Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီး နှင့် ခဝဲသီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီး ဈေးနှုန်း အနေဖြင့် ခရမ်းသီး လက္ကား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာ လျှင်(၃၂၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၁၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၀၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိထန်းလျက်စျေးနှုန်းစျေးကွက်

ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာတို့၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ ထန်းလျက်ကို အစားအစာနှင့် မုန့်များတွင်ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဝါးအဖြစ်လည်း အသုံးပြု ကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်လည်း အသုံးပြုကြသည်။ ထန်းလျက်ကို အညာ ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်း တောင်း မြို့နယ်များမှ အများဆုံးထွက်ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမှ ထွက်ရှိသော ထန်းလျက်သည် လူကြိုက်များ၍ နာမည်ကြီးသည်။ ထန်းလျက်သည် ထန်းပေါ်ဦးထန်းလျက်၊ အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ နှမ်းထန်း လျက်၊ မြေပဲထန်းလျက်၊ သံပုရာထန်းလျက်၊ ဂျင်းထန်းလျက်ဟူ၍ရှိပြီး အုန်းထန်းလျက်နှင့် ဇီးထန်းလျက်ကို လူကြိုက်အများဆုံးဖြစ်သည်။ ထန်းလျက်ကို ကြံသကာများ၊ သကြားများနှင့်ရော ၍ချက်လုပ်မှု များလည်း ရှိနေသည်။ ထားဝယ်ဒေသထွက်အုန်းထန်းလျက် ၁ပိဿာလျှင်(၁၃၀၀၀) ကျပ်ရှိပြီး ထန်းလျက်အလုံး ၁ပိဿာလျှင် (၉၅၀၀)ကျပ်တို့ ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကွမ်းသီးစိတ်ဈေးနှုန်း

ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကွမ်းသီးစိတ် ဈေးနှုန်းအနေဖြင့် ကွမ်းသီးစိတ်(ရှယ်စ)တစ်ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်စ)တစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ကွမ်းသီးစိတ်(ညံ့)တစ်ပိဿာလျှင် (၂၃၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ မျောက်ငိုသီးဈေးကောင်းရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ အနီးအနားမြို့၊ရွာများ၌ မျောက်ငိုသီးများကို အိမ်တွင် တစ်နိုင် တစ်ပိုင်စိုက်ပျိုးစားသုံးကြသလို စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိကြသည်။ ဒညင်းသီး စားရသည်နှင့်တူသည်ဟု ပြောကြပြီး ထားဝယ်ဘက်၌ ထိုင်းဒညင်းသီးဟုလည်းခေါ်ကြသည်။ လူကြိုက်များသော‌မျောက်ငိုသီးကို ကမ်းနားဈေး၊ ညနေဈေးနှင့်စည်ပင်သာယာဈေးများ၌ ရောင်းချကြပြီး အခိုင်လိုက်လည်းရောင်းကြသလို အခွံခွာပြီး လည်းရောင်းချကြရာ အခိုင်လိုက်တစ်ခိုင်လျှင် (၁၅၀၀)ကျပ်၊ အခွံခွာပြီးသား (၁၀)လုံးတစ်ထုပ်လျှင် (၁၀၀၀)ကျပ်တို့ဖြင့် ရောင်းရကြောင်း ကုန်စိမ်းသည်တစ်ဦးထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကျွန်းလှမြို့ ဈေးကွက်အတွင်း ဈေးကောင်းရရှိနေသော ကြောင်လျှာသီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်ပင် ဖြစ်သည့် ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး၏ ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီး လက္ကားဈေး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး အကြီး တစ်တောင့်လျှင်(၁၈၀၀)ကျပ်၊ ကြောင်လျှာသီး လက္ကားဈေး အသေး တစ်တောင့်လျှင်(၁၂၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး အသေး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ထက် အနည်းငယ်ကျဆင်းလာကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချ နေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ဂွေးချိုသီးစိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိ

ဂွေးပင်များကို အထက်နှင့်အောက် မြန်မာနိုင်ငံရှိ ဥယျာဥ်များတွင်လည်ကောင်း ၊ လမ်းဘေးတစ်လျှောက်တွင်လည်းကောင်း တစ်ခါတစ်ရံ တွေ့မြင်နိုင်သော်လည်ကောင်း ယင်းတို့ သည် အထူးတလည် စိုက်ပျိုးကြရသော အပင်များဟုမဆိုနိုင်ချေ။ အစေ့ကိုစိုက်၍ အပင်သစ်မျိုးပွားရ အောင်ပြုလုပ်ယူနိုင်သည်။ အစေ့ကိုပျိုး၍ရသည့် တစ်နှစ်သားအရွယ်ရှိ အပင်ငယ်တွင် အကိုင်းဆက်ခြင်းဖြင့်လည်း အပင်သစ်ပွားအောင် လုပ်ယူနိုင်ပေသေးသည်။ ‌ ဂွေးချိုသီးကို အခွံသင်၍ဆားနှင့်ငရုတ်သီးမှုန့်ရောရာကို သုတ်လူးပြီးလျှင် ရုံရှင်ရုံ၊ မော်တော် ကားဆိပ် စသောလူစည်ကားသည့် နေရာများ၌အနှံ့အပြား လှည့်လည်ရောင်းချလျက်ရှိသည်ကို တွေ့မြင်နိုင်ပေသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ဂွေးသီးပျိုးပင်တစ်ပင်လျှင် (၁၅၀၀၀)ကျပ် နှင့်အလုံး၃၀ပါ တစ်ထုတ်လျှင်(၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ စားတော်ပဲပြုတ်ဈေးနှုန်း

မြန်မာတို့၏ မနက်ခင်းထမင်းကြမ်းဝိုင်းတွင် ပဲပြုတ်သည် မပါမဖြစ်သည့် ဟင်းအမည်တစ်မျိုး ဖြစ်သည်။ ပဲပြုတ်ကို ထမင်းပူပူလေးနှင့်ဖြစ်စေ၊ ထမင်းကြော်၊ ပလာတာ၊ အီကြာကွေးတို့နှင့် ဖြစ်စေ စားသုံးလေ့ရှိပါသည်။ ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာကောင်းမွန်သည့် ပဲပြုတ်ကို လွယ်လွယ်ကူကူနှင့်မရပါ။ စားတော်ပဲပြုတ်ကို ထားဝယ်မြို့ ညနေဈေး၌ (၁၀)သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းရပြီး တစ်နေ့လျှင် စားတော်ပဲပြုတ် (၂)ပိဿာမှ (၃)ပိဿာအထိရောင်းရကြောင်း ပဲပြုတ်သည် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ DOCA(တနင်္သာရီ)

ထားဝယ်မြို့ ပဲစောင်းလျားသီးစျေးနှုန်းစျေးကွက်

ပဲစောင်းလျားသီးကို မြန်မာ့ထမင်းဝိုင်းတွင် ဟင်းချိုထဲထည့်ချက်ခြင်း(သို့မဟုတ်) အတို့အမြုပ်အဖြစ် စားသုံးလေ့ရှိကြပါသည်။ ပဲစောင်းလျားသီး နုနုလေးများကို ရေနွေးဖျော၊ ပါးပါးလှီးပြီးနောက် ပုစွန်ခြောက်လေးနှင့် သုပ်စားပါကလည်း လက်ဖက်သုပ်လိုမျိုး ရေနွေးကြမ်းနှင့်လိုက်ဖက်သော မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါသည်။ ပဲစောင်းလျားသီးသည် စျေးတွင် အမြဲရှိသော်လည်း အမြဲမဝယ်စားဖြစ်သော အသီးထဲတွင် ပါဝင်ပြီး ပဲစောင်းလျားသီးကို ထားဝယ်မြို့နယ် စည်ပင်သာယာစျေးတွင် တစ်စည်းလျှင်(၅၀၀ိ/-)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိပါသည်။ DOCA(တနင်္သာရီ)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

၂၀၂၅ ခုနှစ် ဇွန်လ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၅၀၀)ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၇၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ကုလားပဲ တစ်ပိဿာ ၈၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။ ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၅၀ကျပ်၊ (သေး) တစ်လုံး ၄၈၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၆၀၀)ကျပ်၊ (သေး)တစ်လုံး (၅၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ထိ၊ ငါးမုတ် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိရာသီစာကင်ပွန်းချဉ်ရွက်ဈေးနှုန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်သည် အူရှင်းစေသောအစားအစာဖြစ်ပြီး ကင်ပွန်းသီးကိုလည်း ခေါင်းလျှော်ရည်ထဲတွင် ထည့်သွင်းအသုံး ပြုကြပါသည်။ ယခုအခါ စည်ပင်သာယာဈေးတွင် ကင်ပွန်းချဉ်ရွက်များကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိကြောင်း (၁)စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း