Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် မြင်းခွာရွက်ဈေးနှုန်း

      မြင်းခွာရွက်သည် အရွက်ခပ်ဖားဖား ယပ်တောင်လေးလိုပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက်ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ ဆေးမြင်းခွာဆိုပြီးရှိပါသည်။ အနည်းငယ် ခါးသက်သက်ရှိပေမယ့် စားကောင်းသော အရွက်တစ်မျိုးဖြစ်ပါသည်။မြင်းခွာရွက်သည် ကျန်းမားရေးကိုလည်း အထောက်အကူပြုသည့် အရွက်တစ်မျိုးဖြစ်ပါသည်။ မြင်းခွာရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပြီး နေအိမ်များ တွင်လည်းမြင်းခွာရွက်ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မိသားစုဝင်ငွေရရှိရန် ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော မြင်းခွာရွက် ဈေးနှုန်းများမှာ မြင်းခွာရွက် (၁)ပုံလျှင် (၅၀၀)ကျပ်၊ မြင်းခွာရွက် (၂)ပုံလျှင် (၈၀၀)ကျပ် ၊မြင်းခွာရွက်(၄)ပုံလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ရာသီစာပိန္နဲသီးမှည့်ဈေးနှုန်းဈေးကွက်

     ပိန္နဲပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သော အပင်ဖြစ်ပြီး ပိန္နဲသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။ ပိန္နဲပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာတွင် ပိန္နဲပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ပိန္နဲသီးမှာ အိမ်မာနှင့်အိမ်ပျော့ဟူ၍ (၂)မျိုးရှိသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပိန္နဲသီးအမှည့်အကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ပိန္နဲသီးအမှည့်အသေး တစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသားမှာ ရွှေဝါရောင်ရှိပြီး အရသာမှာ ချိုမြ၍ ရာသီစာဖြစ်သည့်အတွက် လူကြီး၊ လူငယ်မရွေးကြိုက်သဖြင့် အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ပန်းငရုတ်ပွသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပန်းရုတ်ပွသီးများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပန်းငရုတ်ပွသီးများကို မန္တလေးမြို့မှမှာ ယူရောင်းချလျက်ရှိကြောင်း သိရသည်။၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ပန်းငရုတ်ပွသီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ပန်းငရုတ်ပွသီး(၂)လုံးလျှင်(၈၀၀)ကျပ်၊ ပန်းငရုတ်ပွသီး(၄)လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်တွင် ရောင်းချလျက်ရှိသောကျောက်ဖရုံသီး

       ကျောက်ဖရုံသီးသည် အာဟာရဓါတ်ပြည့်ဝပြီး ဗီတာမင်Bနှင့်Cအပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓါတ်နှင့် အမျှင်ဓါတ်တို့လို ခန္ဓာကိုယ်တွေကြွယ်ဝပါတယ်။ ကျောက်ဖရုံသီး သည် အစာအိမ်အနာသက်သာစေခြင်း၊ အူတွင်းပိုးမွားများရှင်းစေခြင်း၊ ကိုယ်အလေးချိန်လျော့ ချရာတွင် အထောက်အကူပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို သက်သာပြေလျောစေခြင်း စသည့်ရောဂါများကို ကုသနိုင်စွမ်းရှိကြောင်း သိရပါသည်။

    ၂၀၂၅ခုနစ်၊ ဇူလိုင်လတတိယပတ်အတွင်း မုံရွာမြို့ပေါ် တွင်‌‌ရောင်းချလျက်ရှိသော ကျောက်ဖရုံသီး စျေးနှုန်းမှာ (၁)လုံးလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့်လည်ကောင်း၊ အလုံးလှလျှင် (၁)လုံးကို (၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကျောက်ဖရုံသီးစိုက်ပျိုး၊ ရောင်းချသူများထံမှ  သိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ပေါ်တွင် ရောင်းချလျက်ရှိ‌သော မာလကာသီးဈေးနှုန်း

     စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာခရိုင်အတွင်း မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း သီးနှံများကို စိုက်ပျိုး၍ အနယ်နယ် အရပ်ရပ် သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်းများအနေဖြင့် မာလကာသီး (၁ ) ပိဿာလျှင်(၅၀၀၀) ကျပ်၊ တစ်လုံးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။ ဒေသထွက် မာလကာသီးများသည် အရည်ရွန်း၍ အနံ့မွှေးသောကြောင့် လူကြိုက်များ‌ကာ အ‌ရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့ ပေါ်တွင် ရောင်းချနေသော မြင်းခွာရွက်ဈေးနှုန်းဈေးကွက်

     မြင်းခွာရွက်သည် ကလေး၊ လူကြီးမ‌ရွေးစားသုံးသင့်ပါသည်။  မြင်းခွာရွက်သည် အာရုံကြောဆိုင်ရာရောဂါမျာကိုကာကွယ်ပေးခြင်း၊ မှတ်ဥာဏ်တိုးတက်စေခြင်း၊ သွေးလည်ပတ် မှုအားကောင်းစေခြင်း၊ သွေးထဲမှသကြားဓာတ်ကိုထိန်းပေးနိုင်ခြင်း၊ စိတ်ဖိစီးမှုကိုတိုက်ဖျက်ပေးနိုင်ခြင်း စသည့်ရောဂါများကို ကုသပေးနိုင်ကြောင်း သိရပါသည်။

     မြင်းခွာရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်မြေအမျိုးအစား‌တွင် အများအပြား ပေါက်တတ်သည်။ အိမ်များတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချ၍ ဝင်‌ငွေရရှိလျက်ရှိပါသည်။ဇူလိုင်လ၊ တတိယပတ်အတွင်း မုံရွာမြို့အတွင်းရောင်းချလျက်ရှိသော မြင်းခွာရွက်ဈေး နှုန်းမှာ ၅ ကျပ်သားလျှင် (၅၀၀) ကျပ်နှုန်း၊ ၁၀ကျပ်သားလျှင်(၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း စျေးရောင်းသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ ပေါ်တွင်ရောင်းချနေသောပြောင်းဖူးဈေးနှုန်း

     စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာခရိုင်အတွင်း မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း သီးနှံများကို စိုက်ပျိုး၍ အနယ်နယ် အရပ်ရပ် သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပြောင်းဖူးဈေးနှုန်းများအနေဖြင့် ပြောင်းဖူး (၁ ) ဖူးလျှင်(၆၀၀) ကျပ်၊ ( ၂ ) ဖူးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။ ဒေသထွက် ပြောင်းဖူးသည် ဗီတာမင်(B9)ပါဝင်သောကြောင့် နှလုံးကျန်းမာရေးကိုတိုးတက် ကောင်းမွန်စေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့အတွင်း‌ရောင်းချနေသော နနွင်းဈေးနှုန်း

     အိမ်တိုင်းတွင် မရှိ‌မဖြစ်သုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များရှိသည့်အနက် နနွင်းမှုန့်သည်လည်း‌ အရေးပါခဲ့သည်။  နနွင်းမှုန့်ကို ဟင်းချက်ရာတွင်သာမက ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ နနွင်းမှုန်သည် အဆစ်အမြစ်ကိုက်ခဲခြင်း၊ လေးဘက်နာရောဂါ၊ ရင်ပူခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ‌အရေပြားရောင်ရမ်းခြင်း အစရှိသည့်ရောဂါများအတွက် အထောက်အကူပြုပါသည်။

       နနွင်းပင်ကို တောင်ယာမြေတွင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် နှစ်ရှည်ပင်များဖြစ်သော  သရက်ပင်၊ လျှော်ဖြူပင် စသည့်အရိပ်ရသောအပင်များအကြားတွင်စိုက်ပျိုး ကြသည်။ န နွင်းပင်မှ နွင်းဖူးများကိုလည်း လူကြိုက်များသဖြင့် ခူးဆွတ်ရောင်းချ နိုင်ပါနိုင်ပါသည်။

          ၂၀၂၅ခုနစ်၊ ဇူလိုင်တတိယ အပတ်အတွင်း မုံရွာမြို့အတွင်းရောင်းချနေသော နနွင်းတက် စျေးနှုန်းများမှာ ၁ ဆယ်သားလျှင် (၁,၀၀၀) ကျပ်နှုန်း၊ ၁ ပိသာလျှင် (၁၀,၀၀၀) ကျပ်နှုန်း ဖြင့် ရောင်းချလျက်ရှိပါသည်။နနွင်းကျိတ်သား အစစ်မှုန့်စျေးနှုန်းမှာ ၁ ဆယ်သားလျှင် (၁၅၀၀) ကျပ် နှုန်း၊ ၁ ပိသာလျှင် (၁၅,၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စုံဆိုင်များထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းသက်သာ၍ဟင်းတစ်ခွက်ဖြစ်စေသောပဲပြားစျေးနှုန်း

      ပဲပြားဟာ ဈေးသက်သာ၍လွယ်ကူစွာပြုလုပ်စားသုံးနိုင် ပါသည်။  သားသတ်လွတ်စားသူများအတွက် အသားဓာတ်ကိုပဲပြားကရရှိနိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ကို မချို့တဲ့အောင်  ပဲပြားကကာကွယ်ပေးပါသည်။  ပဲပြားမှာ ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး ပရိုတိန်း ဓာတ်တော်တော်များများ ပါဝင်ကြောင်းသိရပါသည်။  တရုတ်ရိုးရာဆေးပညာမှာပဲ ပြားဟာ ခန္ဓာကိုယ်ထဲရှိ အဆိပ်တွေကိုထုတ်ပေးနိုင်စွမ်းရှိသည် ဟုသိရပါသည်။  ပဲပိစပ်ကို သုံးပြုပြီး ဆင့်ဆင့်ကျိုချက်၍ ပဲပြားကိုရရှိပါသည်။  ပဲပြားကိုကြော်ကာ  အစာသွပ်၊ ပဲပြားသုပ်၍လည်းမိမိစိတ်ကြိုက် အမျိုးမျိးပြုလုပ်စားသုံးနိုင်သည်။ ၂၀၂၅ခုနစ်၊ ဇူလိုင်လ၊ တတိယပတ် အတွင်းမုံရွာမြို့ နန္ဒဝန်စျေးတွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းမှာ တစ်တုံးလျှင် (၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိ‌ကြောင်း ဈေးသည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့မန်ကျည်းပင်ဈေးတွင်ရောင်ချလျက်ရှိသော ဆူးပုတ်ရွက်စျေးနှုန်း

     ဆူးပုတ်ရွက်သည် အပင်သေးအမျိုးအစားဖြစ်ပြီး ဆူပုတ်လေးနှင့် ဆူးပုတ်ကြီးမျိုးဟူ၍ နှစ်မျိုးရှိပါသည်။ အများအားဖြင့် ဆူပုတ်ကြီးအမျိုးအစားကို ကိုင်းကူး၍ ခြံအဖြစ်လည်ကောင်း၊ အိမ်တွင်တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ဝင်‌ငွေရရှိပါသည်။ဆူးပုတ်ရွက်သည် ဆူးပုတ်အရွက်နှင့် ဆူးပုတ်ပင်၏ အခေါက်များကလဲ ဆေးဖက်ဝင်သည်ဟုသိရပါသည်။

   ၂၀၂၅ခုနစ်၊ ဇူလိုင်လတတိယအပတ်တွင် မုံရွာမြို့မန်ကျည်းပင်ဈေးတွင် ရောင်းချလျက်ရှိသော ဆူးပုတ်ရွက်ဈေးနှုန်းမှာ ၁ စီးလျှင် (၂၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းစျေး ရောင်းသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း