Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်မြို့ပေါ်ရှိ ပအုန်းရည်ဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ရေပတ်လည်ဝန်းရံလျက်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ဓနိပင်များ အများအပြားပေါက်ရောက်သော မြို့ဖြစ်သည်။ အဆိုပါဓနိပင်များသည် ဓနိပျား၊ ဓနိရည်များထွက်ရှိလျက်ရှိပြီး မြိတ်ဒေသအတွက် အစားအသောက်များတွင် အဓိက အသုံးပြုသော ပအုန်းရည် (သို့)သဘာဝရှာလကာရည်များကို ထုတ်ယူကြပါသည်။ ပအုန်းရည်သည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသပင်လယ်ကမ်းစပ်အနီးတွင် ပေါက်ရောက်သော ရေငန်ပင်ဖြစ်သည့် ဓနိပင်မှထုတ်ယူရရှိသော ဓနိရည်ကို အချဥ်ဖောက်ထားသော အရည် ဖြစ်သည်။

     ၂၀၂၅ခုနှစ်တွင် ဇူလိုင်လတွင် မြိတ်မြို့ပေါ်ရှိ ပအုန်းရည်တစ်ဘူးလျှင် (၁၅၀၀)ကျပ်ရှိကြောင်း  သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိကွမ်းရွက်ဈေးနှုန်း

     ကွမ်းရွက်သည် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာလူမျိုးများ အများဆုံး စားသုံးကြသည့် ကွမ်းယာတွင်မပါမဖြစ်သော အဓိကပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွမ်းရွက်ကို မိုးကာလတွင် အများဆုံးစိုက်ပျိုးကြပြီး မိုးနှင့် ဆောင်းကာလများတွင် ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

    ယခု၂၀၂၅ခုနှစ်ဇူလိုင်လတတိယပတ်တွင် ကွမ်းရွက်အချောတစ်စည်းလျှင် (၁၁၀၀)ကျပ်ရှိ ပြီး ကွမ်းရွက်အကြမ်းတစ်စည်းလျှင် (၈၀၀)ကျပ်ရှိကြောင်း ကွမ်းရွက်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းသီးဈေးကွက်

     ထန်းသီးကို မြိတ်မြို့၊ ဘုရားကိုင်လမ်းမတန်းနှင့် ကန်ကြီးရပ်ဘုရားကြီး တန်းလမ်း မတွင် အရောင်းသွက်လျက်ရှိပါသည်။ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါ သည်။ ထန်းသီး၏ ဆိုးကျိုးမှာ ဌက်ပျောသီးနှင့်စားသုံးရန် မသင့်တော်သော အသီးတစ်မျိုး ဖြစ်သည်။ မိတ်ရောဂါပေါ်တွင် ထန်းသီးဆံကို ကပ်ပေးခြင်းဖြင့် မိတ်ရောဂါ ကို သက်သာစေပါ သည်။ တပို့တွဲလနှင့် တပေါင်းလတွင် စတင်သီးချိန်ဖြစ်ပြီး တန်ခူးလ တွင် ကွဲချိန်ဖြစ်သည်ဟု သိရှိရပါသည်။ ထန်သီးတစ်လုံလျှင် ထန်းသီးဆံ သုံးခုမှ လေးခု အထိပါရှိပြီး အရည်ရွှမ်း၍ ချိုမွှေးသော အရသာရှိပါသည်။

    ယခု၂၀၂၅ခုနှစ်၊ ဇူလိုင်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ဖြစ်ပေါ်နေသော ထန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိဘိလပ်မြေဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယခုဇူလိုင် အိမ်ဆောက်ပစ္စည်းများ အရောင်း အဝယ်ကောင်းလျက်ရှိပါသည်။ အိမ်ဆောက်ပစ္စည်းများထဲမှ ဘိလပ်မြေသည်မရှိမဖြစ်သော အရာ ဖြစ်သည်။ ဘိလပ်မြေများကို ပြည်တွင်းဘိလပ်မြေစက်ရုံများမှ ဝယ်ယူသုံးစွဲကြသည့်အပြင် ပြည်ပ ဘိလပ်မြေများကိုလည်း ဝယ်ယူသုံးစွဲကြောင်းသိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် ဘိလပ်မြေ ဈေးနှုန်းများ အရောင်းနည်းနေကြောင်း သိရှိရပါသည်။

     မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ရောင်းချနေသောဘိလပ်မြေများဖြစ်သည့်  ဆင်နီ တစ်အိတ်လျှင်  (၃၂၀၀)ကျပ်၊ ကြံ့တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်၊ Apacheတစ်အိတ်လျှင် (၂၉၀၀၀)ကျပ်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

 

ခဝဲ စိုက်ပျိုးဝင်ငွေတိုး

 ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ခဝဲသီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ခဝဲသီးကိုလည်း တစ်ပိုင်တစ်နိုင် စိုက် ပျိုးကြကြောင်းသိရသည်။ တောင်သူများသည် ခဝဲသီးကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး အစေ့တိုက်ရိုက်ချ မြေမြုပ်စိုက်ပျိုးကြကြောင်း၊ ခဝဲသည် နွယ်ပင်အမျိုးအစား ဖြစ်သည့်အတွက် စင်တင်စိုက်ပျိုးပြီး စင်များပြုလုပ်ပေးရကြောင်းသိရသည်။

 ခဝဲသီးများသည် ကျွန်းလှမြို့ပေါ်ရပ်ကွက်နှင့် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၊ မန်ကျည်းအင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း ယခု ဇူလိုင်လစတုထ္ထပတ်အတွင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၂၇၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့်  ခဝဲသီးကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များမှ အများဆုံး အသုံး ပြုကြသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များ ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

 ခရမ်းသီးမှာဆိုရင် ဗီတာမင်တွေ အဟာရဓါတ်တွေနဲ့အမျှင်ဓါတ်တို့ အပြည့်အဝပါဝင်ပြီး ခရမ်းသီး က နှလုံး၊ ဦးနှောက်၊ အရေပြားနှင့်အရိုးကို အကျိုးပြုတဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး ဆီးချို ရောဂါကိုပါ ထိန်းနိုင်တဲ့အစွမ်းရှိတယ်လို့ သိရသည်။ သူ့ရဲ့ကောင်းကျိုးကတော့ အဆီဓါတ် မပါရှိတာပဲ ဖြစ်ပါသည်။ မီးဖုတ်စာတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် မျိုးစုံသုံးလို့ရသလို ခရမ်းသီးဟာ အဆီချ အသားကျစ်လျစ်ဖို့အတွက်လည်း အသုံးဝင်တာဖြစ်သည့်အတွက် စားသင့်သော အသီးတစ်မျိုး ဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်း အနေဖြင့် ခရမ်းသီး လက္ကား တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၆၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦး ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကွမ်းသီးစိတ်ဈေးနှုန်း

   ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို  ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂ ခုနှစ်၊ ဇူလိုင်စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကွမ်းသီးစိတ် ဈေးနှုန်းအနေဖြင့် ကွမ်းသီးစိတ်(ရှယ်စ)တစ်ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်စ)တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(ညံ့)တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကွမ်းသီးစိတ်များကို ကွမ်းယာဆိုင်များမှ အများဆုံး အသုံးပြု သည့်အတွက်   အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိနေသော ကြောင်လျှာသီး

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်ပင် ဖြစ်သည့် ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ 

  ခါးသက်သက်အရသာရှိတဲ့ကြောင်လျှာသီးမှာဆိုရင် ဘက်တီးတီးယားတွေကို တိုက်ဖျက်ပေးခြင်း၊ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကျောက်ကပ်နှင့်အသည်း ကျန်းမာ စေခြင်း၊ ဆီးချို သက်သာစေခြင်း နှင့် ကိုယ်ခံအားကောင်းစေခြင်း စသည့်  ကြောင်လျှာသီးမှာလည်း ဆေးဘက်ဝင်မှုတွေရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး၏ ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီး လက္ကားဈေး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး အကြီး တစ်တောင့်လျှင်(၁၈၀၀)ကျပ်၊ ကြောင်လျှာသီး လက္ကားဈေး အသေး တစ်တောင့်လျှင်(၁၀၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး အသေး တစ်တောင့်လျှင်(၁၃၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်များထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချ နေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ တောကြက်ဟင်းခါးသီး နှင့် ခဆော့သီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီး နှင့် ခဆော့သီးကိုလည်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများ ဖြစ်သော ရှမ်းစုကျေးရွာ၊ မန်ကျီးအင်းကျေးရွာ နှင့် တင်းတိန်ရံကျေးရွာတို့တွင် တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြပါသည်။ ခဆော့သီးပင်ကိုလည်း မြေကျင်းတူး၍ စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

     ကြက်ဟင်းခါးသီးမှာ သွေးတွင်းမကောင်းသော အဆီဓါတ်များကိုလျော့ချပေးခြင်း၊ ကင်ဆာဆဲလ် များကို လျော့ချတာဆီးပေးခြင်း၊ ဆီးချိုရောဂါကိုထိန်းချုပ်တားဆီးပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်း မွန်စေခြင်း နှင့် အမြင်အာရုံကို ကောင်းမွန်စေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများရှိသည်ကို လည်းတွေ့ရှိရပါသည်။ 

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး အတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင် (၆၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၈၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၁၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး လက္ကား တစ်ပိဿာလျှင်(၃၇၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး လက်လီ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ကြက်ဟင်းခါးသီး အလုံးကြီး (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးဖြင့်သော်လည်းကောင်း ခဆော့သီး လက္ကား တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ ခဆော့သီး လက်လီ တစ်ပြည်လျှင်(၃၂၀၀)ကျပ် နို့ဆီ တစ်ဘူးလျှင် (၄၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် တောကြက်ဟင်း ခါးသီး နှင့် ခဆော့သီး  ရောင်းချနေသော ဈေးသည်တစ်ဦး ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော အာလူးနှင့် ဂျင်း(ချင်း) ဈေးနှုန်း

     ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူး နှင့် ဂျင်း(ချင်း) တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

     ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ တတိယပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်း အနေဖြင့် အာလူးသီးအလုံးကြီး လက္ကား()ပိဿာလျှင်(၄၈၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး လက္ကား()ပိဿာလျှင်(၄၃၀၀)ကျပ် နှင့် အာလူးသီး အလုံး သေး လက်လီ()ပိဿာလျှင်(၄၅၀၀)ကျပ် တို့ဖြင့်လည်းကောင်း၊ ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား ()ပိဿာလျှင်(၅၂၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၅၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ကျွန်းလှမြို့ပေါ် ရပ်ကွက်များတွင်  ကြက်သွန်ဖြူ/နီ /အာလူး /ဂျင်း(ချင်း) အရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း