Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများအနည်းငယ်တက်

တောင်ငူမြို့တွင် ဇွန်လနောက်ဆုံးပတ်က စက်သုံးဆီဈေးနှုန်းမှာ ရိုးရိုးDiesel တစ်လီတာ လျှင် ၂၅၄၅ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၃၁၅၀ ကျပ်၊ Octane 92 တစ်လီတာလျှင် ၃၀၀၅ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၃၀၈၀ ကျပ် ရှိခဲ့ပါသည်။ ယခု ဇူလိုင်လ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းမှာ ရိုးရိုး Diesel တစ်လီတာလျှင် ၂၇၇၅ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၃၄၃၅ ကျပ်၊ Octane 92 တစ်လီတာလျှင် ၃၁၈၅ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၃၂၆၀ ကျပ် ရှိခဲ့ပါသည်။ သို့ဖြစ်ပါ တောင်ငူမြို့တွင် တစ်ပတ်အတွင်း Diesel တစ်လီတာလျှင် ၂၃၀ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၂၈၅ ကျပ်၊ Octane 92 တစ်လီတာလျှင် ၁၈၀ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၁၈၀ ကျပ် ဈေးနှုန်းတက်သွားကြောင်း တောင်ငူမြို့ရှိ ရွှေဝါ စက်သုံးဆီ အရောင်းဆိုင်မှ သိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့ဈေးများရှိ ရာသီစာ မန်ကျည်းသီးစိမ်းများစတင်ရောင်းချလျက်ရှိ

တောင်ငူမြို့ အနီးတဝိုက်ရှိ နေထိုင်ရာပြည်သူများသည် မိမိတို့အိမ်ခြံဝန်းများ၌ ဟင်းသီး ဟင်းရွက် နှင့် အရိပ်ရသော သီးနှံပင်များ စိုက်ပျိုးကြသည်။ အရိပ်ရသောအပင်များအနက် မန်ကျည်း ပင်သည် အရိပ်လည်း ရသလို သဘာဝအလျောက် အသီးသီးလာခြင်းဖြစ်၍ ဘေးအန္တရာယ် ကင်းရှင်း၍ ဆေးဖက် လည်း ဝင်သည့် အပင်ကြီးတစ်မျိုး ဖြစ်ပါသည်။ ယခုအခါ ရာသီစာ မန်ကျည်းသီးစိမ်းများ ဈေးကွက်အတွင်း၌ စတင်ရောင်းချလျက်ရှိသည်။ မန်ကျည်းသီးစိမ်းများကို ကြော်စား၍လည်းကောင်း၊ ထောင်းစား၍ လည်းကောင်း၊ မန်ကျည်းသီးစိမ်း ငပိချက်၍လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သလို ပြုလုပ်၍ စားသုံးနိုင်ပါသည်။ ပေါ်ကာစ အချိန် ဖြစ်သည့်အတွက် မန်ကျည်းသီးစိမ်းဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀/ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ရှိနေခဲ့ပါသည်။ မန်ကျည်းမှည့်ကို ဝမ်းချုပ် တတ်သူများ အနေဖြင့် မန်ကျည်း ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးပါက ဝမ်းသွားခြင်းပုံမှန်ဖြစ်စေသည်။ မန်ကျည်းသီးမှည့် ဈေးကွက်အနေဖြင့် အစေ့မပါ တစ်ပိဿာ လျှင် ယခင် (၈၀၀၀)မှ ယခုအခါ (၉၀၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိသည့်အတွက် ဈေးနှုန်း အနည်းငယ်တက်သွားပါသည်။ DOCA(ပဲခူး)

ကျွန်းလှမြို့တွင် ‌ရောင်းချနေသော သရက်သီးကုလားတည်ချဉ် နှင့် နှမ်းပတ်ချဉ်ဈေးနှုန်း

ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် လက်လုပ်ချဉ်မျိုးစုံကို ကိုယ်တိုင်လုပ်ပြီး ရောင်းချလျက်ရှိရာ ဇွန်လ ‌နောက်ဆုံးပတ်အတွင်း ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သရက်သီး ကုလား တည်ချဉ် ဈေးနှုန်းမှာ သရက်သီးကုလားတည်ချဉ် လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာကို(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ သရက်သီး ကုလားတည်ချဉ် (၁၀) ကျပ်သားလျှင် (၁၅၀၀)ကျပ် နှင့် နှမ်းပတ်ချဉ် လဖက်ရည်သော က်ပန်းကန် တစ်လုံးလျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိသော ကြက်ဟင်းခါးသီး ဈေးကွက်

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ဒေသထွက်ဗမာကြက်ဟင်းခါးသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မအူပင်မြို့နယ်ရှိ ကုန်စိမ်းရောင်းချသူထံမှ သိရသည်။ မအူပင် မြို့နယ်တွင် ဒေသထွက်ကြက်ဟင်းခါးသီး ဗမာသီးကို မျိုးစေ့ခံ၍ စိုက်ပျိုးကြသည်။ စိုက်ပျိုးရေး ဆိုင်များမှ ရောင်းချသော စိုက်ပျိုးရေးကြက်ဟင်းခါးသီးကိုလည်း နှစ်စဉ် စိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးရေး ထိုင်ဝမ်ကြက်ဟင်းခါးသီးနှံသည် အလုံးရှည်၍ အသီးထွားသည်။ ယခု ဗမာကြက်ဟင်းခါးသီးသည် အလုံးသေး၍ နူးညံ့သည်။ ဗမာကြက်ဟင်းခါးတောသီးသည် ရက်၅၀အတွင်း ရောင်းတန်းဝင်ပြီး သီတင်းကျွတ်လတွင် တစ်ကြိမ်ထွက်ရှိသည်။ ဝါဆိုလတွင် တစ်ကြိမ် ထပ်မံ စိုက်ပျိုးထွက်ရှိသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်နည်းပါးပြီး အပိုဝင်ငွေရသော သီးနှံတစ်ခုဖြစ်သည်။ အဆိုပါ ဒေသကထွက်ရှိသည့် ရောင်းတန်းဝင် ကြက်ဟင်းခါးသီးများ တစ်ရက်လျှင် ၄လုံးတစ်တွဲ အစီးရေ ၁၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ကြက်ဟင်းခါးသီး ၄လုံးတွဲ ၁စီးလျှင် ၃၀၀ကျပ် ၂တွဲလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချရပြီး အတွဲ ၁၀၀ လျှင် ငွေကျပ် ၃၀၀၀၀-၃၅၀၀၀ ထိပေါက်ဈေးရရှိကြောင်း၊ အဆိုပါဒေသထွက် ကြက်ဟင်းခါးသီး များနှင့် အခြားကုန်စိမ်းများကို ကျိုတ်လတ်၊ ပန်းတနော်၊ မအူပင် စသည့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ DOCA(ဧရာဝတီ)

မအူပင် ငါးဖယ်ချဉ် နှင့် ငါးခုံးမချဉ် ၊ ပုဇွန်ချဉ် ဈေးကွက်

မအူပင်မြို့တွင် ငါးခုံးမချဉ်၊ ငါးဖယ်ချဉ် ငါးချဉ်ကိုယ်တိုင်လုပ်ရောင်းချသူများရှိပြီး ရောင်းချနေကြောင်း သိရသည်။ ငါးချဉ်မှာ ငါးခုံးမချဉ်၊ ငါးဖယ်ချဉ်၊ ပုစွန်ချဉ် များကို ဒေသထွက် ငါး၊ ပုစွန် များဖြင့်သာ ပြုလုပ်ကြောင်း သိရသည်။ မြစ်ချောင်း၊ အင်းအိုင်များမှ ရရှိပြီး ဒေသတွင်း ထုတ်လုပ်သူ ငါးဖယ်ချဉ်၊ ပုစွန်ချဉ် တံဆိပ် အမျိုးမျိူးဖြင့် ဒေသတွင်းနှင့် အခြားမြို့နယ်နှင့် ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြသည်။ ယခု မိုးတွင်း မေ၊ ဇွန်၊ ဇူလိုင်လ များတွင် ငါးခုံးမ အရနည်းသဖြင့် ငါးခုံးမအစား အခြားငါးများဖြင့် ရောနှော ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ် ဇူလိုင်လအတွင်း ငါးခုံးမချဉ် ၁၀သား ဈေးနှုန်း ၂၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပုစွန်ချဉ် ၁၀ဆယ်သား ၁ထုတ်လျှင် ငွေကျပ် ၁၀၀၀၀/-ဖြင့်လည်းကောင်း ၊ ငါးဖယ်ချဉ် ၁၀သားလျှင် ၂၀၀၀/-ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ငါးချဉ်လုပ်ငန်းများကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး ငါးချဉ်များကို အချဉ်သိပ်ရန် ၂ရက်မှ ၅ရက်အတွင်း အချဉ်သိပ်၍ ဈေးကွက်အတွင်းရောင်းချပြီး ဆိုးဆေးမပါပဲ သဘာဝအတိုင်း ငါး၊ ပုစွန်ဖြင့်သာ ထုတ်လုပ်ကြောင်းသိရသည်။ ငါးချဉ် ပြုလုပ်သည့်အခါ ၇ပိဿာတုံး ပြုလုပ်ပြီးရောင်းချသည်။ ငါးဖယ်ချဉ်ကို ၅ပိဿာတုံး ပြုလုပ်၍ အချိန်ဖြင့် ရောင်းချသည်။ မအူပင်မြို့အခြေပြု ထုတ်လုပ်ရောင်းချလျက်ရှိသော ပုဇွန်ချဉ် အမှတ်တံဆိပ်များတွင် (ဒေါ်နီ)ပုဇွန်ချဉ်၊ ကစ်ကစ် ပုဇွန်ချဉ်လုပ်ငန်း၊ မလွင် ပုဇွန်ချဉ် နှင့် ကျုံမငေး ကျေးရွာများမှ ငါးချဉ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်လများထက် ငါးချဉ် ဈေးနှုန်းများ ဈေးမြင့်တက်လာသည်။ ငါးခုံးမချဉ် ၅၀၀ကျပ်၊ ပုဇွန်ချဉ် ၄၀၀၀ကျပ်၊ ငါးဖယ်ချဉ် ၅၀၀ကျပ် ဈေးမြင့်တက်လာ ကြောင်း သိရသည်။ DOCA(ဧရာဝတီ)

သဘာဝ သီးနှံ သပြုသီး မှ ဝင်ငွေအပိုရရှိလျက်ရှိ

ယခု ၂၀၂၅ခုနှစ် ဇူလိုင်လတွင် သဘာဝသီးပင် သပြုသီး များ မအူပင်မြို့နယ်တွင် လှိုင်လှိုင် ထွက်ပေါ်နေပြီးဖြစ်သည်။ သပြုသီး ပင်သည် သဘာဝနှစ်ရှည်ပင်ဖြစ်ပြီး မိုးရာသီတွင် အသီးများ ပိုမိုထွက်ရှိသည်။ သပြုသီးများကို မအူပင်ဈေးကွက်အတွင်း ရောင်းချနေပြီး ၁လုံးလျှင် ၃၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ သပြုသီးကို ကျေးရွာများရှိ အပင်များမှ ကုန်စိမ်းရောင်းချသူများက ဈေးကောင်ပြီး မအူပင်ဈေးအတွင်းလာရောက် ရောင်းချခြင်းဖြစ်ကြောင်း၊ တစ်ချို့ ကလည်း သပြုသီးကို ပြုတ်၍ ရောင်းချလျက်ရှိကြောင်း တွေ့ရသည်။ သပြုသီး ပိုမိုထွက်ရှိပါက ရန်ကုန်သို့ အနည်းငယ်သာ ပေးပို့ပြီး စီးပွားဖြစ် တင်ပို့ခြင်းမျိုး မရှိကြောင်း သိရသည်။ သပြုသီးကို အမှတ်တမဲ့ကြည့်လျှင် အရသာရှိသော သီးနှံလို့မထင်ရပါဘူး။ သပြုသီးကို စားလိုက်သည့်အခါ ချဉ်ပြုံပြုံအရသာက အတော်စားကောင်ပါသည်။ ဟင်းချက်တဲ့အခါ အချဉ်အရသာရအောင် ထည့်ချက်ကြတဲ့ မရမ်းသီး၊ မန်ကျည်းသီးတို့နဲ့မတူဘဲ သပြုသီးချဉ်ရဲ့ အရသာလေးက စားရတာခံတွင်းတွေ့ပါသည်။ သပြုသီးကို ငပ်ချက်ချက်စားခြင်း၊ ချဉ်ရည်ဟင်း ပုဇွန်ဖြင့် ချက်စားပါကလည်း ကတွင်းမြိန်စေသည်။ သပြုပင်က ပူနွေးစိုစွတ်သော ရာသီဥတုမှာ ပေါက်ရောက်တတ်ကြပြီး အမြဲစိမ်းအပင်တစ်မျိုးဖြစ်ကြောင်း အပင်ကြီးတစ်မျိုးဖြစ်ပြီး ပေ ၃၀ ကနေ ၈၀ အထိမြင့်တတ်ကြောင်း သပြုသီးရောင်းချသူကပြောပြသည်။ မအူပင် အခွန်လွတ်ဈေးတွင် သဘာဝပေါက်သော အပင်မှ သီးသော သပြုသီး တစ်နေ့လျှင် အလုံးရေ ၁၀၀၀ နီပါး လာရောက်ရောင်းချကြောင်း တွေ့ရှိရပြီး။ မအူပင် ရွှေတော်ပေါ်ကျေးရွာတွင် သပြုပင် ၁၅ပင်ခန့် ရှိပြီး သပြုပင်မှ သီးသော သီနှံမှ ဝင်ငွေ အပိုရရှိလျက်ရှိပြီး ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်အတွင်း ရောင်းချနေသော ဘိလပ်မြေ ဈေးနှုန်းအခြေအနေများနှင့် ဆိမ်ဆောက်ပစ္စည်း ဈေးနှုန်း အခြေအနေ

ညောင်တုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန် လက်ကားဒိုင်ကြီးများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ဈေးနှုန်းဈေး ကွက်အခြေအနေများကို ကွင်းဆင်းဈေးကွက်ကောက်ယူလျက်ရှိပြီး ဇူလိုင်လ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးနှင့် ဘိလပ်မြေ ဈေးနှုန်း အခြေအနေများ အနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရသည်။ ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ၂၀၂၅ခုနှစ် ဇူလိုင်လ ၂ရက်နေ့ ဘိလပ်မြေ ကြံနှစ်ကောင်၁အိတ် (၂၄၅၀၀)ကျပ် ၊ ဘိလပ်မြေ အပါချီ ၁အိတ် ၂၄၀၀၀ ကျပ်၊ ရန်ကုန် စက်အုတ် ၉ပေါက် ခဲ ၃၅၀ကျပ်၊ ၃ပံလုံး သံချောင်း ၁တန် ၃၂၅၀၀၀၀ကျပ်၊ သုံးမူးလုံး သံချောင်း ၁တန် ၂၁၀၀၀၀၀ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၂၀၇၀၀၀၀ကျပ်၊ ၆မူးလုံး သံချောင်း ၁တန် ၂၀၃၀၀၀၀ကျပ်၊ Export များဖြစ်ပြီး၊ သဲတစ်ကျင်း ၂၄၀၀၀ကျပ်၊ မြန်အောင် ကျောက်စလစ် ၁ကျင်း ၁၀၅၀၀၀ကျပ်၊ မိချောင်းရဲ ကျောက်စလစ် ၁ကျင်း ၁၂၀၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ယခင်လ ဈေးနှုန်း နှိုင်းယှဉ်ပါက ဘိလပ်မြေကြံနှစ်ကောင် (၈၅၀၀)ကျပ်မြင့်တက်၊ ၃ပဲလုံး သံချောင်း (၅၀၀၀၀)ကျပ် မြင့်တက်၊ ၅မူးလုံး သံချောင်း (၅၀၀၀၀)ကျပ်မြင့်တက်၊ ၆မူးလုံ သံချောင်း (၅၀၀၀၀)ကျပ်မြင့်တက်၊ လျက်ရှိကြောင်း တွေ့ရှိရပြီး ကျန်သော ကုန်စည်များ ကုန်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

သစ်ရာမြိုင်ဈေးတွင် တည်ငြိမ်လျက်ရှိသော အသားမျိုးစုံဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသားအမျိုးမျိုး ဖြစ်သော ဝက်သား၊ ကြက်သား နှင့် အမဲသား တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော အသားအမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဝက်သား(အသားရှယ်)တစ်ပိဿာ(၃၂၀၀၀)ကျပ်၊ ဝက်သား ပေါင်ထူးရှယ် တစ်ပိဿာ(၃၀၀၀၀)ကျပ်၊ ဝက်သား နံကိုင်းသား(၂၈၀၀၀)ကျပ်၊ ဝက်(မေးဖျားနှင့် နားရွက်) တစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ဝက်သားဝမ်းတွင်းကလီစာ တစ်ပိဿာ(၂၀၀၀၀)ကျပ်၊ ဝက်သား အရိုးကြမ်း တစ်ပိဿာ(၁၀၀၀၀)ကျပ်နှင့် ဝက်သွေခဲ တစ်ပိဿာ (၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း၊ ကြက်သားဈေးနှုန်းအနေဖြင့် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး(၂၅၀၀၀)ကျပ်၊ လက္ကားဈေး(၂၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး (၃၅၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်လီဈေး(၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် လည်းကောင်း အမဲသား ဈေးနှုန်း အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲသား) လက္ကားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အမဲသားရှယ်(တစ်တုံးထဲသား) လက်လီ တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊အမဲသားရိုးရိုး(အသားပြွန်း)လက္ကားဈေး တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ် ၊အမဲသားရိုးရိုး(အသားပြွန်း)လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် အမဲပုဆိုးကြမ်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် အမဲရိုး တစ်ပိဿာ(၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဂေါ်ရခါးသီး တစ်လုံးလျှင်(၅၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ် )တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ချဉ်ပေါင်းရွက် တစ်ပိဿာ(၁၅၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်လုံးလျှင်(၂၀၀၀/၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀/၂၅၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင် (၇၀၀/ ၈၀၀/၅၀၀)ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ် မုံညှင်းထုတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည် (၅)တောင့်ပါ တစ်စည်းလျှင်(၄၀၀)ကျပ်၊ မျှစ်စိမ်း တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ငရုပ်သီးစိမ်း တစ်ပိဿာ လျှင်(၃၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည် လျှင်(၁၀၀၀၀)ကျပ် နှင့် ဘိုစားပဲသီး တစ်ပိဿာ လျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

မအူပင်ဒေသထွက် ခဝဲသီးဈေးကွက် ဈေးကောင်းရရှိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ၌ ခဝဲစိုက် တောင်သူများရှိသဖြင့် ခဝဲသီးနှံကို နှစ်စဉ်စိုက်ပျိုးကြသည်။ ၂၀၂၅ခုနှစ် ဇွန်လ၊ ဇူလိုင်လတွင် ထွက်ရှိသော ခဝဲသီး သီးနှံများဈေးကောင်းချက်ရှိသည်။ ခဝဲသီး သီးနှံဈေးကွက်အနေဖြင့် ၁တောင်လျှင် ၈၀၀-၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းလျက်ရှိသည်။ စိုက်ပျိုးသူတောင်သူများလဲ အကျိုးအမြတ်ရရှိသလို၊ ကုန်စိမ်းရောင်းချသူများလည်း အကျိုးအမြတ်ကျန်ရှိကြောင်း ရောင်းချသူထံမှ သိရသည်။ စိုက်ပျိုးထွက်ရှိသော ခဝဲသီးကို ရန်ကုန်သို့ တင်ပို့ရောင်းချသလို မအူပင်မြို့နယ်၊ ကျိတ်လတ်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဖျာပုံ၊ မော်ကျွန်းသို့လဲ တင်ပို့ရောင်းချသည်။ ခဲဝဲသီး အတောင့် ၁၀၀လျှင် ငွေကျပ် ၆၀၀၀၀ကျပ် ဖြင့် လက်ကားဝယ်ယူရပြီး ပြန်လည်ရောင်းချပါက အကျိုးအမြတ် ၄၀၀၀၀ကျပ် နီးပါး ကျန်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း