Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ(နွေနှမ်း)များ စတင်စိုက်ပျိုး

        မြန်မာနိုင်ငံသည် ဆီထွက်သီးနှံထုတ်လုပ်မှုအကြီးမားဆုံး နိုင်ငံထဲတွင် တစ်နိုင်ငံဖြစ်ပါသည်။ ဆီထွက်သီးနှံစိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နှံစားသီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးပြီးနောက် အများဆုံးစိုက်ပျိုးခြင်းဖြစ်သည်။ မြန်မာနိုင်ငံထွက် အများဆုံးစိုက်ပျိုးသော ဆီထွက်သီးနှံများမှာ မြေပဲ၊ နှမ်း၊ နေကြာ၊ မုံညင်းတို့ဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး တို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။

          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် (နွေနှမ်း)များကို ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ပဲယင်းစိုက်ခင်းများ ရိတ်သိမ်းပြီး မြေလွတ်များတွင် သီးထပ်၊ သီးညှပ်အဖြစ် နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းနီ စိုက်ပျိုးကြပြီး စိုက်ပျိုးမြေများမှာ မြစ်ရိုးတစ်လျှောက် မြေသား မြေမာများတွင် အများဆုံး စိုက်ပျိုးကြသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆိပ်ဖြူမြို့တွင် (နွေနှမ်း)စိုက်ဧက (၁၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုး ထားရှိပြီး ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်နှင့်ရွာသစ်ရပ်ကွက်တွင် (နွေနှမ်း)စိုက်တောင်သူ (၅၀)ဦးဖြင့် စိုက်ဧက(၃၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ ယခင်က(နွေနှမ်း)စိုက်ပျိုးမှုကို အဓိကသီးနှံအဖြစ် စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် တောင်သူများ စိုက်ပျိုးစရိတ်များပြီး အကျိုးအမြတ်နည်းပါးခြင်း ကြောင့် စိုက်ဧကများ လျော့နည်းသွားကြောင်း၊ (နွေနှမ်း)စိုက်တောင်သူ ဒေါ်သီတာထံမှ သိရှိခဲ့ရပါသည်။

       တစ်ဧက(၄)သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧက အထွက်တင်းမှာ (၁၀)တင်းခန့် ထွက်ရှိပြီး၊ တစ်တင်းလျှင်ကျပ်(၆)သောင်းဖြင့် ဒေသပေါက်ဈေးဖြင့် ရောင်းချခဲ့ရပြီး အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။ နှမ်းဖြူ ရှစ်မြှောင့်ပတ်လည် ဂွသီးမျိုးကို တောင်သူများစိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် နှမ်း(၂)ပြည်ခန့် ကျဲပက်ရပြီး သွင်းအားစုဝယ်ယူခ၊ အလုပ်သမားခ၊ စက်ဆီဝယ်ယူခ စုစုပေါင်း ကျပ် လေးသိန်းခန့် ကုန်ကျကြောင်း၊ အထွက်တင်းပေါင်းမှာ (၈)တင်းမှ (၁၀)တင်းထွက်ရှိပြီး ယခင်နှစ် နှမ်းဖြူတစ်တင်းလျှင် ဒေသပေါက်ဈေးကျပ်(၆၀၀၀၀)ဖြင့် ရောင်းချခဲ့ရ၍ အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရှိရသည်။

      နှမ်းဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် နှမ်းဖြူတစ်တင်းကျပ်(၆၀၀၀၀)၊ နှမ်းနက်(ရိုးရိုး) ကျပ်(၅၅၀၀၀)၊ နှမ်းနက်စမုံကျပ်(၆၀၀၀၀)၊ နှမ်းညိုတစ်တင်းကျပ်(၅၃၀၀၀)နှင့် နှမ်းနီတစ်တင်း ကျပ် (၅၄၀၀၀) ဈေးအသီးသီးဖြင့် ရောင်းချခဲ့ရပြီး ယခုလက်ရှိပထမပတ်တွင် နှမ်းဖြူ တစ်တင်း ကျပ် (၁၀၃၀၀၀)၊ နှမ်းနက်(ရိုးရိုး) ကျပ်(၈၀၀၀၀)၊ နှမ်းနက်စမုံကျပ်(၈၀၀၀၀)၊ နှမ်းညိုတစ်တင်း ကျပ် (၇၀၀၀၀)နှင့် နှမ်းနီတစ်တင်းကျပ်(၈၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ သီးနှံပေါ်ချိန် ဇွန်လ နှမ်းဈေးကွက်အနေဖြင့် ယခုလက်ရှိပေါက်ဈေးအတိုင်း ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ရောင်းချရမည်ဆိုလျှင် စိုက်တောင်သူများ အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

          နွေနှမ်းသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုစားသုံးဆီဖူလုံမှုရရှိသည့်အပြင် ဈေးကွက်ခိုင်မာမှုရှိ၍ အကျိုးအမြတ်ရရှိခြင်းကြောင့် နွေနှမ်းများကို ယခင်နှစ်ထက် တိုး၍ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါသည်။

DOCA(မကွေး)

 ဆိပ်ဖြူကြက်သွန်နီ မတ်လ(စတုတ္ထ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်အခြေအနေ

        ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့်ကြက်သွန်နီပွဲရုံများ အနေဖြင့်မတ်လ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်(အသစ်)များ တစ်ရက် လျှင် ပျမ်းမျှကြက်သွန်နီ ကုန်ချိန်ပိဿာ(၇)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၅)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်ပြီးအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

       ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၀၂၅ မှ ၉၂၅)၊ အလတ်စ ကျပ်(၉၀၀ မှ ၈၅၀)၊ အသေးစ ကျပ်( ၇၀၀ မှ  ၅၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် မတ်လ(တတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁) ပိဿာ လျှင် ကျပ်(၁၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၂၅)ဖြင့် ဈေးနှုန်းအနည်းအငယ်မြင့်တက်ပြီး အလတ်စနှင့် အသေးစတို့မှာ ကျပ်(၁၅၀)စီခန့် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ဧရာဝတီတိုင်းဒေသကြီးများသို့ တင်ပို့မှုများပြီး   မြဝတီ မူဆယ်မြို့ပေါ်မှ ပြည်ပပို့ကုန် ဝယ်လက်နည်း၍ အရောင်းအဝယ်အေးခြင်းကြောင့် ပြည်ပပို့ကုန်တင်ပို့မှုနည်းကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။ အများဆုံးတင်ပို့လျက်ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၅) သိန်း၊ (၁၄၂၈၆)အိတ်၊ တန်ချိန်(၈၁၆)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်များမှ သိရှိခဲ့ရပါသည်။

          ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးကို လိုက်ပြီး (၁)ပိဿာလျှင် လက်ကားဈေး ကျပ်(၁၂၀၀/ ၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)         

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၇.၄.၂၀၂၃ )

   ၁၇.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၆.၄.၂၀၂၃ )

   ၁၆.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၅.၄.၂၀၂၃ )

      ၁၅.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၄.၂၀၂၃ )

       ၁၄.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၃.၄.၂၀၂၃ )

   ၁၃.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၄.၂၀၂၃ )

      ၁၂.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၁.၄.၂၀၂၃ )

       ၁၁.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၀.၄.၂၀၂၃ )

     ၁၀.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း