Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နနွင်းတက်နှင့် နနွင်းမှုန့်အစစ်ဈေးနှုန်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် လည်းကောင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။ နနွင်းသီးနှံပင်များကို တောင်ယာမြေများတွင် သီးသန့်စိုက်ပျိုးကြသလို နှစ်ရှည်ပင်များဖြစ်သည့် သရက်ပင်၊ ဇီးချိုပင်နှင့် လျှော်ဖြူပင်များအကြားတွင် သီးညှပ်စိုက်ပျိုးကြသည်ကိုလည်း တွေ့ရှိရ ပါသည်။ နနွင်းသီးနှံသည် ဈေးကွက်ဝင်သီးနှံတစ်မျိုး ဖြစ်သည့်အလျှောက် နနွင်းတက်များ အပေါ်မီ နနွင်းဖူးများ ကိုလည်း ခူးဆွတ်ရောင်းချပြီး မိသားစု အပိုဝင်ငွေရရှိပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက် ဈေးနှုန်း အနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ နနွင်းတက်(၅၀)ကျပ်သားလျှင်(၈၅၀၀)ကျပ် နှင့် နနွင်းတက်(၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်၊ နနွင်းမှုန့် အစစ် ဈေးနှုန်း အနေဖြင့် နနွင်းမှုန့်အစစ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ နနွင်းမှုန့် အစစ်(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် နနွင်းမှုန့် အစစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် ဈေးသည်ထံမှ သတင်းရရှိ ပါသည်။ DOCA(စစ်ကိုင်း)

နဂါးမောက်သီး ဈေးနှုန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် နဂါးမောက်သီးများ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်တစ်မျိုးဖြစ်သည်။ ယခုအခါတွင် မြန်မာ ပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။ ယခုဇွန်လအတွင်း ဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်းမှာ နဂါးမောက်သီး အသေး (၁)လုံး လျှင် (၈၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၁၂၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း နဂါးမောက်သီး ရောင်းချသူထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများ

၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ ဈေးနှုန်းများအနေဖြင့် နှမ်းဖြူ ( ၁ )တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ နှမ်းနက် ( ၁ )တင်းလျှင် (၂၃၀၀၀၀)ကျပ်၊ နှမ်းညို ( ၁ )တင်းလျှင်( ၉၀၀၀၀)ကျပ်၊ နေကြာ( ၁ )တင်းလျှင် (၅၄၀၀၀)ကျပ်၊ မြေပဲလုံးဆံနီ ( ၁ )ပိဿာလျှင် ( ၉၂၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ ( ၁ )ပိဿာလျှင် (၉၆၀၀)ကျပ် ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ဒူးရင်းယို စျေးနှုန်း‌စျေးကွက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ဒူးရင်းသီးကို စီးပွားဖြစ်စိုက်ပျိုးတင်ပို့ရောင်းချလျက် ရှိပြီး အရသာမကောင်း‌သောဒူးရင်းသီးများနှင့် ပျက်စီးသွားသောဒူးရင်းသီးများကို လေလွင့်ဆုံးရှုံးမှုမရှိ စေရန် ဒူးရင်းသီး‌ကောင်းများရော၍ ယိုထိုးနည်းအသုံးပြု၍ ဒူးရင်းယို ပြုလုပ်ရောင်းချလျက်ရှိ ပါသည်။ ဒူးရင်းယိုဟာ စျေးကွက်တွင် လူကြိုက်များသလို စျေးကောင်းရရှိသောကြောင့် ရန်ကုန်နှင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် ဒူးရင်းယိုတစ်ပိဿာလျှင် ၅၅၀၀၀ကျပ်ခန့်ထိစျေးရရှိနေကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြိတ်ဒေသရှိ ငရုတ်သီးနှင့် ငရုတ်သီးခြောက်စျေးနှုန်းစျေးကွက်

ငရုတ်သီးကို မြန်မာနိုင်ငံနေရာအနှံအပြားတွင် စိုက်ပျိုးနိုင်ပြီး တနင်္သာရီတိုင်း၊ မြိတ် ခရိုင်တွင်လည်း စိုက်ပျိုးလျက်ရှိသည်။ ဒေသတွင်း စားသုံးရန်အတွက်စိုက်ပျိုးလျက်ရှိပြီး အခြား တိုင်းနှင့် ပြည်နယ်များမှလည်းမှာယူ၍ ရောင်းချလျက်ရှိသည်။ ငရုတ်သီးသည် နေရောင်ခြည် ကောင်းစွာကြိုက်သောကြောင့် အပူပိုင်းဒေသဖြစ်သောနေရာများတွင် ကောင်းစွာ စိုက်ပျိုးနိုင်သည်။ ငရုတ်သီးများကို ငရုတ်သီးခြောက်နှင့်ငရုတ်သီးအမှုန့်များ ပြုလုပ်ပြီး စျေးကွက်တွင် စီးပွားဖြစ် တင်ပို့ရောင်းချလျက်ရှိသည်။ ယနေ့မြိတ်မြို့တွင် ငရုတ်သီးစျေးနှုန်းမှာ တစ်ပိဿာလျှင် ၉၀၀၀ကျပ် ခန့် ရှိနေပြီး ငရုတ်သီးခြောက်စျေးနှုန်းမှာ ၂၀၀၀၀ကျပ်ခန့်နှင့် ငရုတ်သီးအမှုန့်တစ်ထုတ်လျှင် ၁၀၀၀ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

သီဟိုဠ်စေ့စျေးနှုန်းစျေးကွက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီး၊ သီဟိုဠ်နှင့် ရာဘာစသော‌ ဒေသထွက်ကုနများထွက်ရှိပြီး ဒေသထွက်ကုန်ပစ္စည်းများတွင် သီဟိုဠ်အခန်းကဏ္ဍသည်လည်း အရေးပါလျက်ရှိသည်။ ၂၀၂၂ နောက်ပိုင်းတွင် ကွမ်းသီးနှင့် ဒူရင်းပင်များ အစားထိုးစိုက်ပျိုးလာခြင်းကြောင့်နှင့် ရာသီဥတုမမှန်ခြင်းများကြောင့် သီဟိုဠ်ပင် စိုက်ပျိုးမှုနည်းလာပြီး အထွက်နှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။ မိုးရာသီဖြစ်သော ဇူလိုင်လတွင် သီဟိုဠ်စေ့မထွက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လစျေးနှုန်းအရ သီဟိုဠ်စေ့အချော တစ်ပိဿာလျှင် ၅၅၀၀၀ကျပ် မှ ၆၀၀၀၀ ကျပ်ထိရှိပြီး သီဟိုဠ်စေ့အချော(အကျိုးအပဲ့ပါ) တစ်ပိဿာလျှင် ၄၀၀၀၀ကျပ် မှ ၅၀၀၀၀ ကျပ်ထိ စျေးနှုန်း ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ဇွန်လစတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၁၄၀)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၂၁၃)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၆၈၄)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၂၈၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဇွန်လ စတုထ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၃၁၆)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၃၈၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၉၃၃)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၅၅၉)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိသော ကြောင့် ယခင်အပတ် နှင့် နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီဈေး ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းတွင် မိမိတို့ မိသားစု စားဝတ်နေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံများကို ရာသီ အလိုက်စိုက်ပျိုးပြီး မိမိတို့မိသားစု စားသုံးပိုလျှံမှုများကို ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ ရောင်းချသည့်အတွက် ယခင်ကဈေးနှုန်း ချိုသာခဲ့ သော်လည်း ယခုအခါတွင် မိမိတို့ ကျွန်းလှမြို့နယ် သံဘို ကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဇွန်လ တတိယပတ်အပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးတို့တွင် ‌ရောင်းချ လျက်ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် ခရမ်းချဉ်သီး(ဒေသသီး) လက္ကား တစ်ပိဿာ လျှင်(၃၈၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခု စတုထ္ထပတ်အပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးတို့တွင် ‌ရောင်းချ လျက်ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင် (၅၈၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၁၅၀၀) ကျပ် နှင့် ခရမ်းချဉ်သီး(ဒေသသီး) လက္ကား တစ်ပိဿာ လျှင်(၄၈၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ဖြင့်နှိုင်းယှည်ကြည့်မည်ဆိုပါက အနည်းငယ်မြင့်တက်လျက် ရှိကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော ကြက်ဥ၊ ငုံးဥ နှင့် ဘဲဥ ဈေးနှုန်း

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ များကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများ နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ လက္ကား အကြီး(၁)လုံးလျှင်(၅၃၀)ကျပ်၊ ကြက်ဥ လက်လီ အကြီး(၁)လုံး လျှင် (၅၅၀) ကျပ်၊ ကြက်ဥ လက္ကား အလတ် (၁)လုံးလျှင်(၄၈၀)ကျပ်၊ ကြက်ဥ လက်လီ အလတ်(၁)လုံးလျှင်(၅၀၀)ကျပ်၊ ကြက်ဥ လက္ကား အသေး(၁)လုံးလျှင်(၃၈၀)ကျပ်၊ ကြက်ဥ လက်လီ အသေး(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် ဘဲဥ လက္ကား (၁)လုံးလျှင် (၆၃၀) ကျပ်၊ ဘဲဥ လက်လီ(၁)လုံးလျှင် (၆၅၀)ကျပ် နှင့် ငုံးဥ လက္ကားဈေး(၁၀)လုံးလျှင် (၉၅၀)ကျပ်၊ ငုံးဥ လက်လီဈေး (၁)လုံးလျှင် (၁၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။ DOCA( စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော ကြက်သား ဈေးနှုန်း

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။ ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူပြီး ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္အပတ် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး(၂၅၀၀၀)ကျပ်၊ လက္ကားဈေး(၂၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး (၃၃၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်လီဈေး (၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း