မှစပြီး အသီးခူးဆွတ်ရန်အချိန်ရောက်ရှိလာပါက အသီး၏ အကြီးအသေးပေါ်မူတည်ပြီး ဆွတ်ခူးရပါသည်။ ခရမ်းသီးအရောင်တောက်နေသောအချိန်သည် စားသုံးရန်ကောင်းမွန်ပြီး အသီးအရောင်မှိုင်းသွားပါက အသီးရင့်သွားပြီး စားသုံးလျှင် အရသာမရှိကြောင်းသိရပါသည်။ အသီးများကို ပုံမှန်ခူးပေးခြင်းဖြင့် အသီးထွက်နှုန်းကောင်းမွန်စေပါသည်။ ယခုအချိန်ဖြစ်သော ၂၀၂၄ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ခရမ်းသီးများ ရာသီပေါ်ချိန်ဖြစ်သည့်အတွက် ဈေးကွက်အတွင်းရောင်းချနေသည့် ခရမ်းသီးဈေးမှာ တစ်လုံးလျှင် ၇၀၀ကျပ်နှုန်းဖြင့်ရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်တောက်တာဖူးများ အဝင်များလျက်ရှိ

      ပြည်ဈေးကွက်သို့ ၂၀၂၄ခုနှစ်၊ ဇွန်လလယ်ခန့်တွင် တောက်တာဖူးများ အဝင်များလျက်ရှိပြီး ရွှေတောင်၊ ကြို့ကုန်း၊ ရေနံမြေနှင့် ပြည်အနီးတဝိုက်ရှိကျေးရွာများမှ အဝင်ရှိနေပါသည်။ တောက်တာဖူးပေါ်ခါစ မေလဆန်းတွင် တစ်စည်းလျှင် ၂ဖူးပါ အစည်း (၅၀/၆၀) ခန့်သာအဝင်ရှိပြီး ယခုဇွန်လ၊ ဒုတိယအပတ်တွင် တစ်စည်းလျှင် ၁၀ဖူးပါ အစည်း (၈၀/၁၀၀) ခန့်အဝင်ရှိနေသည်။ တောက်တာဖူးမှာ အလေ့ကျပေါက်သည့်အပင်မှထွက်ရှိပြီး တစ်နှစ်မှသာတစ်ခါပေါ်သည့် ရာသီစာသီးနှံဖြစ်ကာ စားသုံးသူများက အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေကာ ဈေးနှုန်းအနေဖြင့် ပေါ်ခါစတွင် ၂ဖူးပါတစ်စည်းလျှင် ကျပ် (၃၀၀-၄၀၀) နှုန်းတို့ဖြင့်ရောင်းချမှုရှိပြီး ယခုဇွန်လ၊ ဒုတိယအပတ်တွင် ၁၀ဖူးပါ တစ်စည်းလျှင် ကျပ် (၅၀၀-၆၀၀) နှုန်းတို့ဖြင့် ရောင်းဝယ်မှုရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဘူးသီးဈေးကွက်မြင့်တက်

       ၂၀၂၄ခုနှစ်၊ ဇွန်လလယ်တွင် ပြည်ဈေးကွက်အတွင်း၌ ဘူးသီးဈေးနှုန်းများမြင့်တက်လျက်ရှိပြီး အဝင်နည်းလျက်ရှိကြောင်းသိရပါသည်။ ပြည်မြို့ပေါ်ဈေးများသို့ ချောင်းနားတန်း၊ မြို့သစ်၊ မှော်ဇာ၊ တောင်ခွေးရဲ စသောရွာများမှအဝင်ရှိနေပြီး ၃ရက်ခြားလျှင် ၁၅လုံးခန့်အဝင်ရှိနေသည်။ မေလ၌  အလုံးရေ (၃၀-၄၀) ခန့်အဝင်ရှိခဲ့သဖြင့် အဝင်မှာ ထက်ဝက်ခန့်နည်းသွားသည့်အတွက် ဈေးနှုန်းမှာ ဇွန်လ၊ ပထမအပတ်တွင် ကျပ် (၂၂၀၀-၂၅၀၀) ခန့်ရှိရာမှ ဇွန်လ၊ ဒုတိယအပတ်ကာလတွင် ကြီး၊ လတ်၊ သေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် (၃၂၀၀-၃၅၀၀-၃၈၀၀) ကျပ်နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသည်။ လက်လီစားသုံးသူများမှာ တစ်စိပ်လျှင် ကျပ် (၃၀၀-၄၀၀) နှုန်းဖြင့် ရောင်းဝယ်မှုရှိနေကြောင်းသိရပြီး ယခင်အဝင်ရှိသည့် ပုတီးကုန်း၊ အင်းမ၊ သဲကုန်း၊ ဝက်ပုတ် စသည့်ရွာဘက်များတွင် ပူပြင်းသောရာသီဥတုကြောင့် ဘူးသီးထွက်ရှိမှုနည်းပါးပြီး ပြည်ဈေးကွက်သို့အဝင်နည်းကာ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်းလည်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း