ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ
၂၀၂၃ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၅၅၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၁၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၆၇၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၇၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၂၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၃၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၁၈၀၀ ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့တွင် မေလ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၇၀၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၅၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၃၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၁၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်မေလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဧည့်မထ(ဒေသဆန်)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ ငရုတ်သီးခြောက်(ရှည်)နှင့် အားလူးဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက် လာပါသည်။ ကြက်သွန်ဖြူ(ရှမ်းစ)၊ ခရမ်းချဉ်သီး၊ ချင်းနှင့် စားအုန်းဆီ ဈေးနှုန်းတို့မှာ အနည်းငယ်ကျဆင်းလာပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။
DOCA(ရှမ်း)